မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။
" ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။ ဆင်စခန်းက ညောင်ဦး ကနေ ပခုက္ကူ နဲ့ မြင်းခြံ သွားလမ်းဘေးမှာရှိတာ ။ ညောင်ဦး နဲ့က နီးတယ် မြို့အထွက်နားတင်ပဲ ။ အဲဒီဘက်လမ်းတွေက PDF တွေ လှုပ်ရှားမှုရှိတယ်။ " လို့ လုံခြုံရေး အရအမည် မဖော်လိုသူ ညောင်ဦး ဒေသခံက ပြောပါတယ် ။
ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ အေးစွကျေးရွာရှိ STAOP ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်း ဦးရဲအောင် ဆိုသူကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ ဒီဇင်ဘာ ၁၁ ရက်မှာပဲ မလှိုင်မြို့နယ် ၊ဘောက်ခွေးတော ရွာမှ ဦးထွန်းငွေသက် ဆိုသူကို လက်နက်ကိုင် အဖွဲ့က နေအိမ်အထိ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်သွား ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်ကလည်း မလှိုင်မြို့နယ် ကျင်းသာရွာ အခြေခံပညာ မူလတန်းကျောင်းက မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ခိုင်ဇံဝေ ကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
" ဆရာမကတော့ ပြန်လွတ်လာပြီလား မလွတ်သေးဘူးလား သေချာမသိဘူး ။ အရင်ရက်က ဖမ်းသွားတဲ့ ဘောက်ခွေးတောက လူကတော့ အသတ်ခံလိုက်ရတယ် သိရတယ် ။ " လို့ ဒေသခံက ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊
ပခုက္ကူမြို့နယ်ရှိ အရာတော်ရေနံမြေမှ ဝန်ထမ်းတွေ ဖြစ်တဲ့ စက်မှုကျွမ်းကျင် (၄) (ထုတ်လုပ်ရေးဌာန) ဦးနေစိုး ၊ အငယ်တန်း စာရေး (စက်ပြင်ဌာန) ဦးစိုးသီဟလှိုင် ၊ ကျွမ်းကျင် (၃) (IT ဌာန) ဦးမျိုးခိုင်ဦး ဆိုသူတို့ကို လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား တယ်လို့ သိရပါတယ် ။
ပခုက္ကူမြို့နယ် ၊ ဆိက္ခဝ ရွာဘက်ကို စက်လှေနဲ့ သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း မန္တလေး တိုင်းနဲ့ မကွေးတိုင်းထဲက အစိုးရဝန်ထမ်း အပါအဝင် လူ ၁၀ ယောက်ထက်မနည်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

image

ဝုဗ်နိုင်ပွဲတွင် ဘင်ဝှိုက် ဒဏ်ရာရရှိသွားပြီးနောက် ဒဏ်ရာပြဿနာထိုးနှက်ချက် ထပ်မံ ကြုံလာတဲ့ အာဆင်နယ်
======================

အာဆင်နယ်ဟာ ဝုဗ်ကို အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ဘင်ဝှိုက် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရပြီးနောက် နောက်ထပ် ဒဏ်ရာထိုးနှက်ချက် ထပ်မံ ကြုံတွေ့လာပါတယ်။
ဒဏ်ရာပြဿနာများစွာတို့ဖြင့် ကြုံခဲ့ရဖူးတဲ့ ဘင်ဝှိုက်ဟာ ပထမပိုင်း နာရီဝက်တွင် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နောက်တန်းကစားသမားများ ဒဏ်ရာရရှိတဲ့ ပြဿနာများနှင့် ကြုံနေရတာ ဖြစ်ပြီး ယခု ဘင်ဝှိုက် ဒဏ်ရာရရှိလာမှုနှင့်အတူ နောက်ထပ် ပြဿနာတစ်ရပ် ဖြေရှင်းလာရပါဦးမယ်။
အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်နှင့် ခရစ္စတီယန်မော့စ်ကွီရာတို့အား ဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။ ပြင်သစ်နောက်ခံလူဝီလီယမ်ဆာလီဘာမှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ဝုဗ်နှင့်ပွဲစဉ်တွင် ပြန်လည်ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ၄ ပွဲဆက် ပွဲထွက်ကစားနိုင်ခဲ့တဲ့ ဘင်ဝှိုက်မှာ ပွဲချိန် ၃၀ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် မိုင်လက်စ်လူးဝစ်စကယ်လီနှင့် လူစားလဲခဲ့ရပါတယ်။
လက်ရှိအချိန်တွင် ဘင်ဝှိုက်ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။
အာဆင်နယ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဲဗာတန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီဇင်ဘာလမကုန်ဆုံးမီ ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲအပြင် ပရီးမီးယားလိဂ်တွင် ဘရိုက်တန်၊ ဗီလာတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ဆိုးရွားလှတဲ့ ဖောက်ထွင်းမှုကြောင့် ပေါင် ၁ သန်းဆှုံးရှုံးခဲ့ရပြီးနောက် မူးယစ်ဆေးသုံးစွဲလာခဲ့ခြင်းဖြစ်ကြောင်း ဘစ်ဆူမာ ဖွင့်ဟလာ
=======================

စပါးစ်စတားအိဗ်ဘစ်ဆူမာက ဆိုးရွားလှတဲ့ ဖောက်ထွင်းမှုကြောင့် ပေါင် ၁ သန်း နစ်နာဆုံးရှုံးခဲ့ရပြီးနောက် နိုက်ထရပ်စ်အောက်ဆိုဒ် စတင် သုံးစွဲလာခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။
စပါးစ်ရဲ့ ပေါင်သန်း ၄၀ တန်စပါးစ်ဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့တုန်းက နိုက်ထရပ်အောက်ဆိုဒ် ရှူနေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။
ယခုအခါ ၎င်းက "ပရိသတ်တွေကို တောင်းပန်တယ်။ အကြောက်တရား၊ ထွက်ပြေးခဲ့ရတာ၊ စိတ်ကျမှုတွေ၊ သစ္စာဖောက်ခံရမှုတွေစတဲ့ စိတ်ဒဏ်ရာတွေ ကြုံခဲ့ရလို့ပါ"လို့ ဆိုသွားပါတယ်။
အသက် ၂၉ နှစ်ရှိ မာလီအသင်းခေါင်းဆောင်ဟာ ဇူလိုင်လ ၂၉ ရက်နေ့တုန်းက နေအိမ်ဖောက်ထွင်းမှု ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက နိုက်ထရပ်အောက်ဆိုဒ်ရှူမှုကြောင့် စပါးစ်ရဲ့ ပွဲကစားခွင့် ပိတ်ပင်ခြင်းခံရပြီးနောက် ပြီးခဲ့တဲ့လတုန်းက ဒုတိယအကြိမ်မြောက်အဖြစ် မူးယစ်ဆေးသုံးစွဲကြောင်း ဗီဒီယိုသက်သေထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
စပါးစ်တွင် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ ရရှိနေတဲ့ ဘစ်ဆူမာက "ဒီအတွက် ဆိုးဆိုးရွားရွား ခံစားရပါတယ်။ တောင်းပန်ရပါမယ်။ ဒီဓာတ်ပုံ ထွက်ပေါ်လာ‌တော့ ကျွန်တော့်ကိုရော လူတိုင်းကိုပါ ရိုက်ခတ်ပါတယ်။ အထူးသဖြင့် ကျွန်တော့် မိသားစုကိုပေါ့။ ကျွန်တော့်အဖေ ဒါကို မြင်တော့ အရမ်းတုန်လှုပ်သွားခဲ့တယ်။ သူ့ကို နားလည်အောင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ဟုတ်မနေပါဘူး။ ဒါက ကျွန်တော့်အတွက်ရော ဂုဏ်သိက္ခာအတွက်ရော ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝအတွက်ပါ မကောင်းမှန်း သိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဇူလိုင်လတုန်းက ဖောက်ထွင်းသမားများဟာ ဘစ်ဆူမာရဲ့ နေအိမ်ကို ဖောက်ထွင်းပြီးနောက် တန်ဖိုးကြီးနာရီများ၊ လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးအိတ်များကိုလည်း ရယူသွားခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းက ပြင်သစ်တောင်ပိုင်းသို့ ရောက်ရှိနေစဉ် လုယက်ခြင်း ခံခဲ့သလို ဇူလိုင်လတုန်းကလည်း လူ ၂ ဦးတို့ သူ့နေအိမ်သစ်သို့ ဖောက်ထွင်းဝင်ရန် ကြိုးပမ်းခြင်း ကြုံရဖူးပါတယ်။
တဖက်တွင် သဟာ သူငယ်ချင်းအရင်းတစ်ဦးရဲ့ ငွေကြေးလိမ်လည်ခြင်းခံခဲ့ရကာ ငွေပြန်လည် ရရှိရေး ကြိုးစားနေရတုန်း ဖြစ်ပါတယ်။
ဘစ်ဆူမာက "ကျွန်တော့်စိတ်ကျန်းမာရေး အရမ်းဆိုးရွားတဲ့အချိန်တွေ ရှိတယ်။ ဖြစ်ပျက်ခဲ့တာတွေအတွက် အပြစ်ပုံချတာ မဟုတ်ဘူး။ ကျွန်တော်အပေါ် လူတွေ နာလည်လာစေချင်တာပါ။ တခါတလေ အိမ်မှာ အိပ်ရမှာတောင် ကြောက်လို့ လေ့ကျင့်ရေးကွင်းမှာ အိပ်ရတယ်။ သုံးလေးကြိမ်ဖြစ်ခဲ့တယ်။ တခါတလေ ငါးရက်အထိ ဖြစ်တယ်။ အိမ်မှာ မနေချင်လို့ လေ့ကျင့်ရေးကွင်းမှာပဲ အိပ်တယ်။ ဒီအကြောင်း ပြောရတာတောင် ခက်တယ်။ ကျန်းမာရေးမကောင်းတဲ့ အဖေအတွက်လည်း စိုးရိမ်ရတော့ ခေါင်းရှုပ်ရတယ်။ တခါတလေတောလည်း လူသားပဲလေ အခက်အခဲတော့ ရှိမှာပေါ့လို့ တွေးမိပါတယ်။ သန်မာအောင် နေဖို့ ကြိုးစားတယ်။ ကျွန်တော့်မျက်နှာမှာ ချစ်ချင်းမေတ္တာပြသနိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အတွင်းမှာတော့ မီးတောက်လောင်နေတယ်။ တစ်ပတ်ငါးကြိမ်လောက် စိတ်ကျန်းမာရေးဆရာနဲ့ တွေ့တယ်။ ဒါက စိတ်ကျတာပါ။ ဟုတ်ပါတယ်။ သေနေရမှာ ကြောက်နေတာလား? မဟုတ်ပါဘူး။ တခါတလေ ဘဝမှာ နိမ့်ကျသလို ခံစားရတာ ရှိတယ်။ ဒါပေမယ့် စိတ်ကို ပြန်လန်းဆန်းလာအောင် လုပ်ပြီး သန်မာအောင် နေရမယ်"လို့ ပြောကြားသွားပါတယ်။
ယခုအခါ ဘစ်ဆူမာဟာ မိသားစုများနှင့်အတူ အချိန်ုကုန်ဆုံးရင်း စပါးစ်ပထမအသင်းတွင် ပြန်လည် ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

image

ဘုန်းမောက်နှင့်ပွဲ မကန်မီအချိန်အထိ အာဖရိကစတား ၃ ဦးကို သုံး/မသုံးလျို့ဝှက်လာမယ့် ယူနိုက်တက်
=====================

ယူနိုက်တက်ဟာ တနင်္လာနေ့ည ဘုန်းမောက်နှင့်ပွဲ မကန်မီအချိန်အထိ အာဖရိကကစားသမား ၃ ဦးအား သုံး/မသုံး လျို့ဝှက်ဖို့ ကြိုးပမ်းလာပါတယ်။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲတုန်းက ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က အာဖရိကကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လို၊ နူဆာမာ့ဇ်ရာဝီတို့အား ဘုန်းမောက်ပွဲတွင် အသုံးပြုရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ ဩဂုတ်လ ၁၅ ရက်နေ့တွင် အာဖရိကဖလားပြိုင်ပွဲတွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် ပူးပေါင်းရပါမယ်။
ယူနိုက်တက်ဟာ ယင်းကစားသမား ၃ ဦးအား ဘုန်းမောက်နှင့်ပွဲတွင် အသုံးပြုရေးအတွက် ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်တို့နှင့် ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြအမိုရမ်ဟာ ယင်းကစားသမား ၃ ဦးအား အသုံးပြုခင့်ရ/မရ ရှင်းရှင်းလင်းလင်း သတင်းပေးခံထားရပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ယင်းကစားသမား ၃ ဦးအား သုံးခွင့် ရ/မရနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်လိုခြင်း မရှိပါဘူး။
ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် နူဆာမာ့ဇ်ရာဝီတို့ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ ပွဲဆက် ပွဲထွက်ကစားလာကြသူများ ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ နောက်ဆုံး အိုးထရက်ဖို့ဒ်ပွဲ ၂ ပွဲဆက် ၃-၀ ဖြင့် အနိုင်ရထားပြီး ယူနိုက်တက်နှင့် ၄ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။
ဒါပေမယ့် ၎င်းတိုဟာ လက်ရှိအချိန်တွင် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ယူနိုက်တက်မှာ နောက်ဆုံး ၉ ပွဲတွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။

image

အစ္စရေးကြောင့် ရုရှားအား နိုင်ငံတကာပြိုင်ပွဲ ပိတ်ပင်ထားမှု ဖယ်ရှားလာရဖို့ ရှိနေတဲ့ ယူအီးအက်ဖ်အေ
=====================

ယူအီးအက်ဖ်အေဟာ အစ္စရေးအား နိုင်ငံတကာပြိုင်ပွဲပိတ်ပင်ခြင်း မရှိမှုနှင့်အတူ ရုရှားကို နိုင်ငံတကာပွဲ ပိတ်ပင်ထားမှုမှ ဖယ်ရှားရေး ဆုံးဖြတ်ချက်ချလာရတော့မှာ ဖြစ်ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတုန်းက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲပြီးနောက် ဖီဖာရဲ့ နိုင်ငံတကာပြိုင်ပွဲ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
ရုရှားဟာ နိုင်ငံတကာခြေစမ်းပွဲ ကစားခွင့် ရှိနေသေးပေမယ့်လည်း ယူအီးအက်ဖ်အေနှင့် ဖီဖာတို့က ကြီးမူးကျင်းပတဲ့ ပြိုင်ပွဲများမှာ ပါဝင်ကစားခွင့် မရပါဘူး။
ရုရှားဟာ နိုင်ငံတကာပြိုင်ပွဲ ပိတ်ပင်ခြင်းခံရပြီးနောက် ယူကရိန်းကျူးကျော်စစ်အား ထောက်ခံတဲ့ တစ်ခုတည်းသော ဥရောပနိုင်ငံဖြစ်တဲ့ ဘီလာရုစ်အပြင် ဥရောပပြင်ပ အသင်းများနှင့်သာ ခြေစမ်းပွဲကစားလာခဲ့ရပါတယ်။
ဘီလာရုဇ်အား ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်တွင် ထောက်ပံ့ကူညီမှု ပြုလုပ်ပေမယ့်လည်း ယူအီးအက်ဖ်အေနှင့် ဖီဖာတို့ရဲ့ နိုင်ငံတကာပွဲ ပိတ်ပင်ခြင်းမခံရပါဘူး။
ဒါပေမယ့် ၎င်းတို့ဟာ နိုင်ငံတကာပွဲ လက်ခံကစားခွင့်မရခဲ့ပါဘူး။ ၎င်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်း ၃ ပွဲကို ဟန်ဂေရီတွင် ကစားခဲ့ရပြီး ၁ ဂိုးမျှ မသွင်းနိုင်ခဲ့ပါဘူး။
ဖီဖာနှင့် ယူအီးအက်ဖ်အေတို့ဟာ ဂါဇာတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ပြုလုပ်ထားတဲ့ အစ္စရေးတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်မှုကြောင့် ပြဿနာအကြီးကြီးတက်မယ့်အရေးမှ ရှောင်လွဲနိုင်ခဲ့ပေမယ့်လည်း ဖိအားများနှင့် ကြုံနေရပါတယ်။
အစ္စရေးဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာလတုန်းက ဟားမက်စ်တို့က အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ လူပေါင်း ၁၂၀၀ တို့အား သတ်ဖြတ်ပြီး ဓားစာခံ ၂၅၀ ဦးခန့်တို့အား ယူဆောင်သွားပြီးနောက် ဂါဇာကို ထိုးစစ်ဆင်ခဲ့ပါတယ်။
အစ္စရေးရဲ့ ထိုးစစ်ကြောင့် ကလေးသူငယ် ၁၇၀၀၀ အပါအဝင် လူပေါင်း ၇၀၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကာ ယူအန်ကလည်း လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ကြေညာထားပါတယ်။
အောက်တိုဘာလတုန်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြားဝင် စေ့စပ်ပေးမှုကြောင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း အစ္စရေးဟာ ယခုတိုင် ဂါဇာတွင် တိုက်ခိုက်မှု ပြုလုပ်နေဆဲ ဖြစ်ပြီး လူသေဆုံးမှု ရှိနေဆဲပါ။
ယူအီးအက်ဖ်အေဟာ အစ္စရေးအား နိုင်ငံတကာပြိုင်ပွဲ မပိတ်ပင်မှုနှင့်အတူ ယူကရိန်းကျူးကျော်စစ်ကြောင့် ပိတ်ပင်ထားတဲ့ ရုရှားကို ပြစ်ဒဏ်မှ ဖယ်ရှားရေး ဖိအားပေးခံလာရပါတယ်။
ဒါပေမယ့်လည်း ယူအီးအက်ဖ်အေအဖွဲ့ဝင် နိုင်ငံများက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရုရှားနှင့် ပွဲကစားရန် ငြင်းဆိုနေတဲ့ အခြေအနေကြောင့် ရုရှားအား နိုင်ငံတကာပြိုင်ပွဲ ပိတ်ပင်ထားမှု ဖယ်ရှားမှု ပြုလုပ်လာနိုင်ခြေ မရှိသေးဘူးလို့လည်း ယူဆရပါတယ်။

image

နိုင်ပွဲပျောက်နေတဲ့ ဝုဗ်ကို ကံကောင်းထောက်မလို့ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဆာကာ ဝန်ခံလာ
======================

ဘူကာယိုဆာကာက အာဆင်နယ်မှာ ယခုရာသီ ပရီးမီးယားလိဂ်တွင် နိုင်ပွဲပျောက်နေတဲ့ ဝုဗ်အား ကံကောင်းထောက်မလို့ Own Goal နှစ်ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလာပါတယ်။
အင်္ဂလန်လက်ရွေးစင်စတားဟာ အာဆင်နယ်တို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ၅ မှတ်ဖြတ်ပြီး ရပ်တည်နိုင်အောင် ဝုဗ်အား အနိုင်ရတဲ့ပွဲစဉ်မှ OG ဂိုး ၂ ဂိုးလုံးတွင် ပါဝင်ပတ်သက်ခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယနေ့ တနင်္ဂနွေနေ့တွင် ခရစ္စတယ်ပဲလေ့စ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့် မန်စီးတီးအား ဖိအားပေးနိုင်ရန်အတွက် ယခုရာသီ ပရီးမီးယားလိဂ်နိုင်ပွဲ ပျောက်နေတဲ့ ဝုဗ်အား အနိုင်ရရှိရန် လိုအပ်နေခဲ့ပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ ပွဲချိန် ၇၀ မိနစ်တွင် ဆာကာရဲ့ ဝေ့ဝိုက်ထောင့်ကန်ဘော တိုင်ထိပြီးနောက် ဂိုးသမားဂျွန်ဆင်နဲ့ ထိကာ ဂိုးဝင်သွားရာမှ ဂိုးရခဲ့ပါတယ်။
အာဆင်နယ်တို့ ရမှတ် ၃ မှတ်ရရှိမယ်လို့ ယူဆနေရချိန် ပွဲချိန်မိနစ် ၉၀ တွင် မားသီးယပ်စ်မာနေးရဲ့ ဖြတ်တင်ဘောကနေ တိုလူအေရိုကိုဒေးလ်က ခေါင်းတိုက်ကာ ဝုဗ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
အချိန်ပိုတွင် ပွဲအလှည့်အပြောင်းအဖြစ် ဆာကာရဲ့ ဖြတ်တင်ဘောအား ဝုဗ်နောက်ခံလူမော့စ်ကွီရာက ခေါင်းတိုက်ရာမှာ ကိုယ့်ဂိုးကိုယ်ဝင်သွားလို့ အာဆင်နယ်တို့ အနိုင်ဂိုးရခဲ့ပါတယ်။
ဆာကာက "ကံကောင်းလို့ပါ။ တခါတလေ ကံကောင်းဖို့ လိုတယ်။ ဒီနေ့ ကျွန်တော်တို့ဆီ ကံတရားရောက်လာခဲ့တယ်။ အမှတ်တွေယူပြီး အိမ်ပြန်မယ်။ ရှေ့ကိုပဲ ကြည့်မယ်။ မေလအထိ ဘာဖြစ်လာမလဲ မသိပါဘူး။ ဒါပေမယ့် ဒီည သုံးမှတ်ရလို့ ပျော်တယ်။ အမ်းမရိတ်ကွင်းသို့ လာကစားရတာ ခက်ခဲတယ်ဆိုတာ ပြိုင်ဘက်တွေကို သိစေချင်တယ်။ လယ်ကူတဲ့ပွဲတော့ မဟုတ်ခဲ့ပါဘူး။ စိတ်ပျက်စရာတွေ ရှိခဲ့တယ်။ အရိုးသားဆုံးပြောပါမယ်။ ပြောချင်တဲ့ မက်ဆေ့ချ်ကတော့ စိတ်ရှည်ရှည်နဲ့ ကြိုးစား နောက်ဆုံး ဆုလာဘ်ခံစားရမယ်ဆိုတာပါ။ စိတ်ဓာတ်ပိုင်းမြင့်မားနေပါတယ်။ ပြီးတော့ လာမယ့်အပတ်အထိ အနားရထားတယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ လာမယ့် စနေနေ့တွင် Hill Dickinson Stadium သို့ သွားရောက်ကာ အကောင်းဆုံးပုံစံ ရနေတဲ့ အဲဗာတန်နှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲပြီးလျှင် အာဆင်နယ်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပြီး နှစ်မကုန်မီ ဘရိုက်တန်၊ ဗီလာတို့နှင့် ရင်ဆိုင်ရပါဦးမယ်။

image

ကိုလ်ကတ္တားကွင်းတွင် ရုပ်ဆိုးအကျည်းတန်အဖြစ်အပျက် ဖြစ်ပျက်ပြီး အိန္ဒိယတွင် အကြီးအကျယ်စိတ်မသက်မသာ ဖြစ်နေတဲ့ လီယွန်နယ်မက်ဆီ
====================

လီယွန်နယ်မက်ဆီဟာ စနေနေ့တုန်းက ကိုလ်ကတ္တားရှိ Salt Lake Stadium တွင် မိနစ် ၂၀ ခန့် လူလုံးပြပြီးနောက် ကွင်းအတွင်း ပရိသတ်ဆူပူသောင်းကျန်းမှုကြောင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရကာ GOAT Tour ခရီးစဉ်အတွင်း အကြီးအကျယ် စိတ်မသက်မသာ ဖြစ်နေပါတယ်။
စနေနေ့တုန်းက Salt Lake Stadium တွင် ပရိသတ် ၈၅၀၀၀ တို့ဟာ မက်ဆီ အနီးတွင် နိုင်ငံရေးသမားများနှင့် စယ်လီများ ၇၀ ဦးမှ ၈၀ ဦးအထိ ဝိုင်းရံနေမှုနှင့်အတူ စူပါစတား ကစားသမားအားမမြင်တွေ့ရမှုကြောင့် ပွဲစီစဉ်သူအပေါ် အကြီးအကျယ် ဒေါသထွက်ကာ ကွင်းအတွင်း ထိုင်ခုံများ၊ အရာဝတ္တုပစ္စည်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
မက်ဆီဟာ ယင်းအခြေအနေဆိုးကြောင့် ကစားဖော်များဖြစ်ကြတဲ့ လူးဝစ်ဆွာရက်ဇ်၊ ရိုဒရီဂိုဒီပေါလ်တို့နှင့်အတူ ကွင်းအတွင်းမှ ထွက်ပြေးခဲ့ရပါတယ်။
ယနေ့တွင် Sports Now ရဲ့ ဖော်ပြလာမှုအရ မက်ဆီဟာ သူ့ အနီးဝန်းကျင်အတွင်း လုံခြုံရေးဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ဝန်ထမ်းများအလွန်အမင်း ဝိုင်းရံနေမှုအပေါ်တွင် အကြီးအကျယ် စိတ်မသက်မသာ ဖြစ်ခဲ့ရကြောင်းလည်း သိရပါတယ်။ အထက်ပါသတင်းကို အိန္ဒိယအလယ်တန်းကစားသမားဟောင်းလာလ်ကာမယ်ဘော်မစ်ခ်က အတည်ပြု ပြောကြားသွားတာလည်း ဖြစ်ပါတယ်။
မက်ဆီရဲ့ GOAT Tour အစီအစဉ် ပထမနေ့တွင်ပင် အကြီးအကျယ် ရုပ်ဆိုးအကျည်းတန် အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပြီးနောက် ပွဲစီစဉ်သူ ရှာတာဒရူဒတ်တာမှာလည်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရပါတယ်။
ဒတ်တာဟာ အာမခံပေးရန် ငြင်းဆိုခြင်းခံထားရပြီး အချုပ်ခန်းထဲတွင် ၁၄ ရက်ကြာ နေရပါမယ်။ တဖက်တွင် အိန္ဒိယအာဏာပိုင်များဟာ ပွဲစီမံခန့်ခွဲမှု ညံ့ဖျင်းမှုအား စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့ထားသလို ပရိသတ်များအား လက်မှတ်ဖိုးပြန်အမ်းရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။
မက်ဆီဟာ ကိုလ်ကတ္တားတွင် ဆိုးရွားတဲ့ အဖြစ်အပျက် ကြုံခဲ့ရပေမယ့်လည်း စနေနေ့ ညနေပိုင်းတွင်ပင် ဟိုက်ဒရာဘတ်ခရီးစဉ်တွင် အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်။ သူဟာ ဟိုက်ဒရာဘတ်တွင်မူ ဒေသတွင်း လူငယ်ကစားသမားများနှင့် အတူ တွဲကစားခဲ့သလို ပရိသတ်များကိုလည်း ကောင်းမွန်စွာ နှုတ်ဆက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဟိုက်ဒရာဘတ်တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် မွမ်ဘိုင်း၊ နယူးဒေလီတို့အား ဆက်လက် ခရီးဆက်နေပါတယ်။

image

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လီဗန်တေးနှင့် ဗီလာရီးရဲလ်ပွဲကို ရွှေ့ဆိုင်း
====================

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာသီဥတုအနီရောင် သတိပေးချက်ရှိနေမှုနှင့်အတူ လာလီဂါပွဲစဉ်အား ရွှေ့ဆိုင်းလာပါတယ်။
လီဗန်တေးနှင့် ဗီလာရီးရဲလ်ပွဲအား ရွှေ့ဆိုင်းလိုက်ရတာပါ။
ယင်းပွဲကို ယနေ့ ဒေသတွင်း စံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကစားရန် စီစဉ်ထားတာပါ။
ဒါပေမယ့် ဗလင်စီယာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အနီရောင်အဆင့် ရာသီဥတုသတိပေးမှု ပြုလုပ်ထားရာ ပွဲကို ရွှေ့ဆိုင်းလာပါတယ်။
ယင်းပွဲလက်မှတ်ကို ဝယ်ယူထားသူများအနေဖြင့် ပွဲပြန်လည်ကစားချိန်တွင် ပြန်ကြည့်နိုင်မှာ ဖြစ်သလို ပြန်မကစားနိုင်တော့တဲ့ ပရိသတ်များအနေဖြင့်လည်း ငွေပြန်အမ်းနိုင်ပါတယ်။
ဗလင်စီယာပြည်နယ်တွင် စနေနေ့ အစောပိုင်းကတည်းက မိုးရွာသွန်းလာခဲ့တာ ဖြစ်ပြီး ယနေ့ တနင်္ဂနွေနေ့တွင် အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
မိုးလေဝါသခန့်မှန်းချက်များအရ မိုးရွာသွန်းမှုမှာ နောက်ထပ် ၃၆ နာရီအထိ ဆက်လက် ဖြစ်ပွားနိုင်ပြီး မိုးသက်မုန်တိုင်းပါ ကျရောက်နိုင်ပါတယ်။
တဖက်တွင် စပိန်အာဏာပိုင်များဟာ ဒေသတွင်း နေထိုင်သူများအား SMS ပေးပို့ကာ အထူးသတိထားပြင်ဆင်ထားဖို့လည်း သတိပေးစာပေးပို့ထားပါတယ်။
ဗလင်စီယာပြည်နယ်တွင် လွန်ခဲတဲ့တစ်နှစ်ခန့်တုန်းကလည်း ဆိုးရွားတဲ့ မိုးရွာသွန်းမှု ဖြစ်ခဲ့ဖူးပါတယ်။
အရေးပေါ် အကူအညီပေးသူများဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတော်တဆမှု ပေါင် ၄၀၀၀၀ ကျော်တို့အား သွားရောက်ကယ်ဆယ်မှု ပြုလုပ်ခဲ့ရပါတယ်။ ယမန်နှစ်ဆိုးရွားတဲ့ မိုးရွာသွန်းမှုကြောင့် လူပေါင်း ၂၃၄ ဦး သေဆုံးခဲ့သလို ပေါင် ၃ ဘီလီယံဖိုးကျော် ဖျက်ဆီးခဲ့ရပါတယ်။

image

အေဂျက်စ်သို့ ကာလတို စာချုပ်ဖြင့် ပြောင်းရွှေ့လာတော့မယ့် အာဆင်နယ်နောက်ခံလူဟောင်းတိုမီယာဆု
=======================

အာဆင်နယ်နောက်ခံလူဟောင်းတာကီဟီရိုတိုမီယာဆုဟာ ရာသီအကုန်အထိ ကာလတို စာချုပ်ဖြင့် ဒတ်ချ်ထိပ်သီးကလပ် အေဂျက်စ်သို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင်ကစားသမားဟာ လာမယ့် အင်္ဂါနေ့မှာ ဆေးစစ်ဆေးမှု ခံယူလာပါမယ်။
တိုမီယာဆုနှင့် အာဆင်နယ်တို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးရန် တစ်နှစ်အလိုတွင် နှစ်ဦး သဘောတူစာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပြီး အေဂျက်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းနိုင်ပါမယ်။
အာဆင်နယ်ဟာ နွေရာသီတုန်းက နောက်ခံလူများဖြစ်ကြတဲ့ ပီရိုဟန်ကာပီနှင့် ခရစ္စတီယန်မော့စ်ကွီရာတို့အား ခေါ်ယူထားတာကြောင့် တိုမီယာဆုအနေဖြင့် အသင်းတွင် ကစားခွင့် ပိုမိုနည်းပါးလာမှာ ဖြစ်လို့ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
အသက် ၂၇ နှစ်ရှိ တိုမီယာဆုဟာ ဖေဖော်ဝါရီလတုန်းက ဒူးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် အပြည့်အဝ ပြန်လည်ကောင်းမွန်လာထားပြီးဖြစ်ကာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီလည်း ဖြစ်ပါတယ်။
သူဟာ အမ်စတာဒမ်တွင် ဆေးစစ်ဆေးမှု အောင်မြင်လာပါက အေဂျက်စ်တွင် ကစားသမားဘဝ ရှေ့ဆက်လာပါမယ်။
အေဂျက်စ်နှင့် တိုမီယာဆုအကြားတွင် စာချုပ်ကိစ္စသဘောတူညီမှု ရထားပြီးဖြစ်ကာ စာချုပ်သက်တမ်းတိုးနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားခြင်း မရှိပါဘူး။
တိုမီယာဆုဟာ ၂၀၂၁ ခုနှစ်တွင် ဘိုလော့ဂ်နာမှ ပြောင်းလာပြီးနောက် ၈၄ ပွဲကစားပေးခဲ့ပါတယ်။ သူဟာ အာဆင်နယ်အတွက် နောက်ဆုံးပွဲအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ဆောက်သမ်တန်အား အနိုင်ရတဲ့ပွဲမှာ ကစားခဲ့တာပါ။

image

အလာဗက်စ်အား အနိုင်ယူကာ အလွန်ဆိုအပေါ် ကျရောက်နေတဲ့ ဖိအားကို လျှော့ချနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
=====================

ရီးရဲလ်မက်ဒရစ်ဟာ မဖြစ်မနေ အနိုင်ရယူရန် လိုအပ်နေတဲ့ အလာဗက်စ်အား ၂-၁ ဖြင့် အနိုင်ယူကာ အလွန်ဆိုအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချနိုင်ခဲ့ပါတယ်။
အလွန်ဆိုဟာ ဆဲလ်တာဗီဂို၊ မန်စီးတီးတို့အား ဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်နေခဲ့တာ ဖြစ်ပြီး ၃ ပွဲဆက် ရှုံးနိမ့်ပါက ဘာနေဗျူးကာလ အဆုံးသတ်ဖို့ ကိန်းဆိုက်နေသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အဝေးကွင်းတွင် အပြင်းအထန် တိုက်ဝင်ဝင်ကာ အနိုင်ယူပြီး ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ်အကွာတွင် ဆက်လက် ရပ်တည်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အောက်တိုဘာလနှောင်းပိုင်းတုန်းက El Clasico ပွဲတွင် ဘာစီလိုနာကို အနိုင်ရရှိပြီးတဲ့နောက် ၅ မှတ်အထိ ဖြတ်နိုင်ခဲ့ပေမယ့်လည်း အယ်ချီ၊ ဗယ်လီကာနိုတို့အား သရေကျလာမှုနဲ့အတူ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာရဲ့ ထိန်းချုပ်ခြင်းခံလာရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပွဲချိန် ၂၄ မိနစ်တွင် ဂျူ့ဘယ်လင်ဂမ်ရဲ့ ဖန်တီးမှုကနေ ကိုင်လီယန်ဘက်ပေးရဲ့ လာလီဂါ ၁၇ ဂိုးမြောက်ဂိုးဖြင့် အပြင်းကန်ပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတွင် ပီအက်စ်ဂျီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ဂိုး ၇၀ အထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ပွဲချိန် ၆၈ မိနစ်တွင် ကားလို့စ်ဗင်းဆင့်တီက အန်တိုနီယိုဘလန်ကိုရဲ့ ဖန်တီးမှုကနေ အလာဗက်စ်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။
ဒါပေမယ့် ၇၆ မိနစ်မှာ ရိုဒရီဂိုက ဗီနီရှပ်စ်ရဲ့ အပိုင်ပေးပို့မှုကနေ အနီးကပ် ပိတ်သွင်းပြီး ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုး သွင်းလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်စနေနေ့မှာ လာလီဂါပွဲစဉ်အဖြစ် ဆီဗီလာကို ဧည့်ခံကစားရပါမယ်။

image