ရန်ကုန်မြို့သို့ချစ်ကြည်ရေးခရီးလာရောက်သည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457)

ထိုင်းဘုရင့်ရေတပ်မှ 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ စစ်ရေယာဉ် HTMS Kraburi (FFG-457)သည် ယနေ့ မတ် ၃၁ ရက်နံနက်ပိုင်းက ချစ်ကြည်ရေးခရီးစဥ်အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်မြို့တွင် ဧပြီ ၄ ရက်အထိ (၅)ရက် ကြာနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများယှဥ်ပြိုင်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာခြင်းအား တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

image

"ဝင်းဝ"တံတားကိုပြန်လည်ထိန်းချုပ်ပြီး ထားဝယ်- မြိတ်သွားဆက်သွယ်ရေးလမ်းကြောင်းကိုပြန်ဖွင့်

တပ်မတော်မှ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းမကြီးပေါ်ရှိ KNLA နှင့် PDF အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသော "ဝင်းဝ"တံတားကို ယနေ့ မတ် ၃၁ ရက်က ပြန်လည်ထိန်း ချုပ်ခဲ့ကြောင်း သိရသည်။

"ဝင်းဝ"တံတားနှင့် အနီးဝန်းကျင်အားပြန်လည်ထိန်း ချုပ်ရန် တပ်မတော်မှ လုံခြုံရေးလုပ်ငန်းစဉ်များကိုအ ဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ မတ် ၂၈ ရက်တွင် စီတောကျေးရွာ၊ မတ် ၂၉ ရက်တွင် ရေချိုချောင်းကျေးရွာ၊ မတ် ၃၀ ရက်တွင် ပွိုင့်-၁၆၈ တောင်ကုန်းနှင့် ချောင်းဝပြင်ကျေးရွာတို့အား ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ယနေ့ မတ် ၃၁ ရက်တွင်လည်း ဝင်းဝရဲစခန်းဟောင်းနေရာနှင့် "ဝင်းဝ"တံတားတို့အား ပြန်လည်ထိန်း ချုပ်ခဲ့ပြီးနောက် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရန် ထားဝယ်-မြိတ်သွားကားလမ်းအားဖွင့်လှစ်ပေးခဲ့သဖြင့် ခရီးသွားများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်းပြန်လည်သွားလာလျက်ရှိကြောင်း သိရသည်။

image

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသူများရက်ဆက်နီးပါးရှိလာ
ယနေ့ မတ် ၃၁ ရက်ကလည်း လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသူ(၇)ဦးကို မိဘများထံပြန်လည်လွှဲပြောင်းပေး

ယခုရက်ပိုင်းအတွင်း၌ လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသူများ ရက်ဆက်နီးပါးရှိလာကာ ယနေ့ မတ် ၃၁ ရက်ကလည်း လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၇)ဦးကို မိဘအုပ် ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ(၂)ဦး၊ တနင်္သာရီမြို့မှ (၂)ဦး၊ ဘုတ်ပြင်းမြို့မှ(၁)ဦး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှ(၁)ဦး၊ အင်္ဂပူမြို့မှ(၁)ဦးတို့အား ကမ်းရိုးတန်းဒေ သတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလင်းဝင်လာသူများက တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်ထံ လက်နက်ခဲယမ်းများကိုအပ်နှံပြီး တိုင်းမှူးမှ ချီးမြှင့်ငွေကျပ်(၁၅၃)သိန်းနှင့် ထောက်ပံ့ပ စ္စည်းများကိုပေးအပ်ခဲ့သည်။

image

ပြည်ပနိုင်ငံသား(၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

ဖိလစ်ပိုင်နိုင်ငံသား(၂)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁)ဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသဖြင့် ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် မတ် ၃၁ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကိုစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ၎င်းတို့(၃)ဦးအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မတ် ၃၁ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် တရားမဝင်ဝင်ရောက်လာခဲ့သည့် အိန္ဒိယနိုင်ငံသား(၁)ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက် တာဝန်ရှိသူများမှစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး တရုတ်နိုင်ငံ၌ (၃)နှစ်တာ ပညာတော်သင်သွားမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူ(၁၉)ဦးသည် တရုတ်နိုင်ငံ၊ နန်နင်းမြို့ Guangxi Economic and Trade Vocational Institute(GXETVI)၌ Diploma in Fashion and Apparel Design (ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်း) သာသာရပ်သင်ယူရန် (၃)နှစ်တာပညာတော်သင်သွားရောက်မည်ဖြစ်သည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ မတ် ၃၀ ရက်ကတွေ့ဆုံ၍ ဖက်ရှင်နှင့် အထည်အလိပ်ဒီဇိုင်းဘာသာရပ်သည် ယနေ့ခေတ်ကာလ၏လူမှုစီးပွားနယ်ပယ်တွင် အလွန်အရေးပါပြီး အားကိုးအားထားပြုရသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာအဆင့်မီပညာရပ်များဆည်းပူးနိုင်ရန် မိခင်တက္ကသိုလ်နှင့် မိခင်နိုင်ငံတော်က စနစ်တကျရွေးချယ်စေလွှတ်လိုက်ခြင်းဖြစ်၍ မိမိတို့အပေါ်ထားရှိသည့် ယုံကြည်မှုကိုအလေးအနက်ထားပြီး သင်ယူရမည့်ပညာရပ်များကို အာရုံစိုက်ကာတစိုက်မတ်မတ်လေ့လာဆည်းပူးရန်၊ မိမိတို့တိုင်းပြည်၏ ဂုဏ်သိက္ခာကိုအလေးထားရန်၊ ယဉ်ကျေးမှုကိုယ်စားလှယ်များအဖြစ်နေထိုင်ရန်၊ နောင်တစ်ချိန်တွင်တိုင်းပြည်နှင့် ပြည် နယ်၏အထည်အလိပ်နှင့် ဖက်ရှင်ကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးရှေ့ဆောင်လမ်းပြများဖြစ်အောင်ကြိုး စားရန်လည်း မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးအား ချီးမြှင့်ငွေကျပ်(၁၉)သိန်းနှင့် အလှူရှင်များမှလည်း ချီးမြှင့်ငွေများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

image

မန္တလေး လမ်းလျှောက်သင်္ကြန်တွင် လက်ဖက်နှင့်သနပ်ခါး ကိုဂုဏ်ပြုသည့် ဓာတ်ပုံပြိုင်ပွဲပါ ထည့်သွင်း ကျင်းပမည်

လာမည့် ၂၀၂၆ ခုနှစ် မန္တလေးလမ်းသင်္ကြန်ပွဲတော်၌ ယဉ် ကျေးမှု အမွေအနှစ်ဖြစ်သည့် လက်ဖက်နှင့် သနပ်ခါးကို ဂု ဏ်ပြုသည့်အနေဖြင့် ဓာတ်ပုံပြိုင်ပွဲကိုလည်း ထူးခြားသည့် အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် သနပ်ခါးအလှ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ ကိုလည်း ထူးခြားသည့် အစီအစည်တစ်ခု အ ဖြစ် ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပနေသည့် မန်းသင်္ကြန်ဓာတ်ပုံပြိုင်ပွဲနှင့်အတူ ယခုနှစ်တွင် ထည့်သွင်းကျင်းပမည့် လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအ မွေအနှစ် သနပ်ခါးအလှ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ နှစ်ခု လုံးနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ထုတ်ပြန် ကြေညာထားပြီးဖြစ်ကြောင်း နှင့် ဆုရရှိသူများကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ထံက သိရသည်။

မန်းသင်္ကြန်ဓာတ်ပုံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မည် ဓာတ်ပုံများကို ဧပြီ (၂၂)ရက်တွင် ပေးပို့ရမည်ဖြစ်ပြီး (၂၃) ရက်တွ င် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးအလှ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲအတွက် ကို ဧပြီ (၂၁)ရက် အရောက်ပေးပို့ရမည်ဖြစ်ပြီး (၂၂) ရက်တွင် ရွေးချယ်ပြီး မန္တ‌လေးမြို့တော် စည်ပင်သာယာရေးကော်မတီ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံများအတွင်းက Like အများ ဆုံးရသည့် ဓာတ်ပုံကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image

ဧပြီလတွင် ရောင်းချရမည့် ရန်ကုန်အထိုင် လက္ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းများ အသိပေး

ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူး‌ရောင်းချရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်မှုဖြင့် တောင်သူများ အဓိကသုံးစွဲနေသည့် မြေဩဇာများကို ရန်ကုန်အထိုင် လက္ကားဈေးနှုန်းအဖြစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရောင်းချရမည့်ဈေးနှုန်းများကို အသင်းဝင်းကုမ္ပဏီများ သို့ ညွှန်ကြားထားကြောင်း ဧပြီ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယူရီးယားမြေဩဇာ အလုံးကြီး ၅၀ ကီလို တစ်အိတ်လျှင် ကျပ်(၉၄,၀၀၀)ကျပ် ၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ကျပ်( ၁၁၅,၀၀၀) ဈေးနှုန်းအဖြစ် သတ်မှတ်ထားကြောင်း အသိပေးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Complex ၁၅ ပတ်လည် မြေဩဇာကိုမူရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားခြင်းမရှိကြောင်းနှင့် အဆိုပါ ဈေးနှုန်းများသည် ရန်ကုန်အထိုင် လက္ကားဈေးနှုန်း လက်ငင်းငွေချေစနစ် ဈေးများ ဖြစ်ကြောင်းလည်း သိရသည်။

ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များ အပေါ်တွင် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း နှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းခြခြင်းမရှိပါက ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူး‌ရောင်းချရေး ဦးဆောင်ကော်မတီ နှင့် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းမရှင်များ အသင်း သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း လည်း သိရသည်။

image

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) မှ ဆေးဘက်ဆိုင်ရာ နည်းပညာပါရဂူဘွဲ့ရရှိသူ သုံးဦးနှင့် အခြားဘွဲ့ရရှိသူ ၃၂၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့

ယခုနှစ် ဘွဲ့နှင်းသဘင်အပါအဝင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) မှ ဆေးဘက်ဆိုင်ရာ နည်းပညာပါရဂူဘွဲ့ရရှိသူ ၃ ဦးနှင့် အခြားသက်ဆိုင်ရာ ဘွဲ့ရရှိသူ ၃၂၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ရရှိသူ ၁၆၄ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ရရှိသူ နှစ်ဦး၊ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ ရရှိသူ (၃၁) ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့များဖြစ်သည့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ ၁၀၈၂ ဦး ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှု နည်းပညာ ၉၂၄ ဦးကို မွေးထုတ်ပေးထားနိုင်ကြောင်း သိရသည်။

ထိုနောက် ဆေးဘက်ဆိုင်ရာ ဓါတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဘွဲ့ရရှိသူ ၉၅၉ ဦး ကျန်းမာရေးသတင်းအချက်လက်နည်းပညာဘွဲ့ရရှိသူ ၃၇ ဦး ဓာတ်ရောင်ခြည် ကုသမှုနည်းပညာဘွဲ့ရရှိသူ ၁၉ ဦးနှင့် ဆေးဘက်ဆိုင်ရာ ခြေတုလက်တုနှင့် အားပြု ကိရိယာနည်းပညာဘွဲ့ရရှိသူ ၃၃ ဦး စုစုပေါင်း ၃၂၀၀ ကျော်ကို မွေးထုတ်ပေးထားနိုင်ကြောင်း သိရသည်။

image

နှစ်နှစ်ကြာ ပိတ်ထားရသည့် မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်ဖွင့်မည်

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကအရေးပါဆုံးဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် (ဧပြီ ၂) တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

“ညှိနေကြတာ ကြာပြီ၊ လမ်းပြန်ဖွင့်ဖို့ကို၊ ဝမ်းသာပါတယ်၊ ဒီသတင်းကြားရတာ” ဟု ယင်းလမ်းကို အသုံးပြုခဲ့ဖူးသည့် ကုန်သည်တစ်ဦးက ပေါ်ပြူလာကို ပြောသည်။

မနက်ဖြန်၌ လမ်းဖွင့်ပွဲ ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်သည့် ပြည်နယ်အာဏာပိုင်များက ဖွင့်လှစ်ပေးမည်ဟုလည်း ကနဦးရရှိသောသတင်းများအရ သိထားရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့၌ နှစ်ဖက်တို-က်ပွဲများကြောင့် အသုံးပြုခြင်းကို ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

image

နွေရာသီတွင် အက်ဒီဟောင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်လာမယ့် နယူးကာဆယ်
===================
နယူးကာဆယ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် ဖိအားများနှင့် ကြုံနေရတဲ့ ဘောလုံးရာသီတစ်ခု ကြုံလာရတဲ့ နည်းပြအက်ဒီဟောင်းရဲ့ အနာဂတ်အား ရာသီအကုန်တွင် ဆုံးဖြတ်လာပါမယ်။

နယူးကာဆယ်စီအီးအိုဒေးဗစ်ဟော့ကင်ဆင်ဟာ တိုင်နီဆိုက်ဒါဘီပွဲတွင် ဆန်းဒါးလန်းကို ရှုံးနိမ့်ပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက အက်ဒီဟောင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အက်ဒီဟောင်းနှင့် ကစားသမားများဟာ ဆန်းဒါးလန်းအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲ အပြီးတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ပရိသတ်များဟာ ဆိုးရွားတဲ့ ရာသီတစ်ခု ကြုံရပြီးနောက် ကလပ်ရဲ့ ဦးတည်ချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ပြုလုပ်လာပါတယ်။

တဖက်တွင် စီအီးအိုဟော့ကင်ဆင်ဟာ အရာအားလုံးအား တံခါးဖွင့်ထားဆဲ ဖြစ်ပြီး ရာသီအကုန်တွင် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ဆုံးဖြတ်ချက် ချမှတ်လာပါမယ်။

ဟော့ကင်ဆင်က "သူ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာသဘောထားမှ မရှိပါဘူး။ ဒါဘီပွဲအရှုံးကြောင့် နာကျင်ရတယ်ဆိုတာကိုတော့ ပြောပြနိုင်ပါတယ်။ ဒါကို တကယ့်ကို အလေးအနက်ထားပါတယ်။ ဒါက သုံးမှတ်ပဲလေ၊ ရှေ့ဆက်မယ်ဆိုတဲ့ စိတ်မျိုး မထားပါဘူး။ ဒီအရှုံးက ပဲ့တင်ထပ်နေပါတယ်။ အက်ဒီဟောင်းနဲ့ တစ်ဦးချင်း နာရီအတန်ကြာ နေ့လည်စာရင်း ဆွေးနွေးခဲ့တယ်။ အကြောင်းအရာတော်တော်များများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ အက်ဒီက ကျွန်တော်တို့ရဲ့မန်နေဂျာပါ။ ရာသီအကုန်အထိ ရလဒ်ကောင်းဖို့ မျှော်လင့်နေတယ်။ အချိန်ကျတော့မှ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပါမယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး နယူးကာဆယ်စီအီးအိုက လတ်တလောတွင် အက်ဒီဟောင်းအား ထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်းနှင့် နွေရာသီတွင် အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ကာ ကစားသမား ရောင်းချမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

နယူးကာဆယ်ရဲ့ ဘရူနိုဂူမာရေးစ်၊ ဆန်ဒရိုတိုနာလီတို့က မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။

image