အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်
ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား

ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း တစ်ပတ်အကြာတွင် ယခုကဲ့သို့ လုံခြုံရေးပြန်လည်တိုးမြှင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အဝါမီလိဂ်ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ပိတ်ပင်ထားသော်လည်း ပါတီထောက်ခံသူများက နှစ်ပတ်လည်နေ့အထိမ်းအမှတ် လူစုလူဝေးများနှင့် ဆန္ဒပြပွဲများ ပြုလုပ်လာနိုင်ခြေရှိသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဝန်ကြီးချုပ် Tariq Rahman ၏ အစိုးရလက်ထက်တွင် ယခင်ကြားဖြတ်အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
“ခရိုင်အသီးသီးမှာ စီတန်းလှည့်လည်မှုတွေနဲ့ စုဝေးမှုတွေကတစ်ဆင့် မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကို အမြင့်ဆုံးသတိထားဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်က ပြောကြားခဲ့သည်။
ရမ်းကားဖျ-က်ဆီးမှုများနှင့် မငြိမ်မသက်မှုများ မဖြစ်ပေါ်စေရန်အတွက် Dhaka၊ Chattogram၊ နာရာယန်ဂန်ဂျ်၊ ဂါဇီပူရ်၊ ဖာရစ်ပူရ်နှင့် ဂိုပါလ်ဂန်ဂျ်ဒေသများတွင် ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ လုံခြုံရေးတပ်ဖွဲ့များကို ချထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နိုင်ငံရေးအုံကြွမှုများအတွင်း ရှိတ်ဟာစီနာသည် အိမ်နီးချင်း India နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဆန္ဒပြသူများအပေါ် အစိုးရ၏ နှိမ်နင်းမှုများနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းစစ်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက ရှိတ်ဟာစီနာအား မျက်ကွယ် ‌ေ-သဒ-ဏ်ချမှတ်ခဲ့သော်လည်း ၎င်းက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲမှုများဖြစ်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

image

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။
ပင်မြင့်ယံသည် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနှင့် ရင်ဆိုင်ရာ၌ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ ရှိသေးသဖြင့် ရတနာပုံအမျိုးသမီးဘောလုံးအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် တရားဝင် စံချိန်တင်နိုင်ခဲ့သည်။
အလားအလာကောင်းများ ပြသနေသည့် လူငယ်ကစားသမား ပင်မြင့်ယံသည် ၎င်း၏ ထူးချွန်သည့် ခြေစွမ်းများကြောင့် ပရိသတ်များနှင့် ဘောလုံးအသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုကို ရရှိနေပြီး မြန်မာအမျိုးသမီးဘောလုံးလောက၏ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

image

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။
“ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေ စာဖတ်အားမြင့်မားလာစေဖို့ သုတ၊ ရသဆိုင်ရာ ဟောပြောပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်” ဟု ဒေါ်ဖြူဖြူရည်က ပြောသည်။
ရက် (၁၀၀) အတွင်း လူငယ်စကားဝိုင်း (၆၂) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၁၅) ကြိမ်၊ ဟင်္သာတခရိုင်၌ (၁) ကြိမ်၊ မြောင်းမြခရိုင်၌ (၅) ကြိမ်၊ မအူပင်ခရိုင်၌ (၂) ကြိမ်၊ ဖျာပုံခရိုင်၌ (၉) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၃၃) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၇၀) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၆) ကြိမ်၊ မြောင်းမြခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ လူငယ်ရေးရာ ဟောပြောပွဲများကို ပုသိမ်ခရိုင်၌ (၂၂) ကြိမ်၊ ဟင်္သာတခရိုင်၌ (၁) ကြိမ်၊ မြောင်းမြခရိုင်၌ (၁၀) ကြိမ်၊ မအူပင်ခရိုင်၌ (၆) ကြိမ်၊ ဖျာပုံခရိုင်၌ (၁၁) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၅၁) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပြည်သူ့စကားဝိုင်း (Public Talk) များ (၃၆) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၈) ကြိမ်၊ ဟင်္သာတခရိုင်၌ (၂) ကြိမ်၊ မြောင်းမြခရိုင်၌ (၁) ကြိမ်၊ မအူပင်ခရိုင်၌ (၂) ကြိမ်၊ ဖျာပုံခရိုင်၌ (၆) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၂) ကြိမ် စုစုပေါင်း (၂၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လွှတ်တော်နားရက်များတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်သူ့စကားဝိုင်းများကို အလျဉ်းသင့်သလို ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း ဒေါ်ဖြူဖြူရည်က ပြောကြားခဲ့သည်။

image

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။
လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည့် သံရုံးအသိပေးချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးဝန်းအတွင်းနှင့် သံရုံးပြင်ပတွင် စီစဉ်ထားရှိပေးသော အမှိုက်ပုံးများနှင့် အမှိုက်ကန်များတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် သံရုံးက တိုက်တွန်းထားသည်။
ထို့ပြင် သံရုံးအနီး အိမ်ရာဝန်းကျင်တွင် ကားရပ်နားစောင့်ဆိုင်းခြင်းများနှင့် ပတ်သက်၍လည်း နေထိုင်သူများဘက်မှ ပြင်းထန်စွာ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။ ယင်းကြောင့် အဆိုပါ လိပ်စာအား အသုံးပြု၍ အငှားယာဉ်ခေါ်ယူခြင်း၊ အိမ်ရာအဝင်ဝများတွင် မော်တော်ယာဉ်များ ရပ်နားစောင့်ဆိုင်းခြင်းတို့ကို ရှောင်ကြဉ်ပေးကြရန်လည်း မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။

image

အင်အား မဂ္ဂနီကျူ့(၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင် ဥတ္တရသီရိမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

နေပြည်တော်၊ ဥတ္တရသီရိမြို့ကိုဗဟိုပြု၍ အင်အားအ နည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီ ၃၁ မိနစ် ၄၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
နေပြည်တော်မြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ အင်အားမဂ္ဂနီကျူ့(၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ဥတ္တရသီရိမြို့၏ တောင်-အနောက် တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ယနေ့ ဇွန် ၂၄ ရက်အ တွက် ဒုတိယမြောက်ငလျင်ဖြစ်ပြီး နံနက် ၁၀ နာရီ ၂၈ မိနစ် ၁၇ စက္ကန့်ကလည်း ရွှေဘိုမြို့၏ အရှေ့ဘက်(၈) မိုင်ခန့်အကွာ၊ အနက်(၁၄)ကီလိုမီတာကိုဗဟိုပြု၍ အင် အားမဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

image

၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ရေကူးပြိုင်ပွဲ စတင်ကျင်းပ

၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ရေကူးပြိုင်ပွဲကို ယနေ့ ဇွန် ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန် (ဦးဝိစာရ) ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေကူးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲမတိုင်မီ ဇွန် ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်ဦးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားသမားများအား ကြိုဆိုဂုဏ်ပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသည် ရေကူးအားကစား အရည်အသွေးမြင့်မားလာစေရေး၊ မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား အားကစားဖလှယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

image

နဂါးမောက်ဆရာတော်ကြီး၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာ သင်တိုက်၊ ဘိုးဘွားများခိုလှုံရာရိပ်သာနှင့် မိဘမဲ့ဂေ ဟာ၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောဓိကဓဇ ဘာသာ၊ သာသနာဝုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ နရိန္ဒ၏ သက်တော်(၄၈)နှစ်၊ ဝါတော်(၂၈)နှစ်ပြည့်ဝိဇာတမွေးနေ့အ လှူတော်အား ယနေ့ ဇွန် ၂၄ ရက်ကဆင်ယင်ကျင်းပခဲ့သည်။
ဆရာတော်၏ မွေးနေ့မင်္ဂလာနှင့်အတူ လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်ကြီး၏ သာသနအလုပ်ကျွေးပြု ဆင်တော်မင်္ဂလာ(၅)စီးလှည့်လည်ရာမှရရှိသည့် မီးလင်းအခေါက်ရွှေ(၄)ကျပ်သားကိုလည်း နဂါး မောက်စေတီတော်မြတ်ကြီးသို့လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ကြည်ညိုပူဇော်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

image

တန့်ယန်းတွင် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ကွင်းဆင်းကုသပေး

နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနေသည်။
ဆောင်ရွက်ပေးမှုသည် ယနေ့ (ဇွန် ၂၄ ရက်)၌ ဖြစ်ပြီး
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ ဖြစ်သည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် သက်ကြီးရွယ်အိုများအတွက် သွားတု(အံကပ်)များ ပြုလုပ်တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူစုစုပေါင်း ၂၀၀ ဦးခန့်အား ကုသပေးသွားမည်ဖြစ်ကာ အစီအစဉ်ကို ဇွန် ၂၆ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

China International Sepaktak raw Open ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူး

​တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်၊ Huis hui County တွင် ဇွန်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် "2026 China International Sepaktakr aw Open" ပြိုင်ပွဲတွင် မြန်မာ့လက်ရွေး စင် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
​မြန်မာအမျိုးသမီးအသင်းသည် အသင်းကြီး (၅) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အ မျိုးသမီးလေးယောက်တွဲ (Women Quadrant Event) အုပ်စုပတ်လည်ပွဲစဉ်များတွင် ထိုင်း၊ လာအို၊ တရုတ် နှင့် ကွေ့ကျိုး(တရုတ်) အသင်းတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ် သည်။
​အလားတူ ပြိုင်ပွဲဝင် (၅)သင်း ပါဝင်သော အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) တွင် လည်း ထိုင်း၊ လာအို၊ တရုတ် နှင့် ကွေ့ကျိုး(တရုတ်) အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုတစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။
​အဆိုပါ နိုင်ငံတကာပြိုင်ပွဲတွင် အောင် မြင်မှုရယူပေးခဲ့သည့် မြန်မာ့လက်ရွေး စင် အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့၌ အုပ်ချုပ်သူအဖြစ် ဦးဌေးဝင်းအောင်၊ နည်းပြအဖြစ် ဦးအောင်မျိုးဆွေတို့က ဦးဆောင်ခဲ့ပြီး၊ ကစားသမားများအဖြစ် ယမုံဇင်၊ ဖူးဖူး၊ နေခြည်နွေး၊ ယဉ်ယဉ်ဌေးနှင့် သီရိအောင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

image

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့် အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့အထိမ်းအမှတ် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ်နှင့် မြန်မာ့သိုင်းပြိုင်ပွဲများ ကျင်းပပြီးစီး

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃) ရက်အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မြန်မာသိုင်းသင်တန်းကျောင်း၌ သုံးရက်ကြာကျင်းပပြုလုပ်ခဲ့ရာ အားကစားနည်း (၃)မျိုးမှ ပြိုင်ပွဲဝင်အားကစားသ မား စုစုပေါင်း (၂၂၆) ဦးအထိ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ယနေ့တွင် အားကစားဝန်ကြီးဌာနထံက သိရသည်။
ပြိုင်ပွဲများအလိုက် ကျင်းပရာတွင် ဇွန်လ (၂၁) ရက်၌ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကို အတိုက် အမျိုးသား (၃)တန်း၊ အမျိုးသမီး (၃)တန်းနှင့် အပြ (၆) နည်း စုစုပေါင်း (၈ )နည်းဖြင့် အသင်း (၁၅)သင်းမှ အား ကစားသမား (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းနေ့၌ပင် ဗိုဗီနမ်ပြိုင်ပွဲကိုလည်း အတိုက် အမျိုးသား (၃) တန်း၊ အမျိုးသမီး (၃) တန်းနှင့် အပြ (၆) နည်း စုစုပေါင်း (၁၂) နည်းဖြင့် အသင်း (၁၄) သင်းမှ အား ကစားသမား (၂၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ ဇွန်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် မြန်မာ့သိုင်းပြိုင်ပွဲကို အတိုက် အမျိုးသား (၃) တန်း၊ အမျိုးသမီး (၃) တန်းနှင့် အပြ (၆) နည်းတို့ဖြင့် ဆက် လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၄) သင်းမှ အားကစားသမားအင်အား (၁၄၁) ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအ နားကို ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးနောင်၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် သိုင်းဆရာကြီးများ တက်ရောက်၍ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု နှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသည့် အားကစားသမားများကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

image