အရက်အရမ်းကြိုက်တယ်လို့ ပြောဆိုမှုအား အရက်သောက်တဲ့ပုံစံဖြင့် အောင်ပွဲခံကာ တုံ့ပြန်လာတဲ့ ဘယ်လင်ဂမ်
=====================

ဂျူ့ဘယ်လင်ဂမ်ဟာ မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် အရက်သောက်တဲ့ပုံစံဖြင့် အောင်ပွဲခံကာ အရက်အရမ်းကြိုက်တယ်လို့ စွပ်စွဲပြောဆိုနေမှုများအား တုံ့ပြန်လာပါတယ်။
ဘယ်လင်ဂမ်ဟာ မိုနာကိုအား ၆-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်နိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ရဲ့ အပိတ်ကို သွင်းခဲ့တာပါ။ ယင်းဂိုးက အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် ၂၀၂၆ ခုနှစ်တွင် ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။
လီဗန်တေးနှင့်ပွဲမတိုင်မီ စပိန် YouTube ထုတ်လွှင့်သူ AuronPlay က ဘယ်လင်ဂမ်မှာ အရက်အလွန်ကြိုက်သူ ဖြစ်ကြောင်း ပြောဆိုခဲပါတယ်။ ယင်းချန်နယ်မှာ subscriber ၂၆ သန်းကျော် ပိုင်ဆိုင်ထားတဲ့ ချန်နယ်လည်း ဖြစ်ပါတယ်။
၎င်းက ဘယ်လင်ဂမ်မှာ အရက်အလွန်ကြိုက်သူ ဖြစ်ပြီး စပိန်ရှိ နိုက်ကလပ်တိုင်းသို့ သွားရောက်ခဲ့သူ ဖြစ်ကြောင်း ပြောဆိုခဲပါတယ်။
ဘယ်လင်ဂမ်ဟာ ယင်းအဖြစ်အပျက်ကြောင့် လီဗန်တေးအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
မိုနာကိုနှင့်ပွဲတွင် ဂိုးသွင်းယူပြီးချိန်မှာတော့ ဘယ်လင်ဂမ်က "အခုခေတ်က ကင်မရာတစ်လုံးရှိတာနဲ့ ထင်ရာမြင်ရာ ပြောနိုင်တဲ့ ခေတ်ပါ။ တစ်ကမ္ဘာလုံးက သက်သေအထောက်အထားမရှိဘဲ ယုံကြတာပဲ။ ဒါကို ငိုယို ငြီးတွားနေမလား၊ ပျော်ပျော်နေပြီးတော့ဘဲ ကျော်ဖြတ်မလား နှစ်လမ်းပဲ ရှိတယ်။ ဒါက(အောင်ပွဲခံမှု)ပရိသတ်တွေနဲ့ ထင်သလို ပြောနေကြတဲ့သူတွေကို အပျော်သဘောနဲ့ လုပ်ပြတာပါ။ ကျွန်တော့်အတွက် အမှတ်တရားကို သိထားပြီးသားပါ။ ကျွန်တော့်ကိုယ်ပိုင်ဘဝမှာ ဘာဖြစ်နေတယ်ဆိုတာ သိပါတယ်။ ပွဲမှာ ဘာတွေ လုပ်ပေးနေတယ်၊ အသင်းကို ဘာတွေ ပေးနေတယ်ဆိုတာ သိပါတယ်။ အပြင်က ဆူညံသံတွေကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အခုလို(အောင်ပွဲခံတာ)လုပ်တာ နည်းနည်းပျော်ရတယ်"လို့ ပြောကြားသွားပါတယ်။

image

မာဆေးနှင့်ပွဲတွင် ဆာလက် ပွဲထွက်လာမယ်လို့ ဆလော့ အရိပ်အမြွက်ပြောကြားလာ
====================

အန်းဆလော့က ယနေ့ည မာဆေးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မိုဟာမက်ဆာလက်မှာ ပွဲထွက်လူစာရင်းတွင် ပါဝင်လာမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပြီး ၎င်းတို့အကြား ဆက်ဆံရေးမှာ ယခင်အတိုင်းပုံမှန် ရှိနေကြောင်း ပြောကြားသွားပါတယ်။
ဆာလက်ဟာ လီဗာပူးအတွက် နောက်ဆုံးပွဲကစားခွင့်ရခဲ့တာ နိုဝင်ဘာလတုန်းက ပီအက်စ်ဗွီအား အိမ်ကွင်းတွင် ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အီဂျစ်အသင်းနှင့် ပူးပေါင်းကာ အာဖရိကဖလားပြိုင်ပွဲပါဝင်ကစားခဲ့ပြီး အဆင့် ၄ ချိတ်အောင် ၄ ဂိုးသွင်းကာ ကူညီပေးခဲ့ပါတယ်။
ဆာလက်ဟာ အီဂျစ်အသင်းနှင့် မပူးပေါင်းမီ ၃ ပွဲဆက် အရန်ခုံတွင် ထိုင်ခဲ့ရပြီးနောက် လိဒ်နှင့်ပွဲအပြီးတွင် ကလပ်မှာ အသင်းရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့အပေါ် အပြစ်ပုံချရန် ကြိုးပမ်းနေပြီး နည်းပြအန်းဆလော့နှင့် ဆက်ဆံရေး မရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဒီဇင်ဘာလအဖြစ်အပျက်က ရိုက်ခတ်လာမလားလို့ မေးမြန်းလာချိန်တွင် ဆလော့က "မိုကို မကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီရာသီ အခိုက်အတန့်ပါ။ အဲဒီပွဲ(အင်တာ)မှာ သူ့ကို မခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အခိုက်အတန့်ရှိခဲ့တယ်။ အခြားပွဲအားလုံးမှာ သူ လူစာရင်းမှာ ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာဆို သူက ပထမဆုံးလူစားဝင်ကစားခဲ့ရတယ်။ အဲဒီအခိုက်အတန့်ကာလတုန်းက ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ အခု ပထမဆုံးအကြိမ်အဖြစ် သူ အသင်းမှာ ပြန်ပါဝင်လာနိုင်ပြီ။ ဒီကနေ့ လေ့ကျင့်ခန်းဆင်းထားတော့ သူ ပါဝင်လာမယ်။ မနက်ဖြန် လူစာရင်းမှာ ပါမယ်။ ပြဿနာ ရှိနေသေးလားဆိုတာ လူစာရင်းထွက်ရင် ကြည့်ကြတာပေါ့"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ဆာလက် အာဖရိကဖလားပြိုင်ပွဲ သွားကစားစဉ်ကာလအတွင်း ရှုံးပွဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆလော့က လီဗာပူးရဲ့ ချန်ပီယံလိဂ်စံချိန်တင်ဂိုးသွင်းရှင် ပြန်လည်ပါဝင်လာနိုင်မှုအပေါ် ပျော်ရကြောင်း ဆိုသွားပါတယ်။
ဆာလက်နှင့် ဆက်ဆံရေးအပေါ်တွင်လည်း ဆလော့က "အရင်တုန်းကလိုပဲ ပုံမှန်ပါပဲ။ အင်တာမီလန်နဲ့ပွဲတုန်းကတော့ ချွင်းချက်ပေါ့။ ဒီကနေ့ သူနဲ့ စကားပြောဖြစ်တယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ မိနစ်တစ်ရာကျော် ကစားထားတဲ့ တောင်ပံသမားနှစ်ဦးတည်းပဲ ရှိလို့ သူ ပြန်လာလို့ ပျော်တယ်။ အဲဒီနှစ်ယောက်က မိုနဲ့ ကိုဒီ(ဂတ်ပို)ပါ။ ဂျီရီမီဖရမ်းပေါင်နဲ့ ဖလိုရီယန်ဝါ့ဇ်တို့လည်း ဒီနေရာတွေမှာ ကစားနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဖလိုရီယန်ကို သူ့စိတ်ကြိုက်နေရာကို မေးရင် ဘယ်နဲ့ ညာတောင်ပံနေရာတွေကို ပြောလာမှာ မဟုတ်ပါဘူး။ ဂျီရီမီလည်း ဒီအတိုင်းပါ။ ဒါပေမယ့် သူက ညာခြမ်းမှာ လုပ်ပြထားပြီးသားပါ။ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် မို ၄၅ ဂိုးသွင်းထားတာ မြင်ခဲ့ရတယ်။ နောက်အများဆုံးသွင်းထားသူက ၅ ဂိုးနဲ့ ဗာဂယ်ဗန်ဒိုက်ပါ။ ဒီတော့ သူ ပြန်ပါလာတာ ကောင်းပါတယ်။ အထူးသဖြင့် နောက်ထပ် ၄၅ ဂိုးသွင်းပြီး ဒီအဆင့်မျိုး ထပ်ပြန်နိုင်ရင်ပေါ့"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် လီဗာပူးဗဟိုနောက်ခံလူအီဘရာဟမ်ကိုနာတေးမှာ မိသားစု ပြဿနာကြောင့် မာဆေးနှင့် ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ လူစာရင်း ၂၀ ဦးစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

image

ဘိုဒို/ဂလမ့် အရှက်တကွဲ ရှုံးပွဲအတွက် အာလင်းဟာလန်း လူသိရှင်ကြား တောင်းပန်လာ
==================

အာလင်းဟာလန်းဟာ အသင်းငယ်လေး ဘိုဒို/ဂလမ့်အား ချန်ပီယံလိဂ်တွင် ရှုံးနိမ့်မှုအတွက် လူသိရှင်ကြား တောင်းပန်လာပါတယ်။
အသက် ၂၅ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ မိခင်နိုင်ငံသို့ တကျော့ပြန်လာချိန်တွင် ခါးသီးမှုနှင့် ကြုံခဲ့ရပြီး မေ့ပစ်ချင်ခဲ့တဲ့ ညတစ်ညကြုံခဲ့ရပါတယ်။
မန်စီးတီးဟာ ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် ရှုံးနိမ့်လာမှုနှင့်အတူ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေး မရေမရာ ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းတွင် တုန်လှုပ်စရာ မထင်မှတ်တဲ့ ရလဒ်ကြုံခဲ့ရပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာက အရာအားလုံး မှားယွင်းနေတယ်လို့ ခံစားရကြောင်း ဝန်ခံပြောဆိုသွားပါတယ်။
မန်စီးတီးဟာ မန်ချက်စတာဒါဘီပွဲတွင် ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရက်အနည်းငယ်အကြာ -9C ရာသီဥတုအောက်တွင် ကစားရတဲ့ပွဲမှာ အရှက်တကွဲ ရှုံးပွဲကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ၈ ပွဲတွင် ၁ ဂိုးတည်းသာ သွင်းနိုင်ကာ ဂိုးပေါက်ပျောက်နေတဲ့ ဟာလန်းက "ဂိုးမသွင်းနိုင်ခဲ့လို့ အပြည့်အဝ တာဝန်ယူပါတယ်။ ခရီးသွားပြီး လာကြည့်ကြတဲ့ မန်စီးတီးပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တောင်းပန်ပါတယ်။ အဆုံးမတော့ ဒါက ရှက်စရာပါ။ အဖြေမရှိတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်။ သူတို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ညံ့ခဲ့တယ်။ သူတို့ အိမ်ကွင်းမှာ ကစားတာ အရမ်းကောင်းတယ်။ သူတို့ ပထမဂိုးမရခင်အထိ ကျွန်တော်တို့ ကစားတာ ကောင်းသေးတယ်။ ဒါပေမယ့် နောက်တော့ သူတို့ နောက်ထပ် ဂိုးသွင်းလာတယ်။ ပြီးရင် ဂျန်(ပက်တာဂူဂီ)က ဒီနှစ်ရဲ့အကောင်းဆုံးဂိုးကို သွင်းလာတယ်။ အကောင်းဆုံးတော့ လုပ်ခဲ့တာပဲ။ ဒါပေမယ့် တခုခု လိုအပ်နေခဲ့တယ်။ စီနီယာကစားသမားတွေမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ဘယ်လို ခံစားရတယ် ဘာညာကိုတော့ မပြောလိုဘူး။ ကွင်းထဲမှာ အကောင်းဆုံးလုပ်ခဲ့တယ်။ ပွဲတွေ အများကြီးကစားခဲ့ရတော့ ကွင်းထဲမှာ မစွမ်းဆောင်ပြနိုင်ခဲ့ဘူး။ အကောင်းဆုံးတော့ ကြိုးစားတာပဲ။ နောက်ပွဲအတွက် အသင့်ဖြစ်နေဖို့ ကြိုးစားမယ်။ လေးရက်ပဲ အချိန်ရတယ်။ ပြန်အားဖြည့်လာဖို့ ကြိုးစားရမယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေးအတွက် လာမယ့်အပတ် ဗုဒ္ဓဟူးနေ့ ဂါလာတာစာရေးနှင့်ပွဲတွင် အနိုင်ရရှိရေး ကြိုးပမ်းသွားရပါမယ်။
တဖက်တွင် အသင်းငယ်လေး ဘိုဒို/ဂလမ့်မှာ နောက်ဆုံးပွဲ ဖြစ်တဲ့ အက်သလက်တီကိုနှင့်ပွဲတွင် အနိုင်ရရှိလာပါက ပလေးအော့ဖ်ကစားခွင့် ရလာနိုင်ပါသေးတယ်။
မန်စီးတီးဟာ လာမယ့် စနေနေ့မှာ အီတီဟတ်ကွင်းမှာ ဝုဗ်ကို ဧည့်ခံကစားရပါမယ်။

image

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြေးရုပ်ထုအား မီးရှို့ ဖျက်ဆီးသူအား ရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ
=======================

ရဲတပ်ဖွဲ့ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မွေးရပ်မြေ မာဒိုင်ရာကျွန်းမှ ကြေးရုပ်ထုအား မီးရှို့ဖျက်ဆီးခဲ့သူအား အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။
လူငယ်တစ်ဦးဟာ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားရဲ့ ကြေးရုပ်ထုကို မီးလောင်စေတဲ့ အရည်ပက်လောင်းပြီးနောက် မီးခြစ်ဖြင့် မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
ယင်းလူငယ်ဟာ ကြေးရုပ်ထု မီးလောင်လာချိန်တွင် နောက်ဆုတ်ပြီး စပီကာမှ ဖွင့်ထားတဲ့ ရက်သီချင်းဖြင့် ကနေခဲ့တာ ဖြစ်ပြီး ယင်းဗီဒီယိုဖိုင်မှာ အွန်လိုင်းတွင် ပျံ့နှံ့နေပါတယ်။
ယင်းလူငယ်က သူ့အကောင့်ကို zaino.tcc.filipe အမည်ဖြင့် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ယင်းမီးရှို့တဲ့ ဗီဒီယိဖိုင်အား အင်စတာဂရမ်တွင် တင်ခဲ့ပါတယ်။ ယင်းဗီီဒယိုဖိုင်တွင် “This is God’s last warning @cristiano.” လို့ ရေးသားကာ သတိပေးထားပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ရုပ်ထု ဘယ်လောက် ပျက်စီးသွားလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒိုကြေးရုပ်ထုဟာ ယခင်တုန်းကလည်း မက်ဆီပရိသတ်များရဲ့ ဖျက်ဆီးခြင်းခံခဲ့ရဖူးပါတယ်။
ကြေးရုပ်ထုဟာ မီးရှို့ခံရပေမယ့် မီးက အလျင်အမြန် ငြိမ်းသပ်သွားတာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ခရစ္စတီယာနိုရော်နယ်ဒိုကြေးရုပ်ထုအား မီးရှို့သူအား အပူတပြင်း ရှာဖွေနေကြောင်း ကြေညာထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြေးရုပ်ထုဟာ ၂၀၁၆ ခုနှစ်တုန်းက မက်ဆီပရိသတ်များရဲ့ ဖျက်ဆီးမှုများနှင့် ကြုံရပြီးနောက် CR7 Museum အနီးသို့ ရွှေ့ဆိုင်းထားတဲ့ ရုပ်ထု ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၃၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၈၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၈၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၀ ကျပ်
ဝယ်ဈေး - ၃၉၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၂ ကျပ်
ဝယ်ဈေး - ၃၀၇၂ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၄၅ ကျပ်
ဝယ်ဈေး - ၄၆၂၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၉၇ ကျပ်
ဝယ်ဈေး - ၉၇၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၈၁ ကျပ်
ဝယ်ဈေး - ၅၆၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၆ ကျပ်
ဝယ်ဈေး - ၂၅.၀၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၉ ကျပ်
ဝယ်ဈေး - ၄၃.၂၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၅ ကျပ်
ဝယ်ဈေး - ၅၃၀၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၂၆ ကျပ်
ဝယ်ဈေး - ၂၆၅၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၆ ကျပ်
ဝယ်ဈေး - ၂၈၅၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၉ ကျပ်
ဝယ်ဈေး - ၅၀၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၂ ကျပ်
ဝယ်ဈေး - ၁၀၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
10 w - Translate

Global Filter Pipette Tips Market Analysis, Size, Share & Forecast 2026
The global Filter Pipette Tips market is witnessing significant growth, driven by the increasing adoption of advanced laboratory practices in healthcare, biotechnology, and pharmaceutical sectors. Filter pipette tips are critical consumables in laboratories, designed to prevent contamination and ensure precise sample handling. With the rising demand for accurate diagnostic testing and high-throughput screening, the market for filter pipette tips is set to expand steadily over the forecast period.

Read Full Research Study: https://marketintelo.com/repor....t/filter-pipette-tip

Filter Pipette Tips Market Research Report 2033
marketintelo.com

Filter Pipette Tips Market Research Report 2033

As per our latest market intelligence, the Global Filter Pipette Tips market size was valued at $1.2 billion in 2024, and is forecasted to hit $2.35 billion by 2033, growing at a robust CAGR of 7.4%.

ဖြစ်ရပ်မှန်🙂

image

မဲဆောက်မှာ တရားမဝင် နေထိုင်တဲ့ မြန်မာတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ

မြန်မာ - ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့မှာ တရားမဝင် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ထိုင်းအလုပ်အကိုင် ဦးစီးဌာနကလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာထားတယ်လို့ သိရပါတယ်။
အဲဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတချို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။
“ရက်ပိုင်းထဲမှာပဲ အဖမ်းအဆီးတွေ ကြမ်းလာတာ။ ဇန်နဝါရီ ၁၅ ရက်နေ့၊ မနက်ပိုင်းကတည်းက ထိုင်းလဝကနဲ့ ရဲတပ်ဖွဲ့တွေက စီမံချက်နဲ့ လိုက်စစ်ဆေးပြီး စပြီးဖမ်းနေတာ။ မြန်မာအများစု အလုပ် လုပ်နေတဲ့ မဲဆောက်စျေးမှာ ဖမ်းတာ” လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
တာ့ခ် လူဝင်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ ဇန်နဝါရီ ၁၅ ရက်နေ့ မဲဆောက်ဈေးကြီးအတွင်း ဝင်ရောက်စစ်ဆေးမှုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်ကို တရားမဝင် ဝင်ရောက် နေထိုင်မှုနဲ့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား တယောက်နဲ့ ဗီဇာသက်တမ်း ကာလရှည် ကျော်လွန်နေထိုင်သူ (Overstay) မလေးရှားနိုင်ငံသား နှစ်ယောက်ကိုလည်း အာရှလမ်းမကြီးဘေးနဲ့ Lotus ကုန်တိုက်ရှေ့တို့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မဲဆောက်မြို့တွင်းရှိ ဈေးတွေ၊ အလှပြင်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေကို ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့တာမှာ မဲဆောက်ဈေး၊ ဘတ်ကွန်းလမ်းရှိ ဆိုင်တွေမှာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသား ခြောက်ယောက်၊ အလှပြင်ဆိုင်မှာ အလုပ် လုပ်နေတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တည်းခို နေထိုင်သူတွေကို ၂၄ နာရီအတွင်း သတင်းပို့ရန် ပျက်ကွက်ခဲ့တဲ့ အိမ်ရှင် မြန်မာနိုင်ငံသား တယောက်ကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း တရားမဝင်နေထိုင်၊ တရားမဝင် အလုပ် လုပ်ကိုင်မှုနဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ် လူဝင်မှုကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တခြား နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ ရဲစခန်းတွေဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူကာ နေရပ်ပြန်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
“အခုအခြေအနေက အကုန်လုံး ဂရုစိုက်ပြီး နေသင့်ပြီ။ မြန်မာတွေ နောက်ထပ် ပြဿနာ ထပ်မဖြစ်ဖို့ ပိုအရေးကြီးတယ်။ အခုက နေရာတိုင်းမှာ ရဲတွေခြေရှုပ်နေသလိုပဲ။ အထောက်အထား မပြည့်စုံတဲ့သူ၊ တရားမဝင် နေထိုင်သူတွေကို ပိုက်စိပ်တိုက် ဖမ်းမယ်ဆိုတော့ အကုန် စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အလုပ်လည်း မလုပ်ရဲကြတော့ဘူး” လို့ မဲဆောက်မြို့မှာ ရောက်ရှိနေသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့် မဲဆောက်မြို့အတွင်းရှိ ဈေးဆိုင်ခန်းတချို့နဲ့ စားသောက်ဆိုင်တချို့ ယာယီ ပိတ်ထားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ထိုင်းရောက် မြန်မာတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာကြပါ။ ထိုင်းလူမျိုးတွေ၊ ထိုင်းယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေစွာ နေထိုင်ပါ။ အကုန်အကျခံပြီး လုပ်ထားတဲ့ အထောက်အထားတွေ ကိုယ်နဲ့တသားတည်း ရှိနေကြဖို့လိုပါတယ်။ လာဖမ်းရင် အဖွဲ့စုံလာတာပါ။ တယောက်၊ နှစ်‌ယောက်တည်း လာရင် ပုလိပ်အတုတွေလည်း ဖြစ်နိုင်လို့ သတိထားစေချင်တယ်” လို့ ထိုင်းရောက် အလုပ်သမားရေး လှုပ်ရှားသူ တယောက်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေး ပြောဆိုထားပါတယ်။
လတ်တလော အခြေအနေအရ မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့ တရားဝင် အထောက်အထားတွေဖြစ်တဲ့ ပတ်စ်ပို့၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)၊ အလုပ်ပါမစ်တို့ကို ကိုယ်နဲ့မကွာ တပါတည်း ယူဆောင်ထားကြဖို့၊ သတင်းအမှန်၊ သတင်းအမှားတွေကို ချင့်ချိန်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အသိပေး နှိုးဆော်ထားပါတယ်။
လက်ရှိ အခြေအနေဟာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးရလွယ်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် မြန်မာတွေအပေါ် အမုန်းမပွားအောင် နေထိုင်ကြဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
အခုလို စစ်ဆေး ဖမ်းဆီးမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေသူတွေဟာ ဒဏ်ငွေချမှတ်ခံရနိုင်ခြင်း၊ မူရင်းနိုင်ငံကို ပြန်ပို့ခံရနိုင်ခြင်း၊ အလုပ်လုပ်ခွင့်ပါမစ် ပိတ်ခံရနိုင်ခြင်းတို့ကို ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။

image

ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်လှရွှေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဆီက သိရပါတယ်။
ဦးတင်လှရွှေကို ဇန်နဝါရီ ၁၅ ရက်နေ့က ၊ ချောင်းဦးမြို့ပေါ်ရှိ လမ်းပိုင်းတနေရာမှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးနောက် အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။
"ရွေးကောက်ပွဲ လုပ်ပြီးမှ အဖမ်းခံရတာပါ။ သူက ၁၅ ရက်နေ့က သူ့အိမ်မှာ အနှိပ်ခံပြီးတော့ အနှိပ်သည်ကိုပြန်ပို့တော့ ညနေပိုင်း လမ်းမှာ အဖမ်းခံရတာလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ ကျေးရွာကော်မရှင်အဖွဲ့ဝင် ဖမ်းခံရတယ်ဆိုတာတော့ မကြားသေးဘူး ။ " လို့ တိုင်းကော်မရှင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။
လက်ရှိမှာ ဦးတင်လှရွှေ အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် တပ်တွေဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး ။
ချောင်းဦးမြို့နယ်က အပိုင်း ၂ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ်ထဲမှာပါဝင်တာကြောင့် ဇန်နဝါရီ ၁၁ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က မကွေးတိုင်း ၊ ကံမမြို့နယ်ထဲမှာလည်း မဲရုံတွေကို လိုက်လံစစ်ဆေးတဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး ကံမမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇော်မင်းနိုင် သေဆုံးခဲ့ပြီး ဦးသန့်ဇင်အောင် ဆိုသူမှာ သေနတ်ကျည် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ အဲဒီနေ့မှာပဲ ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်မှာလည်း မြို့နယ်ထွေအုပ်ရုံးကို ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံရပြီး တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဇန်နဝါရီ ၆ ရက်နေ့ ကလည်း မကွေး - ကံပြား- နေပြည်တော်လမ်းပိုင်း ၊ မိုင်တိုင် ၃၂ မိုင် ၇ ဖာလုံ မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် လိုက်ပါ လာတဲ့ ယာဥ်တန်း တိုက်ခိုက်ခံရပြီး
မြို့သစ်မြို့နယ် ရဲမှူး ဦးထွန်းလင်းအောင် နဲ့ UEC အဖွဲ့ဝင်ရဲ့ ကိုယ်ရေးအရာ ရှိ ဦးအောင်ကျော်သူ တို့ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

image