ကစားသမားဘဝ အကြီးမားဆုံးနိုင်ပွဲဟု နော်ရီပြော
---------------------------

ပဲရစ်မာစတာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ အယ်ကာရက်ဇ်ကို အနိုင်ရတဲ့ပွဲက ကစားသမားဘဝ အကြီးမား ဆုံးနိုင်ပွဲ ဖြစ်တယ်လို့ ဗြိတိန်တင်းနစ်သမား နော်ရီက ပြောကြားလိုက်ပါတယ်။အခုနှစ် ဝင်ဘယ်ဒန်ကွာတားဖိုင်နယ်မှာ အယ်ကာရက်ဇ်ကို ရှုံးနိမ့်ထားခဲ့ဖူးတဲ့ နော်ရီဟာ ပဲရစ်မာစတာ ဒုတိယအဆင့်ပွဲမှာတော့ အယ်ကာရက်ဇ်ကို (၄း၆၊၆း၃၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားတာဖြစ်ပါတယ်။

ဒီနိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ အကြီးမားဆုံးဖြစ်တယ်လို့ လက်ဒဏ်ရာကြောင့် ၂၀၂၄ ပဲရစ်အိုလံပစ်နဲ့ ၂၀၂၄ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေကို လွဲချော်ခဲ့ရတဲ့ နော်ရီကပြောပါတယ်။ နော်ရစ်ဟာ မနှစ်က အခုပြိုင်ပွဲမှာ ပထမအဆင့် လက်ရည်စစ်ပွဲမှာပဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး အခုနှစ်မှာတော့ အံ့အားသင့်ဖွယ်လက်စွမ်းနဲ့ ၁၆ ဦးအဆင့် ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၃၁ မှာရပ်တည်နေတဲ့ နော်ရီအတွက်ကတော့ အခုနိုင်ပွဲက ကမ္ဘာ့အဆင့် ၁ ကစားသမားတစ်ယောက်ကို ပထမဆုံးအကြိမ်အနိုင်ရတာလည်းဖြစ်ပါတယ်။

အခုပွဲမှာ အယ်ကာရက်ဇ်က ပထမပွဲလတ်မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နော်ရီက နောက်ပွဲတွေကို အနိုင်ပြန် ရအောင် ကစားခဲ့ပြီး အခုလို နောက်တစ်ဆင့်ကို တက်သွားတာဖြစ်ပါတယ်။ အခုပွဲမှာ အမှား ၅၄ ကြိမ် အထိ ကျူးလွန်ခဲ့တဲ့ အယ်ကာရက်ဇ်ကတော့ အခုပွဲကသူ့ရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိတယ်လို့ ပြောသွား ပါတယ်။

image

imageimage

တပ်မတော်နှင့် TNLA ဆွေးနွေးမှု တိုးတက်မှုရှိဟု ‌ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
------------------------------------------

တပ်မတော် နဲ့ TNLA တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုးတက်မှု ရှိခဲ့တယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက One News ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တပ်မတော်နဲ့ TNLA တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အသေးစိတ်အခြေအနေတွေကိုတော့ တစ်ဖက်နဲ့တစ်ဖက် ထုတ်မပြောဖို့ သဘောတူညီခဲ့တာရှိပြီး အခုတွေ့ဆုံ ဆွေးနွေးမှုကတော့ တိုးတက်မှု ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တပ်မတော် နဲ့ TNLA ကြားမှာ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးရင် ကျွန် တော်တို့ရဲ့ သဘောတူညီချက်က ဆွေးနွေးချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်က ထုတ်မပြောရဘူး ဆိုတဲ့ သဘောတူညီချက် ရှိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ တိုးတက်မှု ရှိပါတယ်။

ဆက်လက်စောင့်ကြည့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တရုတ်နိုင်ငံရဲ့ ကူညီနေမှုနဲ့ TNLA နဲ့မှ မဟုတ်ပါဘူး။ တခြားအဖွဲ့ အစည်းတွေနဲ့လည်း ဆက်လက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တပ်မတော်နဲ့ TNLA တို့အကြား အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း TNLA ဘက်က အောက်တိုဘာ၂၉ရက်မှာ သီးခြား ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

image

ဗိုလ်မှူးကြီးသိန်းဇော်မြင့်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်
-------------------------------------------------------------

ဗိုလ်မှူးကြီးသိန်းဇော်မြင့်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အောက်တိုဘာ၂၉ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီးသိန်းဇော်မြင့်ဟာ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

image

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နှင့် အုန်းဒိုင်းတို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူ
------------------------------

ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော် ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ၂၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကို လူမှုကွန်ရက်ကတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားပြီး ရွေးကောက်ပွဲအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေဖို့ လှုံ့ဆော်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုဖမ်းဆီးလိုက်တဲ့သူတွေထဲက ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်ဟာ ၂၀၂၁ခုနှစ်က ပုဒ်မ၅၀၅-ကနဲ့ အမှုဖွင့်အရေးယူခံခဲ့ရပြီး နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာ၂၈ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အထွေထွေရွေးကောက်ပွဲကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စက္ကော့-ဇလွန်-ဓနုဖြူ ကားလမ်းမကြီးပေါ်တွင် ယာဥ်တို-က်မှုဖြစ် (၁)ဦး‌ေ-သ (၁)ဦးဒ-ဏ်ရာရ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၃၀ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။

ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ စက္ကော့-ဇလွန်-ဓနုဖြူကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၈/၄) အနီးတွင်ယာဉ်တို-က်မှုဖြစ်ပွား၍ ဓနုဖြူမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦးမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၁)ဦးတွင်လည်း ထိခို-က်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူတို့အား လပြည့်ဝန်းလူမှုကူညီရေးအသင်းမှ ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

လူအခွင့်ရေးမြှင့်တင်ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ရုရှား နှစ်နိုင်ငံ လူအခွင့်ရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူအခွင့်ရေးကော်မရှင်တို့အကြား လူအခွင့်အရေး မြှင့်တင်ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စာချွှန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံကို မြန်မာနိုင်ငံလူအခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ရန် ရောက်ရှိနေစဉ် ရုရှားလူအခွင့်ရေးကော်မရှင်နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ညီလာခံကို လူအခွင့်ရေးကာကွယ်စောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အမျိုး သားလူအခွင့်ရေးကော်မရှင်အပါအဝင် ကမ္ဘာနိုင်ငံနှင့်အဖွဲ့စည်း(၆၀)ကျော်မှ လူအခွင့်ရေးကော်မရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လူအခွင့်ရေးများ ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လူအခွင့်ရေးများ မြှင့်တင်ကာကွယ်စောင့်‌ရှောက်ပေးနိုင်သည့် Learning Management System ကို အကောင်ထည်ဖော်ဆောင်ရွက်နေပြီး Mobile Application ဆောင်ရွက်ထားရှိခြင်းနှင့် အွန်လိုင်းမှ တိုင်းတန်းချက်များပေးနိုင်ရန်လည်း ဝက်ဆိုဒ်တည်ထောင်ထားရှိကြောင်း ဦးပေါ်လွင်စိန်က ပြောကြားခဲ့သည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ဆူဒန်နိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင်များမှ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

image