ယနေ့ မတ် ၉ ရက်မွန်းလွဲပိုင်းအထိ ရန်ကုန်တိုင်း၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူး၊ ဧရာဝတီနှင့် မကွေးတို့တွင်လည်း မီးလေ-ာင်မှုများဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့၌ ယနေ့ မတ် ၉ ရက်မွန်းလွဲပိုင်းအထိ မီးလေ-ာင်မှု (၆) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နံနက် ၈ နာရီခန့်က မီး လေ-ာင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်က ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သီရိမြိုင်(၃)လမ်းတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၃၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မွန်းလွဲ ၂ နာရီ ၂၂ မိနစ်တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မှန်ပြားတောင်အနီးတွင် တောမီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မွန်းတည့် ၁၂ နာရီခွဲခန့်က ပဲခူးတိုင်း၊ ပဲခူးမြို့ နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဝေါလမ်းတွင် Probox ကားမီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ မွန်းတည့် ၁၂ နာရီ ၃၉ မိနစိ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်က ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာတွင် နေအိမ်မီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း မကွေးမြို့နယ်၊ လက်ဆယ်ကန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် မွန်းတည့် ၁၂ နာရီခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြရာ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

မြောင်းမြမြို့နယ်ရှိ ကျေးရွာခုနစ်ရွာကို အကျိုးဖြစ်ထွန်းစေမည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မြောင်းမြမြို့နယ်ရှိ ကျေးရွာခုနစ်ရွာကို အကျိုးဖြစ်ထွန်းစေမည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခဲ့ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၂ ဒသမ ၅၀၀သန်းဖြင့် ဆောင်ရွက်ခဲ့သည့် သိလ္လာ၊ ချောင်းဖျားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ်လ ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းဖွင့်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦတင်မောင်ဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါလမ်းသည် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မရှိပြီး ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၉၄၅ အိမ်ရှိ လူဦးရေ ၅၉၈၇ ဦးအား အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရသည်။

image

စွမ်းအင်အကြပ်အတည်းကြောင့်တက္ကသိုလ်များကိုစောပိတ်မည်--ဒါကာ

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ဆက်စပ်နေသော စွမ်းအင်အကျပ်အတည်းသည် ပိုမိုဆိုးရွားလာသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လျှပ်စစ်နှင့် လောင်စာဆီချွေတာရန် အရေးပေါ်အစီအမံများ၏တစ်စိတ်တစ်ပိုင်းအဖြစ် တနင်္လာနေ့မှစ၍ တက္ကသိုလ်အားလုံးကို ပိတ်မည်ဖြစ်ပြီး အိဒ်အားလပ်ရက်များကို ရွှေ့ဆိုင်းမည်ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်အားလုံးနှင့် သက်ဆိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး လျှပ်စစ်သုံးစွဲမှုကို လျှော့ချရုံသာမက လောင်စာဆီဖြုန်းတီးမှုကို ဖြစ်စေသည့် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျှော့ချပေးမည်ဖြစ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်းများသည် လူနေခန်းမများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် အဲရ်ကွန်းများအတွက် လျှပ်စစ်ဓာတ်အား အမြောက်အများသုံးစွဲရပြီး စောစီးစွာပိတ်ခြင်းသည် နိုင်ငံ၏ အကျပ်အတည်းဖြစ်နေသော ဓာတ်အားစနစ်အပေါ် ဖိအားများကို လျှော့ချရန် အထောက်အကူပေးမည်ဟု အရာရှိများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပုဂ္ဂလိကကျောင်းများသည် အစ္စလာမ်မစ် ရာမာဒန်လအတွက် ပိတ်ထားပြီးဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ ပညာရေးအဖွဲ့အစည်းအများစုကို ယခုကာလအတွင်း ဆက်လက်ပိတ်ထားရမည်ဖြစ်သည်။

စွမ်းအင်လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းအတွက် တင်သွင်းမှုအပေါ် မှီခိုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အထိတ်တလန့်ဝယ်ယူစုဆောင်းမှုများပြုလုပ်ကြမှုကြောင့် သောကြောနေ့တွင် လောင်စာဆီရောင်းချမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

ပိုမိုကျယ်ပြန့်သော ခြိုးခြံချွေတာရေးအစီအမံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရသည် လျှပ်စစ်ဓာတ်အားအသုံးပြုမှုကို ကန့်သတ်ရန်အတွက် နိုင်ငံခြားသင်ရိုးညွှမ်းတမ်းကျောင်းများနှင့် ပုဂ္ဂလိကနည်းပြသင်တန်းကျောင်းများအားလုံးကို ဤကာလအတွင်း လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားရန်လည်း ဆောင်းဆိုထားသည်။

ဓာတ်ငွေ့ပြတ်လပ်မှု ကြီးမားသောကြောင့် ဘင်္ဂလားဒေ့ရှ်သည် ကျယ်ကျယ်ပြန့်ပြန့် ဓာတ်အားပြတ်တောက်မည့်အရေးကို ရှောင်ရှားရန်အတွက် အစိုးရပိုင် ဓာတ်မြေသြဇာစက်ရုံငါးခုအနက် လေးခုတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားပြီး ရရှိနိုင်သော ဓာတ်ငွေ့ကို ဓာတ်အားပေးစက်ရုံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

Ref: အီးတီ

image

စစ်ပွဲဂယက်ကြောင့် လောင်စာဆီသွင်းကုန်ခွန် ပယ်ဖျ-က်ရန်ဗီယက်နမ်စီစဉ်


အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ရေနံကုန်သွယ်မှုများကို အနှောင့်အယှက်ဖြစ်စေပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ဈေးနှုန်းများကို အမြင့်ဆုံးသို့ တွန်းပို့နေချိန်တွင် ဗီယက်နမ်သည် လောင်စာဆီတင်သွင်းမှုများအပေါ် အခွန်ကောက်ခံမှုကို ပယ်ဖျ-က်ရန် စဉ်းစားနေကြောင်း အစိုးရက ပြောကြားခဲ့သည်။

ပြည်တွင်းဈေးကွက်ကို တည်ငြိမ်စေရန်နှင့် နိုင်ငံတော်စွမ်းအင်ဖူလုံရေးအတွက် အချို့သော ရေနံထွက်ကုန်များအပေါ် တင်သွင်းခွန်နှုန်းထားများကို သုညအထိ လျှော့ချမည့် အမိန့်တစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ပဋိပက္ခဆက်ဖြစ်နေပြီး ဟော်မုဇ်ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားပါက နိုင်ငံတကာဈေးကွက်ရှိ အခြားထောက်ပံ့မှုများ ရှားပါးလာပြီး ဈေးနှုန်းများမြင့်တက်လာနိုင်ခြေရှိနိုင်သည်ဟု ကမ္ဘာ့ရေနံစိမ်း ငါးပုံတစ်ပုံ ဖြတ်သန်းသွားသည့် ရေလမ်းကြောင်းကို ရည်ညွှန်း၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့်တစ်ပတ်ကျော်မှစကာ ဗီယက်နမ်တွင် လောင်စာဆီဈေးနှုန်းများ သိသိသာသာမြင့်တက်သွားခဲ့ပြီး အစိုးရသည် အရေးပေါ်ဈေးနှုန်းသတ်မှတ်ချက်များကို အကောင်အထည်ဖော်ခဲ့ရသည်။

အသုံးအများဆုံး ဓာတ်ဆီအမျိုးအစား၏ ဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၇၀၄၀(၁ ဒဿမ ၀၃ ဒေါ်လာ) အထိ ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့၏ အတည်ပြုချက်လိုအပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုပြုချက်အရ အခွန်ကောက်ခံမှုဆိုင်ရာ အမိန့်သည် ဧပြီလကုန်အထိ အကျူံးဝင်မည်ဖြစ်သည်။

အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ရေနံစိမ်းဈေးနှုန်းများသည် တစ်စည်လျှင် ဒေါ်လာ ၁၂၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ်အစောပိုင်းနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်နေခဲ့သည်။

Ref: အီးတီ

image

မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၅)ခုဖြင့်ကျင်းပမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် မတ် ၁၁ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့ နယ်တွင်လည်း စာစစ်ဌာန(၅)ခုဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများ၏ လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရန် စာဖြေခန်းများအတွင်း အလင်းရောင်ရရှိရေး၊ လေဝင်/လေထွက်ကောင်းမွန်စွာရရှိရေး၊ ကျောင်းဝန်းအတွင်း/အပြင်သန့်ရှင်းမှုရှိစေရေးတို့အား ‎မန္တလေးတိုင်းဝန်ကြီးချူပ်ဦးမျိုးအောင်မှ ယနေ့ မတ် ၉ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

အရှေ့အလယ်ပိုင်း စွမ်းအင်အကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို စောစီးစွာ ပိတ်သိမ်း

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ဆက်စပ်နေသည့် စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် လျှပ်စစ်မီးနှင့် လောင်စာဆီများကို ချွေတာရန် အရေးပေါ်အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တနင်္လာနေ့မှစတင်ကာ တက္ကသိုလ်အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး အီးဒ် (Eid al-Fitr) ရုံးပိတ်ရက်များကို စော၍စတင်လိုက်သည်။

ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ် အားလုံးနှင့် သက်ဆိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဤလုပ်ရပ်သည် လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေးရုံသာမက လောင်စာဆီ အလေအလွင့်ဖြစ်စေသည့် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း သက်သာစေမည်ဟု တာဝန်ရှိသူများက ပြောသည်။

တက္ကသိုလ်နယ်မြေများရှိ အဆောင်များ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် လေအေးပေးစက်များအတွက် လျှပ်စစ်မီး အမြောက်အမြား သုံးစွဲနေရပြီး ယခုကဲ့သို့ စောစီးစွာ ပိတ်သိမ်းလိုက်ခြင်းက နိုင်ငံ၏ ဝန်ပိနေသော လျှပ်စစ်စွမ်းအားစနစ်အပေါ် ဖိအားများကို လျော့ကျစေရန် ကူညီပေးလိမ့်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လဖြစ်သော ရမ်မာဒန်လအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို ပိတ်ထားပြီးဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ ပညာရေးအဖွဲ့အစည်းအများစုသည် ယခုကာလအတွင်း ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်များ ကမောက်ကမဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီနှင့် ဓာတ်ငွေ့ထောက်ပံ့မှုအပေါ် မသေချာမရေရာမှုများ ပိုမိုရင်ဆိုင်လာရချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်သည်။

နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို ပြည်ပသွင်းကုန်များအပေါ် မှီခိုနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စိုးရိမ်တကြီး ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်ပြီးနောက် သောကြာနေ့တွင် လောင်စာဆီရောင်းချမှုကို နေ့စဉ်ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

ပိုမိုကျယ်ပြန့်သော ခြိုးခြံချွေတာရေး အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရသည် လျှပ်စစ်မီးသုံးစွဲမှုကို ကန့်သတ်ရန်အတွက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ကျောင်းအားလုံးနှင့် ပုဂ္ဂလိက ကျူရှင်စင်တာများကို ဤကာလအတွင်း လုပ်ငန်းများရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။

ပြင်းထန်သော ဓာတ်ငွေ့ပြတ်လပ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံပိုင် မြေဩဇာစက်ရုံ ၅ ရုံအနက် ၄ ရုံကို လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီးလျှပ်စစ်မီးပြတ်တောက်မှုများကို ရှောင်ရှားရန် ရနိုင်သမျှ ဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပြောင်းလဲပို့ဆောင်ပေးခဲ့ရသည်။

နိုင်ငံသည် ထောက်ပံ့မှုကွာဟချက်များကို ဖြည့်ဆည်းရန် နောက်ထပ် ကုန်တင်သင်္ဘောများကို ရှာဖွေနေစဉ် ဈေးကွက်မှ LNG သဘာဝဓာတ်ငွေ့ရည်များကို အလွန်မြင့်မားသော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့ရသည်။

“ကျွန်တော်တို့အနေနဲ့ သုံးစွဲမှုကို လျှော့ချဖို့နဲ့ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ သွင်းကုန်ထောက်ပံ့မှုတွေမှာ တည်ငြိမ်မှုရှိစေဖို့ လုပ်နိုင်တာမှန်သမျှ အကုန်လုပ်နေပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

image

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရေးဆွေးနွေး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးဖြစ်သူ H.E. Mr. Kallayana Vipattipumiprates တို့ ယနေ့ မတ် ၉ ရက်နေ့လည်ပိုင်းကတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာသံအမတ်ကြီးက H.E. Mr. Kallayana Vipattipumiprates အား ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ်ခန့်အပ်ခြင်းခံရ၍ ဂုဏ်ယူဝမ်းမြောက်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် H.E. Mr. Kallayana Vipattipumiprates နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်နိုင်မည့် ဈေးကွက်အခွင့်အလမ်းများနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

image

ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် Level 1 အဆင့်မီးလေ-ာင်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ မတ် ၉ ရက်ည ၇ နာရီခွဲကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်ရှိ နေအိမ်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြပြီး ည ၇ နာရီ ၄၃ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ည ၈ နာရီတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-မဏိစလအသင်း

image

အားကစားနည်း(၉)မျိုးကို နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် ပဲခူးတိုင်း၌ ယနေ့စတင်ဖွင့်လှစ်သင်ကြား

ပဲခူးတိုင်း၊ ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် အားကစားနည်း(၉)မျိုးကို ယနေ့ မတ် ၉ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘောလုံး၊ အေရိုဗစ်၊ Fitness Dance၊ ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် အားကစားနည်း(၉)မျိုးကို ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၊ တိုင်းဒေသကြီး လူငယ်စင်တာ၊ တိုင်းဒေသကြီးအားကစားခန်းမ၊ ပုဏ္ဏားစုကျောင်းနှင့် ဟင်္သာတင်းနစ်ကွင်းတို့၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများအား ယနေ့ မတ် ၉ ရက်မှ မတ် ၃၀ ရက်အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းများဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ပြီးနောက် အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

image

ပေါ်တူဂီသမ္မတသစ်အန်တိုနီယို ဟိုဆေးဆီဂူရိုထံ ရှီ ဂုဏ်ပြုသဝဏ်လွှာပို့

ပေကျင်း၊ မတ်လ ၉ ရက်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီသမ္မတနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် အန်တိုနီယို ဟိုဆေး ဆီဂူရို ထံသို့ တနင်္လာနေ့တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်း၏သဝဏ်လွှာတွင် ရှီကျင့်ဖျင်က တရုတ်နှင့် ပေါ်တူဂီနိုင်ငံတို့အကြား နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးကို ဖော်ညွှန်းခဲ့သည်။

လွန်ခဲ့သည့် ၄၇ နှစ်က သံတမန်ဆက်ဆံရေးကို စတင်ထူထောင်စဥ်ကတည်းက နှစ်နိုင်ငံစလုံးသည် အပြန်အလှန် လေးစားမှုနှင့် ထောက်ခံမှုတို့ကို စွဲကိုင်ခဲ့ကြကြောင်း၊ မကာအိုပြဿနာကို နိုင်ငံရေးအမြော်အမြင်ဖြင့် စနစ်တကျ ဖြေရှင်းနိုင်ခဲ့ကြကြောင်း၊ မိတ်ဖက်စိတ်ဓာတ်ဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေခဲ့ကြောင်းနှင့် နိုင်ငံတကာရေးရာများတွင်လည်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အစဉ်တစိုက် ခိုင်မာတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

မိမိအနေဖြင့် တရုတ်-ပေါ်တူဂီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအလေးထားကြောင်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံမှုများကို မြှင့်တင်ရန်၊ အဆင့်မြင့်အပြန်အလှန် ယုံကြည်မှုကို ခိုင်မာစေရန်၊ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် တရုတ်-ပေါ်တူဂီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကို စဉ်ဆက်မပြတ် ကြွယ်ဝစေရန်အတွက် ဆီဂူရိုနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ယင်းသို့ဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပါသည်။

Ref: ရှင်ဟွာ

image