ထရမ့်၏ အိမ်တော်အတွင်းပိုင်းအထိ လက်နက်ကိုင်ဆောင်ကာ ကျူးကျော်ဝင်ရောက်လာသူတစ်ဦးကို အ‌ေ-သဖမ်းဆီးရမိ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်(Palm Beach) ရှိ သမ္မတ ထရမ့်၏ နေအိမ်ဖြစ်သော မာရာလာဂို(Mar-a-Lago) အိမ်တော်အတွင်းပိုင်းအထိ လက်နက်ကိုင်ဆောင်ကာ ကျူးကျော်ဝင်ရောက်လာသူတစ်ဦးကို Secret Service အေးဂျင့်များနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က ပစ်--ခတ်---ဖမ်းဆီးရာမှ ‌ေ-သဆုံးသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် သမ္မတ ထရမ့်မှာ ဖလော်ရီဒါတွင် ရှိမနေခဲ့ပါ။

အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သံသယရှိသူမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် အော်စတင် တီ မာတင်(Austin T. Martin) ဖြစ်ပြီး ထိုသူသည် ဒေသစံတော်ချိန် နံနက် ၀၁:၃၀ နာရီခန့်တွင် ပြောင်းတိုသေနတ်တစ်လက်နှင့် လောင်စာဆီပုံးတစ်ပုံးကို ကိုင်ဆောင်ကာ မာရာလာဂိုအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဧည့်သည်တစ်ဦး အိမ်တော်မှ ပြန်ထွက်သွားချိန် မြောက်ဘက်ဂိတ်ပေါက်အနီးမှတစ်ဆင့် သူသည် အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူ၏မိသားစုက စနေနေ့တွင် လူပျောက်တိုင်ကြားထားခဲ့ပြီးနောက် သူ၏နေရပ်ပြည်နယ်မှ ကားဖြင့်မောင်းနှင်လာစဉ်အတွင်း လမ်းခုလတ်ဝယ် အဆိုပါလက်နက်ကို ဝယ်ယူခဲ့ခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြသည်။

သံသယရှိသူနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်းဆိုသည်ကို မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးကြောင်း အိမ်ဖြူတော်သတင်းထောက်က ရေးသားထားသည်။

image

စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၌ ဟင်းသီးဟင်းရွက်အ ထူးဇုန်(၅၀)ဧကဖော်ဆောင်ထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၌ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဟင်းသီးဟင်းရွက်အထူးဇုန်(၅၀)ဧကဖော်ဆောင်ထားရာ စိုက်ခင်းကွင်းသရုပ်ပြပွဲအား ဖေဖော်ဝါရီ ၂၂ ရက်နံ နက်ပိုင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း တက်ရောက်ခဲ့သည်။

" ဒါးပိုင်ကျေးရွာမှာ ဆောင်းသီးထပ်ဟင်းသီးဟင်း ရွက်ကို အဓိကထားစိုက်ပျိုးတဲ့အတွက် ဟင်းသီးဟင်းရွက်ဇုန်အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်" ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပြောကြားခဲ့သည်။

အဆိုပါ အထူးဇုန်ဧက(၅၀)တွင် ခရမ်း၊ ခရမ်းချဉ်၊ င ရုတ်၊ ပန်းမုန်လာ၊ မြေထောက်ပဲ၊ ကန်စွန်းဥ၊ ဖူးစားပြောင်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးထားပြီး စိုက် ပျိုးရေရရှိရန် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စက်ရေတွင်း(၂၈)တွင်းကိုဆောင်ရွက်ပေးထားပြီးဖြစ်သည်။

ထို့ပြင် ဒါးပိုင်ကျေးရွာ၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့်ရေရရှိရေးအတွက်လည်း ဆောင်ရွက်ပေးထားကာ စစ်တွေမြို့နယ်တွင် ဟင်းသီးဟင်းရွက်(ဆောင်း) (၁,၁၄၈)ဧက စိုက်ပျိုးခဲ့ပြီး ဒါးပိုင်ကျေးရွာတွင်(၁၂၈)ဧက စိုက်ပျိုးထားပြီးဖြစ်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

အမိုရမ်မှာ ယူနိုက်တက်သမိုင်းတွင် အရေးအပါဆုံးနည်းပြဖြစ်ခဲ့ပြီး မိုင်နူးအတွက်ပင် အကျိုးရှိစေခဲ့ကြောင်း ယူနိုက်တက်စတားဖွင့်ဟလာ
====================
ဒီယေဂိုဒါလော့က ရူဘင်အမိုရမ်မှာ ယူနိုက်တက်သမိုင်းတွင် အရေးအပါဆုံးနည်းပြဖြစ်ပြီး ကိုင်ဘီမိုင်နူးအတွက်ပင် အကျိုးများစွာ ရှိစေခဲ့ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ယူနိုက်တက်နောက်တန်းအစွန်လူက အမိုရမ်မှာ အိုးထရက်ဖို့ဒ်တွင် ကလပ်ပိုမိုကောင်းမွန်ရေးအတွက် အစဉ်အလာများကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ပြောကြားလာတာပါ။

အမိုရမ်ဟာ ယူနိုက်တက်အား ၁၈ လကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဇန်နဝါရီလအစောပိုင်းတုန်းက ကလပ်တာဝန်ရှိသူများအား ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လခ်ရှောပြီးလျှင် ယူနိုက်တက်တွင် သက်တမ်းအရှည်ဆုံးကစားသမားဖြစ်တဲ့ ဒါလော့က "ရူဘင်က ဒီကလပ်သမိုင်းမှာ အရမ်းအရေးပါတဲ့သူတွေထဲက တစ်ဦးပါ။ လူတွေ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် သူ ရောက်လာပြီးတဲ့နောက် လူတွေ မမြင်ရတဲ့အရာတွေ အများကြီး ပြောင်းလဲသွားတယ်။ သူက စည်းကမ်းရှိတဲ့ နေရာဖြစ်အောင် လုပ်ပေးခဲ့တယ်။ အဆင့်အတန်းအရမ်းမြင့်တယ်။ သူ အများကြီး ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ သူ့နည်းလမ်းတွေမှာ အလျှင်အမြန်အံဝင်အောင် ကျွန်တော်တို့ လုပ်ခဲ့ကြရတယ်"လို့ ပြောကြားသွားပါတယ်။

အမိုရမ်ဟာ ယူနိုက်တက်အား ကိုင်တွယ်စဉ်အတွင်း ကွင်းတွင်း ကွင်းပြင်အပြုအမူ မကောင်းမွန်တဲ့ မားကပ်စ်ရက်ဖို့ဒ်နှင့် ဂါနာချိုတို့အား အသင်းမှ ကန်ထုတ်ခဲ့ပါတယ်။

ဆက်လက်ပြီး အသက် ၂၆ နှစ်ရှိ ဒါလော့က "ကျုပ်တို့ ကွင်းထဲမှာ ရလဒ်ကောင်းရအောင် မလုပ်နိုင်ခဲ့ကြဘူး။ ဒါပေမယ့် ရူဘင်က အခု ကျွန်တော်တို့ ရှိနေတဲ့ ကြီးကျယ်တဲ့ ကစားသမားအုပ်စုကို ဖန်တီးခဲ့တာပါ။ ကျွန်တော်တို့အသင်းကို ကြည့်လိုက်ရင် ကစားသမားသစ်တွေလည်း ကျွန်တော်တို့ကို မြှင်တင်ပေးနေတာ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ရလဒ်နဲ့ပဲ ဘာမဆို ဆုံးဖြတ်တာဆိုတော့ စိတ်မကောင်း ဖြစ်ရတယ်။ သူက ရောက်လာပြီး ချက်ချင်းဆိုသလို အရမ်းစည်းကမ်းသေဝပ်အောင် အဆင့်အတန်းမြင့်မားအောင် လုပ်ခဲ့တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာက ကိုယ်ဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြဖို့ အချိန်အလုံအလောက် မရပါဘူး။ ကံဆိုးစွာပဲ ကျွန်တော်တို့လည်း အောင်မြင်မှု မရခဲ့ဘူး"လို့ ပြောကြားသွားပါတယ်။

ဇန်နဝါရီလအစောပိုင်းတွင် အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ကစားသမားအမြောက်အမြား အံ့ဩတုန်လှုပ်ခဲ့ကြပါတယ်။

တဖက်တွင် အမိုရမ် ထုတ်ပယ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကောင်းတစ်ခုကို ရရှိခဲ့တာက ကိုဘီမိုင်နူး ဖြစ်ပါတယ်။

မိုင်နူးဟာ အမိုရမ်လက်ထက်တွင် နေရာပျောက်နေခဲ့ပေမယ့် ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိကာ ခြေစွမ်းပြနေပါတယ်။

သူဟာ အမိုရမ်လက်ထက်တုန်းက ပရီးမီးယားလိဂ်တွင် ၁၇၁ မိနစ်သာ ကစားခွင့်ရသလို ပွဲထွက်ခွင့်လည်း မရခဲ့ပါဘူး။

ဆက်လက်ပြီး ဒါလော့က "ကိုဘီလည်း အခြားလမ်းတစ်ခုမှာ လျှောက်လှမ်းနိုင်တယ်။ အသက် ၂၀ နှစ်အရွယ်ဆိုတော့ ခက်ခဲတယ်။ ယူနိုက်တက်အတွက် ပွဲ ၈၀ ကစားလာတဲ့သူ၊ အင်္ဂလန်အတွက်လည်း ကစားလာရတဲ့သူဆိုတော့ ပိုဆိုးတာပေါ့။ ထိပ်ဆုံးသို့ ရောက်နေပြီးမှ ချက်ချင်းဆိုသလို ကစားခွင့်မရလာဘူး။ ကိုဘီဟာ ဒီအတွေ့အကြုံကို ဖြတ်သန်းခဲ့ရတယ်။ သူ ဒီဖြတ်သန်းမှုကနေ အကျိုးကျေးဇူးအများကြီး ရရှိလာမယ်လို့ထင်တယ်။ အခုဆို သူ အချိန်ပြည့်လေ့ကျင့်ခန်းဆင်းနေခဲ့တော့ အကျိုးကျေးဇူးခံနေရပြီ။ မကစားရတုန်းက လေ့ကျင့်ခန်းဆင်းခဲ့မှုတွေကို တန်ဖိုးထားတတ်သွားပြီ"လို့ ပြောကြားသွားပါတယ်။

image

အသက် ၃၀ အလွန်တွင် ဂိုး ၅၀၀ သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
==================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၃၀ နှစ်ပြည့်ပြီးချိန်နောက်ပိုင်းတွင် ဂိုး ၅၀၀ အထိ သွင်းယူလာနိုင်ကာ ကစားသမားဘဝ နောက်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ ဂိုး ၁၀၀၀ ပြည့်သွင်းနိုင်‌ရေး တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက အသက် ၃၀ နှစ်ပြည့်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဥရောပတလွှား ကလပ်နှင့် နိုင်ငံတကာပွဲများတွင်လည်း ဂိုးများ အကြီးအကျယ် သွင်းယူလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ စနေနေ့ညတုန်းက Al-Nassr က Al-Hazem FC ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ပြီးနောက် အသက် ၃၀ နှစ်ပြည့်ပြီးနောက်ပိုင်းတွင် ဂိုး ၅၀၀ ပြည့်သွင်းလာနိုင်ပါတယ်။

ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စုစုပေါင်းဂိုး ၉၆၄ ဂိုး ရှိလာခဲ့ပြီး ဂိုး ၁၀၀၀ ပြည့်သွင်းနိုင်ရေး နီးကပ်လာပြီလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဖေဖော်ဝါရီလအစောပိုင်းတုန်းက Al-Nassr ပိုင်ရှင် PIF ရဲ့ အသင်းများအပေါ် မမျှမတ ဆက်ဆံမှုအပေါ် ဆန္ဒပြတဲ့အနေဖြင့် ပွဲမကစားဘဲ သပိတ်မှောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ နောက်ပိုင်းတွင် Al-Nassr အတွက် ပြန်လည်ကစားလာခဲ့တာပါ။

Al-Nassr ဟာ Al-Hazem FC နိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်အား ၁ မှတ်ဖြတ်ကာ ဦးဆောင်ထားလာနိုင်ပါတယ်။

image

အာဆင်နယ်ကို လိုက်မီကာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ ဗီလာတိုက်စစ်မှူးအေဘရာဟမ်ပြောကြားလာ
=====================
ဗီလာတိုက်စစ်မှူးတမ်မီအေဘရာဟမ်က အက်စတွန်ဗီလာမှာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပြီး အာဆင်နယ်ကို လိုက်မီကာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်သေးကြောင်း ပြောကြားလာပါတယ်။

အေဘရာဟမ်ဟာ စနေနေ့တုန်းက လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ဗီလာအတွက် ချေပဂိုးအား ၈၈ မိနစ်တွင် သွင်းယူကာ ကယ်တင်ပေးခဲ့ပါတယ်။

ဗီလာဟာ လိဒ်နှင့် သရေကျမှုကြောင့် အာဆင်နယ်နှင့် ရမှတ် ၇ မှတ်ကွာဟနေပါတယ်။

ဒါပေမယ့် လက်ကျန် ၁၁ ပွဲကစားရဦးမည်ဖြစ်ရာ အေဘရာဟမ်က ဗီလာမှာ ထိပ်ဆုံးမှ အာဆင်နယ်ကို လိုက်မီနိုင်သေးတယ်လို့ ပြောကြားလာပါတယ်။

အသက် ၂၈ နှစ်ရှိ အေဘရာဟမ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် ရိုးမားမှ ဗီလာသို့ ဒုတိယအကြိမ်မြောက် ပြောင်းလာပြီးနောက် ၅ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းထားနိုင်ပါတယ်။

အေဘရာဟမ်က "အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူ သိလဲ။ ကျွန်တော်တို့ဟာ ထိပ်ဆုံးမှ အာဆင်နယ်နဲ့ သိပ်မဝေးကွာပါဘူး။ ကံဆိုးစွာဘဲ ဒီနေ့ နိုင်ပွဲ မရယူနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဆက်တွန်းအားပေးရမယ်"လို့ ပြောကြားသွားပါတယ်။

ဗီလာဟာ ၁၉၈၀-၈၁ ရာသီနောက်ပိုင်းတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာခြင်း မရှိပါဘူး။

image

ယာဉ်တိုက်မှုကြောင့် ထောင်ကျမယ့်ကိန်းဆိုက်နေတဲ့ ချစ်သူကို လိုက်ပါအားပေးကူညီနေတဲ့ ဝက်စ်ဟမ်းစတားအေရွန်ဝန်ဘစ်ဆာကာ
==================
ဝက်စ်ဟမ်းစတားအေရွန်ဝန်ဘစ်ဆာကာဟာ လမ်းလျှောက်နေသူအား ယာဉ်တိုက်မှုကြောင့် တရားရင်ဆိုင်နေရတဲ့ ချစ်သူအား ပံ့ပိုးကူညီမှုများ ပြုလုပ်နေပါတယ်။

အသက် ၂၈ နှစ်ရှိ ဧပြီဖရန်ဆစ်ဟာ တစ်နာရီလျှင် မိုင် ၃၀ သာ မောင်းနှင်ခွင့်ရှိတဲ့ လမ်းတွင် Mercedes G-Class SUV ဖြင့် မောင်းနှင်လာစဉ် လမ်းသန့်ရှင်းသမားတစ်ဦးအား ဝင်တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းယာဉ်တိုက်မှုမှာ စက်တင်ဘာလတုန်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ယင်းမတော်တဆမှုကြောင့် လမ်းသန့်ရှင်းသမားမှာ ဘဝအပြောင်းအလဲ ဖြစ်စေမယ့် ဆိုးရွားတဲ့ ဒဏ်ရာများ ရရှိခဲ့ပါတယ်။

ထိုစဉ်တုန်းက သူမဟာ ထွက်ပြေးသွားခဲ့ခြင်း မရှိခဲ့ပါဘူး။

ဝန်ဆစ်ဆာကာနှင့် ကလေးတစ်ဦး ရရှိထားတဲ့ သူမဟာ အက်စ်ဆက်စ်၊ ဘရက်ဝုဒ်တွင် ဖြစ်ပျက်ခဲ့တဲ့ အမှုအတွက် အမှု ရင်ဆိုင်နေရပါတယ်။

သူမဟာ ကိုချက်စတာတရားရုံးသို့ အမှုရင်ဆိုင်ရန် တက်ရောက်လာခဲ့ပြီး ယူနိုက်တက်နောက်ခံလူဟောင်းလည်း အတူ လိုက်ပါ အားပေးကူညီခဲ့တာ တွေ့ရပါတယ်။

သူမဟာ အာမခံဖြင့် လွတ်မြောက်နေတာ ဖြစ်ပြီး မတ်လတွင် ထပ်မံ အမှုရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဖရန်ဆစ်ရဲ့ ရှေ့နေဘက်က အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှု စွဲချက်မှ ပေါ့လျော့စွာ မောင်းနှင်မှု စွဲချက်သို့ ပြောင်းလဲ စွဲဆိုပေးရန် Crown Prosecution Service သို့ တောင်းဆိုထားပါတယ်။

ဒါကြောင့်လည်း တရားရုံးအနေဖြင့် ဖရန်ဆစ်အား နဂိုအတိုင်း စွဲချက်တင်မလား၊ ပြောင်းလဲ စွဲချက်တင်မလားဆိုတာ ဆုံးဖြတ်လာရတော့မှာလည်း ဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသူအဖြစ် စံချိန်သစ် ရေးထိုးလာတဲ့ ဂျိမ်းစ်မီလ်နာ
====================
ဂျိမ်းစ်မီလ်နာဟာ ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာခဲ့ပြီ ဖြစ်ပါတယ်။

ဝါရင့်အလယ်တန်းကစားသမားဟာ စနေနေ့တုန်းက ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ဘရိုက်တန်ပွဲထွက်လူစာရင်းတွင် ပါဝင်ကစားကာ ပရီးမီးယားလိဂ်ပွဲ ၆၅၄ ပွဲဖြင့် ဂါရတ်ဘာရီရဲ့ ၆၅၃ ပွဲစံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။

မီလ်နာဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတုန်းက အသက် ၁၆ နှစ်အရွယ်တွင် ဝက်စ်ဟမ်းအား ၄-၃ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကစားသမားဘဝစတင်ရာ လိဒ်အတွက် ပထမဆုံးပွဲ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အတွက် ၆၁ ပွဲကစားထားတဲ့ အသက် ၄၀ နှစ်ရှိ ဂျိမ်းစ်မီလ်နာဟာ လီဗာပူးတွင် ဂျာဂင်ကလော့ပ်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတို့ ရရှိခဲ့ပြီးနောက် ဘရိုက်တန်တွင်လည်း အရေးပါတဲ့ကစားသမားအဖြစ် ဆက်လက် ကစားနေပါတယ်။

သူဟာ မနေ့ညတုန်းက ဘရန့်ဖို့ဒ်အား အနိုင်ရတဲ့ပွဲစဉ်တွင် ဖိနပ်အောက်ခြေတွင် ၆၅၄ ဆိုတဲ့ ကိန်းဂဏန်းရေးထိုးထားတဲ့ အထူးထုတ်ဖိနပ်အား စီးကာ ကစားသွားခဲ့ပါတယ်။

သူဟာ လိဒ်အတွက် ၄၈ ပွဲ၊ နယူးကာဆယ်အတွက် ၉၄ ပွဲ၊ ဗီလာအတွက် ပွဲ ၁၀၀၊ မန်စီးတီးအတွက် ၁၄၇ ပွဲ၊ လီဗာပူးအတွက် ၂၃၀ ပွဲနှင့် ဘရိုက်တန်အတွက် ၃၅ ပွဲကစားထားကာ စံချိန်သစ် ရေးထိုးလာတာ ဖြစ်ပါတယ်။

မီလ်နာဟာ လိဒ်တွင် ကစားစဉ်တုန်းက အသက် ၁၆ နှစ်နှင့် ၃၆၅ ရက်ဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

image
12 w - Translate

ဆန္ဒနောက်ကို အလွန်အကျွံ မလိုက်မိစေနဲ့
တခါတုန်းက ဖားတွေနေတဲ့ တိုင်းပြည်တစ်ပြည်ရှိသတဲ့။ တစ်နေ့တော့ ဖားတွေရဲ့ဘုရင်ကြီးဟာ တိုက်ပွဲတစ်ပွဲမှာ ကျဆုံးသွားတာကြောင့် ဖားတွေရဲ့တိုင်းပြည်ကြီးဟာ မင်းမဲ့တိုင်းပြည်ကြီးလို ဖြစ်သွားပါတယ်။
ဒါကြောင့် ပညာရှိတဲ့ ဖားတွေက တခြားဖားတွေကို ခေါ်ပြီး အခုလိုပြောတယ်... "ငါတို့တိုင်းပြည်မှာ ဘုရင်မရှိတော့ဘူး။ ဒါကြောင့် ငါတို့တိုင်းပြည်ကို အုပ်ချုပ်ပ်ဖို့ ဘုရင်တစ်ပါးလိုတယ်။ ဒီကိစ္စကို မိုးနတ်သားဆီမှာ အကူအညီတောင်းရမယ်" လို့ဆိုတော့...
ဖားတွေအားလုံးကလည်း သဘောတူကြပါတယ်။ ဒါနဲ့ မိုးနတ်သားဆီမှာ သူတို့ ဖားတိုင်းပြည်ကို အုပ်ချုပ်မယ့်ဘုရင်တစ်ပါးစေလွှတ်ရန် အကူအညီတောင်းလိုက်ပါတယ်။
အဲဒီအခါမှာ မိုးနတ်သားက သစ်တုံးကြီးတစ်တုံးကို ပစ်ချပေးလိုက်ပါတယ်။ ပထမတော့ ဖားများဟာ သစ်တုံးကြီးကိုမြင်ပြီး အလွန်ကြော,က်လန့်ကြတယ်။ သစ်တုံးကြီး မမြင်အောင်ဆိုပြီး ရေအောက်မှာ ငုတ်လျှိုးနေကြတယ်။
အတော်ကြာမှ မလှုပ်မယှက်နေတဲ့ သစ်တုံးကြီးကို ကြည့်ပြီး အကြော,က်ပြေလာကြတယ်။ တဖြည်းဖြည်းနဲ့ သစ်တုံးကြီးနား ကပ်လာကြတယ်။ နောက်ဆုံးတော့ သစ်တုံးကြီးပေါ် တက်ကစားတဲ့အထိ အတင့်ရဲလာကြပါတယ်။
ဒီလိုနဲ့ ကြာလာတဲ့အခါမှာတော့ ဖားများဟာ သစ်တုံးကြီးကို ငြီးငွေ့လာကြသတဲ့။ မလှုပ်မယှက်သစ်တုံးကြီနဲ ဆော့ရတာ ပျင်းစရာကောင်းလာတယ်။ ဒါကြောင့် မိုးနတ်သားဆီမှာ ဘုရင်အသစ်လဲပေးဖို. ထပ်မံတောင်းဆိုလိုက်ပါတယ်။
အဲဒီအခါ မိုးနတ်သားတာ သစ်တုံးကြီးအစား ငရှည့်တစ်ကောင်ကို ပို့ပေးလိုက်ပါတယ်။ ငရှည့်ဟာ ဖားတိုင်းပြည်ကို ရောက်ထဲက တွင်းထဲမှာပဲ ခွေနေတာကြောင့် ဖားတွေဟာ စိတ်ပျက်ကြသတဲ့။
ဒါကြောင့် အခြားဘုရင်တစ်ဦးနဲ့ လဲပေးဖို့ ထပ်မံတောင်းဆိုလိုက်ပြန်တယ်။ အဲဒီလို ခဏခဏတောင်းဆိုတဲ့ ဖားတွေရဲ့ တောင်းဆိုသံကိုကြားတဲ့ အခါမှာတော့ မိုးနတ်သားကြီးဟာ အတော်လေးဒေါသ ထွက်သွားပါတယ်။
ဒါကြောင့် မြွေတစ်ကောင်ကို ဖားတို့ရဲ့ဘုရင်အဖြစ် ပို့ပေးလိုက်ပါတယ်။ အဲဒီအချိန်ထဲက မြွေဟာ ဖားတွေကို တစ်ကောင်ပြီးတစ်ကောင် မျိုချလိုက်တာကြောင့် ဖားတိုင်းပြည်ကြီးဟာ ပျက်စီးသွားပါသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးက ဘာကို​ခြျေင်တာလဲဆိုတော့ ထိုက်သင့်သလောက်နဲ့ တင်းတိမ်ရောင့်ရဲခြင်း မရှိပဲ လိုအင်ဆန္ဒနောက်ကို လိုက်နေမယ်ဆိုရင် တချိန်မှာ ပျက်စီးဆုံးရှုံးခြင်းကို ကြုံတွေ့လာနိုင်မည်ဖြစ်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

image
12 w - Translate

ကျန်းမာရေးအတွက် ဆေးလိပ်နဲ့ အရက်ကို ဝေးဝေးကရှောင်ပါလို့ ကျွန်တော်တို့ အမြဲကြားနေရပေမဲ့ ဒီအဘွားအိုကတော့ ကမ္ဘာ့ကျန်းမာရေး နိယာမတွေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ် 😮
နီပေါနိုင်ငံ 🇳🇵၊ Nuwakot District က အဘွား Batuli Lamichhane ဟာ အသက် (၁၁၅) နှစ်ကျော်နေပြီ ဖြစ်ပေမဲ့ အံ့သြစရာကောင်းလောက်အောင် သန်သန်မာမာ ရှိနေဆဲပါ 💪✨
ပိုပြီး ထူးခြားတာကတော့ သူမရဲ့ နေထိုင်မှုပုံစံပါပဲ။ အသက် ၁၇ နှစ်ကတည်းက စီးကရက်ကို တစ်နေ့ နှစ်ဘူးနှုန်းနဲ့ စွဲစွဲမြဲမြဲ သောက်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၉၈ နှစ်တောင် ရှိနေပါပြီ 🚬😲။ ဒါတင်မကသေးပါဘူး၊ ထမင်းစားတိုင်းမှာ ၂၅၀ စီစီ ပမာဏရှိတဲ့ ဒေသထွက် အရက်တစ်မျိုးကိုလည်း သောက်လေ့ရှိပါတယ် 🍶
လူတွေက “အဘွား… ဒီအကျင့်ဆိုးတွေ ဖြတ်သင့်ပြီ မဟုတ်ရင် အသက်တိုလိမ့်မယ်လို့ ဆရာဝန်တွေ မပြောဘူးလား?” လို့ မေးတဲ့အခါ
အဘွားက ရယ်မောပြီး 😄
“ငါ့ကို အဲဒီလို လာအကြံပေးပြီး ဆေးလိပ်နဲ့ အရက် ဖြတ်ခိုင်းတဲ့ ဆရာဝန်တွေအားလုံးကတော့ အခုဆိုရင် ငါ့အရင် သေကုန်ကြပြီ” လို့ ပြန်ဖြေခဲ့ပါတယ် 😅
သူမဟာ ငလျင်ဒဏ်တွေကိုလည်း ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ပြီး 🌏⚡ ယနေ့အထိ အိမ်မှုကိစ္စတွေကို ကိုယ်တိုင်လုပ်ကိုင်နိုင်ဆဲ ဖြစ်ပါတယ် 🏡💚
သူမအမြင်မှာတော့ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ —
စိတ်ဖိစီးမှု ကင်းဝေးခြင်း 😊
သဘာဝလေကောင်းလေသန့် ရှူရှိုက်နိုင်ခြင်း 🌿🍃
စိတ်ပျော်ရွှင်မှုနဲ့ နေထိုင်နိုင်ခြင်း 💖
တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
💡 Takeaway: ဒီဇာတ်လမ်းက ပြောပြနေတာက ခန္ဓာကိုယ်ကျန်းမာရေးဟာ စားသောက်မှုပုံစံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု၊ စိတ်ဖိစီးမှုထိန်းချုပ်နိုင်မှုနဲ့ မျိုးရိုးဗီဇ (Genetics) 🧬 အပေါ်မှာလည်း အများကြီး မူတည်နေတာပါ။
⚠️ ဒါပေမဲ့ — ဒီလိုဖြစ်ရပ်ဟာ အလွန်ထူးခြားတဲ့ အခြေအနေတစ်ခုသာ ဖြစ်ပြီး လူတိုင်း လိုက်လုပ်သင့်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးနော် 🚫🚬🍺။ ဆေးလိပ်နဲ့ အရက်က ကျန်းမာရေးအတွက် အန္တရာယ်များတယ်ဆိုတာတော့ သက်သေပြပြီးသား ဖြစ်ပါတယ်။

image