ရာသီသစ်မစတင်မီ အင်္ဂလန်ကစားဖော်ဟောင်းရဲ့သားကို ခေါ်ယူလာတဲ့ ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်
====================
ဖရန့်လမ်းပတ်ဟာ အင်္ဂလန်ကစားဖော်ဟောင်းရဲ့ သားအား ကိုဗင်ထရီသို့ ခေါ်ယူလာပါတယ်။
ချန်ပီယံရှစ်ချန်ပီယံအဖြစ် တန်းတက်လာတဲ့ ကိုဗင်ထရီဟာ ပရီးမီးယားလိဂ်ရာသီသစ် မစတင်မီ ပြင်ဆင်မှုများ ပြုလုပ်နေပါတယ်။
ယခု ကိုဗင်ထရီဟာ လွန်ခဲ့တဲ့ ငါးပတ်တုန်းက နော့ဝှစ်ချ်မှ ထွက်ခွာလာတဲ့ ဂျက်ရူဒီအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၁၈ နှစ်ရှိ ဂိုးသမားဟာ အင်္ဂလန်ဂိုးသမားဟောင်းဂျွန်ရဲ့သား ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ ဂျွန်ရူဒီဟာ ပရီးမီးယားလိဂ်တွင် နော့ဝှစ်ချ်၊ ဝုဗ်၊ နယူးကာဆယ်တို့မှာ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။
ရူဒီဟာ ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်နှင့် ၂၀၁၂ ခုနှစ်တုန်းက အင်္ဂလန်အသင်းအတွက် အတူတူကစားခဲ့ကြဖူးပါတယ်။
၎င်းတို့နှစ်ဦးတို့ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းတွင် အီတလီအား ၂-၁ ဖြင့် အနိုင်ရတဲ့ ခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့ကြပါတယ်။
ကိုဗင်ထရီဟာ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အမ်းမရိတ်ကွင်းသို့ သွားရောက်ကာ လက်ရှိ ချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲအပြီးတွင် ကိုဗင်ထရီဟာ ဒုတိယပွဲစဉ်အဖြစ် တန်းတက်ဟားလ်စီးတီးနှင့် ရင်ဆိုင်ရပါမယ်။
ယင်းပွဲများမတိုင်မီ ကိုဗင်ထရီဟာ ရာသီကြိုခြေစမ်းပွဲစဉ်များအဖြစ် လာလီဂါကလပ် အက်စ်ပန်ညို၊ လီဂူး ၁ ကလပ် မိုနာကိုတို့နှင့် ခြေစမ်းပွဲ ကစားပါမယ်။