မင်္ဂလာပါ ... ကောင်းသောနေ့ပါ ... ချစ်ရတဲ့ မိတ်ဆွေအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ .... ❤️❤️❤️

image

ဝက်အူစွပ်ပြုတ်

အူ တွေကို အတွင်းပြင် ရေစင်အောင်ဆေးတယ် အူအကြီးထဲကိုအူအသေး တူလေးနဲ့ထိုးပြီးသွင်းပေးတယ်
နှစ်ထပ်ပဲ သိပ်မခက်ပါ
ပြီးပြီဆိုရင်အချောင်းလိုက် စပါးလင် ဂျင်း ပဲငံပြာရည် ဆား
ထည့် ၁၅မိနစ်လောက်ပြုတ်ပြီး ရေပြန်ဆေးတယ်
ပြီးမှ ရေသန့်ပြန်ထည့်ပြီး ဆားချိုမှုန့် (ကြက်သားမှုန့်/အချိုမှုန့်အစားထိုးမှုန့် ) ပဲငံပြာရည် ငြုပ်ကောင်းလေးနဲ့နူးအောင်ပြန်ပြုပ်တယ် နူးရင် ရှောက်ရွက် ငြုပ်လှော်မှုန့် သံပရာသီး ငံပြာရည်လေးထည့်စား သိပ်ကောင်း ။

image
1 w - Translate

မြစ်ငယ် အထကမှာ ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၃၊ ၂၀၂၅
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဓားထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေက Grade 11 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး ၊ မရွှေစင်ငြိမ်း ၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။
" ဖြစ်တာက ကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ ကျောင်းသူတယောက်ရဲ့အမက သူ့ညီမကို အအေးဘူးပေးမယ်ဆိုပြီး ကျောင်းထဲဝင်ပြီး လုပ်သွားတာလို့သိရတယ်။အဲဒါကို တခြားကျောင်းသူတွေက ဝင်ဆွဲတာမှာ ဒဏ်ရာရကုန်တာ။ဓားနဲ့လည်ပင်းထိုးခံရတဲ့တယောက်ကတော့ ပြင်းတယ်သိရတယ်။" လို့ ဒေသခံကပြောပါတယ်။
ဓားထိုးမှုမှာ လည်ပင်းထိုးသွင်းဒဏ်ရာ လက်ခုံနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသားတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို မြစ်ငယ်ကြက်ခြေနီအသင်းခွဲမှ အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ဖြစ်စဥ်အခြေအနေအသေးစိတ် ကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ မြစ်ငယ်ကြက်ခြေနီအသင်းခွဲကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်းပြောဆိုပေမယ့် အသေးစိတ်အခြေအနေကို ဖြေဆိုဖို့အဆင်မပြေကြောင်း ငြင်းဆိုခဲ့ပါတယ်။
ခုလို ကျောင်းဝန်းထဲ ဓားထိုးမှုဖြစ်ပွားတဲ့အပေါ် ကျောင်းသားမိဘ တယောက်က " ကျောင်းထဲအထိတောင် ဓားထိုးမှုဖြစ်နေပြီဆိုတော့ ကလေးတွေအတွက် ဘယ်လိုစိတ်ချရတော့မလဲ။ကျောင်းထဲဝင်ပြီး လုပ်တယ်ဆိုတော့ ကျောင်းလုံခြုံရေးက စိတ်ပူစရာဖြစ်နေပြီရှင်။ဆရာ ဆရာမတွေ စည်းကမ်းပိုင်း တော်တော်လျော့ရဲနေပြီဆိုတာပြနေတာပေါ့။ကျွန်မတို့ကလေးလည်း ကျောင်းတက်နေတော့ စိတ်ပူမိတာအမှန်ပါ။ ကျောင်းကိုပို့တာ စာတ်ဖို့အပြင် အသိပညာကြွယ်ဝဖို့ရော လိမ္မာဖို့ပါပါတယ်။ခုကြားနေရတာတွေက အုပ်စုဖွဲ့ရန်ဖြစ်လိုက် ၊ ထိုးလိုက်ကြ ၊ သတ်လိုက်ကြဖြစ်နေတာ ထိထိရောက်ရောက်ကိုင်တွယ်ပေးစေချင်ပါတယ်။" လို့ ပြောပါတယ်။
စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။
အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း ၊ ဓားထိုးမှုဖြစ်ပွားတာတွေများလာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလတုန်းက ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်​ပြန်ချက်ကတော့ " ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့်သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် " ပြောဆိုထားပါတယ်။
ဓာတ်ပုံ- သင်းသင်းအေး
Crd#

image

波巴山

image

波巴山

image

波巴山

image

波巴山

image

波巴山

image

波巴山

image

波巴山

image