ဘာနေဗျူးကွင်းအား ထပ်မံ ပြင်ဆင်တည်ဆောက်မယ့် အစီအစဉ် ပယ်ချခြင်းခံလာရတဲ့ ရီးရဲလ်မက်ဒရစ်
====================

ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးကွင်းအပြင်ဘက်တွင် အငြင်းပွားဖွယ် ဥမင်လှိုဏ်ခေါင်းတည်ဆောက်ရန် စီစဉ်ထားပေမယ့် တရားရုံးက ယင်းအစီအစဉ်ကို လူထုက စိတ်ဝင်စားခြင်းမရှိမှုနှင့်အတူ ပယ်ချလာပါတယ်။

လာလီဂါထိပ်သီးကလပ်ဟာ ၂၀၁၉ ခုနှစ်တွင် ဘာနေဗျူးကွင်းအား ဖြိုချကာ အသစ်တည်ဆောက်မှု ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ခဲ့ပါတယ်။

ပေါင် ၁.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ထားတဲ့ ဘာနေဗျူးကွင်းသစ်မှာ ပရိသတ် ၈၃၀၀၀ ဝန်းကျင်ဆန့်လာပြီး အဖွင့်အပိတ်လုပ်နိုင်တဲ့ ခေါင်မိုး၊ ၃၆၀ ဒီဂရီ LED Scoreboard Screen တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကွင်းမြက်ခင်းကို အစားထိုးပြီး ဂီတပွဲများ ပြုလုပ်နိုင်အောင် ပြုလုပ်ထားသလို ကွင်းတစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်မယ့် SkyBar လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ပရိသတ်များအတွက် ပိုမို အဆင်ပြေစေရန်အတွက် ကားပါကင် နှစ်နေရာထပ်မံ တိုးချဲ့တည်ဆောက်လိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါင် ၁၁.၂ သန်းထပ်မံ အကုန်အကျခံပြီး ၆၅၀ မီတာရှိ ကာပါကင်နှင့် ကွင်းနှင့် ချိတ်ဆက်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတည်ဆောက်လိုနေတဲ့အပြင် ကားပါကင်သစ်တစ်ခုလည်း တည်ဆောက်လိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယာဉ်ပိတ်ဆို့မှုအား လျှော့ချနိုင်ရန်အတွက် ယင်းအစီအစဉ်ကို လုပ်ဆောင်လိုနေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ယင်းအစီအစဉ်အား မက်ဒရစ်စီးတီးကောင်စီသို့ တင်ပြခဲ့ရာ ၂၀၂၃ ခုနှစ်တုန်းက ခွင့်ပြုခဲ့ပေမယ့်လည်း Madrid Superior Court of Justice က ယင်းစီမံကိန်းကို လူထုက စိတ်ဝင်စားခြင်း မရှိမှုနှင့်အတူ ဆုံးဖြတ်ချက်အား ပြန်ပြင်ကာ ပယ်ချလာပါတယ်။

တဖက်တွင် ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းဟာ ဂီတရှိုးပွဲများ ကျင်းပစွာ ဆူညံသံမှာ ပတ်ဝန်းကျင်ရှိ နေထိုင်သူများကို ထိခိုက်မှုကြောင့် ဂီတပွဲ ကျင်းပခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂီတပွဲများ ကျင်းပခွင့် ပိတ်ပင်ခြင်းခံရမှုကြောင့် ငွေများစွာ နစ်နာဆုံးရှုံးခဲ့ရပြီး ယင်းဂီတပွဲများကို အက်သလက်တီကိုရဲ့ Metroplitano Stadium ပွဲတွင် ပြောင်းလဲကျင်းပခွင့်ပေးခဲ့ရပါတယ်။

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

imageimage

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် မက်ဆီတို့ မရရှိခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ရရှိလာတဲ့ ဟယ်ရီကိန်း
===================

ဟယ်ရီကိန်းဟာ မနေ့ညတုန်းက ကလပ်ဘရုဂျက်ကို ဘိုင်ယန်မြူးနစ်တို့ ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင်ပင် မရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ပိုင်ဆိုင်လာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘရုဂျက်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယဂိုးအား ပွဲချိန် ၁၄ မိနစ်တွင် ကစားသမားဘဝအတွင်း အလွယ်ကူဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် ကွန်ရက်လိုင်မာရဲ့ ဖြတ်တင်ဘောကနေ အတားအဆီးမဲ့စွာ ပိတ်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၁၂ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းမှတ်တမ်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုရော လီယွန်နယ်မက်ဆီပါ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင်ပင် မရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ဖြစ်ပါတယ်။

မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင် တစ်ရာသီအတွင်း ပထမဆုံးဂိုး ၂၀ ပြည့် သွင်းယူနိုင်ရန်အတွက် ၁၇ ပွဲနှင့် ၁၃ ပွဲစီအသီးသီး ကစားခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ၅၄ မိနစ်ကစားတိုင်း တစ်ဂိုးသွင်းနိုင်တဲ့ ကြောက်ခမန်းလိလိဂိုးသွင်းမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် မနေ့ညက ပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးသွင်းခဲ့တဲ့ လန်နတ်ကားလ်မှာလည်း ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်တွင် အသက်အငယ်ဆုံးဂိုးသွင်းယူသူ ဖြစ်လာပါတယ်။

လန်နတ်ကားလ်ဟာ ယခင်စံချိန်ရှင် ဂျာမယ်မူစီယာလာရဲ့ စံချိန်ကို ၁၂၁ ရက်စောပြီး စံချိန်သစ် ရေးထိုးလာတာလည်း ဖြစ်ပါတယ်။

တဖက်တွင် ဘိုင်ယန်မြူးနစ်ဟာလည်း ကလပ်ဘရုဂျက်ကို အနိုင်ရရှိပြီးနောက် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၀၀ ရာခိုင်နှုန်းအနိုင်ရရှိမှုမှတ်တမ်းအား ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မနေ့ညက နိုင်ပွဲကြောင့် ရမှတ် ၉ မှတ်ဖြင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်လာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြင်သစ်သို့ သွားရောက်ပြီး လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရပါမယ်။ ကလပ်ဘရုဂျက်ကတော့ ဘာစီလိုနာကို ဧည့်ခံကစားရပါမယ်။

image

ဆယ်ကျော်သက်ကစားသမားများနှင့် သမိုင်းဝင်ချန်ပီယံလိဂ်ညတစ်ညရေးထိုးလာတဲ့ ချဲလ်ဆီး
=====================

ချဲလ်ဆီးရဲ့ ဆယ်ကျော်သက်ကစားသမားများဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် အေဂျက်စ်အား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် သမိုင်းဝင် ချန်ပီယံလိဂ်ညတစ်ည ပိုင်ဆိုင်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့မာ့ခ်ဂူယူ၊ အက်စ်တီဗိုအာ၊ တိုင်ရီကေးဂျော့နှင့် ရယ်ဂျီဝတ်ရှ်တို့ သမိုင်းမှတ်တမ်းသစ် ရေးထိုးလာကြတာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ ရယ်ဂျီဝတ်ရှ်ဟာ ပွဲချိန် ၆၅ မိနစ်တွင် ရိုမီယိုလာဗီယာအစား လူစားဝင်ရောက်လာပြီးနောက် ချဲလ်ဆီးသမိုင်းတွင် ချန်ပီယံလိဂ်ကစားခွင့်ရ တတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာသလို အင်္ဂလိပ်ကစားသမားတစ်ဦးအနေဖြင့် ဒုတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။ သူဟာ ဂျက်ဝီရှိုင်းယားပြီးလျှင် ချန်ပီယံလိဂ်ကစားခွင့်ရ ဒုတိယအသက်အငယ်ဆုံးအင်္ဂလိပ်ကစားသမား ဖြစ်လာတာပါ။

အလယ်တန်းကစားသမားဝတ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်ဖရင့်လိဂ်တွင် ပါဝင်ကစားပြီး ၁၆ နှစ်နှင့် ၁၉၃ ရက်ဖြင့် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးဥရောပကစားခွင့်ရသူ အဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့လက လင်ကွန်းနှင့် လိဂ်ဖလားပွဲတွင် ကစားကာ ၁၆ နှစ်နှင့် ၃၃၈ ရက်ဖြင့် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးလိဂ်ပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့ပါသေးတယ်။

မနေ့ညက အေဂျက်စ်နှင့်ပွဲတွင် ချဲလ်ဆီးဟာ အသက် ၁၉ နှစ်အရွယ်ရှိ မာ့ခ်ဂူယူ၊ အသက် ၁၈ နှစ်အရွယ်ရှိ အက်စ်တီဗာအို၊ တိုင်ရီကေးဂျော့တို့ ဂိုးသွင်းနိုင်ခဲ့မှုနှင့်အတူ ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် ဆယ်ကျော်သက်ကစားသမား ၃ ဦး ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။

မာ့ခ်ဂူယူဟာ မနေ့ညက ပွဲတွင် ဂိုးသွင်းပြီးနောက် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့ပေမယ့်လည်း ၃၃ မိနစ်အကြာမှာပင် အက်စ်တီဗာအိုက ပင်နယ်တီမှ တဆင့် ဂိုးသွင်းကာ စံချိန်ရိုက်ချိုးခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတောင်ပံကစားသမားဂျေမီဂတ်တန်မှာလည်း ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် အခွင့်အရေး ၅ ကြိမ်နှင့်အထက် ဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံးချဲလ်ဆီးကစားသမား ဖြစ်လာပါတယ်။ သူဟာ ယခင်တုန်းက အေဒင်ဟာဇက်တင်ထားခဲ့တဲ့ စံချိန်ကို ၂၁ နှစ်နှင့် ၇၅ ရက်ဖြင့် ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။

image

ဂါလာတာစာရေးတွင် ဘယ်ကစားသမားမှ မရရှိခဲ့ဖူးတဲ့ စံချိန်သစ် ရေးထိုးလာတဲ့ အိုဆီမမ်
===================

ဗစ်တာအိုဆီမမ်ဟာ မနေ့ညကတုန်းက ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် သက်တောင့်သက်သာ အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ဂါလာတာစာရေးသမိုင်းတွင် ဘယ်ကစားသမားမှ မရရှိခဲ့တဲ့ စံချိန်သစ်တစ်ခု ရေးထိုးလာပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပထမပိုင်းတွင် ဂါလာတာစာရေးရဲ့ ဦးဆောင်ဂိုး ၂ ဂိုးအား သွင်းယူခဲ့သလို ဒုတိယပိုင်းတွင်လည်း ယန်နပ်စ်အက်ခ်ဂန် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အိုဆီမမ်ဟာ ဘိုဒို/ဂလမ့်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂါလာတာစာရေးသမိုင်းတွင် ဥရောပပြိုင်ပွဲ ၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ယခင်တုန်းက ဂါလာတာစာရေးသမိုင်းတွင် ဥရောပပြိုင်ပွဲ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် ဘူရစ်ခ်ယီလ်မက်ဇ်က ၂၀၁၂ ခုနှစ် အောက်တိဘာလမှ ၂၀၁၃ ခုနှစ် မတ်လအတွင်း ၆ ပွဲဆက် ဂိုးသွင်းကာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တာပါ။

နာပိုလီတိုက်စစ်မှူးဟောင်းအိုဆီမမ်ဟာ ယခုရာသီတွင် ဂါလာတာစာရေးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဂါလာတာစာရေးဟာ နော်ဝေကလပ်အား အနိုင်ရရှိပြီးနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်တွင် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာခဲ့ပါတယ်။

image

ဗီလာရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ မန်စီးတီးပရိသတ် သေဆုံး
=====================

မန်စီးတီးပရိသတ်တစ်ဦးဟာ စပိန်တွင် ဗီလာရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ ဂိုင်းဘရက်ရှောဟာ သူငယ်ချင်းများနှင့်အတူ အင်္ဂါနေ့ည ဗီလာရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲတွင် မန်စီးတီးအား အားပေးရန် ဘီနီဒွမ်သို့ ရောက်နေခဲ့တာပါ။

ဒါပေမယ့် ဝှိုက်သန်ရှာဝီမှ မန်စီးတီးကို ရာသက်ပန်အားပေးလာတဲ့ ပရိသတ်ကို အင်္ဂါနေ့ နံနက်ပိုင်းတွင် အခန်းအတွင်းတွင် သေဆုံးလျက်သား သူငယ်ချင်းများက တွေ့ရှိခဲ့ရပါတယ်။

လက်ရှိအချိန်တွင် ကလေးတစ်ဦးအဖေကို ဘယ်လိုအကြောင်းကြောင့် သေဆုံးသွားတယ်ဆိုတာ မသိရသေးပါဘူး။
ဒါပေမယ့် မိသားစုဝင်များရဲအ့ဆိုအရ ဂိုင်း သေဆုံးမှုတွင် မည်သည့်ပယောဂမှ ပါဝင်တဲ့ သံသယဖြစ်စရာအကြောင်းရင်း မတွေ့ရပါဘူး။

သူ့အဖေဖြစ်သူ မာတင်မှာလည်း ယင်းနေ့တွင် စပိန်သို့ သွားရောက်ကာ သားဖြစ်သူနှင့်အတူ မန်စီးတီးပွဲကြည့်ရန် စီစဉ်ထားတာပါ။

ဂိုင်းမှာ ခရီးသွားအာမခံ လုပ်ဆောင်ထားခြင်း မရှိမှုနှင့်အတူ သူ့ရုပ်အလောင်းအား မိသားစုဝင်များက အင်္ဂလန်သို့ ပြန်လည်ခေါ်ဆောင်ရေး အခက်တွေ့နေပါတယ်။

မိသားစုဝင်များဟာ ဂိုင်းရဲ့ ဈာပနအတွက် GoFundMe တွင် အကောင့်ဖွင့်လှစ်ကာ အကူအညီများ တောင်းထားပါတယ်။
ယင်းစာမျက်နှာမှ ရရှိတဲ့ ကူငွေများဖြင့် ဂိုင်းရဲ့ ရုပ်အလောင်းကို ဗြိတိန်သိ့ သယ်ဆောင်ရေး၊ ဈာပနချရေးတို့အတွက် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အင်္ဂါနေ့တုန်းက ဗီလာရီးရဲလ်နှင့်ပွဲတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၉ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိခဲ့ပါတယ်။ ယင်းပွဲတွင် ဂိုးသွင်းခဲ့တဲ့ အာလင်းဟာလန်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကလပ်နှင့် နိုင်ငံအတွက် ၁၁ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းအား လိုက်မီလာပါတယ်။

image

ထရမ့်သည် ရုရှားကို စစ်ကြေညာလိုက်သည့် သ‌ဘောဆောင်နေပြီဟု မက်ဗီဒက်ဗ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ရုရှားကို စစ်ကြေညာလိုက်သည့် သဘောပင်ဖြစ်‌ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်ကပြောကြားလိုက်သည်။

အမေရိကန်ဘဏ္ဍာရေးဌာနက ရုရှားရေနံကုမ္ပဏီနှစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ကြေညာပြီးနောက် တစ်ရက်အကြာ ကြာသပတေးနေ့တွင် မက်ဗီဒက်ဗ်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ပြီး၊ ရုရှားနိုင်ငံအနေဖြင့် သမ္မတထရမ့်နှင့် "အဓိပ္ပာယ်မရှိသော" ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက်လည်း စိုးရိမ်စရာ မလိုတော့ကြောင်း ပြောကြားခဲ့သည်။

"ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ရုရှားကို ဆန့်ကျင်တဲ့ စစ်ပွဲတစ်ရပ်ပါပဲ။ အခုဆိုရင် ထရမ့်ဟာ ဥရောပနဲ့ လုံးဝကို ပေါင်းစည်းသွားပြီ" ဟု သူက ထပ်လောင်းပြောကြားသည်။

လက်ရှိတွင်လည်း ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်က Telegram ပို့စ်တစ်ခုတွင် "အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်ပြီး၊ သူတို့ရဲ့ စကားများတဲ့ ‘ငြိမ်းချမ်းရေး ဖော်ဆောင်သူ’ ဟာ အခုဆိုရင် ရုရှားကို တင်းတင်းမာမာ ဆန့်ကျင်တဲ့ စစ်ခရီးလမ်းကို လုံး၀ လိုက်ပါသွားပြီ" ဟု ရေးသားခဲ့‌သေးသည်။

"တချို့ကတော့ ကွန်ဂရက်ရဲ့ဖိအားတွေကြောင့် သူအခုလိုလုပ်ဖို့ အခြားရွေးချယ်စရာမရှိဘူးလို့ ပြောကြမှာပေါ့၊ ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကိုတော့ မပြောင်းလဲနိုင်ပါဘူး" ဟု မက်ဗီဒက်ဗ်က ပြောသည်။

"ထရမ့်ရဲ့ ဒန်းစီးသလို လှုပ်ရှားမှုရဲ့ ဆိုလိုရင်းကတော့ ရုရှားအနေနဲ့ ယူကရိန်းကို လက်နက်အမျိုးမျိုးနဲ့ ပစ်ခတ်ဖို့အတွက် မလိုအပ်တဲ့ ညှိနှိုင်းမှုတွေကို ထည့်စဉ်းစားစရာမလိုတော့ဘူး လို့ ရိုးရှင်းစွာ အဓိပ္ပာယ်သက်ရောက်တယ်"ဟုလည်း မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။

မက်ဗီဒက်ဗ်၏ မှတ်ချက်များကို ခရမ်လင်နန်းတော်မှ ယခုအချိန်အထိတရားဝင် မှတ်ချက်ပြုခြင်း မရှိသေးပေ။

image

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့ ညပိုင်းက ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ် ဘန့်ဖူးပရာဒူကျေးရွာအနီး အဝေးပြေးလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာနို်ငငံသားများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ထို မော်တော်ယာဉ်မှာ လမ်းကွေ့တစ်နေရာ၌ လမ်းဘေးရှိ ဓါတ်တိုင်အားဝင်ရောက်တိုက်မိကာ ရပ်တန့်သွားပြီး၊ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာအနီးရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားသည်။

ယင်းမော်တော်ယာဉ်အား ထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးခဲ့ရာ ယာဉ်အတွင်း အထောက်အထားမဲ့ မြန်မာနို်ငငံသား အမျိုးသား (၇) ဦးနှင့်၊ အမျိုးသမီး (၈) ဦး အားတွေ့ရှိဖမ်းဆီးခဲ့သည့်အပြင် လာအိုနိုင်ငံသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။

image