9 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ရှုံးပွဲမှ လက်ထိဘောနှစ်ခု ဆုံးဖြတ်ချက်အတွက် VAR ကို အာဆင်နယ်ပရိသတ်များ ဒေါသထွက်နေကြ
=====================

အာဆင်နယ်ပရိသတ်များဟာ အမ်းမရိတ်ကွင်းတွင် ယူနိုက်တက်အား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် လက်ထိဘောမှ တဆင့် ပက်ထရစ်ဒေါ်ဂူး ဂိုးသွင်းယူသွားခဲ့အပြင် လက်ထိဘောမှ တဆင့် ပင်နယ်တီ မရရှိခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်များအပေါ် အကြီးအကျယ် ဒေါသထွက်လျက်ရှိကြပါတယ်။
အသက် ၂၁ နှစ်ရှိ ပက်ထရစ်ဒေါ်ဂူးဟာ ပွဲချိန် ၅၀ မိနစ်တွင် ဧရိယာအပြင်မှ တဆင့် ယူနိုက်တက်အတွက် ဂိုးသွင်းယူခဲ့ပါတယ်။
ဒေါ်ဂူးဟာ ဘရူနိုဖာနန်ဒက်စ်ထံမှ ဘောလုံးပေးပို့မှုအား ဖိအားအောက်တွင် လက်ခံရယူစဉ် လက်ထိပြီးနောက် ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်ဂူးဟာ ယင်းဂိုးအား သွင်းယူပြီးနောက် အောင်ပွဲခံခဲ့ပေမယ့်လည်း VAR ရဲ့ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းခဲ့ရပါတယ်။
VAR ဒိုင်များဟာ ယင်းဂိုးအား ပြန်လည်စစ်ဆေးပြီးနောက် ကွင်းတွင်း ဒိုင်လူကြီးခရစ်ပေါဆင်အား ကွင်းဘေးမော်နီတာတွင် ပြန်လည်စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်း မရှိပါဘူး။
VAR ဒိုင်ပေါလ်တီယာနေးဟာ ကွင်းတွင်း ဒိုင်လူကြီးရဲ့ မူရင်းဆုံးဖြတ်ချက်ကိုပင် အတည်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်ပြီးနောက် ပွဲပြီးရန် မိနစ် ၂၀ ခန့်အလိုတွင် မီခေးလ်မိုရီနိုရဲ့ ကန်ချက်မှာ ဟယ်ရီမက်ဂွိုင်းယားရဲ့လက်နှင့် ထိခဲ့ပါတယ်။
ဒါပေမယ့် VAR ဒိုင်တို့က အင်္ဂလန်နောက်ခံလူမှာ ရည်ရွယ်ချက်ရှိရှိ ဘောလုံးကို လက်ဖြင့် တားခြင်း မဟုတ်ဘဲ လဲကျချိန်တွင် ခန္ဓာကိုယ်အနေအထားကြောင့်သာ လက်ထိခဲ့ခြင်းလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဆင်နယ်ပရိသတ်များဟာ ယင်း ဆုံးဖြတ်ချက်နှစ်ခုအပေါ်တွင် အကြီးအကျယ် အံ့ဩသင့်နေကြပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးက "ဂုဏ်သရေရှိ လူကြီးလူကောင်းအပေါင်းတို့။ အာဆင်နယ်ဟာ ဒိုင်တွေနဲ့ ယူနိုက်တက်ရဲ့ လုယက်ခံလိုက်ရပါတယ်။ မက်ဂွိုင်းယား အရှင်းကြီး လက်ထိတာ ပင်နယ်တီမပေးဘူး။ VAR က ဘာမှ မလုပ်ဘူ။ တကယ့်ကို ရှက်စရာကြီး"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "လက်ထိဘောလုံးစည်းမျဉ်းနဲ့ပတ်သက်ပြီး ဘာမှန်းကို မသိတော့ဘူး။ မက်ဂွိုင်းယားကို အရှင်းကြီး လက်ထိတယ်။ သူ ချော်လဲရာကနေ ဘောလုံးကို လက်နဲ့ ထိသွားတယ်ဆိုပေမယ့် ကန်ချက်က ဂိုးဝင်သွားနိုင်တယ်လေ။ ကန်ချက် လက်ထိသွားရင် ပင်နယ်တီမဟုတ်ဘူးလား"လို့ ဆိုသွားပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ကစားသမားဘဝမှ အနားယူပြီးမှ ကာဇက်စတန်ကလပ်သို့ ပြောင်းလာတဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရ ယူနိုက်တက်စတားဟောင်း
===================

ယူနိုက်တက်စတားဟောင်းနာနီဟာ ကစားသမားဘဝမှ အနားယူပြီးမှ ကာဇက်စတန်ကလပ် FC Aktobe သို့ ပြောင်းရွှေ့လာပါတယ်။
အသက် ၃၉ နှစ်ရှိ နာနီဟာ ယူနိုက်တက်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၇ နှစ်တာ ကစားစဉ်အတွင်း ကလပ်သမိုင်းတွင် အကြီးမားဆုံးအောင်မြင်တဲ့ကာလပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းကာလအတွင်းတွင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ပွဲ ၂၃၀ ကစားခဲ့ရာမှာ ၄၁ ဂိုးသွင်းပြီး ၆၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၄-၁၅ ရာသီတွင် ကလပ်ဟောင်းစပို့တင်းလစ္စဘွန်းသို့ အငှားဖြင့် သွားကစားပြီးနောက် ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယိုတို့တွင် ကစားခဲ့သလို ၂၀၁၈-၁၉ ရာသီတွင် စပို့တင်းလစ္စဘွန်းသို့ တတိယအကြိမ်မြောက် သွားကစားခဲ့ပါတယ်။
သူဟာ အမေရိကန်၊ အီတလီ၊ ဩစတြေးလျ၊ တူရကီတို့တွင် ကျင်လည်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပေါ်တူဂီကလပ် Estrela da Amadora သို့ ပြောင်းကစားခဲ့ကာ နောက်ဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ပွဲကစားခဲတာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ သူဟာ ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
ဒါပေမယ့် နာနီဟာ ယခုအခါမှာတော့ ကာဇက်စတန်ကလပ်သို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းပြီး ကစားသမားဘဝ ပြန်လည် စတင်လာပါတယ်။
ကာဇက်စတန်ဘောလုံးလောကဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းတွင် များစွာ တိုးတက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပေါင်သန်း ၅၀၀ အထိ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီတုန်းက ကွင်းသစ် ၁၄ ကွင်းတည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။
ကာဇက်စတန်လက်ရွေးစင်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်လုနီးပါး အထိ ဖြစ်ခဲ့ပါသေးတယ်။
အခြားကာဇက်စတန်ကလပ်တစ်ခုဖြစ်တဲ့ FC Kaisar Kyzylorda ကလည်း အခြားပရီးမီးယားလိဂ်စတားတစ်ဦး ဖြစ်တဲ့ ချဲလ်ဆီးစတားဟောင်းဗစ်တာမိုးဇက်အား ခေါ်ယူထားပါတယ်။

image

ဒီနေ့ခေတ်မှာ ကျန်းမာပြီး အသက်ရှည်ဖို့အတွက် ငွေကုန်ကြေးကျမရှိဘဲ အထိရောက်ဆုံးနည်းလမ်းကတော့ "လမ်းလျှောက်ခြင်း" ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရွယ်အစားအားလုံးနဲ့ ကိုက်ညီတဲ့ လမ်းလျှောက်နည်းမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ အသက်အရွယ်အလိုက် ဘယ်လိုလျှောက်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
🚶‍♀️ အသက်ရှည်စေမယ့် လမ်းလျှောက်နည်း (အသက်အရွယ်အလိုက်)
ဘယ်နှစ်နှစ်ပဲဖြစ်ဖြစ်... မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းလျှောက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။
🧑‍🦱 အသက် ၃၀ – ၃၉ နှစ် (ခန္ဓာကိုယ် အခြေခံကောင်း တည်ဆောက်ချိန်)
ရည်ရွယ်ချက်: အရွယ်မတိုင်ခင် ခန္ဓာကိုယ်ယိုယွင်းမှုကို ကာကွယ်ရန်
• ခြေလှမ်းအရေအတွက်: တစ်နေ့လျှင် ၇,၀၀၀ – ၁၀,၀၀၀ လှမ်း
• အရှိန်: စကားပြောလျှင် ဝါကျတိုတိုပဲ ပြောနိုင်တဲ့အထိ မြန်မြန်လျှောက်ပါ။
• ကြာချိန်: ၃၀ – ၄၅ မိနစ်
• အကြိမ်ရေ: တစ်ပတ်လျှင် ၅ – ၆ ရက်
• 💡 နည်းလမ်းကောင်း: ခြေလှမ်းကို အနည်းငယ်ကျယ်ကျယ်လှမ်းပါ၊ လက်မောင်းကို ခပ်သွက်သွက်လွှဲပါ၊ ၂ မိနစ် မြန်မြန်လျှောက်ပြီး ၁ မိနစ် ဖြည်းဖြည်းလျှောက်ပါ။
• ⚠️ သတိပြုရန်: ဖိနပ်အပြားလွန်းပါက ဒူးနာတတ်သည်။
🧑‍🦳 အသက် ၄၀ – ၄၉ နှစ် (ဗိုက်ခေါက်နှင့် အဆစ်အမြစ် ထိန်းသိမ်းချိန်)
ရည်ရွယ်ချက်: သွေးကြောကျန်းမာရေးနှင့် ဒူးဆစ်မပျက်စီးစေရန်
• ခြေလှမ်းအရေအတွက်: တစ်နေ့လျှင် ၆,၀၀၀ – ၈,၀၀၀ လှမ်း
• အရှိန်: ပုံမှန်အရှိန်ဖြင့် မှန်မှန်လျှောက်ပါ။
• ကြာချိန်: ၃၀ – ၄၀ မိနစ်
• အကြိမ်ရေ: တစ်ပတ်လျှင် ၅ ရက်
• 💡 နည်းလမ်းကောင်း: အစာစားပြီး ၁၅ – ၃၀ မိနစ်အကြာတွင် လမ်းလျှောက်ပါ၊ လမ်းမလျှောက်ခင်နှင့် လျှောက်ပြီးပါက ခြေသလုံးနှင့် ပေါင်ကြွက်သားများကို အကြောဆန့်ပေးပါ၊ မာလွန်းသော ကြမ်းပြင်ပေါ်တွင် လျှောက်ခြင်းကို ရှောင်ပါ။
• ⚠️ သတိပြုရန်: အရှိန်မြန်ပြီး ခြေလှမ်းတိုလွန်းပါက သိသိသာသာမဟုတ်ဘဲ ဒူးနာလာတတ်သည်။
🧓 အသက် ၅၀ – ၅၉ နှစ် (အဆစ်အမြစ်နှင့် နှလုံးကျန်းမာရေး)
ရည်ရွယ်ချက်: နာကျင်မှုမရှိဘဲ ကြာကြာလမ်းလျှောက်နိုင်ရန်
• ခြေလှမ်းအရေအတွက်: တစ်နေ့လျှင် ၅,၀၀၀ – ၇,၀၀၀ လှမ်း
• အရှိန်: အသက်ရှူနှုန်း အနည်းငယ်မြန်လာသည်အထိ လျှောက်ပါ။
• ကြာချိန်: ၂၅ – ၃၅ မိနစ်
• အကြိမ်ရေ: တစ်ပတ်လျှင် ၅ ရက်
• 💡 နည်းလမ်းကောင်း: ကျောကို မတ်မတ်ထားပါ၊ ခန္ဓာကိုယ်ကို ရှေ့သို့မကိုင်းပါစေနှင့်၊ ဟန်ချက်ညီစေရန် လက်ကို အသာအယာလွှဲပါ၊ တစ်နေ့ကို နှစ်ကြိမ်ခွဲပြီး လျှောက်နိုင်ပါသည်။
• ⚠️ သတိပြုရန်: နာကျင်နေစဉ် အတင်းဇွတ်လျှောက်ပါက အဆစ်များ ပိုမိုပျက်စီးလွယ်သည်။
👵 အသက် ၆၀ အထက် (ဘဝအရည်အသွေး ကောင်းမွန်စေရန်)
ရည်ရွယ်ချက်: လဲကျခြင်းမှ ကာကွယ်ပြီး ယုံကြည်မှုရှိရှိ လမ်းလျှောက်နိုင်ရန်
• ခြေလှမ်းအရေအတွက်: တစ်နေ့လျှင် ၃,၀၀၀ – ၅,၀၀၀ လှမ်း
• အရှိန်: အေးအေးဆေးဆေး စကားပြောနိုင်တဲ့ အရှိန်ဖြင့် လျှောက်ပါ။
• ကြာချိန်: ၁၅ – ၃၀ မိနစ်
• အကြိမ်ရေ: နေ့တိုင်းနီးပါး
• 💡 နည်းလမ်းကောင်း: ညီညာပြီး ဘေးကင်းသော လမ်းပေါ်တွင် လျှောက်ပါ၊ ခြေထောက်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်သော ဖိနပ်စီးပါ၊ မူးဝေခြင်း၊ ငိုက်မြည်းခြင်း သို့မဟုတ် နှလုံးတုန်လာပါက ချက်ချင်းရပ်ပါ။
• ⚠️ သတိပြုရန်: လမ်းမလျှောက်ခင် သွေးပူလေ့ကျင့်ခန်း မလုပ်ပါက ချော်လဲနိုင်ခြေရှိသည်။
💣 အလွယ်မှတ်ရန်
• မြန်မြန်လျှောက်ခြင်း = နှလုံးကျန်းမာစေသည်။
• မှန်ကန်သောပုံစံဖြင့်လျှောက်ခြင်း = ဒူးဆစ်ခိုင်မာစေသည်။
• မှန်မှန်လျှောက်ခြင်း = အသက်ရှည်စေသည်။
#ကျန်းမာရေးဗဟုသုတ #လမ်းလျှောက်ခြင်း #အသက်ရှည်နည်း #လေ့ကျင့်ခန်း #နှလုံးကျန်းမာရေး #ဒူးဆစ်ကျန်းမာရေး

image
9 ပတ် - ဘာသာပြန်ပါ။

🌻 လူတစ်ယောက်ကို စိတ်ဆိုးလိုက်ပြီဆိုရင်
ဟိုလူက ဘာမှ မဖြစ်သေးဘူး။
ကိုယ့်မှာ စိတ်ဒဏ်ရာဖြစ်နေပြီ။
🌻 အလုပ်ကနေ အိမ်ကိုပြန်ရောက်တယ်။
ဒါပေမဲ့ အလုပ်မှာ အဆင်မပြေတာတွေ၊
ဘယ်သူက ငါ့ကို ဘယ်လိုလုပ်လိုက်တယ်။
ငါ့ကို မကူညီဘူး။ အဲ့ဒါကို စမြုံပြန်ပြီးတော့
ခဏခဏတွေးနေရင် ..
🌻 ဟိုတစ်ယောက်ကတော့
သူ့အိမ်မှာ သူက ငြိမ့်နေတာ။
ကိုယ်ကျတော့ ကိုယ်အတွေးနဲ့ ကိုယ်
ဒီမှာ ဒုက္ခရောက်နေတယ်။
စိတ်ဒဏ်ရာဖြစ်စေတယ်။
ဒါ့ကြောင့် တွေးတယ်ဆိုရင်
စိတ်ဒဏ်ရာမဖြစ်အောင် တွေးပါ။
အဗျာပါဒ သင်္ကပ္ပ။
🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့ စိတ်ခံစားမှုလို့
ပြောတာက မှန်ကန်တဲ့စိတ်ခံစားမှု ရှိမှ
မှန်ကန်တဲ့အတွေး တွေးနိုင်တာ။
🌻 ဥပမာ ကိုယ်က လူတစ်ယောက်နဲ့ မတည့်ဘူးဆိုရင်
အဲ့ဒီလူအကြောင်းတွေးတဲ့အခါမှာ
● ငါ့ရဲ့emotion - ငါ့ရဲ့ စိတ်ခံစားမှု မှန်ရဲ့လား။
● ငါ့ရဲ့ စိတ်ခံစားမှုက ငါ့ကို ပြန်ပြီးတော့
● ဒဏ်ရာဒဏ်ချက်ဖြစ်အောင် လုပ်နေသလား။
● ကိုယ့်ကိုယ် ပြန်စဉ်းစား၊ ပြန်သုံးသပ်ရမယ်။
🌻 စိတ်ဒဏ်ရာဒဏ်ချက် ဖြစ်အောင်
ပြန်ပြီးတော့ လုပ်နေတယ်ဆိုရင်
ကိုယ့်ကိုယ် ချစ်ရာမရောက်ဘူး။
ကိုယ့်ကိုယ် မေတ္တာထားရာမရောက်ဘူး။
🌻 ကိုယ့်ကိုယ် မေတ္တာထားရာရောက်အောင်
ဆေးထည့်ပြီးတော့ အနာကျက်အောင်၊
အနာပျောက်အောင် healing လုပ်သလို
ဒီစိတ်ဒဏ်ရာဒဏ်ချက်ကို
ကုသပုံ ကုသနည်းရှာကို ရှာရမယ်။
🌻 သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့အတွေးဆိုပြီးတော့
ပြောကြတယ်။ ဘာသာပြန်ကြတယ်။ ဒါကလည်းပဲ မှန်တယ်။ Right Though, Right Thinking.
● ဘုန်းဘုန်းက ထပ်ပြီးတော့ ဘာသာပြန်ချင်တာက
မှန်ကန်တဲ့စိတ်ခံစားမှု - Right Emotion .
ဘာဖြစ်လို့တုန်းဆိုတော့
မြတ်စွာဘုရား ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်သုံးခုရှိတယ်။
● မှန်ကန်တဲ့ စိတ်ခံစားမှု - သမ္မာသင်္ကပ္ပ
● အကြမ်းမဖက်တဲ့အတွေး - အဝိဟိသ သင်္ကပ္ပ၊
● ဒေါသမဖြစ်၊ စိတ်ဒဏ်ရာမဖြစ်တဲ့အတွေး - အဗျာပါဒ သင်္ကပ္ပ တဲ့။
● ကိုယ့်ဦးခေါင်း၊ ဆံပင် မီးလောင်နေတယ်ဆိုရင်
အဲ့ဒီအချိန်မှာ "နင်ငါ့ဦးခေါင်းကို
ဘာလို့မီးလာရှို့တာတုန်း ပြောစမ်း" လို့
အဲ့ဒီအဖြေ တောင်းနေမလား။
● "ငါ ဘယ်တုန်းက နင့်ကို ဘာလုပ်ဖူးလို့တုန်း" လို့
အဲ့လို အဖြေ သွားတောင်းမလား။
● ဒါမှ မဟုတ်ရင်လည်းပဲ သူ့ကို "နင်က ငါ့ခေါင်းကို
လာပြီးတော့ မီးနဲ့ရှို့တယ်" လို့ ပြောပြီး
သူ့ကို လက်သီးနဲ့ လိုက်ထိုးမလား။
● "မင်းငါ့ကို ဒီိလိုလုပ်တယ်။ ရဲတိုင်မယ်" ဆိုပြီးတော့
ခေါင်းပေါ်မှာ ရှိတဲ့မီးကို အရင်မငြိမ်းဘဲနဲ့
iphone ကိုင်ပြီးတော့ ရဲကို ဖုန်းဆက်မလား။
● "မင်းငါ့ကို ဒီလိုလုပ်တယ်နော်" selfie ရိုက်ပြီးတော့ Facebook ပေါ်တင်မလား။ အဲ့ဒီလို လုပ်မလား။
● ပရိတ်သတ်တို့ အဲ့ဒီလို လုပ်မယ်ဆိုရင်
အသက်ပဲ ပါသွားမယ်။
★ အဲ့ဒီအချိန်မှာ အရေးကြီးဆုံးက ခေါင်းပေါ်မှာ
မီးလောင်တာကို မီးငြိမ်းဖို့ပါ။
● စိတ်ထဲမှာရှိတဲ့ ဒေါသ၊
● စိတ်ထဲမှာ ရှိတဲ့ မခံချင်တဲ့မာန၊
● ကိုယ့်ထက် ညံ့တဲ့သူနဲ့တွေ့မှ ပျော်ရွှင်နိုင်တဲ့မာန၊
● ကိုယ့်ထက်သာရင် ဘယ်လိုမှ မကြည့်နိုင်၊
မရှုနိုင် စိတ်မချမ်းသာနိုင်၊
● ပီတိမဖြစ်နိုင်တဲ့မာန၊
အဲ့ဒီ မာနတွေ ရှိတယ်ဆိုရင်
ကိုယ့်ခေါင်းမီးလောင်တယ်။
● မြန်မာစကားက "ကိုယ့်ခေါင်း မီးလောင်တယ်" ဆိုရင် ခေါင်းထဲမှာ Negative emotion စားနေပြီလို့ ပြောတာ။ အဲ့ဒီဟာကို အရေးတကြီး ဖြေရှင်းရမယ်။
● လခတိုးတာထက် ပိုပြီးအရေးကြီးတယ်။
● ပိုက်ဆံပိုပြီးတော့ ဝင်အောင် လုပ်တာထက်
ပိုအရေးကြီးတယ်။
● ကားကောင်းကောင်းစီးနိုင်တာထက်
ပိုပြီးအရေးကြီးတယ်။
● ကားကောင်းကောင်းစီးပြီးတော့
စိတ်က ညစ်နေတယ်ဆိုရင်
ဒီကား ဘာမှ သိပ်တန်ဖိုးမရှိဘူး။
☆ ငါ ကားကောင်းကောင်းတော့စီးတယ်။
ဒါပေမဲ့ ဟိုဘက်လူတွေက
☆ ငါ ကားကောင်း စီးရမှန်းလည်း မသိဘူး။
☆ ငါ သူဌေးမှန်းလည်း မသိဘူး။
☆ ငါ ပညာတတ်မှန်းလည်း မသိဘူး။
☆ Ph.D ရမှန်းလည်း မသိဘူး။
☆ ငါ ဆရာဝန်မှန်းလည်း မသိဘူး။
☆ ငါ အင်ဂျင်နီယာမှန်းလည် မသိဘူး။
☆ "ဒီလူတွေက ငါ့ကို မလေးမခန့်လုပ်တယ်"ဆိုပြီး
ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်
စိတ်ဒဏ်ရာဖြစ်အောင် လုပ်နေတယ်ဆိုရင်
ဒီဘဝနေနည်း မမှန်ဘူး.....။
အောက်စဖိုဒ့်ဆရာတော်
(ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ)
💎ဤခရီးလျစ်လျူရှုချင်လှပါဘိ တရားတော် 💎
အား ရေးသားပူဇော်ပါသည်။

image

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီး ကြိုတင်မဲဖြင့်ရှုံးနိမ့်ဟုဆို

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်အတွက်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးသည် ကြိုတင်မဲဖြင့်ရှုံးနိမ့်ခဲ့ကြောင်း ပြည်သူ့ပါတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
“မဲရုံတွေမှာ မဲရေတွက်တဲ့နေရာမှာ ကျွန်တော်တို့ပါတီဥက္ကဋ္ဌကအနိုင်ရတယ်။ ဒါပေမယ့်ရတဲ့အနိုင်က ငါးမဲအသာ၊ ခြောက်မဲအသာလောက်နဲ့ပဲကပ်နိုင်တယ်။ နောက်ကြိုတင်မဲရောက်လာတော့ရှုံးသွားပါတယ်" ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လမ်းမတော်မြို့နယ်တွင် မဲရုံပေါင်း ၂၂ ရုံဖွင့်လှစ်ခဲ့ပြီး ဦးကိုကိုကြီးနှင့်ပြိုင်ဘက်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP) မှ ဦးရန်မျိုးအောင်သိန်းက အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်မြို့နယ် ၁၀၂ မြို့နယ်၊ ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်မြို့နယ် ၁၀၀ နှင့် ရွေးကောက်ပွဲအပိုင်း (၃) ကို ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်) တွင် မြို့နယ် ၆၁ မြို့နယ်တို့၌ပြုလုပ်ခဲ့သည်။

image

တရုတ်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံရ
-----------------------

စည်းကမ်းနဲ့ဥပဒေကို ပြင်းထန်စွာချိုးဖောက်တယ်လို့ သံသယရှိမှုအတွက် တရုတ်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်က ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်ကြီး ဂျန် ယူရှားအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ဖော်ပြောဆိုတာတော့ မရှိခဲ့ပါဘူး။ သူ့ကို သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဆွေအဖြစ် အများက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို မလျော် မကန် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ အဂတိလိုက်စားမှု ကျူးလွန်သူတွေအပေါ် သုံးစွဲလေ့ရှိတဲ့ စွဲချက်မျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရှီ အာဏာရလာပြီးကတည်းက အရာရှိ ၂၀၀,၀၀၀ ကျော်ကို အပြစ်ပေးခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းမှာလည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထိပ်တန်းစစ်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လီယူ ဂျန်လီကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

image

ကနေဒါသွင်းကုန်များကို ၁၀၀% အခွန်ကောက်မည်ဟု ထရမ့် ခြိမ်းခြောက်
------------------------------

အမေရိကန်ရဲ့ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုရင် ကနေဒါသွင်းကုန်တွေအပေါ် ၁၀၀% အခွန်ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၄ ရက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ကနေဒါကုန်ပစ္စည်းတွေအပေါ် ၁၀၀% အခွန်အပါအဝင် အခွန်ကောက်ခံဖို့ အပြန်အလှန်ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီးနောက် ထရမ့်နဲ့ ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနေးတို့အကြား သဘောထားကွဲလွဲမှုကို ပိုမိုနက်ရှိုင်းစေမဲ့ အဓိကအချက်အဖြစ် မီးမောင်း ထိုးပြနေတာလည်း ဖြစ်ပါတယ်။ ထရမ့်က မတ်ကာနေးကို “အုပ်ချုပ်ရေးမှူး”လို့ လှောင်ပြောင်ခဲ့ပြီး ကနေဒါဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာဖို့အတွက် ကာနေးတောင်းဆိုမှုကို အသုံးချကာ ကနေဒါကို “ပြည်နယ်အုပ်ချုပ်ရေးမှူး”အဖြစ်လည်း သရော်ခဲ့တာဖြစ်ပါတယ်။ သဘောတူညီချက်ချုပ်ဆိုရင် တရုတ်ဟာ ကနေဒါကို အရှင်လတ်လတ် စားသုံးမှာဖြစ်ပြီး သူတို့စီးပွားရေးလုပ်ငန်းတွေ၊ လူမှုရေးအဆောက်အအုံနဲ့ အထွေထွေဘဝနေထိုင်မှုပုံစံတွေကို ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ” ထရမ့်က Truth Social မှာ ရေးသားခဲ့ ပါတယ်။ တရုတ်ဘက်ကလည်း ထရမ့်ဟာ တခြားစီးပွားရေးတွေကို “ပြင်းပြင်းထန်ထန်ဝေဖန်” နေတယ်လို့ ပြောကြားထားပါတယ်။ ဒီလအစောပိုင်းမှာ ကာနေးဟာ တရုတ်သမ္မတရှီနဲ့ တွေ့ဆုံခဲ့ပြီး ကနေဒါက တရုတ် EV တွေအပေါ် အခွန်ကောက်ခံမှုတွေကို လျှော့ချပေးပြီး နှစ်စဉ် တရုတ်လျှပ်စစ်ကား ၄၉၀၀၀ အထိ ဈေးကွက်ထဲ ဝင်ရောက်ခွင့်ပြုတဲ့ “မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းသစ်”ကို ဖွဲ့စည်းခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဒီနှစ်နှောင်းပိုင်းမှာ ကနေဒါတင်သွင်းလာတဲ့ canola မျိုးစေ့၊ ပုစွန်နဲ့ ပဲစေ့တွေအပေါ် အခွန် အတားအဆီးတွေကို လျှော့ချမယ်လို့လည်း မျှော်လင့်ရပါတယ်။

image

ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တွင် ၅၅ ရာခိုင်နှုန်းခန့် မဲပေးမှုရှိဟု ပြော
‎------------------------‎

‎ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) မှာ ပျှမ်းမျှအနေနဲ့ ပြည်သူလူထု ၅၅ ရာခိုင်နှုန်းလောက် ဆန္ဒမဲပေးခဲ့တာကို တွေ့ရတဲ့အတွက် အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခုလို့သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရတယ်လို့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
‎‎ဇန်နဝါရီ ၂၅ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမမှာ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။‎ ‎မိမိတို့ အနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပနိုင် ရေး စီမံဆောင်ရွက်ခဲ့ပြီး မဲမသမာမှုတွေ ဖြစ်ပေါ်မှု မရှိစေရေးအတွက် MEVM စက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
‎‎မဲမသမာမှုမရှိတဲ့ ရွေးကောက်ပွဲ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ နဲ့ ဆန္ဒမဲပေးကြတဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒ အမှန်နဲ့ လိုလားတဲ့ ရလဒ်တွေ ထွက်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ‎မိမိတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပ အပြီး အနိုင်ရရှိတဲ့ အစိုးရအဖွဲ့ကို နိုင်ငံတော်ရဲ့ တာဝန်တွေကို လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

‎မိမိတို့ အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေလည်း လာရောက်လေ့လာခဲ့ကာ အပြု သဘောဆောင်တဲ့ မှတ်ချက်များစွာကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။‎
‎ဒါ့အပြင် နိုင်ငံတော်မှာ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ ဘယ်လိုပင် ပြောင်းလဲခဲ့ပေမဲ့ တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်တွေကို တို့တာဝန်အရေးသုံးပါး ဦးထိပ်ထားပြီး ဒီကနေ့ထက်တိုင် မမှိတ်မသုန် ထမ်းဆောင်နေတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒ-ဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။
ဒ-ဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် ပြည်သူလူထု (၅၅) ရာခိုင်နှုန်းခန့်ဆန္ဒမဲများပေးကြ၍ အောင်မြင်သည့်ရွေး ကောက်ပွဲတစ်ခုအဖြစ်သတ်မှတ်နိုင်

လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်
ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် ပြည်သူလူထု (၅၅) ရာခိုင်နှုန်းခန့်ဆန္ဒမဲများပေးကြ၍ အောင်မြင်သည့်ရွေး ကောက်ပွဲတစ်ခုအဖြစ်သတ်မှတ်နိုင်သည်ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) အား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အပိုင်း (၃) ကို ယနေ့တွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းအ တွင်း ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေမှုများကိုကြည့်ရှုရာ မဲဆန္ဒရှင်များတက်တက်ကြွကြွဆန္ဒမဲများပေးကြကာ ထိုအထဲတွင် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်သည်ကိုတွေ့ရသည်ဟု ပြောသည်။
" ရွေးကောက်ပွဲအပိုင်း (၁) နဲ့ (၂) မှာ ပျဉ်းမျှအားဖြင့် ပြည်သူလူထု (၅၅) ရာခိုင်နှုန်းခန့် ဆန္ဒမဲပေးတာသိရပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခုလို့သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝပြီး လွတ်လပ် ၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခုပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်ခဲ့ကာ မဲမသမာမှုများဖြစ်ပေါ်မှုမရှိစေရေးအတွက် MEVM စက်များကိုပြုလုပ်ခဲ့ခြင်းမှာ မဲမသမာမှုမရှိသောရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရန်နှင့် ဆန္ဒမဲပေးသူများ၏ ဆန္ဒအမှန်ဖြင့် လိုလားသည့်ရလာဒ်များထွက်ပေါ်လာ စေရန်အတွက်ဖြစ်သည်ဟု ပြောသည်။
ထို့ပြင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ ၏ရပိုင်ခွင့်ဖြစ်ပြီး မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြ၍ ရွေးကောက်ပွဲအောင်မြင်သည်ဟုဆိုနိုင်သည်ဟု ပြောသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလည်းလာရောက်လေ့လာခဲ့ကြကာ အပြုသဘောဆောင်သည့်မှတ်ချက်များစွာရရှိခဲ့သဖြင့် မိမိတို့ကျင်းပသည့် ရွေး ကောက်ပွဲသည် အောင်မြင်သည့်ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image