လီဂူး ၁ ပွဲတွင် ကွင်းအတွင်း မေ့လဲကျခဲ့တဲ့ ဘီလာလ်နာဒီယာရဲ့အခြေအနေကို မာဆေး ကြေညာလာ
ပြင်သစ်ကလပ်မာဆေးဟာ လီဂူး ၁ ပွဲတစ်ပွဲ ပြီးခါနီးအချိန်တွင် ကွင်းအတွင်း မေ့လဲကျခဲ့တဲ့ အလယ်တန်းကစားသမားဘီလာလ်နာဒီယာရဲ့ ကျန်းမာရေးအခြေအနေအား ထုတ်ပြန်ကြေညာလာပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက မာဆေးက အန်ဂါးကို ၂-၁ ဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၈၆ မိနစ်တွင် ဘီလာလ်နာဒီယာဟာ ကွင်းအတွင်း မေ့လဲကျခဲ့ပါတယ်။
မော်ရိုကိုယူ-၂၁ လက်ရွေးစင်ကစားသမားဟာ ကစားဖော်များ၊ ပြိုင်ဘက်များရဲ့ အလျှင်အမြန် ပြုစုမှုကြောင့် အလျှင်အမြန် သက်သာလာခဲ့ပြီး ဆေးအဖွဲ့က လူနာတင်ထမ်းစင်ဖြင့် ခေါ်ထုတ်သွားခဲ့ပါတယ်။
ယခုအခါ မာဆေးက နာဒီယာမှာ ကွင်းအတွင်း လဲကျချိန်မှာ သတိမေ့ခဲ့ခြင်း မရှိကြောင်း၊ အသင့်ရှိနေတဲ့ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ တက်ရောက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အခြေအနေကောင်းမွန်ပေမယ့်လည်း အထူးကြပ်မတ် စောင့်ကြည့်နေရဆဲ ဖြစ်ပြီး နောက်ထပ်စစ်ဆေးစမ်းသပ်မှုများ ပြုလပ်ရဦးမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။
နာဒီယာဟာ နိုက်စ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် မာဆေးနှင့် ပထမဆံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ပီအက်စ်ဂျီအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် မာဆေးအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ကလပ်အတွက် ၃၄ ပွဲကစားကာ ၁ ဂိုးသွင်းယူပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့က ပွဲတွင် မာဆေးဟာ အချိန်ပိုတွင် ချေပဂိုးပေးခဲ့ရပြီး ၂ ဂိုးစီသရေကျခဲ့ပါတယ်။