8 w - Translate

မနာလိုစိတ်ရှိတဲ့သူနဲ့
မရှိတဲ့သူဆိုတာ
မျက်နှာမှာတင်အရမ်းကွာတယ်
လှတာမလှတာထက်
အေးချမ်းတာနဲ့ ပူလောင်တာ မှာ
သိသာလွန်းတယ်
ဘယ်လိုပဲ
ဟန်ဆောင်နေပေမဲ့
ခံစားချက်အစစ်အမှန်ကိုတော့
ဖုံးကွယ်လို့မရပါဘူး
အထူးသဖြင့် မျက်နှာမှာပေါ့
မျက်နှာလေးက
ဘယ်လောက်ပဲ လှနေပါစေ
မကောင်းတဲ့စိတ်တွေဝင်လာရင်
အကြည်ဓာတ်တွေပျောက်ဆုံးပြီး
ရုပ်ဆိုးသွားတတ်တယ်
မနာလိုစိတ်ဆိုတာ
ကောင်းတဲ့အရာတစ်ခု မဟုတ်လို့
မမွေးမြူတာ အကောင်းဆုံးပါပဲ
ကိုယ့်ထက်သာတဲ့
တော်တဲ့သူ တွေ့တဲ့အခါ
ချီးကျူးသင့်ရင် တော်တယ်လို့
ရဲရဲ ချီးကျူးလိုက်ပါ
အားကျသင့်ရင် ပွင့်ပွင့်လင်းလင်း
အားကျလိုက်ပစ်လိုက်ပါ
စိတ်ထဲမှာ ကြိတ်ခံစားပြီး
ကိုယ့်ကိုကိုယ် ပူလောင်မခံပါနဲ့
သူလည်း သူ့ဘဝနဲ့ သူ
ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ်ပါ
သူက ကိုယ့်ထက်သာနေလို့
သူ့လိုဖြစ်ချင်ရင်
သူ့လို လိုက်ကြိုးစားပါ
သူ့လိုဖြစ်အောင် လုပ်ပါ
ကိုယ်လည်း ဖြစ်လာနိုင်ပါတယ်
ကိုယ်ပိုင်ဆိုင်ထားတဲ့
ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့
ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ မကောင်းတဲ့
စိတ်ဓာတ်တွေ
အရည်အသွေးတွေ
မရှိနေမှ ဖြစ်မှာပါ
အများကြီးမဟုတ်ရင်တောင်
ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့
ရှိအောင်ကြိုးစားပါ
ကိုယ့်ထက်သာရင်
မနာလိုတယ်ဆိုတဲ့
အရာကြီးက
စိတ်ကိုတင်မကပဲ
လူကိုပါ ရုပ်ဆိုးစေတာမို့
မထားတာအကောင်းဆုံးပါပဲ
ကိုယ့်စိတ်နဲ့ကိုယ်
ပူလောင် မခံပါနဲ့
ရုပ်ဆိုးမခံပါနဲ့
လှအောင်ပဲနေပါ
စိတ်ထားလှရင် လူကလည်း
သူ့အလိုလို လှလာပါလိမ့်မယ်
လေးစားစွာဖြင့် ~ ☕
#ℂ?????_

image

အသည်းအတွက် ဆေးဖက်ဝင် ဆူးပဒေါင်းပင်
အသည်းအတွက် ဆေးဖက်ဝင် ဆူးပဒေါင်းပင်
အသည်းရောဂါကြောင့် တကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သဘာဝဆေးပင်တမျိုးကို မျှဝေပေးချင်ပါတယ်။
လက်တွေ့သောက်သုံးပြီး အမှန်တကယ်ပျောက်ကင်းခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။
၄င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင် (ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါတယ်။
ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရတတ်ပါတယ်။
အပင်မှာ ဆူးအနည်းငယ် ပါပါတယ်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါတယ်။ အပင်၏ ပုံစံကို ပုံနှင့်တကွ တွဲ၍ ဖော်ပြပေးလိုက်ပါတယ်။
ဆေးနည်း
ဆူးပဒေါင်းပင်ကို အမြစ်ပါအောင် နှုတ်ယူပါ။
အမြစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင်ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။
၄င်းအပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။
ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။
၄င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယဆေးဆိုင်များတွင် ၀ယ်ယူနိုင်ပါတယ်)
ဆေးရည်သောက်ပြီးလျှင် ဆီးခဏခဏ သွားပါလိမ့်မည်။
တနေ့တအိုး ကျိုသောက်၍ ၃ ရက်ခန့် သောက်ပြီး ရောဂါသိသာစွာ သက်သာပျောက်ကင်းပါလိမ့်မည်။
၄င်းဆူးပဒေါင်းပင်ကျို အဖတ်ကို နေရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါတယ်။
အသည်းရောဂါများသာမကပဲ ကျောက်ကပ်ရောဂါနှင့် ဆီးရောဂါများအတွက်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။crd

image
8 w - Translate

Mix minimalist fine line tattoo ideas

image
8 w - Translate

အမေရိကမှာ ရွှေ့ပြောင်းလူသားတွေကို အကြမ်းဖက်နိုမ်နင်းနေတဲ့ Donald Trump လက်အောက်ဆွဲ ICE အဖွဲ့ကို GRAMMYs (၅) ဆုရှင်ဖြစ်လာတဲ့ Bad Bunny မှ မိန့်ခွန်းမှာ ဆန့်ကျင်ခဲ့ပါတယ် … ✊
“ ဘုရားကို ကျေးဇူးမတင်ခင် ICE OUT လို့ အရင်ဆုံးပြောချင်ပါတယ်။ ကျွန်တော်တို့တွေဟာ အရိုင်းအစိုင်း တိရစ္ဆာန်တွေ မဟုတ်ကြပါ။ ကျွန်တော်တို့ဟာလည်း လူသားတွေ အမေရိကန်တွေ ဖြစ်ကြပါတယ်။ ”
Bad Bunny မှ “ICE OUT” လို့ ပြောလိုက်တဲ့အချိန်မှာ ပွဲခင်းထဲမှ အဆိုတော်တွေအကုန် မတ်တပ်ရပ် အားပေးခဲ့ကြပါတယ်။

image

ခြင်းတောင်းနဲ့ ကောက်ရိုးမှိုစိုက်ပျိုးတာဟာ နေရာအနည်းငယ်ပဲ လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှု နည်းနည်းနဲ့ အကျိုးအမြတ် မြန်မြန်ရနိုင်တဲ့ စိုက်ပျိုးရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ခြံဝင်းကျဉ်းသူတွေ ဒါမှမဟုတ် အပိုဝင်ငွေရှာချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ စိုက်ပြီး (၇) ရက်ကနေ (၁၀) ရက်အတွင်းမှာတင် စတင်ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်လို့ ဈေးကွက်ထဲမှာလည်း အမြဲဝယ်လိုအားရှိနေတဲ့ မှိုအမျိုးအစားဖြစ်ပါတယ်။
#ပြင်ဆင်ရမည့်ပစ္စည်းများ
၁။ အပေါက်ပါသော ပလတ်စတစ်ခြင်းတောင်း (အချင်း ၃၀-၄၀ စင်တီမီတာခန့်)
၂။ ခြောက်သွေ့သန့်ရှင်းသော ကောက်ရိုး (မှိုမတက်စေရ)
၃။ ကောက်ရိုးမှိုမျိုး (အဖြူရောင်အမျှင်များ အားကောင်းပြီး အနံ့မနံသောမျိုးကို ရွေးချယ်ပါ)
၄။ အားဖြည့်စာများ - ဖွဲနု၊ ကောက်ညှင်းမှုန့်၊ နွားချေးခြောက်မှုန့်
၅။ ရေနှင့် ပလတ်စတစ်စ သို့မဟုတ် ဂုန်နီအိတ် (အုပ်ရန်)
#ကောက်ရိုးပြင်ဆင်နည်း
ကောက်ရိုးကို ရေထဲမှာ ၆ နာရီကနေ ၁၂ နာရီအထိ စိမ်ထားပါ။
ပြီးနောက် ပြန်ဆယ်ပြီး ရေစစ်ထားပါ။ ကောက်ရိုးဟာ စိုစွတ်နေရပေမယ့် ရေတွေရွှဲမနေရပါဘူး (လက်နဲ့ညှစ်ကြည့်ရင် ရေစိမ့်ထွက်ရုံလောက်ပဲ ဖြစ်ရပါမယ်)။
#ခြင်းတောင်းထဲတွင်စိုက်ပျိုးပုံအဆင့်ဆင့်
၁။ ပထမအလွှာ - ကောက်ရိုးကို ခြင်းတောင်းအောက်ခြေမှာ ၈-၁၀ စင်တီမီတာအထူ ဖိထည့်ပါ။ ခြင်းတောင်းအနားပတ်လည်မှာ အားဖြည့်စာနဲ့ မှိုမျိုးကို ဖြန့်ချပါ (အလယ်ကို ချန်ထားပါ)။
၂။ ဒုတိယအလွှာ - ကောက်ရိုးထပ်ထည့်ပြီး ပထမအလွှာအတိုင်း အနားပတ်လည်မှာ အားဖြည့်စာနဲ့ မှိုမျိုးထည့်ပါ။
၃။ တတိယအလွှာ (အပေါ်ဆုံး) - ကောက်ရိုးနဲ့ အုပ်ပေးပြီး အားဖြည့်စာ အနည်းငယ်ဖြူးပေးပါ။ အပေါ်ဆုံးမှာတော့ မှိုမျိုးထည့်စရာမလိုပါဘူး။
#စောင့်ရှောက်ထိန်းသိမ်းနည်း
ရေလောင်းတဲ့အခါ ခြင်းတောင်းဘေးပတ်လည်ကိုပဲ လောင်းပေးပါ။ ကောက်ရိုးပုံပေါ် တိုက်ရိုက်မလောင်းပါနဲ့ (မှိုမျိုးပုပ်သွားနိုင်ပါတယ်)။
ခြင်းတောင်းကို ပလတ်စတစ်စ သို့မဟုတ် ဂုန်နီအိတ်နဲ့ လုံအောင်အုပ်ပြီး အရိပ်ထဲမှာ ထားပါ။ အပူချိန် ၃၅-၄၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိရပါမယ်။
၄ ရက်ကနေ ၅ ရက်မြောက်မှာ အုပ်ထားတဲ့အိတ်ကိုဖွင့်ပြီး လေပေးပါ။ မှိုငုံလေးတွေ စတင်ထွက်လာပါလိမ့်မယ်။
#ခူးဆွတ်ခြင်း
၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ စတင်ခူးဆွတ်နိုင်ပါတယ်။
မှိုငုံလေးတွေ တင်းနေတဲ့အချိန်မှာ ခူးရင် ဈေးအကောင်းဆုံးရပါတယ်။
ခြင်းတောင်းတစ်လုံးဟာ ပျမ်းမျှ မှို ၅၀ သားကနေ ၁ ကီလိုအထိ ထွက်ရှိနိုင်ပါတယ်။
#အချက်အချာကျသောသတိပြုရန်များ
ကောက်ရိုး အလွန်အမင်း မစိုရပါစေနဲ့။
ကောက်ရိုးကို ကျပ်လွန်းအောင် မဖိရပါ၊ လေဝင်လေထွက်ရှိရပါမယ်။
မှိုပုံပေါ် ရေတိုက်ရိုက်မလောင်းရပါ။
မိမိအိမ်က နေရာလပ်လေးတွေမှာ ဒီနည်းလမ်းလေးကို အသုံးပြုပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#
Credit : forevermmmedia

image

မိမိကိုစောင့်ရှောက်သော ကိုယ်စောင့်နတ်များထံ ကုသိုလ်အမျှပေးဝေနည်း (ရေစက်ချနည်း) 🙏
ရှေးလူကြီးသူမများ၏ အစဉ်အဆက်ယုံကြည်မှုအရ မိမိကိုစောင့်ရှောက်နေသော ကိုယ်စောင့်နတ်များထံ ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေခြင်းသည် မိမိ၏ကံဇာတာကို ပြန်လည်ပံ့ပိုးပေးရာရောက်ပါသည်။ ဤသို့ မကြာခဏပြုလုပ်ပေးခြင်းဖြင့် ဘဝလမ်းခရီးသာယာဖြောင့်ဖြူးခြင်း၊ တိုးတက်အောင်မြင်ခြင်းနှင့် စိတ်နှလုံးအေးချမ်းခြင်းတို့ကို ရရှိစေနိုင်သည်ဟု ယုံကြည်ကြပါသည်။
လိုအပ်သည့်အရာ -
ရေသန့် ၁ ခွက်
ပြုလုပ်ပုံအဆင့်ဆင့် (နားလည်လွယ်သောနည်းလမ်း) -
၁။ ရေခွက်ကို မျက်ခုံးနှစ်ခုကြားတွင် မြှောက်၍ စိတ်ကိုငြိမ်အောင်ထားပါ။
၂။ "နမောတဿ" (၃) ကြိမ် ရွတ်ဆိုပြီးနောက် အောက်ပါအတိုင်း အဓိဋ္ဌာန်ပြုပါ။
"နမောဗုဒ်ဓါယ - ဘုရားငါးဆူကို ပင့်ဖိတ်ပြီး သက်သေအဖြစ် တိုင်တည်ပါ၏ အရှင်ဘုရား။"
၃။ ထို့နောက် ဤသို့ ကုသိုလ်အမျှပေးဝေပါ -
"ဣဒံ သဗ္ဗဒေဝါနံ ဟောတု သုခိတာ ဟောန္တု သဗ္ဗေ ဒေဝါ"
(ဤကုသိုလ်အဖို့ကို ကြှနျုပျကိုစောင့ျရှောကျသော နတ်အပေါင်းတို့ ရရှိကြပါစေ၊ နတ်အပေါင်းတို့ ချမ်းသာကြပါစေသတည်း။)
၄။ ရေကို မြေကြီးပေါ်သို့ ဖြည်းညှင်းစွာလောင်းချရင်း စိတ်ထဲမှ ရိုသေစွာ ဆက်လက်ဆိုပါ -
"ကြှနျုပျ (မိမိအမည်) ပြုလုပ်အပ်သော ဤကုသိုလ်အစုစုကို မြေစောင့်နတ်၊ ရေစောင့်နတ်များမှတစ်ဆင့် သက်သေအဖြစ် တိုင်တည်ပါ၏။ ကြှနျုပျအား စောင့်ရှောက်သော ကိုယ်စောင့်နတ်များ အပါအဝင် ဘဝအဆက်ဆက်မှ နတ်ကောင်းနတ်မြတ်များ အားလုံး ကုသိုလ်အမျှ ရရှိကြပါစေ။ မည်သည့်အတားအဆီးမှမရှိဘဲ ခပ်သိမ်းသော ဘုံဘဝအသီးသီးမှ သတ္တဝါများထံသို့ ဤကုသိုလ်များ ရောက်ရှိပါစေသတည်း။"
မှတ်သားရန် အချက် -
ဤနေရာတွင် အဓိကအကျဆုံးမှာ "စေတနာနှင့် တည်ငြိမ်သောစိတ်" ဖြစ်ပါသည်။ ခမ်းနားထည်ဝါနေရန် မလိုသော်လည်း ရိုရိုသေသေနှင့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စိတ်ပေါ့ပါးလန်းဆန်းလာပြီး ဘဝလမ်းကြောင်းကောင်းများ ပွင့်လင်းလာပါလိမ့်မယ်။

Credit>>>

8 w - Translate

😎

image

မြန်မာ့အရေးအာဆီယံဆွေးနွေးပွဲသို့ကမ္ဘောဒီးယားဝန်ကြီး တက်ရောက်

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန်းသည် ဖိလစ်ပိုင်နိုင်ငံ၌ ဗုဒ္ဓဟူးနေ့က ကျင်းပသော မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ရပ်အကောင်အထည်ဖော်မှုဆိုင်ရာ အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် မြန်မာအစိုးရက ဦးဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်မှတစ်ဆင့် တည်ငြိမ်မှု ပြန်လည်ရရှိစေရန် အာဆီယံက မြန်မာနိုင်ငံအပေါ် ကူညီပံ့ပိုးပေးမည်ဟု သန္ဒိဌာန်ပြုခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကသတင်း ထုတ်ပြန်ချက်အရ ဤဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို ၏ ဖိတ်ကြားချက်အရ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးက သူ့အား ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းကို ကြိုဆိုခဲ့ပြီး သူ၏ လုပ်ပိုင်ခွင့်များနှင့် ဘုံသဘောတူညီချက် ၅-ချက်မူ အကောင်အထည်ဖော်ရန် ဖိလစ်ပိုင်၏ ကြိုးပမ်းမှုများကို အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
အစည်းအဝေးအတွင်း ပရက်ဆိုခွန်းက ဘုံသဘောတူညီချက် ၅-ချက်မူသည် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အာဆီယံ၏ အဓိက ကိုးကားရမည့် မူဘောင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဘုံသဘောတူညီချက် ၅-ချက်မူသည် လက်တွေ့ကျပြီး ထိရောက်မှုရှိစေရန် အတွက် အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူများထောက်ခံသည့် ခိုင်မာသော ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် ရေရှည်တည်ငြိမ်ရေးအတွက် အရေးကြီးသော လမ်းစဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲပြင်ပြအစီအစဉ်များအဖြစ် ပရက်ဆိုခွန်းသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် နှစ်နိုင်ငံချင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ဘရူနိုင်းဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆွေးနွေးခဲ့ပြီး ဒူးခေါင်းခွဲစိပ်မှုခံယူထားသည့် စူလတန်ဘုရင်ထံ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ဆုတောင်းမေတ္တာစာ ပေးပို့မှုအတွက် ဘရူနိုင်းဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဗီယက်နမ်ဝန်ကြီးနှင့် တွေ့ဆုံရာတွင် အိမ်နီးချင်းကောင်း ပီသမှုနှင့် ရေရှည်တည်ငြိမ်ရေးကို အလေးထားဆွေးနွေးခဲ့သည်။ မလေးရှားဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကမ္ဘောဒီးယား-ထိုင်း အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက်မလေးရှား၏ ကြိုးပမ်းမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး ကျင်းပရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပရက်ဆိုခွန်းသည် လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် ဆီဘူးကျွန်းတွင် တွေ့ဆုံကာ ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် သံတမန်ဆက်ဆံရေး (၇၀) ပြည့် အထိမ်းအမှတ်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့သည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ဆွေးနွေးခဲ့သကဲ့သို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ယခုနှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှား၌ ကျင်းပမည့် (၆) ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံမှုအားလုံးတွင် ပရက်ဆိုခွန်းသည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အသိပေးကြေညာခဲ့သည်။ ဤတွေ့ဆုံမှုများသည် အာဆီယံယန္တရားများတွင် ကမ္ဘောဒီးယား၏ တက်ကြွစွာ ပါဝင်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် ဆက်လက်ကတိပြုထားမှုကို ထင်ဟပ်စေကြောင်း ဝန်ကြီးဌာနက ဖော်ပြထားပါသည်။

image

ဒါကာ-ကရာချိ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်း

၁၀ နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်လေကြောင်းလိုင်း ဘီမန်းဘင်္ဂလားဒေ့ရှ် သည် မြို့တော်ဒါကာမှ ပါကစ္စတန်နိုင်ငံ ကရာချိသို့ တိုက်ရိုက်ပျံသန်းမှုများကို ပြန်လည်စတင်လိုက်ပြီဖြစ်သည်။
ခရီးစဉ် ဘီဂျီ-၃၄၁ သည် ဒါကာ မှ ပထမဆုံးသော လေယာဉ်ဖြစ်ပြီး ည ၈ နာရီဝန်းကျင်တွင် ဟာဇရတ် ရှားဂျလာလ် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ကရာချီ သို့ ထွက်ခွာခဲ့သည်။ ကြာသပတေးနေ့တွင် ဒေသစံတော်ချိန်၌ ခရီးသည် ၁၃၈ ဦးခန့် တင်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အရပ်ဘက်လေကြောင်းနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အကြံပေး ရှိုက်ခ် ဘာရှီးရ် အူဒ်ဒင် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပါကစ္စတန် မဟာမင်းကြီး အင်မရမ် ဟိုင်ဒါ တို့ ပူးပေါင်း၍ ဖွင့်ပွဲ အထိမ်းအမှတ် ဖဲကြိုးဖြတ် အခမ်းအနားသို့ ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော် အလံတင် လေယာဉ်သည် ဒါကာ-ကရာချိ ခရီးစဉ်ကို ကြာသပတေး နေ့နှင့် စနေနေ့တိုင်း ပြေးဆွဲမည်ဟု ဆိုသည်။ တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ပြန်လည်စတင်ခြင်းသည် တောင်အာရှနှစ်နိုင်ငံကြား ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမည်ဟု မျှော်လင့်ရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာချိန်တွင် တိုက်ရိုက်ပျံသန်းမှု ပြန်လည်စတင်လာခြင်းဖြစ်သည်။

image

ယာဉ်တိမ်းမှောက်မှု ဖြစ်ခဲ့သော ဇော်လေးနိုင် ဇာတ်သဘင်ကို ဧရာဝတီဖောင်ဒေးရှင်းက သိန်းသုံးရာလှူဒါန်း

နေပြည်တော်၊ တပ်ကုန်းမြို့ကို ဖျော်ဖြေရန် သွားရောက်သည့် ဇာတ်အဖွဲ့ ကားမှောက်မှုကြောင့် ၈ဦး အသက်
ဆုံးခဲ့ရသည့် ဇာတ်သဘင်ကို ဧရာဝတီဖောင်ဒေးရှင်းမှ ကျပ်သိန်း သုံးရာ လှူဒါန်းသည်။
ထိုသို့လှူဒါန်းခြင်းကို မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟိုက ယနေ့ (ဇန်နဝါရီ ၃၀) ၌ ထုတ်ပြန်ခြင်း ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဖိုးချစ်သည်လည်း နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြသော ဒါဏ်ရာရရှိသူများ အား တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
ထိုနည်းတူ မြို့ရွှေမန်းသားဖိုးချစ်” ဇာတ်သဘင်အဖွဲ့နှင့် ပရိသတ်များမှလည်း အလှုငွေ ကျပ်သိန်း (၁၀၀) တိတိကို လှူဒါန်းခဲ့သေးသည်။
ယင်းဇာတ်အဖွဲ့သည် နေပြည်တော်၊ တပ်ကုန်းမြို့ကို ဖျော်ဖြေရန် သွားရောက်စဉ် (ဇန်နဝါရီ ၂၈) က တောင်ညိုလမ်းတွင် ကားတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

image