ကင်ဆာရောဂါခံစားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ တိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ ကိုမို
======================

ကိုမိုဟာ ရင်သားကင်ဆာဝေဒနာခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အမျိုးသမီးအသင်းမှ တိုက်စစ်မှူးရောဘတ်တာပီချီကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလာပါတယ်။
အီတလီကလပ်ဟာ ယခုရာသီတွင် အမျိုးသမီးစီးရီးအေပြိုင်ပွဲအား ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်လာမှာ ဖြစ်ပြီး ပီချီအား ထောက်ခံအားပေးမှု ပြုလုပ်တဲ့အနေဖြင့် ၂၀၂၇-၂၈ ရာသီအကုန်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ အီတလီတိုက်စစ်မှူးဟာ ကင်ဆာရောဂါအား ဆေးကုသမှု စတင် ခံယူလာတော့မှာ ဖြစ်ပြီး ဆေးကုသမှု ခံယူနေစဉ်အတွင်း ကိုမိုဆေးအဖွဲ့ရဲ့ အထောက်အပံ့လည်း အပြည့်အဝ ရရှိလာပါမယ်။
ပီချီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမျိုးသမီးစီးရီးဘီတွင် ၁၁ မှတ်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့တဲ့ ကိုမိုအသင်းတွင် အဓိကနေရာမှ ပါဝင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ပီချီက "ဘဝမှ ဘာမခံချက်မှ မရှိပါဘူး။ ကျွန်မ ကံကောင်းတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ ပွဲကို ကစားဖို့ အချိန်ကျလာပါပြီ။ ဒါပေမယ့် ပြန်လာဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးသားပါ"လို့ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ထားပါတယ်။
ဆီလီနာမာဇန်တီနာ ကိုင်တွယ်နေတဲ့ ကိုမိုအမျိုးသမီးအသင်းဟာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အေစီမီလန်နှင့် စီးရီးအေအဖွင့်ပွဲ ကစားရပါမယ်။

image