ရုရှားနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးများ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး ဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်းထရုန်တို့သည် ဖေဖော်ဝါရီ ၂၄ ရက်က မော်စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည့် အစီအမံများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကဏ္ဍစုံအဆင့်ဆင့် ထိတွေ့ဆက်ဆံမှုများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

"စဉ်လာမပျက် ချစ်ကြည်ရင်းနှီးသော အငွေ့အသက်များအတွင်း ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် အဆင့်ဆင့်သော ဆက်သွယ်မှုများ၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လက်ရှိနိုင်ငံတကာရေးရာ အကြောင်းအရာများကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

လီဟွိုင်းထရုန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်၏ အထူးကိုယ်စားလှယ်အဖြစ် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

image

MAI နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School နှင့် Aviation Training & Flying Academy တို့သဘောတူလက်မှတ်ရေးထိုး

လေကြောင်းပညာရေးနှင့် ပရော်ဖက်ရှင်နယ်အလုပ် အကိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်ဟု အင်ဒိုနီးရှားသံရုံး တာဝန်ခံပြော

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် အင်ဒိုနီးရှားနိုင်ငံ Perkasa Flight School & Aviation Training & Flying Academy (ATFA) Cadet Pilot Program and Cabin Crew Preparatory Program များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၄ ရက်က သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး သံရုံးတာဝန်ခံတက်ရောက်၍ MAI နှင့် အင်ဒိုနီးရှားနိုင်ငံရှိဦးဆောင်လေကြောင်းသင်တန်းအဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်မှုသည် လေကြောင်းပညာရေးနှင့် ပရော်ဖက်ရှင်နယ်အလုပ်အကိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

MAI နှင့် Perkasa Flight School တို့ကြားသဘောတူညီချက်အရ Pilot Cadetship Program ကိုအကောင် အထည်ဖော်မည်ဖြစ်ကာ MAI ၏ ကျွမ်းကျင်လေယာဉ် မောင်းအရာရှိများကို ရေရှည်အခြေခံဖြင့်ပြုစုပျိုး ထောင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Directorate General of Civil Avitation of Indonesia (DGCA) စည်းမျဉ်းစည်းကမ်းများနှင့်အညီ Ab Initio သင်တန်းများကိုသင်ယူရမည်ဖြစ် သည်။

MAI အနေဖြင့် Perkasa Flight School နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအပြည်ပြည်ဆိုင်ရာ Pilot Cadet Training မိတ်ဖက်ဖြစ်ရာ မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံကြား ရှည်လျားသောလေကြောင်းပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်။

MAI ၏ Chief Executive Officer မှလည်း Cadet Pilot Program စတင်ခြင်းသည် သင်တန်းတစ်ခုသာမက MAI နှင့် မြန်မာနိုင်ငံ၏လေကြောင်းလုပ်ငန်းအနာ ဂတ်ကိုပုံဖော်ရာတွင် အရေးကြီးသောပထမခြေလှမ်းဖြစ်ပြီး လေကြောင်းလုပ်ငန်းတွင် အရည်အချင်းပြည့်မီပြီး တာဝန်ခံစိတ်ရှိသော pilot များအတွက် လိုအပ် ချက်မြင့်တက်လျက်ရှိ၍ ယခုအစီအစဉ်မှ နည်းပညာကျွမ်းကျင်မှုနှင့် စည်းကမ်းစနစ်ပြည့်စုံသည့် pilot များအဖြစ်ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် MAI သည် Cabin Crew Preparatory Program ကိုအကောင်အထည်ဖော် Aviation Training & Flying Academy (ATFA)နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သဖြင့် လုံခြုံရေးကျွမ်းကျင်မှု၊ ဝန် ဆောင်မှုထူးချွန်မှုနှင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းတို့ ပြည့်စုံသည့် အနာဂတ် Cabin Crew များကိုပြုစုပျိုး ထောင်သွားမည်ဖြစ်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအသိအမှတ်ပြုလေ ကြောင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်းအခွင့် အလမ်းများရရှိစေရန် စနစ်တကျလမ်းကြောင်းများဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် MAI နှင့် M Hospitality & Tourism Institute (MHTi)တို့ပူးပေါင်း၍ MAI & MHTi Airliner Ground Internship Program (Second Batch) Graduation Ceremony ၌ သင်တန်းပြီးဆုံးအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးအား ဂုဏ်ပြုလက် မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။

image

ကမ္ဘာ့နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းအနည်းငယ်မြင့်တက်လာနေ

ယခုနှစ်(၂၀၂၆) ဇန်နဝါရီလမှစ၍ စားအုန်းဆီး ထုတ်လုပ်သည့် နိုင်ငံများတွင် ထုတ်လုပ်မှုလျော့ကျခြင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်ကာလများအတွက် ကြိုတင်ဝယ်ယူစုဆောင်းမှုများလာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

လက်ရှိ မလေးရှားရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာခြင်း၊ အင်ဒိုးနီးရှား အစိုးရ၏ စားအုန်းဆီ ပို့ကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး မတ်လ မှ စတင်၍ ၁၂ ဒသမ ၅ ရာခိုင်နှုန်းထိ ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကမ္ဘာ့စားအုန်းဆီ လက်ကျန်အချိုးသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၉ ရာခိုင်နှုန်းထိကျဆင်းလာခြင်း နှင့် မတ်လတွင်းကျင်းပမည် အီးဒ်ပွဲတော် ကာလအတွက် ဝယ်လိုအားများခြင်းကြောင်း ၂၀၂၆ ဇန်နဝါရီလ စားအုန်းဆီ တစ်တန်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀၄၇ မှ ဖေဖေါ်ဝါရီလတွင် ၁၀၇၈ သို့ မြင့်တက်လာကြောင်း လည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ (၂၀)ရက်မှ ဖေဖေါ်ဝါရီ (၂၆)ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးသည်တစ်ပိဿာလျှင် ကျပ်(၆၂၅၀)ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်က ဈေးထက် အနည်းငယ်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ဒုတိယအပတ်နှင့် တတိယအပတ်တို့မှာလည်း ရောင်းချရမည့် ဈေးသည် တစ်ပိဿာကျပ်(၆၁၅၀)ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိဿာ ကျပ်(၆၁၅၀)ဖြစ်ပြီး ဖေဖေါ်ဝါရီလတွင် ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။

image

မိုင်းဆတ်မြို့နယ်၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများသိမ်း ဆည်းရမိ

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများအား ပညာရှင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေး ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖြစ်စဥ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ထိုင်းရဲတပ်ဖွဲ့ကဖမ်း၍မောင်းပြေးသည့် မြန်မာအလုပ် သမားများတင်လာသောပစ်ကပ်ကားတိမ်းမှောက် (၂၀) ဦးကျော်ဒ-ဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် ယနေ့ ဖေဖော်ဝါ ရီ ၂၆ ရက်နံနက် ၇ နာရီခန့်က မြန်မာအလုပ်သမားများတင်ဆောင်လာသောပစ်ကပ်ကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကန်ချနဘူရိပြည်နယ်၊ မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန်ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများအားတင်ဆောင်လာသောပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန်တားဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲမောင်းနှင်ထွက် ပြေးရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ကာ လိုက်ပါလာသည့် မြန်မာအလုပ်သမားအချို့မှာ လမ်းမပေါ်သို့လွင့်စဥ်ပြုတ်ကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် မြန်မာအလုပ်သမား(၂၀)ဦးကျော်ခန့်တွင်ထိခို-က်ဒ-ဏ်ရာများရရှိ၍ လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကျန်မြန်မာနိုင်ငံသားများကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

ပျဉ်းမနား အာဟာရသုခဈေးမီးလေ-ာင်မှု ဆိုင်ခန်းပေါင်း (၂၄၀) ခန့် ပျ-က်စီးဆုံးရှုံး

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေး ရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေး၏ ရုံအမှတ် (ဂ) မှစတင်ကာ ဖေဖော်ဝါရီ ၂၅ ရက်ည ၈ နာရီ ၄၆ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ မီးများသဖြင့် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလေ-ာင်မှုကြောင့် သွပ်မိုး၊ မြေစိုက်တစ်ထပ်ဆိုင်ခန်းပေါင်း (၂၄၀) ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကာ ‌ေ-သဆုံးမှုနှင့် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

အာဟာရသုခဈေးသည် ပျဉ်းမနားမြို့နယ်၏ အဓိကဈေးကြီးတစ်ခုဖြစ်ကာ ကုန်စည်ဂိုဒေါင်များအများဆုံးတည်ရှိသော အချက်အချာကျသည့်နေရာတစ်ခုလည်း ဖြစ်၍ စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် အသေးစိတ်ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level 1 အဆင့်မီးလေ-ာင်မှု တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖော့စက်ရုံ၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလေ-ာင်မှုသည် စက်ရုံရှေ့တွင် စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မစက်ရုံသို့ကူးစက်လေ-ာင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ပုဂံရှိ ရှေးဟောင်းကျောက်စာများကို RTI နည်းပညာဖြင့် မှတ်တမ်းတင်ထိန်းသိမ်းမှု ဆောင်ရွက်နေ

ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့် ပုဂံတွင် ရှေးဟောင်းကျောက်စာများ ပျက်စီးမှုများ တိုးမြင့်လာနေသဖြင့် မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန် Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

အဆိုပါ ကျောက်စာများမှာ နှစ်ကာလကြာမြင့်စွာ တည်ရှိနေခဲ့ခြင်းကြောင့် ကြံ့ခိုင်မှု လျော့နည်းလာခြင်း၊ သဘာဝရာသီဥတုဒ-ဏ်ခံရခြင်းနှင့် ပွန်းတီးပျ-က်စီးမှုများ ဖြစ်ပေါ်လာလျက်ရှိသည်။

ထိုသို့ ပျ-က်စီးမှုများကြောင့် ရေးထွင်းထားသည့် စာလုံးများ မရှင်းလင်းတော့သည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်သော RTI စနစ်ကို အသုံးပြုကာ အသေးစိတ်ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ရာတွင် ပထမဦးစွာ ကျောက်စာများအား သန့်ရှင်းရေးပြုလုပ်ပြီး RTI စနစ်ဖြင့် အသေးစိတ်ဓာတ်ပုံများ ရို-က်ကူးကာ ရရှိလာသော ဓာတ်ပုံများကို RTI Builder Software ဖြင့် Processing ပြုလုပ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်စာ ၈၃ ချပ်ကို မှတ်တမ်းတင်ပြီးကြောင်း၊ RTI စနစ်ဖြင့် မှတ်တမ်းတင်ခြင်းအားဖြင့် ယခင်က ကျောက်စာများကို မင်ကူးယူရာတွင် ဖြစ်ပေါ်နိုင်သည့် ဆေးပေကျံမှုများကို ကာကွယ်နိုင်ပြီး ကျောက်စာချပ်များနှင့် စာလုံးများ ပိုမိုထိန်းသိမ်းနိုင်ခြင်း၊ ရေးသားထားသည့် အကြောင်းအရာများကို ထင်ရှားရှင်းလင်းစွာ ဖတ်ရှုလေ့လာနိုင်ခြင်းတို့ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် ကျောက်စာများကို သဘာဝသဲကျောက်သားဖြင့် ပြုလုပ်ထားခြင်းကြောင့် နှစ်ကာလကြာမြင့်ခြင်းနှင့် ရာသီဥတုဒဏ်များကြောင့် မျက်နှာပြင်ပျ-က်စီးခြင်း၊ စာလုံးများ ပြုန်းတီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ယခုကဲ့သို့ နည်းပညာအသုံးပြု မှတ်တမ်းတင်ခြင်းသည် ရေရှည်ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသတွင် ကျောက်စာစုစုပေါင်း ၃၅၂ ချပ်ရှိပြီး RTI စနစ်ဖြင့် မှတ်တမ်းတင်ပြီးသည့် ကျောက်စာများကို သုတေသီများ၊ ကျောင်းသားကျောင်းသူများ လေ့လာလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ဆက်သွယ်လေ့လာနိုင်ကြောင်း သိရသည်။

image

မီးလေ-ာင်ခဲ့သည့် အာဟာရသုခဈေးကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ကြည့်ရှုစစ်ဆေး

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်ည ၈ နာရီ ၄၀ မိနစ်ခန့်က ဝါယာရှော့ဖြစ်ရာမှ မီးလေ-ာင်ကျွမ်းမှုဖြစ်ပွားခဲ့သော နေ ပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ အာဟာရသုခစျေးအား နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကိုမှာကြားခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြသည်။

မီးလေ-ာင်မှုမှာ အာဟာရသုခဈေး၏ ပွဲရုံ (ဂ) တန်းရှိ ဆိုင်ခန်းအမှတ် (၇၄) "သိန်းကမ္ဘာ" ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်တွင် လျှစ်စစ်ဝါယာရှော့ဖြစ်ရာမှ စတင်လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၉ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ ဆိုင်ခန်း (၂၄၀) ခန်း ပျ-က်စီးဆုံးရှုံးခဲ့ရသည်။

မီးငြိမ်းသတ်နေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးဦးတိုးဝင်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ခဲ့ကြသည်။

image

ပညာတတ်သည် ဖြစ်စေ
မတတ်သည် ဖြစ်စေ
လူတစ်ယောက်မှာ ကောင်းမွန်သော
ကိုယ်ကျင့် သိက္ခာနဲ့
ကိုယ်ချင်းစာတရားက
ရှိကို ရှိသင့်တယ်။
ကိုယ်ဘယ်လို
လူစားမျိုးလဲ ဆိုတာ
လူတွေကို လိမ်လို့ရပေမဲ့
ကိုယ့်ကိုယ်ကိုယ်တော့
လိမ်လို့ မရပါဘူး။
ဒါကြောင့် ကောင်းမွန်သော
စကားတစ်ခွန်းပဲ ပြောချင်တယ်
အသက်ကြီးလို့
လူကြီးဖြစ်လာရင်
လူကြီးမင်းရေ
ထမင်းစားပြီး လူနံ့ထွက်ပါ။
Crd

image