မုန်အားနယ်စပ်ဂိတ်မှ ကုန်သွယ်မှုများ ယာယီရပ်ဆိုင်းမည်
မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်တဲ့ ပန်ဆန်း(မုန်အားဂိတ်)ကို ပြန်လည်ပြုပြင်မှာ ဖြစ်တဲ့အတွက် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းမယ်လို့ “ဝ” ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Wa News Land က ဖော်ပြ ထားပါတယ်။
မုန်အားဂိတ် အဆင့်မြှင့်တင် ပြုပြင်ရေးလုပ်ငန်းတွေကို နိုဝင်ဘာ ၁ ရက်ကစတင်ကာ ဆောင်ရွက်သွားမှာဖြစ်ပြီး နယ်စပ်ရေးရာ ကူးသန်းရောင်းဝယ်ရေးစင်တာကို ၃ လလောက် ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နယ်စပ်လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပေမဲ့လည်း လူအဝင်အထွက်နဲ့ ကား၊ စီးပွားရေး ကုန်စည် အကြီးစား သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ ပုံမှန် ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နယ်စပ်သူ နယ်စပ်သားတွေ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဌာနအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေက ၂၀၀ နံပါတ်လမ်းဘက်မှာရှိတဲ့ သတ်မှတ်နေရာတွေမှာ လုပ်ငန်းစဉ်တွေ ဆက် လက် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပန်ဆန်း(မုန်အား)ဂိတ်ဟာ “ဝ”- တရုတ် နယ်စပ်ဂိတ်ကြီး လေးခုထဲက တစ်ခု အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။





