တစ်နေ့ ၁၆ နာရီအထိ အလုပ်လုပ်ရမှုအတွက် နေမာကို တရားစွဲဆိုလာတဲ့ ဘရာဇီးစားဖိုမှူး
=================
နေမာရဲ့ အထူးသီးသန့်စားဖိုမှူးဟာ အလုပ်ချိန်များစွာ အလုပ်လုပ်ရမှု၊ ကစားသမားနှင့် သူငယ်ချင်းများအတွက် အစားအသောက် ချက်ပြုတ်ရာမှ ဒဏ်ရာများစွာ ရရှိမှုတို့အတွက် တရားစွဲဆိုမှု ပြုလုပ်လာပါတယ်။

အသက် ၃၄ နှစ်ရှိ နေမာဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရပြီးနောက် ဆော်ဒီကလပ် Al-Hilal နှင့် စာချုပ်ဖျက်သိမ်းကာ ပြီးခဲ့တဲ့နှစ်မှ စတင်ပြီး ကစားသမားဘဝစတင်ရာ ဆန်းတို့စ်တွင် ကစားလာသူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီစူပါစတားဟာ ဘရာဇီးသို့ ပြန်ရောက်လာပြီးနောက် ရီယိုဒီဂျနဲလ်ရိုးရှိ မန်ဂါရာတီဂါမြူနီစပယ်တွင် နေအိမ်နှစ်လုံး ပိုင်ဆိုင်ထားကာ ယင်းတွင် အခြေချနေထိုင်နေပါတယ်။

ယင်းတွင် နေထိုင်နေစဉ်အတွင်း နေမာဟာ အထူးသီးသန့်စားဖိုမှူးအဖြစ် ကာဆာဟိုတယ်ပေါ်တိုဘယ်လိုအား ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ငှားရမ်း အသုံးပြုခဲ့ပါတယ်။

ယနေ့တွင် ဘရာဇီးသတင်းစာ Metropoles ရဲ့ဖော်ပြလာမှုအရ သူမဟာ နေမာအတွက် အလုပ်လုပ်စဉ်အတွင်း တစ်ရက်လျှင် ၁၆ နာရီအထိ အလုပ်လုပ်ခဲ့ရသလို နေ့စဉ် သူငယ်ချင်းနှင့်မိသားစုဝင်ပေါင်း ၁၅၀ တို့အတွက် တည်ခင်းကျွေးမွေးခဲ့ရကြောင်း ဆိုလာပါတယ်။

သူမဟာ နေမာရဲ့ ငှားရမ်းခန့်အပ်ခြင်းခံရစဉ်တုန်းက တစ်နေ့လျှင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ တနင်္လာနေ့မှ ကြာသပတေးနေ့အထိသာ အလုပ်လုပ်ရမယ်လို့ ပါဝင်ပေမယ့်လည်း တကယ်တမ်းတွင် ညနေ ၁၁ နာရီ သို့မဟုတ် သန်းခေါင်အချိန်အထိ အလုပ်လုပ်ရသလို နားရက်များတွင်လည်း အလုပ်လုပ်ရတယ်ဆိုပြီး ဒေသတွင်းအလုပ်သမားတရားရုံးတွင် တိုင်ကြားလာပါတယ်။

ဒါ့အပြင် သူမက ၁၀ ကီလိုအလေးချိန် အသားအိတ်များကို ထမ်းခဲ့ရသလို စူပါမားကက်များတွင် ဈေးဝယ်ချိန်တွင်လည်း အလွန်လေးလံတဲ့ ပစ္စည်းများ ထမ်းပိုးခဲ့ရကာ ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဆိုထားပါတယ်။

သူမဟာ နေမာထံတွင် အလုပ်လုပ်စဉ်တုန်းက တစ်လလုပ်ခ ပေါင် ၁၀၆၅ ဖြင့် အလုပ်လုပ်ခဲ့တာ ဖြစ်ပြီး နစ်နာကြေး ပေါင် ၃၇၅၄၄ ရရှိရေးအတွက် တရားစွဲဆိုလာတာပါ။

နေမာဟာ ယင်းအမျိုးသမီးစားဖိုမှူးအား ကြားခံအဖွဲ့အစည်းတစ်ခုထံမှ တဆင့် ထပ်ဆင့် ငှားရမ်းခဲ့တာပါ။

နေမာဟာ မကြာသေးမီတုန်းက ဆန်းတို့စ်တွင် ယခုနှစ်အကုန်အထိ ရှိနေမယ့် စာချုပ်အား သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၁.၈ သန်း ရရှိနေသူလည်း ဖြစ်ပါတယ်။

image

ဗလက္ကာယမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ လာလီဂါတိုက်စစ်မှူးရာဖာမီယာ
=====================
အယ်ချီတိုက်စစ်မှူးရာဖာမီယာဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ဗလက္ကာယပြုကျင့်ခဲ့မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ရန် အစိုးရရှေ့နေရဲ့ တောင်းဆိုခြင်းခံလာရပါတယ်။

ရာဖာမီယာဟာ ဗလင်စီယာအသင်းတွင် အငှားဖြင့် သွားရောက် ကစားနေစဉ် အထက်ပါ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး တရားရင်ဆိုင်နေရကာ ကစားသမားဘဝ အဆုံးသတ်လာရမယ့်ကိန်း ဆိုက်နေပါတယ်။

Las Provincias က စပိန်အရပ်ဘက်ရှေ့နေက အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးမှာ လိင်ပိုင်းဆိုင်ရာ အတင်းဓမ္မကျူးလွန်မှု ပြုလုပ်ခဲ့ပြီး နစ်နာသူမှာ ဒဏ်ရာရရှိခဲ့ကာ ဗလက္ကာယမှုဖြင့် ထောင်ဒဏ် ၉ နှစ်၊ ဒဏ်ရာအနာတရ ရစေမှုအတွက် ထောင်ဒဏ် ၁၈ လ ချမှတ်ရန် တရားရုံးသို့ လျှောက်ထားလာတာလည်း ဖြစ်ပါတယ်။

ရာဖာမီယာဟာ အထက်ပါ အမှုအား ၂၀၂၄ ခုနှစ် စက်တင်ဘာလအစောပိုင်းတုန်းက ကျူးလွန်ပြီးနောက် နေအိမ်တွင်ပင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ယင်းအမှုမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာကတည်းက တရားရုံးသို့ ရောက်လာခဲ့တာပါ။

ရာဖာမီယာအနေဖြင့် အမှုအား စစ်ဆေးနေစဉ်အတွင်း ယင်းအမျိုးသမီးနှင့် မီတာ ၅၀၀ အကွာတွင် နေရန် ၁၃ နှစ် ချမှတ်ခံခဲ့ရသလို ကျူးလွန်ပါက ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရမယ့် အရေးနှင့်လည်း ရင်ဆိုင်နေရပါသေးတယ်။

ဒါ့အပြင် အစိုးရရှေ့နေက ရာဖာမီယာအနေဖြင့် နစ်နာသူအား စိတ်ပိုင်းနှင့်ရုပ်ပိုင်း ထိခိုက်နစ်နာမှုများအတွက် နစ်နာကြေး ယူရို ၆၄၀၀၀ ပေးဆောင်ရန်လည်း ဆိုထားပါတယ်။

တဖက်တွင် ရာဖာမီယာကမူ အမှုနှင့်ပတ်သက်ပြီး တစုံတရာ စိုးရိမ်ပူပန်ခြင်းမရှိဘဲ တရားရုံးဘက်က ဆုံးဖြတ်ချက်ချမှတ်လာမယ့်အချိန်အား စိတ်အေးအေးဖြင့် စောင့်ဆိုင်းနေပါတယ်။

ရာဖာမီယာဟာ မကြာသေးမီတုန်းက အက်စ်ပန်ညိုနှင့် ကစားတဲ့ ပွဲတွင် အက်စ်ပန်ညိုကစားသမားအိုမာအယ်ဟီလာလီကို လူမျိုးရေးခွဲခြားဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခြင်းခံခဲ့ရပါသေးတယ်။ အက်စ်ပန်ညိုဘက်က ယင်းကို တိုင်ကြားထားပေမယ့်လည်း သက်သေအထောက်အထားခိုင်လုံစွာ တင်ပြထားနိုင်ခြင်း မရှိကြောင်းလည်း သိရပါတယ်။

image

ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျပြီးနောက် လုပ်ခလျှော့ယူရန် ငြင်းဆိုကာ နည်းပြရာထူးမှ နုတ်ထွက်လာတဲ့ ယူနိုက်တက်ဂန္ထဝင်
====================
ဒွိုက်ယော့ခ်ဟာ ထရီနီဒတ်နှင့် တိုဘာဂိုအား ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပြီးနောက် လုပ်ခလျှော့ယူရန် ငြင်းဆိုကာ နည်းပြချုပ် ရာထူးမှ နုတ်ထွက်လာပါတယ်။

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ ၂၀၀၆ ခုနှစ်တုန်းက ထရီနီဒတ်နှင့် တိုဘာဂိုအား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှ စတင်ကာ ထရီနီဒတ်နှင့်တိုဘာဂိုနည်းပြအဖြစ် ဆောင်ရွက်လာသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒွိုက်ယော့ခ်ဟာ နည်းပြအဖြစ်တော့ ထရီနီဒတ်နှင့် တိုဘာဂိုအား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ယခုအခါ ထရီနီဒတ်နှင့် တိုဘာဂိုဘောလုံးအဖွဲ့ချုပ်က ၎င်းတို့ဘက်မှ စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့်လည်း သဘောတူညီမှု ရရှိခဲ့ခြင်း မရှိမှုနှင့်အတူ ဒွိုက်ယော့ခ်မှာ နည်းပြချုပ်ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ဒါပေမယ့်လည်း ထရီနီဒတ်နှင့် တိုဘာဂိုဘောလုံးအဖွဲ့ချုပ်က ဒွိုက်ယော့ခ်အတွက် တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။

ဒွိုက်ယော့ခ်ဟာ ကစားသမားဘဝတုန်းက ထရီနီဒတ်နှင့် တိုဘာဂိုအတွက် ၇၂ ပွဲကစားခဲ့ရာတွင် ၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒွိုက်ယော့ခ်ဟာ ၂၀၀၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဩစတြေးလျကလပ် Macarthur FC အား ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်ခဲ့ပါတယ်။

သူဟာ ပထမဆုံးရာသီတွင် Macarthur FC အား Australia Cup ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့ပေမယ့်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကလပ်အား ရပ်ကွက်အသင်းလို့ ဝေဖန်ပြောဆိုမှုအတွက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ထုတ်ပယ်မှုအား မကျေမနပ်ဖြစ်ကာ အားကစားသမာဓိခုံရုံးတွင် တိုင်ကြားချက်ဖွင့်လှစ်ခဲ့ရာ နစ်နာကြေး ပေါင် ၁၅၇၃၇၄ ရရှိခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိသတ်များ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း တစ်သိန်းအထိ အသုံးပြုလာမယ့် မက္ကဆီကို
====================
ကမ္ဘာ့ဖလားပူးတွဲပိုင်ရှင် မက္ကဆီကိုဟာ နိုင်ငံတွင်းတွင် မူးယစ်ဆေးဂိုဏ်းများရဲ့ အကြမ်းဖက်မှုများ ဖြစ်ပျက်ခဲ့ပြီးနောက် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပရိသတ်များအား အကာအကွယ်ပေးရန် လုံခြုံရေးဝန်ထမ်း တစ်သိန်းအထိ အသုံးပြုလာမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။

အမေရိကန်၊ ကနေဒါတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် မက္ကဆီကိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဂွါဒါလာဂျာရာအပါအဝင် မြို့ ၃ မြို့တွင် လက်ခံကျင်းပသွားပါမယ်။ ဂွါဒါလာဂျာရာမှာ ပြီးခဲ့တဲ့လတုန်းက စတင်ဖြစ်ပျက်ခဲ့တဲ့ မူးယစ်ဆေးဂိုဏ်း အကြမ်းဖက်မှုကြောင့် လူပေါင်း ၁၂၀၀၀ အထိ ပျောက်ဆုံးနေတဲ့ ဂျာလစ်စကိုရဲ့ မြို့တော် ဖြစ်ပါတယ်။

မက္ကဆီကိုဟာ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအား မက္ကဆီကိုစီးတီး၊ မွန်တာရေးတို့တွင်လည်း ကျင်းပလာပါမယ်။ ယင်းနှစ်မြို့လုံးတွင်လည်း မူးယစ်ဆေးဂိုဏ်းရဲ့အကြမ်းဖက်မှုများ ဖြစ်ပျက်နေတာပါ။

မက္ကဆီကိုရဲ့ ကြောက်စရာအကောင်းဆုံးဂိုဏ်းများထဲမှ တစ်ခုဖြစ်တဲ့ Jalisco New Generation (CJNG) ဟာ ခေါင်းဆောင်အယ်မန်ချိုကို စစ်တပ်က လုပ်ကြံသတ်ဖြတ်လိုက်မှုအား တုံ့ပြန်တဲ့အနေဖြင့် ကားများကို မီးရှို့ခြင်းများ ပြုလုပ်နေသလို စစ်တပ်အား တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။

ယခုအခါ မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလားပူးတွဲကျင်းပရေးစင်တာအကြီးအကဲရိုမန်ဗီလာဗာဇိုက ပရိသတ်များလုံခြုံရေးအတွက် Plan Kukulkan အမည်ပေးထားတဲ့ စစ်ဆေးရေးဖြင့် ခရီးသွားဧည့်သည်များ၊ မြို့များကို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုလာပါမယ်။

မက္ကဆီကိုဟာ လုံခြုံရေးဝန်ထမ်း ၉၉၀၀၀ အပြင် စစ်သား ၂၀၀၀၀၊ ရဲတပ်ဖွဲ့ဝင် ၅၅၀၀၀၊ စစ်တပ်နှင့် အရပ်ဘက်သုံး ကား ၂၅၀၀၊ တိုက်လေယာဉ် ၂၄ စင်း၊ ဒရုန်းကာကွယ်ရေးစနစ်၊ ဗုံးအနံ့ခံ ခွေးတို့အား ကမ္ဘာ့ဖလားပြိုင်ပွဲ လုံခြုံရေးအတွက် အသုံးပြုလာပါမယ်။

ကမ္ဘာ့ဖလားအဖွင့်ပွဲကို မက္ကဆီကိုနှင့် တောင်အာဖရိကတို့က မက္ကဆီကိုစီးတီးတွင် ကစားလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိုင်ယာလန်မှာလည်း ပလေးအော့ဖ်မှ တဆင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါက တောင်ကိုရီးယားနှင့် ပထမဆုံးဂွါဒါလာဂျာရာပွဲအဖြစ် ကစားရပါမှာ ဖြစ်သလို နောက်တစ်ပွဲအား မက္ကဆီကိုနှင့် မက္ကဆီကိုစီးတီးတွင် ရင်ဆိုင်ရပါမယ်။

ဒါ့အပြင် ယူရိုချန်ပီယံ စပိန်မှာလည်း ဥရုဂွေးနှင့် ဂွါဒါလာဂျာရာတွင် ကစားရမှာ ဖြစ်ပါတယ်။ မက္ကဆီကိုဟာ ၃၂ သင်း ရှုံးထွက်အဆင့် ၂ ပွဲနှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ ၁ ပွဲတို့ကိုလည်း လက်ခံကျင်းပသွားပါမယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၉ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၀၉၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၉၅ ကျပ်
ဝယ်ဈေး - ၃၉၉၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၈၅ ကျပ်
ဝယ်ဈေး - ၃၁၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၅ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၉၁ ကျပ်
ဝယ်ဈေး - ၅၇၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၇၇ ကျပ်
ဝယ်ဈေး - ၂၅.၁၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၂၉ ကျပ်
ဝယ်ဈေး - ၄၃.၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၄ ကျပ်
ဝယ်ဈေး - ၂.၆၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၀ ကျပ်
ဝယ်ဈေး - ၅၃၀၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၆ ကျပ်
ဝယ်ဈေး - ၂၇၈၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၁၄ ကျပ်
ဝယ်ဈေး - ၂၉၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၃ ကျပ်
ဝယ်ဈေး - ၅၁၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၃ ကျပ်
ဝယ်ဈေး - ၁၀၈၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
10 w - Translate

ဖြည်းဖြည်း thet ချပေးပါလား
ကေသီတို့ရယ် 👄
Catwalk training တွေလည်း အပြိုင်
Photoshoot တွေလည်း အမိုက်စားနဲ့
Miss Universe Myanmar 2026 ကို
အင်တိုက်အားတိုက် ချီတက်လာကြတာ🔥
အားရမိစေသောကွယ်

image
10 w - Translate

ဖြည်းဖြည်း thet ချပေးပါလား
ကေသီတို့ရယ် 👄
Catwalk training တွေလည်း အပြိုင်
Photoshoot တွေလည်း အမိုက်စားနဲ့
Miss Universe Myanmar 2026 ကို
အင်တိုက်အားတိုက် ချီတက်လာကြတာ🔥
အားရမိစေသောကွယ်

image
10 w - Translate

ဖြည်းဖြည်း thet ချပေးပါလား
ကေသီတို့ရယ် 👄
Catwalk training တွေလည်း အပြိုင်
Photoshoot တွေလည်း အမိုက်စားနဲ့
Miss Universe Myanmar 2026 ကို
အင်တိုက်အားတိုက် ချီတက်လာကြတာ🔥
အားရမိစေသောကွယ်

image
10 w - Translate

ဖြည်းဖြည်း thet ချပေးပါလား
ကေသီတို့ရယ် 👄
Catwalk training တွေလည်း အပြိုင်
Photoshoot တွေလည်း အမိုက်စားနဲ့
Miss Universe Myanmar 2026 ကို
အင်တိုက်အားတိုက် ချီတက်လာကြတာ🔥
အားရမိစေသောကွယ်

image
image
image