ဘာလိုဂန်ပွဲပယ်ဆုံးဖြတ်ချက်အပေါ် ဖီဖာထံ စောဒကတက် တိုင်ချက်ဖွင့်ရန် နော်ဝေဘောလုံးအဖွဲ့ချုပ် စဉ်းစားနေ
====================

နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ဖိုလာရန်ဘာလိုဂန်ရဲ့ ကမ္ဘာ့ဖလား ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့မှုနှင့်ပတ်သက်ပြီး ဖီဖာ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တရားဝင် စောဒကတက် တိုင်ချက်ဖွင့်ရန် စဉ်းစားနေပါတယ်။
အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ဟာ ဘော့စနီးယားနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရပြီးနောက် ဘယ်ဂျီယံနှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို တစ်ပွဲအလိုအလျှောက်ပယ်ခံရမယ်လို့ ယုံကြည်ခဲ့ရပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြားဝင်လာချိန်တွင် ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ၁၂ လဆိုင်းငွံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ဘာလိုဂန်ဟာ ဘယ်ဂျီယံကို ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်ဥက္ကဌလိစ်ကလာဗီနက်စ်က လာမယ့် ဘုတ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအဖြစ်အပျက်အပေါ် ဖီဖာထံ တိုင်ချက်ဖွင့်မဖွင့် ဆွေးနွေးသွားမယ်လို့ ဘီဘီစီသို့ အတည်ပြု ပြောကြားသွားပါတယ်။
နော်ဝေဟာ ဖီဖာဥက္ကဌအင်ဖန်တီနိုက ဒေါ်နယ်ထရမ့်အား ချီးမြှင့်ရန်အတွက် ဖီဖာရဲ့ ပထမဆုံးငြိမ်းချမ်းရေးဆု ဖန်တီးမှုအတွက် တိုင်ကြားမှု ပြုလုပ်ခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
နော်ဝေဟာ အင်ဖန်တီနိုအား နိုင်ငံတကာအိုလံပစ်ကော်မတီသို့ တိုင်ကြားထားပါသေးတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင် စည်းမျဉ်းတွင် အဖွဲ့ဝင်များအနေဖြင့် အစိုးရ (သိ့မဟုတ်) အဖွဲ့အစည်းများ (သို့မဟုတ်) တတိယအဖွဲ့အစည်းများရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်မခံဘဲ ကိုယ့်လုပ်ဆောင်မှုနှင့် မဲပေးမှုအား လွတ်လပ်စွာ လုပ်ဆောင်ရမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီအနေဖြင့် အင်ဖန်တီနိုမှာ ၂၀၂၀ ခုနှစ်ကတည်းက အဖွဲ့ဝင်တစ်ဦး ဖြစ်နေမှုနှင့်အတူ စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်လာပါတယ်။

image

အင်ဒါဆင်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူလာပြီဖြစ်တဲ့ မန်စီးတီး
=================

မန်စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်မှ အင်္ဂလန်အလယ်တန်းကစားသမားအီးလီးယော့အင်ဒါဆင်အား ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူရေးအား အပြီးသတ် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မန်စီးတီးနှင့် ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုလာပါတယ်။
သူဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေစဉ် မန်စီးတီးသို့ ပြောင်းရွှေ့ရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ထိုစဉ်တုန်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးမီတုန်းက ချဲလ်ဆီးက ဗီလာမှ အင်္ဂလန်ကစားသမားမော်ဂန်ရော်ဂျာအား ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူကာ ယင်းစံချိန်အား ရိုက်ချိုးသွားခဲ့ပါတယ်။
အီတီဟတ်သို့ ပြောင်းလာပြီးနောက် အင်ဒါဆင်က မန်စီးတီးက ခေါ်ယူရန် စိတ်ဝင်စားကြောင်း သိရှိရပြီးကတည်းက အပြောင်းအရွှေ့ ဖြစ်မြောက်အောင် လုပ်ဆောင်ရေး ဆုံးဖြတ်ထားခဲ့ကြောင်း ဖွင်ဟလာပါတယ်။
အင်ဒါဆင်က "ကျွန်တော်တို့ကို အလိုရှိကြောင်း (မန်စီးတီးက)သိလိုက်ရချိန်ကတည်းက ဒီအပြောင်းအရွှေ့ ဖြစ်လာရမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဘယ်သူမဆို အမြင့်ဆုံးအဆင့်မှာ စမ်းသပ်မှု ခံယူချင်ကြတာပဲလေ။ မန်စီးတီးသို့ ပြောင်းခွင့်ရတာ တကယ့်အခွင့်အရေးကြီးပါ။ အနားယူပြီးတော့ မန်ချက်စတာသို့ ရောက်လာချိန်မှာ အသင်းမှာ အထိုင်ကျအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
အင်ဒါဆင်ဟာ ၂၀၂၄ ခုနှစ်တုန်းက နယူးကာဆယ်မှ နော်တင်ဟမ်ဖောရက်စ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ကလပ်အား နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဥရောပဝင်ခွင့် ရရှိအောင် အရေးပါတဲ့ အခန်းကဏ္ဍမှ ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖောရက်စ်အား ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်နိုင်အောင် ကူညီခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ဘောလုံးထိမှုအများဆုံးနှင့် ပြိုင်ဘက်ကစားသမားနှင့် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံချိန်မှာ အနိုင်ရမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့တဲ့ အင်္ဂလန်ရဲ့ ပွဲစဉ်တိုင်းတွင် ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

image

အက်စတွန်ဗီလာသို့ အငှားဖြင့် ဂါနာချို ပြောင်းရွှေ့လာ
=====================

အက်စတွန်ဗီလာက ချဲလ်ဆီးတောင်ပံကစားသမားအလီဂျန်ဒရိုဂါနာချိုအား ၂၀၂၆-၂၇ ရာသီအကုန်အထိ အငှားဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
အသက် ၂၂ နှစ်ရှိ ယူနိုက်တက်စတားဟောင်းဟာ စာချုပ်ပါအချက်အလက်များ ပြည့်မီပါက ဗီလာပါ့ခ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်ပါတယ်။
စာချုပ်ပါအချက်အလက်များနှင့်ပတ်သက်ပြီး ကလပ်နှစ်ခုလုံးက ကြေညာသွားခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဂါနာချိုရဲ့ လာမယ့်ရာသီ ကစားခွင့်ရရှိတဲ့ ပွဲအရေအတွက်အပေါ်တွင်လည်း မူတည်တဲ့ အချက်ပါဝင်လာမှာ သေချာနေပါတယ်။
ချဲလ်ဆီးဟာ ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း ရရှိလာမှာ ဖြစ်လို့ အလွယ်တကူပင် လိုက်ခံလိုက်တာပါ။
ချဲလ်ဆီးဟာ အင်္ဂါနေ့တုန်းက ဗီလာမှ အင်္ဂလန်အလယ်တန်းကစားသမားမော်ဂန်ရော်ဂျာကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူလိုက်ပြီးနောက် ဂါနာချိုအား ဗီလာပါ့ခ်သို့ ပြန်လည်ရောင်းချလိုက်တာလည်း ဖြစ်ပါတယ်။
ဂါနာချို ရောက်လာမှုအပေါ် ဗီလာနည်းပြအူနိုင်းအမ်မရီက "သူက ပါရမီရှင်ပါ။ ငယ်ရွယ်တယ်၊ ကျွန်တော်တို့ စီမံကိန်းမှာ ပါဝင်လိုကြောင်းလည်း သူ့ဘက်က ပြသခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဗီလာဟာ ယခုနွေရာသီတွင် ဂျိုဟန်မန်ဇမ်ဘီ၊ ဂျာအိုဂိုမက်စ်၊ မာဒူးကီဘာဆစ်စီတို့ကို ခေါ်ယူပြီးနောက် ဂါနာချိုအား ထပ်မံ ခေါ်ယူလာတလည်း ဖြစ်ပါတယ်။
တဖက်တွင် ဗီလာဟာ ယူရီတီလီမန်းစ်၊ မော်ဂန်ရော်ဂျာ၊ ဒွန်ရဲလ်မာလန်၊ အန်ဇိုဘာရီနီချီယာ၊ လီဝစ်ဒေါ့ဘင်တို့အား ရောင်းချမှုမှ ပေါင်သန်း ၂၀၀ နီးပါး ရရှိထားပါတယ်။
ယူနိုက်တက်ဟာ ဂါနာချိုသာ ဗီလာသို့ အပြီးသတ် ပြောင်းရွှေ့လာပါက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းအား အကျိုးခံစားခွင့် ရရှိလာပါမယ်။

image

ခရစ္စတော့စ်တီဇိုလစ်အား ဂရိစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ် ခေါ်ယူလာ
======================

အာဆင်နယ်ဟာ ကလပ်ဘရုဂျက်မှ တိုက်စစ်တွင် စွယ်စုံကစားနိုင်တဲ့ ခရစ္စတော့စ်တီဇိုလစ်အား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၄ နှစ်ရှိ ဂရိလက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ချန်ပီယံထံသို့ နှစ်ရှည်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာ ဖြစ်ပြီး သူ့ပြောင်းရွှေ့ကြေးမှာ ဂရိကစားသမားတစ်ဦးအတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးလည်း ဖြစ်ပါတယ်။
တီဇိုလစ်ဟာ ကလပ်ဘရုဂျက်အတွက် ၁၀၈ ပွဲကစားပေးခဲ့ရာမှာ ၄၃ ဂိုးသွင်းပြီး ၄၅ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုလအစောပိုင်းတုန်းက ဘီဆစ်တပ်စ်သို့ ရောင်းချလိုက်တဲ့ ထရိုဆတ်နေရာတွင် အစားထိုးရန် တီဇိုလစ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
တီဇိုလစ်ဟာ PAOK တွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နော့ဝှစ်ချ်တွင် ပွဲ ၃၀ ကစားကာ ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် နော့ဝှစ်ချ်အတွက် ပထမဆုံးပွဲကစားခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် အာတီတာနှင့် စကားပြောဖြစ်ခဲ့ပုံနှင့်ပတ်သက်ပြီး တီဇိုလစ်က "ကလပ်အကြောင်း၊ ကျွန်တော့်အကြောင်း၊ သူ့အစီအစဉ်၊ အဲဒီမှာ ကျွန်တော် ဘယ်လို ပါဝင်မဲ့အကြောင်း၊ အသင်းအကြောင်း အားလုံးပြောခဲ့ကြတယ်။ အားလုံးက အပြုသဘောဆောင်တယ်။ ကျွန်တော်က တိုက်ရိုက်ကစားသမားပါ။ ဂိုးသွင်းမယ် ဒါမှမဟုတ် ဖန်တီးမယ်။ ကိုယ့်ကိုယ်ကို တိုက်စစ်သမား တောင်ပံကစားသမားလို့ မြင်တယ်။ ဂိုးသွင်းဖို့ ကစားဖော်တွေအတွက် ဖန်တီးပေးဖို့ အမြဲတမ်းဆာလောင်ပါတယ်။ အသင်းအတွက် အလုပ်ကြိုးစားပေးမယ်လို့ ကတိပြုပါတယ်။ ခံစစ်ပိုင်းမှာရော ပါဝင်ပေးပါမယ်"လို့ ပြောကြားသွားပါတယ်။

image

လီဗာပူးကို အနိုင်ယူရန် ခက်ခဲတဲ့အသင်းအဖြစ် တည်ဆောက်ရန် အိုင်ရာအိုလာ လုပ်ဆောင်နေ
====================

အန်ဒိုနီအိုင်ရာအိုလာက လီဗာပူးတွင် သူ့ရဲ့ ရည်မှန်းချက်များထဲမှ တစ်ခုက အသင်းကို အနိုင်ယူရန် ခက်ခဲတဲ့အသင်းအဖြစ် တည်ဆောက်ရေး ဖြစ်ကြောင်းနှင့် ပရိသတ်များ လိုချင်တဲ့ ကစားဟန်ကောင်းတဲ့အသင်းနှင့် ရလဒ်ပိုင်းလည်း ယူဆောင်ပေးရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
အသက် ၄၄ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အန်းဆလော့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲအရပ်ရပ် စံချိန်တင် ရှုံးပွဲ ၂၀ အထိ ကြုံရပြီးနောက် အန်းဆလော့နှင့် လမ်းခွဲလာခဲ့တာလည်း ဖြစ်ပါတယ်။
အိုင်ရာအိုလာက "အခုအချိန်မှာ ကျွန်တော့်အတွက် အဓိကလုပ်ရမယ့်အရာက အရမ်းကို အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းအဖြစ် ဖန်တီးဖို့ပါ။ အခု ကျွန်တော် မျှော်မှန်းထားတဲ့အသင်းက အဲဒီလို အသင်းမျိုးပါ။ ဒီလိုအသင်းမျိုး ဖြစ်လာပြီဆိုရင် အောင်မြင်မှုတွေ ရယူလာနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရပါမယ်။ ပိုကောင်းတဲ့အသင်းအဖြစ် ဖန်တီးရမယ်။ ကစားသမားတိုင်းအတွက် အကောင်းဆုံးနေရာ ရှာဖွေရမယ်။ အသင်းကောင်းဖို့ စုစည်းရမယ်။ အခု ကျွန်တော် လုပ်နေတာ ဒါတွေပါ"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် ချီကာဂိုသို့ ရောက်ရှိနေတာ ဖြစ်ပြီး စနေနေ့တွင် နက်ရှ်ဗေးလ်တွင် ဆန်းဒါးလန်းနှင့်ခြေစမ်းပွဲကစားသွားမှာ ဖြစ်သလို နယူးယောက်တွင် ဝရက်ဇ်ဟမ်း၊ ချီကာဂိုတွင် လိဒ်တို့နှင့်လည်း ခြေစမ်းပွဲကစားသွားပါမယ်။

image

ဆော်ဒီသို့ ပြောင်းရွှေ့ပြီးနောက် တစ်နာရီလျှင် ပေါင် ၁၀၀၀ ကျော် ရရှိလာတော့မယ့် ဝက်စ်ဟမ်းစတားဆမ်းမားဗီးလ်
====================

ခရိုင်ဆန်စီယိုဆမ်းမားဗီးလ်ဟာ ဆော်ဒီသို့ လုပ်ခများစွာဖြင့် ပြောင်းရွှေ့လာပြီးနောက် တစ်နာရီလျှင် ပေါင် ၁၀၀၀ ကျော်အထိ ရရှိလာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဝက်စ်ဟမ်းနှင့် နယ်သာလန်စတားဟာ ဆော်ဒီကလပ် Al-Hilal သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ပြောင်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဆမ်းမားဗီးလ်ဟာ ဝက်စ်ဟမ်းမှာတုန်းက တစ်ပတ်လုပ်ခ ပေါင်ငါးသောင်းကျော်သာ ရရှိလာခဲ့သူလို့ ယုံကြည်ရပါတယ်။
ဒါပေမဲ့ သူဟာ Al-Hilal သို့ ပြောင်းရွှေလာချိန်မှာတော့ လုပ်ခလေးဆအထိ တိုးမြှင့် ရရှိလာမှာတော့မှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁.၂ သန်းအထိ ရရှိလာပါမယ်။
သူဟာ ဆော်ဒီတွင် တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ ဝန်းကျင် ရရှိလာမှာ ဖြစ်ကာ တစ်ရက်လျှင် လုပ်အားခ ပေါင် ၃၃၀၀၀ ရရှိလာပါမယ်။
ဒါကြောင့်လည်း ဆမ်းမားဗီးလ်ဟာ တစ်နာရီလျှင် ပေါင် ၁၃၇၃ ရရှိလာမှာ ဖြစ်သလို တစ်မိနစ်လျှင် ၂၂.၈၀ ပေါင် ရရှိလာပါမယ်။
လိဒ်စတားဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ယူနိုက်တက်၊ ဗီလာ၊ ရိုးမားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း Al-Hilal က ပြောင်းရွှေ့ကြေးများစွာ ပေးလာချိန်မှာတော့ လက်ခံလာတာလည်း ဖြစ်ပါတယ်။
သူဟာ Al-Hilal အသင်းတွင် အင်တာမီလန်နည်းပြဟောင်းဆီမြွန်နီအင်ဇာဂီလက်အောက်မှာ ကစားလာရမှာ ဖြစ်သလို ကာရမ်ဘန်ဇီးမား၊ ဂျာအိုကန်စီလို၊ သီယိုဟာနန်ဒက်ဇ်၊ ခါလီဒူကူလီဘာလီ၊ ဒါဝင်းနူနက်ဇ်တို့နှင့်လည်း တွဲကစားလာရပါမယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
14 w - Translate

Launch Your Own Grocery Delivery App Clone – 50% OFF!

Looking to build a business like Instacart, BigBasket, or Grofers? Our Grocery Delivery App Clone is the ultimate white-label solution — fully customizable, scalable, and designed with cutting-edge features:
✅ Real-time grocery order tracking
✅ Multi-store & multi-city support
✅ Driver app with wallet & route optimization
✅ AI-powered product search & smart substitutions
✅ Secure payments with cards, wallets & crypto
👉 Perfect for startups and enterprises targeting global markets.
🎁 Special Offer: Get 50% OFF + Free Live Demo Today!
Free Demo: https://www.trioangle.com/grocery-delivery-script/
📩 Contact us now & launch your Grocery Delivery App Clone in just 7 days!
📧 sales@trioangle.com | 📞 +91 6379630152 | 💬 @Trioangle_Technologies

image
14 w - Translate

Launch a scalable Just Eat Clone App with SpotnEats to connect customers, restaurants, and delivery partners. Offer seamless food ordering, real-time tracking, secure payments, and multilingual support to grow your food delivery business across global and regional markets.

For more details - https://www.spotneats.com/justeat-clone-app-script

WhatsApp: https://wa.me/919600695595

#justeatclone #spotneats #fooddeliveryappdevlopment #justeatcloneapp

Justeat clone | AI-powered food delivery clone 

Build a Just Eat–like food delivery app with our white-label solution. Fully customizable with live tracking and multi-restaurant features.

image