အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့်ခုနစ်ဦးသေဆုံး

ယခုနှစ်နိုဝင်ဘာလအတွင်း အမြန်လမ်း၌ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူခုနစ်ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါလအတွင်း ယာဉ်မတော်တဆမှုငါးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူခုနစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျား/မ ခွဲခြားတာတော့မရသေးပါဘူး။ ရုံးပိတ်ရက်များတဲ့အခါ ပွဲလမ်းသဘင်များတဲ့ ခရီးသွားလာမှု များတဲ့လတွေကတော့ ယာဉ်တိုက်မှုများတတ်ပါတယ်” ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင် မီးသတ်စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image