မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အား ဘက်ပေး လွဲချော်လာမည်ကို ရီးရဲလ်မက်ဒရစ် စိုးရိမ်နေရ
===================
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာအီမီလီယိုဘူထရာဂူနိုက ကိုင်လီယန်ဘက်ပေးမှာ လာမယ့် မတ်လတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို လွဲချော်လာမည်ကို စိုးရိမ်နေရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မဲခွဲမှု ပြုလုပ်ခဲ့ရာ နောက်ပိုင်းနှစ်များတွင် ဆုံတွေ့နေကြ မန်စီးတီးနှင့် ရင်ဆိုင်နေရပါတယ်။ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရဏ်တို့ဟာ ၂၀၁၉-၂၀ ရာသီနောက်ပိုင်းတွင် ၆ ကြိမ်ဆုံတွေ့ထားပြီး ဖြစ်ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာ အင်္ဂါနေ့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ဘယ်ဖက်ဒူးဒဏ်ရာရရှိကာ ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ပြင်သစ်စူပါစတားဟာ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာရဲ့ တန်ပြန်တိုက်စစ်စနစ်တွင် အလွန်အရေးပါသူ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဘက်ပေးရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပေမယ့်လည်း ဘူထရာဂူနိုက "သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါသူ ဖြစ်လို့ မပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။ အခု လောလောဆယ်တော့ မန်စီးတီးနဲ့ပွဲမှာ သူ ပါနိုင်မလား မသိသေးပါဘူး"လို့ ပြောကြားသွားပါတယ်။

မန်စီးတီးနှင့် နှစ်တိုင်းဆုံတွေ့နေမှုအပေါ် ဘူထရာဂူနိုက "ရာသီတိုင်း သူတို့နဲ့ ကစားရတာ ပျော်စရာပါ။ ကျုပ်အထင် ပြောရရင် ငါးရာသီဆက်တိုက်‌တွေ့တာပါ။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြတယ်။ သူတို့မှာ ကြီးကျယ်တဲ့ အသင်းနဲ့ လူစာရင်း ရှိပါတယ်။ ဒီတော့ ဂွါဒီယိုလာအနေနဲ့ ဗျူဟာအများကြီး ရွေးနိုင်ပါတယ်။ ကျွန်တော်တို့ ပထမပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းရထားဖို့ လိုပါတယ်။ ဒါမှသာ မန်ချက်စတာမှာ ကောင်းကောင်း ခုခံနိုင်ပါမယ်"လို့ ပြောကြားသွားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဖေဖော်ဝါရီ ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၂၈၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၇၅ ကျပ်
ဝယ်ဈေး - ၃၈၇၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၁ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၆ ကျပ်
ဝယ်ဈေး - ၂၅.၈၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၆၃ ကျပ်
ဝယ်ဈေး - ၄၂.၅၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၇ ကျပ်
ဝယ်ဈေး - ၂၇၅၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၃ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၀၈ ကျပ်
ဝယ်ဈေး - ၄၉၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၂ ကျပ်
ဝယ်ဈေး - ၁၀၅၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

အတွဲတွေ ချစ်နေကြတာ‌တွေ မြင်တော့
ပြတ်စေချင်လိုက်တာ 🙂

image
11 w - Translate

နိုင်ငံခြားမှာ သန့်နေတာပဲဆိုပြီး အားကျနေတဲ့ ရွာကအဖွဲ့
နိုင်ငံခြားက မိမိ...⬇️

image

ငါ့ဘဝ😀

image

image

"ဝ " တပ်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အစိုးရကို လွှဲပြောင်း ပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ဝါးတွေကို "ဝ" တပ်ဖွဲ့ (UWSA) က အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့က "ဝ" တပ်ဖွဲ့ (၁၇၁) စစ်ဒေသမှ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဟာ မိုင်းတုံမြို့ နယ်၊ နမ့်ဟူးခွန်လားဟူရွာက တောင်ယာတဲ အတွင်းကနေ အိုက်စ် (Ice) မူးယစ်ဆေးဝါး ၄၆၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ တာပါ။

ဒါ့အပြင် မိုင်းတုံမြို့နယ် လီဆူရွာအတွင်းမှာလည်း ဘိန်းဖြူဘလောက်တုံး ၃၁၆ တုံးနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖမ်းဆီးမှုအတွင်းမှာ မူးယစ်ဂိုဏ်းတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ် ပွားခဲ့ပြီး "ဝ" တပ်ဖွဲ့ဘက်က တပ်သားတယောက် ကျဆုံးခဲ့ပါတယ်။

"ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးသွားတာ မှန်ပါတယ်" လို့ "ဝ" တပ်ဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံနှစ်ယောက်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မိုင်းတုံမြို့နယ်အတွင်းက အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်း ပေး အပ် ခဲ့ပါတယ်။

“ဝ” တပ်ဖွဲ့အနေနဲ့ ဒေသအတွင်းဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အခုလို လွှဲပြောင်းပေးအပ်တာဟာ (၂၅) ကြိမ်မြောက် ရှိပြီလို့ “ဝ” တပ်ဖွဲ့ဘက်က ပြော ပါတယ်။

"ဝ" တပ်ဖွဲ့အနေနဲ့ နယ်စပ်တစ်လျှောက် မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ သိရပါတယ်။

image

ရွှေကုန်သည်တွေဖမ်းတာကြောင့် အရောင်းဝယ်ရပ် မှောင်ခိုကြီးထွား

လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေကုန်သည်တွေ ဖမ်းဆီးခံရတာ၊ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတာကြောင့် အရောင်းအဝယ်တွေရပ်ပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုလို ဈေးကွက်အတွင်း တရားဝင် ရွှေရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတာဟာ ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာလို့ ‌သိရပါတယ်။

“တကယ့် ဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြတော့ အမှန်တကယ် ငွေလိုလို့ ရောင်းချင်၊ ဝယ်ချင်တဲ့သူတွေ အခက်အခဲဖြစ်တာပေါ့။ အဲဒီတော့ အပြင်မှာပဲ တရားဝင်တွေရော၊ တရားမဝင်တွေရောပေါ့၊ တခြားဆိုင်တွေမှာသွားပြီးတော့ ဈေးနှိမ်ခံပြီး ရောင်းကြ၊ ဝယ်ကြရတာ။ မှောင်ခိုဈေး ဖြစ်နေတော့ ဈေးကွက်က ပျက်နေပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွှေဆိုင်တွေကို ဆက်တိုက် စစ်ဆေးတာ၊ လုပ်ငန်းရှင်တွေကို အဆက်မပြတ် ခေါ်ယူ မေးမြန်းမှုတွေ ပြုလုပ်နေတာကြောင့် ရွှေဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြပြီး ဈေးမဖွင့်ရဲ ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။

“ဈေးကွက်က ကသောင်းကနင်းတွေ ဖြစ်ကုန်တာ။ ဘယ်သူမှ မရောင်းရဲ၊ မဝယ်ရဲဘူး။ တကယ်ခံရတာတော့ ပြည်သူတွေပေါ့။ ‌ရွှေဆိုင်ပိုင်ရှင်တွေကတော့ ပိတ်ထားလည်း ဘာမှမဖြစ်ဘူး” လို့ သူက ပြောပါတယ်။

အဲဒီလိုပဲ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်ကလည်း လက်ရှိ ရွှေဈေးကွက် အနေအထားဟာ လုပ်ငန်းလည်ပတ်လို့ မကောင်းတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီး ရောင်းရ၊ ဝယ်ရ အရမ်းခက်နေတယ်လို့ ပြောပါတယ်။

“လက်ရှိမှာတော့ အားလုံးက ပေါ်လစီ အပြောင်းအလဲလေးတွေ ဖြစ်လာဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။ မဖြစ်လာရင်တော့လည်း လုပ်လို့မလွယ်တော့တဲ့ အနေအထား ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒါအပြင် အဖမ်းအဆီးတွေ ရှိလာမှာကို စိုးရိမ်တာကြောင့် ရှောင်တိမ်းနေကြတဲ့ ရွှေလုပ်ငန်းတွေလည်း ရှိနေဆဲဖြစ်ပြီး အများစုက ရွှေဥက္ကဋ္ဌနဲ့ ‌လုပ်ငန်းရှင်တွေ အဖမ်းခံလိုက်ရတဲ့အတွက် များစွာ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အတုံးအရောင်းအဝယ် ဈေးကွက်လည်း ရပ်နားထားဆဲဖြစ်တာကြောင့် မှောင်ခိုဈေးကွက်မှာသာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးကွက် ကြီးထွားလာနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်၊ နှစ်ကုန်ပိုင်းနဲ့ အခု ၂၀၂၆ နှစ်၊ နှစ်ဆန်းပိုင်းမှာ ပြည်တွင်းရွှေဈေး စံချိန်တင် တက်ခဲ့တာဟာ ကမ္ဘာ့ရွှေဈေး မြင့်တက်တာကြောင့်အပြင် အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှု လျော့ကျပြီး နိုင်ငံကြီးတွေကိုယ်တိုင် ရွှေဝယ်စုတဲ့အတွက် ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၁၈၃ ဝန်းကျင်ကို ရောက်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးကတော့ ၁၀၇ သိန်းဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၀၁၀ ကျပ်ဝန်းကျင်၊ အဝယ် ‌၃၉၁၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါတယ်။

image
11 w - Translate

လူတွေလို ပိုက်ဆံသုံးပြီး မုန့်ဝယ်စားတတ်တဲ့ ခွေးလိမ္မာလေးတစ်ကောင်အကြောင်း သင်ကြားဖူးပါသလား? ဒီဇာတ်လမ်းလေးကတော့ တိရစ္ဆာန်တွေရဲ့ ထူးခြားတဲ့ ဉာဏ်ရည်နဲ့ သင်ယူနိုင်စွမ်းကို သက်သေပြနေပါတယ်။
ကိုလံဘီယာနိုင်ငံရှိ နည်းပညာတက္ကသိုလ်တစ်ခုရဲ့ နယ်မြေထဲမှာ နေထိုင်တဲ့ 'Negro' လို့ခေါ်တဲ့ အမည်းရောင် ခွေးနက်ကြီးဟာ ကျောင်းဝင်းအတွင်းမှာရှိတဲ့ စတိုးဆိုင်လေးကို နေ့တိုင်းလိုလို လာရောက်လေ့ရှိပါတယ်။ သူဟာ ဆိုင်ရှေ့မှာထိုင်ပြီး ကျောင်းသားတွေက စက္ကူစိမ်း (ပိုက်ဆံ) လေးတွေပေးပြီး မုန့်ဝယ်စားတာကို နေ့စဉ် စောင့်ကြည့်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လူတွေလုပ်သလိုမျိုး အတုယူဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ မြေပြင်မှာကြွေကျနေတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်ကို ပါးစပ်နဲ့ ကိုက်ချီလာပြီး ဆိုင်ကောင်တာပေါ်ကို တင်လိုက်ပါတယ်။ ဆိုင်ရှင်ဖြစ်သူက သူ့ရဲ့ ပါးနပ်မှုကို အံ့သြသွားပြီး မုန့်တစ်လုံး ပေးလိုက်ရာကစလို့ Negro ဟာ ဆိုင်ရဲ့ အမြဲတမ်း ဖောက်သည်ကြီး ဖြစ်လာပါတော့တယ်။ အခုဆိုရင် သူဟာ ဗိုက်ဆာတိုင်း သစ်ရွက်တစ်ရွက်ကို ပါးစပ်မှာကိုက်ပြီး မုန့်လာဝယ်လေ့ရှိပါတယ်။ ဆိုင်ရှင်ကလည်း သူ့ရဲ့ ကျန်းမာရေးအတွက် တစ်နေ့ကို မုန့်နှစ်ကြိမ်ထက် ပိုမရောင်းပေးဖို့ ကန့်သတ်ထားရပါတယ်။ ဒီဖြစ်ရပ်ဟာ တိရစ္ဆာန်တွေဟာ လူသားတွေရဲ့ အပြုအမူကို အနီးကပ် စောင့်ကြည့်ပြီး ဘယ်လောက်အထိ လိုက်နာလုပ်ဆောင်နိုင်သလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
💡 Takeaway: တိရစ္ဆာန်တွေဟာ စကားမပြောနိုင်ပေမယ့် လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကို အမြဲလေ့လာနေပြီး သူတို့နည်းသူတို့ဟန်နဲ့ သင်ယူတတ်ကြပါတယ်။ မေတ္တာနဲ့ နားလည်မှုရှိရင် သူတို့ဟာ ကျွန်တော်တို့ မထင်မှတ်ထားတဲ့အရာတွေကို လုပ်ဆောင်ပြနိုင်စွမ်းရှိပါတယ်။
ဒီလိုလိမ္မာတဲ့ ခွေးလေးအကြောင်းကို သူငယ်ချင်းတွေ သိရအောင် Share ပေးလိုက်ပါဦး။ သင့်အိမ်က အိမ်မွေးတိရစ္ဆာန်လေးတွေရော ဘယ်လိုထူးခြားတဲ့ အပြုအမူမျိုးတွေ လုပ်တတ်ပါသလဲ? ကော်မန့်မှာ ပြောပြခဲ့ပါဦး။

image