မိမိထက် မက်ဆီ ပိုကောင်းတယ်ဆိုတာကို သဘောမတူနိုင်ဘူးလို့ စီရော်နယ်လ်ဒို ပြောကြား

ပေါ်တူဂီဘောလုံးအကျော်အမော် စီရော်နယ်လ်ဒိုက မိမိထက် မက်ဆီ ပိုကောင်းတယ်ဆိုတာကို သဘောမတူနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

''မက်ဆီက ကျွန်တော့်ထက် ပိုကောင်းတာလာ၊ ဒါကို ကျွန်တော် သဘောမတူပါဘူး''လို့ စီရော်နယ်လ်ဒိုက ပြောခဲ့တာပါ။
နာမည်ကျော် ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး trailer အဖြစ် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြောထားတာဖြစ်တယ်။
ဒီအင်တာဗျူး အပြည့်အစုံကို ယနေ့နှောင်းပိုင်းမှာ ထုတ်လွှင့်သွားဖို့လည်း ရှိနေတယ်။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီဟာ ၂၀၀၈ နဲ့ ၂၀၁၇ ခုနှစ်အကြား ဘောလုံးလောကကို လွှမ်းမိုးခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူတို့နှစ်ဦး ဘယ်သူပိုကောင်းသလဲဆိုတာကလည်း အမြဲအငြင်းအခုံဖြစ်စေတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။

image

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် မက်စ်ဒေါင်းမန်း စံချိန်တင်

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက ဆလားဗီးယားပရပ်ဂ်ကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်စ်ဒေါင်းမန်းဟာ ပွဲချိန်(၇၂)မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး သူ့အနေနဲ့ အသက်(၁၅)နှစ်နဲ့ (၃၀၈)ရက်သာ ရှိသေးတာကြောင့် အခုလို စံချိန်သစ်ကို ပိုင်ဆိုင်ခဲ့တာပါ။

အရင်က ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူက ၂၀၂၀ တုန်းက ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ မူကိုကို (၁၆ နှစ်၊ ၁၈ ရက်)ဖြစ်ပါတယ်။

ဘာစီလိုနာကစားသမား ယမားလ်က ၂၀၂၃ ခုနှစ်မှာ အသက်(၁၆ နှစ်၊ ၆၈ ရက်)နဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့ပြီး အခု မက်စ်ဒေါင်းမန်းက အားလုံးကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့တာပါ။

မက်စ်ဒေါင်းမန်းဟာ အသက်(၁၇)နှစ်မပြည့်သေးတာကြောင့် အာဆင်နယ်အသင်းနဲ့ စကောလားရှစ်စာချုပ်သာ ချုပ်ဆိုနိုင်သေးပေမဲ့ အသင်းရဲ့အနာဂတ်မှာ သေချာပေါက်ရှိနေမယ့်သူဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောကြားထားပါတယ်။

image

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးကြီးမှာသာရှိသေးတယ်လို့ ဟာလန်း ပြောကြား

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းက မိမိအနေနဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးဆုံးမှာသာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသနေပြီး အသက်(၂၅)နှစ်အရွယ်မှာပဲ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း(၃၂၇)ဂိုး သွင်းယူထားတာကြောင့် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို ချိုးနိုင်မယ့်သူအဖြစ် ညွှန်းဆိုခံထားရသလို၊ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေလည်း ရှိနေတာကြောင့် ဟာလန်းက အခုလို တုံ့ပြန်ခဲ့တာပါ။

ဒေါ့မွန်နဲ့ ပွဲအကြိုပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိခြေစွမ်းက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိနေပြီလားလို့ မေးမြန်းမှုကို ဟာလန်းက '' မရောက်ပါဘူး။ ဘယ်သူမှ မရောက်ပါဘူး။ ကျွန်တော်ကတော့ အဝေးကြီးပါ။ သူတို့နှစ်ယောက်ကို မီနိုင်မယ့်သူ မရှိပါဘူး'' လို့ ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ မိမိဟာ ဂိုးတွေသွင်းနေတဲ့ နော်ဝေကစားသမားတစ်ယောက်အဖြစ်သာ ဆက်ရှိနေပြီး ဘာမှ အပြောင်းအလဲမရှိသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။

ဟာလန်းက မိမိအနေနဲ့ ဂိုးသွင်းစံချိန်တွေအကြောင်း မစဉ်းစားဘဲ ကလပ်အသင်းအတွက် ကူညီနိုင်ဖို့သာ အာရုံစိုက်ကြောင်းနဲ့ ကစားသမားဘဝ အဓိကရည်မှန်းချက်က နော်ဝေအသင်းကို ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေဆီ ပို့ဆောင်ဖို့သာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

image

စီးရီးအေချန်ပီယံဆုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုဖြစ်လာမယ်လို့ မာရော့တာ သုံးသပ်

အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌ ဘက်ပီမာရော့တာက ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုဖြစ်လာမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒီရာသီ ပွဲစဉ်(၁၀)အပြီးမှာ လက်ရှိချန်ပီယံ နာပိုလီအသင်းက (၂၂)မှတ်နဲ့ ဦးဆောင်နေပြီး အင်တာမီလန်၊ အေစီမီလန်နဲ့ ရိုးမားတို့က (၂၁)မှတ်စီ၊ ဘိုလော့ဂ်နာနဲ့ ဂျူဗင်တပ်စ်တို့က (၁၈)မှတ်စီ ရရှိထားတာကြောင့် မာရော့တာက အခုလို သုံးသပ်ခဲ့တာပါ။

''အသင်းတွေက အင်အားချင်း ညီမျှတဲ့အခြေအနေမှာ ရှိနေကြတာကြောင့် နောက်ဆုံးပွဲစဉ်အထိ ရင်ဖိုစွာစောင့်ကြည့်ရမယ့်ရာသီ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအပြိုင်ဖြစ်နေတဲ့အသင်းတွေအားလုံးက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိနေကြပါတယ်'' လို့ မာရော့တာက ပြောကြားခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုကို ဂျူဗင်တပ်စ်အသင်း (၉)ရာသီဆက် ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆု ဆက်တိုက်ရယူနိုင်တဲ့အသင်း မရှိတော့ဘဲ နောက်ဆုံး(၅)ရာသီအတွင်းမှာ အင်တာမီလန်နဲ့ နာပိုလီက နှစ်ကြိမ်စီ၊ အေစီမီလန်အသင်းက တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီ စီးရီးအေချန်ပီယံဆုအတွက် အလေးပေးမှုမှာ ထိပ်ဆုံးက နာပိုလီထက် အင်တာမီလန်အသင်းက ပိုမိုရေပန်းစားနေကြောင်းလည်း သိရပါတယ်။

image

မြန်မာနိုင်ငံ၌ အဂတိတို-က်ဖျ-က်ရေးမဟာဗျူဟာ စီမံချက်ကို ၂၀၂၆-၂၀၃၀ ကာလအထိသက်တမ်းတိုး ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံ၌ အဂတိတို-က်ဖျ-က်ရေးမဟာဗျူဟာ စီမံချက်ကို ၂၀၂၆-၂၀၃၀ ကာလအထိသက်တမ်းတိုး ဆောင်ရွက်သွားမည်ဟု ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းမှ နိုဝင်ဘာ ၄ ရက်ကကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးအကယ်ဒမီ၏ (၁၄)ကြိမ်မြောက်ညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေး၊ ဖြောင့်မတ်တည်ကြည်မှုရှိရေး၊ ပွင့်လင်းမြင်သာရေးနှင့် တာဝန်ခံမှုရှိရေးတို့အတွက် အဂတိတို-က်ဖျ-က်ရေးမဟာ ဗျူဟာစီမံချက် ၂၀၂၂-၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယင်း စီမံချက်ကို ၂၀၂၆- ၂၀၃၀ ကာလအထိ သက်တမ်းတိုးဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု ပြေသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့ စည်းခြင်း၊ နိုင်ငံတစ်ဝှမ်းအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများကျင်းပခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရာတွင် မိတ်ဖက်နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာများ(MoU)လက်မှတ်ရေးထိုးဆောင်ရွက်နေခြင်း၊ အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက် (GlobE Network)အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ်တွင်ပါဝင်ခြင်းတို့ကိုလည်း ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂ၏ အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကွန်ဗင်းရှင်း (UNCAC) ဆိုင်ရာ အစည်းအဝေးများတွင် တက်ကြွစွာပါဝင်တက်ရောက်နေခြင်း၊ အာဆီယံ အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးအဖွဲ့(ASEAN-PAC) နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းနှင့် မြန်မာနိုင်ငံမှ လာမည့် ၂၀၂၆ ခုနှစ်တွင် ASEAN-PAC ၏အကြီးအမှူးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ရှိမှုတို့ကိုလည်းပြောကြားခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် IACA ကပေးအပ်နေသည့် သင်တန်းများ၊ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလုပ်ငန်းများအပေါ်အပြည့်အဝထောက်ခံကာ မည်သည့်နိုင်ငံမျှ နောက်ကျမကျန်ရစ်စေရေးအတွက် ပညာသင်ဆုများနှင့် သင်တန်းကြေးသက်သာသည့် အစီအစဉ်များ‌ပေးရန်အရေးကြီးသည်ဟုလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

image

ကမ္ဘာ့ရွှေဈေးကျဆင်းလာပြီး မြန်မာ့ရွှေဈေးပြန်ကျလာနိုင်ဟုဆို

နိုဝင်ဘာလဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးသည် တစ်ရှိန်ထိုးကျဆင်းလာပြီး ပြည်တွင်းရွှေဈေးသည်လည်း ပြန်ကျလာနိုင်ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာလ (၃၀) ရက်တွင် တစ်အောင်စကို ၄၀၄၀.၃၅ ဒေါ်လာရှိရာမှ နိုဝင်ဘာလ(၅)ရက်တွင် တစ်အောင်စကို ၃၉၃၈.၆၂ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သား (၈၅) သိန်းကျော်အထိမြင့်တက်လာပြီး ယခုအခါ သိန်း (၈၃) သိန်းသာရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်းရောင်းချရမည့် ရည်ညွှန်းဈေး တစ်ကျပ်သားကို (၅၉) သိန်း (၇) သောင်းဖြင့်ရောင်းချရန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးတက်သော်လည်း အရောင်းအဝယ်မှာအေးနေပြီး အရောင်းပိုများကြောင်း သိရသည်။

image

ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဝင်ဘာလေကွင်းမှာ အသုံးပြုခွင့်ရလာဖို့ မရှိတဲ့ ပူးတွဲအိမ်ရှင် အင်္ဂလန်
=====================

ပူးတွဲအိမ်ရှင် အင်္ဂလန်ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဝင်ဘာလေကွင်းကို အသုံးပြုခွင့်ရလာဖို့ မရှိပါဘူး။

အင်္ဂလန်အသင်းဟာ ပူးတွဲအိမ်ရှင်ဖြစ်ပေမယ့်လည်း ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ခြေစစ်ပွဲအောင်မြင်လာပါက အုပ်စုပွဲ ၃ ပွဲများကို မန်စီးတီးရဲ့ အီတီဟတ်ကွင်း၊ စပါးစ်ရဲ့ တော်တင်ဟမ်ဟော့စပါးစ်ကွင်း၊ ဗီလာရဲ့ ဗီလာပါ့ခ်၊ အဲဗာတန်ရဲ့ ဟေးလ်ဒစ်ကင်ဆင်ကွင်း၊ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်တို့မှာ ကစားရပါမယ်။

ဒါ့အပြင် ဝင်ဘာလေကွင်းတွင် ယူရို ၂၀၂၈ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို လက်ခံကစားလာမှာ မဟုတ်လို့ အင်္ဂလန်အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း ယင်းကွင်းတွင် ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။

အင်္ဂလန်ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲကို စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့နှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက The Times ရဲ့ ဖော်ပြလာမှုအရ ယူရို ၂၀၂၈ အဖွင့်ပွဲကို ကာဒစ်ဖ်ရဲ့ Principality Stadium တွင် ကစားလာမယ့်လို့ သိရပါတယ်။

ယူရို ၂၀၂၈ ပွဲပြက္ခဒိန်အပြည့်အစုံကို လာမယ့်နိုဝင်ဘာလ ၁၂ ရက်နေ့ လန်ဒန်တွင် ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲ တရားဝင်မိတ်ဆက်ပွဲတွင် ရေးဆွဲလာပါမယ်။

အင်္ဂလန်နှင့် ယူအီးအက်ဖ်အေက လက်ရှိအချိန်တွင် ပွဲပြက္ခဒိန်နှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုထားကြပါတယ်။

အင်္ဂလန်ဟာ ယူရို ၉၆ တုန်းက ဆီမီးဖိုင်နယ်သို့အထိ တက်စဉ်တုန်းက ပွဲအားလုံးကို ဝင်ဘာလေကွင်းမှာ ကစားခဲ့ပါတယ်။
၎င်းတို့ဟာ ယူရို ၂၀၂၀ လက်ခံကျင်းပတုန်းကမူ နိုင်ငံတလွှား ကွင်းများတွင် ကစားခဲ့ပြီး ယူကရိန်းကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲတွင်မူ ဝင်ဘာလေကွင်းမှာ ကစားခဲ့ပါတယ်။

အင်္ဂလန်ဟာ ပူးတွဲအိမ်ရှင်များဖြစ်တဲ့ စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့နှင့်အတူ ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပေမယ့် ခြေစစ်ပွဲ မအောင်မြင်တဲ့ အသင်း ၂ သင်းက အိမ်ရှင်အခွင့်အရေးအဖြစ် ဝင်ခွင့် ရရှိလာပါမယ်။

ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဒဗ္ဗလင်ရှိ Aviva Stadium နှင့် ဂလက်စကိုရှိ Hampden Park ကွင်းတို့မှာလည်း ကစားလာပါမယ်။

image

မကြာမီ ကစားသမားဘဝမှ အနားယူရန် စီစဉ်ထားကြောင်း ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ
=======================

သူ့ပရိသတ်တွေကတော့ သူ့ကို ရာသက်ပန်ကစားစေချင်ကြမှာပါ။ ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သမီးဖြစ်သူတို့ရဲ့ တိုက်တွန်းမှုကြောင့် လက်ထပ်ရန် စီစဉ်ထားမှုနှင့်အတူ မကြာမီ အနားယူရန် စီစဉ်ထားကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၄၀ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ မကြာသေးမီတုန်းက ဆော်ဒီပရိုလိဂ်ကလပ် Al Nassr နှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပီယာမော်ဂန်နှင့် အင်တာဗျူးတွင် Ballon d'Or ငါးကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုက ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားသမားဘဝမှ အနားယူရန် စီစဉ်ထားမှုနှင့်ပတ်သက်ပြီး ဖွ့င်ဟလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၄၀ နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်ပေမယ့်လည်း လက်ရွေးစင်အသင်းမှာ အရေးပါတဲ့ သူ ဖြစ်နေဆဲ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပါသေးတယ်။

သူဟာ ယခုတိုင် ကြံ့ခိုင်မှုကောင်းမွန်နေဆဲ ဖြစ်ပြီး များစွာ ကစားနိုင်သေးတယ်လို့ ယူဆရတုန်းပါ။

ဒါပေမယ့် သူဟာ ကာလရှည်ကြာ တွဲလာတဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် လက်ထပ်ရန် စီစဉ်ထားမှုနှင့်အတူ ၂၃ နှစ်ကြာ ကျင်လည်လာတဲ့ ဘောလုံးလောကမှ အနားယူရန် စီစဉ်လာရပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုက "ကျွန်တော် ပြင်ဆင်ထားခဲ့တယ်။ ခက်ခဲလာမှာပါ။ ခက်ခဲလာမှာ သေချာတယ်။ ငိုမိမှာ သေချာတယ်။ ကျုပ်က မျက်ရည်ကျလွယ်တဲ့သူပါ။ ကျုပ်က ပွင့်လင်းတယ်။ ရိုးသားတယ်။ ဒါပေမယ့် ကျွန်တော်က အသက် ၂၅၊ ၂၆၊ ၂၇ နှစ်ကတည်းက အနာဂတ်အတွက် ပြင်ဆင်ထားခဲ့တယ်။ ရောက်လာနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်မယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။

ဘောလုံးကစားသမားဟောင်းအများစုတို့ဟာ ကစားသမားဘဝမှ အနားယူပြီးချိန်မှာတော့ ရုန်းကန်ရလေ့ ရှိပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက "အရာအားလုံးက အသစ်က စတင်လာမယ်။ အရာအားလုံးက အဆုံးသတ်လာမယ်"လို့ ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှ အနားယူပြီးချိန်မှာတော့ ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားလာမှာလည်း ဖြစ်ပါတယ်။

သူ့တွင် အသက် ၁၅ နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာ၊ ၈ နှစ်အရွယ် မာတီယိုနှင့် အီဗာ အမြွှာမောင်နှမ၊ အသက် ၇ နှစ်အရွယ် အလာနာ၊ အသက် ၃ နှစ်အရွယ် ဘယ်လာတို့ ပိုင်ဆိုင်ထားပါတယ်။
ဂျူနီယာက ဘောလုံးသမားဘဝ စတင်နေပြီ ဖြစ်ပြီး ပေါ်တူဂီယူ-၁၆ အတွက် ကစားခွင့် ရရှိနေကာ မကြာသေးမီတုန်းက ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက "ကိုယ့်အတွက် အချိန်ပိုရလာမယ်။ မိသားစုအတွက် အချိန်ပိုပေးလာနိုင်မယ်။ ကလေးတွေကို ပြုစုပျိုးထောင်နိုင်မယ်။ အထူးသဖြင့် သုံးနှစ်ပဲ ရှိသေးတဲ့ ဘယ်လာပေါ့။ ခရီးတွေ စသွားပြီး အိမ်နဲ့ အဝေးကြီးအကြာကြီး ခွဲနေရချိန်မှာ ဖြစ်လာတဲ့ ခံစားချက်ပေါ့။ ခရစ္စတီယာနိုဂျူနီယာကိုလည်း ဂရုစိုက်လာနိုင်မယ်။ သူ့အရွယ်ကက ပေါက်ကရတွေ လျောက်လုပ်တဲ့အရွယ် ရောက်နေပြီ။ ကျုပ်လည်း သူ့အရွယ်တုန်းက လုပ်ခဲ့တာပဲလေ။ မာတီယိုကိုလည်း ဘောလုံးကို ချစ်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်တွင် ကစားနေတဲ့ ၂၀၁၆ ခုနှစ်တုန်းက Gucci စတိုးတွင် အရောင်းစာရေးလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျော်ဂျီနာနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့အကြား လက်ထပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့တာ ကြာမြင့်ပြီလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျော်ဂျီနာအား ကြီးမားတဲ့ စေ့စပ်လက်စွပ်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။၊
လက်ထပ်ခွင့်တောင်းမှုနှင့်ပတ်သက်ပြီး ရော်နယ်ဒိုက "ဂျီယို(ဂျော်ဂျီနာ)က လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖို့ ပြောလာတယ်။ ကျောက်ကောင်းတစ်ပွင့်ပိုင်ဆိုင်ရဖို့က သူမရဲ့ အိပ်မက်။ ကျွန်တော်လည်း ကျောက်တစ်လုံး ရှာတွေ့ခဲ့တယ်။ သူမလည်း သဘောကျတယ်။
ကျွန်တော့်သူငယ်ချင်းက ဂျီယိုအတွက် လက်စွပ်တစ်ကွင်း ကျွန်တော့်ကို ပေးတယ်။ ပြီးတော့ ကျွန်တော့် သမီးနှစ်ယောက် ရောက်လာပြီး အမေ့ကို လက်စွပ်ပေးတယ်ဆိုတော့ လက်ထပ်တော့မှာပေါ့လို့ ပြောလာတယ်။ ကျုပ်ကလည်း ဟုတ်တယ်လို့ ဖြေခဲ့တယ်။ သူတို့က ကျုပ်သမီးဖြစ်လို့ အဲဒီလို ပြောခဲ့တာ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ခရစ္ဏတီယာနိုရော်နယ်ဒိုက ရူဘင်အမိုရမ်မှာ အသင်းဟောင်းယူနိုက်တက်ကို အံဘနန်းဖြစ်အောင် လုပ်ဆောင်လာမှာ မဟုတ်ကြောင်း‌ ပြောကြားလာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်တွင် အသင်းဟောင်း ယူနိုက်တက်သို့ တကျော့ပြန် ရောက်လာခဲ့ပေမယ့်လည်း အဲရစ်တန်ဟက်နှင့် ပြဿနာတက်ကာ ထွက်ခဲ့ရပါတယ်။
လက်ရှိ ပေါ်တူဂီနည်းပြအမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အဲရစ်တန်ဟက်နေရာတွင် အစားထိုးခန်အပ်ခြင်းခံခဲ့ရပါတယ်။ သူကိုင်တွယ်တဲ့ ပထမရာသီတွင် ယူနိုက်တက်မှာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးလိဂ်အဆင့် ရပ်တည်မှုအဖြစ်အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။
အမိုရမ်ရဲ့ ယူနိုက်တက်ဟာ လိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၃ ပွဲ ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၄ ပွဲတွင် ၁၀ မှတ် ရယူထားနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုက "သူလည်း အကောင်းဆုံးလုပ်နေတယ်။ သူ ဘာလုပ်လာမှာလဲ။ အံဘနန်းလား၊ အံ့ဘနန်းဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ ပေါ်တူဂီမှာ အံ့ဘနန်းဆိုတာ ဖာတီမာမှာပဲ ရှိတယ်။ သူအံ့ဘနန်း လုပ်လာနိုင်မှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်.

image

ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိ

မနေ့ နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

နေပြည်တော် ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့၊ လက်ပန်ခါးလှ ကျေးရွာအနီးမှာ မနေ့ည ၈ နာရီဝန်းကျင်က ပံ့သကူကောက်နေတဲ့ အမျိုးသားတယောက်နဲ့ ကိုရင်တပါးကို ဆိုင်ကယ် တစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဒါအပြင် ပျဉ်းမနားမြို့၊ ပန်းခင်း မီးပွိုင့်အနီးမှာလည်း ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ အသက် ၁၁ အရွယ် မိန်းကလေးတယောက်ကို ကားတစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခြေ၊ လက်နဲ့ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“ပန်းခင်းမီးပွိုင့် ဖြစ်စဉ်က သူက ပိုက်ဆံထွက်ကြဲပြီး ရပ်ကြည့်နေတဲ့ အချိန်မှာ ကားက ဝင်တိုက်သွားတာ။ ညက ဖြစ်စဉ် ငါးခု၊ ခြောက်ခုလောက်ရှိတယ်။ ‌အချိန်တွေကတော့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ ဖြစ်သွားတာ။ ရန်ကုန် - မန္တလေး လမ်းဟောင်းမှာလည်း ဖြစ်တယ်။ စုစုပေါင်း ထိခိုက်ဒဏ်ရာရတာက ခုနစ်ယောက်လောက် ရှိမယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်မှာလည်း မနေ့ည ၈ နာရီ ၅၂ မိနစ်ဝန်းကျင်က ပံ့သကူကောက်ရင်း အမျိုးသား နှစ်ယောက် ရန်ဖြစ်စကားများရာက တယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လှိုင်သာယာ ပြည်သူဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါအပြင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ဂျမားကျောင်းနားမှာလည်း ပံ့သကူကောက်ရင်း လူနှစ်ယောက် ဆိုင်ကယ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့သလို သာကေတမြို့နယ်မှာလည်း ကားတိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အပျော်ကနေ အပျက်ဖြစ်ရတယ်။ သန်လျင်မှာ ဖြစ်တာကတော့ အဲဒီ နှစ်ယောက်က အခုထိ သေလား၊ ရှင်လားတော့ မသိသေးဘူး။ ပံ့သကူဆိုတာ အရင် ရေရိုး အစဉ်အလာက လူခြေတိတ်ချိန် ဘယ်သူမှ မသိအောင် ပံ့သကူပစ်ကြတာ။ အခုကတော့ ကားတွေနောက် အော်ဟစ် လိုက်တောင်းနေတာ ဖြစ်သွားပြီ။ တချို့ဆို လာနေတဲ့ ကားရှေ့ကနေ ပိတ်ရပ်ပြီး တောင်းကြတာတွေလည်း တွေ့နေရတယ်။ တကယ့်ကို အန္တရာယ်လည်း အရမ်းများတဲ့ အခြေအနေပါ” လို့ သန်လျင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

ဒါအပြင် အင်းစိန်၊ ဖော့ကန်နဲ့ ကြို့ကုန်းဘက်မှာလည်း ပံ့သကူကောက်ရင်း ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ယောက် ရှိခဲ့တယ်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက ပြောပါတယ်။

ပံ့သကူပစ်တဲ့ အလေ့အထဟာ တန်ဆောင်တိုင်ပွဲတော်ကာလ ရိုးရာအစဉ်အလာတခု ဖြစ်ပေမယ့် ကိုဗစ်ကာလအတွင်းကစလို့ လူစည်ကားရာ လမ်းမတွေပေါ် မောင်းနှင်လာတဲ့ ကားတွေပေါ်ကနေ ပံ့သကူခေါင်းစဉ်နဲ့ ပိုက်ဆံတွေ ကြဲချတဲ့ အလေ့အထ စတင်ပေါ်ပေါက်လာရာက ယာဉ်မတော်တဆမှုတွေလည်း နှစ်စဉ် ဖြစ်ပေါ်နေတာပါ။

ဒီလို မတော်တဆမှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက “ပံ့သကူ ကောက်တာလည်း ကောက်ပါ။ ဒါပေမယ့် လမ်းတွေပေါ်တော့ အရမ်း မတက်ကြပါနဲ့လို့ ပြောချင်တယ်။ တချို့လမ်းတွေဆို ကားက တလမ်းသွားစာပဲ ရှိတာကိုး။ ဒါကြောင့် လူတွေ အပြင်ထွက်မယ် ဆိုရင်လည်း ကားလမ်းဘေးမှာပဲ နေကြဖို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ဒါအပြင် ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ ညပိုင်းမှာလည်း ပံ့သကူအပြင် သူခိုးကြီးည (ကျီးမနိုးပွဲ) ပါ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အပျော်ကနေ အပျက်မဖြစ်အောင် ဂရုပြုကြစေလိုတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း (မြောက်ဒဂုံ) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ရန်ကုန် တန်ဆောင်တိုင်ညမှာ ပံ့သကူကောက်ရင်း ကားတိုက်မိလို့ ကိုးယောက်ထက်မနည်း သေဆုံးခဲ့ကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ်ကလည်း ရွှေပြည်သာမြို့နယ်မှာ ပံ့သကူလိုက်ကောက်ရင်း ကလေးငယ်တယောက် ကားတိုက် သေဆုံးမှု ဖြစ်ပွားခဲ့သလို အင်းစိန်မြို့နယ်မှာလည်း ပံ့သကူကောက်ရင်း ကားတိုက်ခံရတာကြောင့် ကလေးငယ်တယောက် ခေါင်းကွဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ၂၀၂၃ ခုနှစ် အတွင်းမှာပဲ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေဂူလေးဘုရား လမ်းမပေါ်မှာလည်း ပံ့သကူ လိုက်ကောက်နေတဲ့ အဖွဲ့ကို ရှောင်တိမ်းရာကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

image

သွင်းဂိုးတွေလက်ဆောင်ပေးခဲ့တဲ့ PSG ကို နည်းပြအင်းနရစ်ဝေဖန်

PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို သွင်းဂိုးတွေကို လက်ဆောင်ပေးခဲ့တဲ့ သူ့ရဲ့အသင်းကို နည်းပြလူးဝစ်အင်းနရစ်က ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ပထမပိုင်းမှာ သူတို့ဟာ ကျနော်တို့ထက်ပိုကောင်းခဲ့သလို အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ကတော့ ပထမပိုင်းမှာ သူတို့ကို လက်ဆောင်လှလှလေးတွေပေးခဲ့ပါတယ်။ ဒီလိုလက်ဆောင်တွေပေးရင် သူတို့က ဂိုးတွေသွင်းမှာပါ။ ကျနော်ဆင်ခြေပေးနေတာမဟုတ်ပါဘူး၊ ပိုပြီးကောင်းအောင်လုပ်ဖို့က ကျနော်တို့ရဲ့တာဝန်ပါ။ သူတို့ဟာ ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့ပေမယ့် ၄ ဂိုးသွင်းနိုင်ခဲ့သင့်တာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်”လို့ ပြောခဲ့ပါတယ်။

လက်ရှိချန်ပီယံ PSG အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သလို ပြိုင်ပွဲစုံမှာတော့ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီရာသီကစားထားတဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲစလုံးအနိုင်ရရှိထားတဲ့အသင်းအဖြစ် မှတ်တမ်းကောင်းပိုင်ဆိုင်ထားပါတယ်။

PSG အသင်းဟာ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပွဲချိန် ၃၂ မိနစ်အတွင်းသွင်းဂိုး ၂ ဂိုးစလုံးခွင့်ပြုခဲ့ရပြီး ဒီဂိုးတွေသွင်းခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပထမပိုင်းပြီးခါနီးမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

PSG အသင်းဟာ ဒုတိယပိုင်းမှာ ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် သွင်းဂိုး ၁ ဂိုးသာပြန်သွင်းနိုင်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ PSG အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ ဟာကီမီတို့ ဒဏ်ရာရခဲ့သလို ဒူယီကိုလည်း ဒဏ်ရာကြောင့် အသုံးပြုနိုင်ခြင်းမရှိသေးတာပါ။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက အသင်းရဲ့နိုင်ပွဲဆက်နေမှုဟာ အသင်းလိုက်လုပ်ဆောင်မှုကြောင့် ရရှိခဲ့တာလို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

image