အီရန်စစ်သင်္ဘောကို အိန္ဒိယက ကမ်းကပ်ခွင့်ပြု

အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် အီရန်စစ်သင်္ဘောတစ်စင်းကို ကမ်းကပ်ခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက စနေနေ့တွင် ပြောကြားခဲ့သည်။ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံကမ်းလွန်တွင် နောက်ထပ်အီရန်ရေတပ်သင်္ဘောတစ်စင်းကို အမေရိက,က နှစ်မြှုပ်ခဲ့ပြီးနောက် အိန္ဒိယက ထိုကဲ့သို့ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

အမေရိကန်ရေငုပ်သင်္ဘောက အီရန်ရေတပ်ဖရီးဂိတ်သင်္ဘော ဒီနာကို တိုက်ခိုက်နှစ်မြှုပ်ခဲ့သည့်နေ့တွင်ပင် တေရန်၏ အရေးပေါ်တောင်းဆိုချက်အရ လာဗန် သင်္ဘောသည် အိန္ဒိယတောင်ပိုင်း ကိုချီဆိပ်ကမ်းတွင် ဗုဒ္ဓဟူးနေ့က ကမ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ရက်သတ္တတစ်ပတ်ကြာလာပြီဖြစ်သည့် အမေရိကနှင့် အစ္စရေးတို့၏ အီရန်ကိုစစ်ခင်းမှုတွင် အီရန်ရေတပ်ကို ဖျက်ဆီးခြင်းသည် စစ်ပွဲ၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်အင်စတီကျူ့၏ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ကုန်းလမ်း‌ေရာ ရေ လမ်းပါ နှစ်လမ်းသုံး ကမ်းတက်သင်္ဘော လာဗန်နှင့် အခြားစစ်သင်္ဘောနှစ်စင်းသည် သင်္ဘောအုပ်စု ပြန်လည်စစ်ဆေးခြင်းအတွက် လာရောက်ခဲ့ပြီးနောက်တွင်ပိတ်မိနေခဲ့သည်ဟု ဂျေးရှန်ကာက နှစ်ပတ်လည် ရိုင်ဆီနာဒိုင်ယာလော့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဥပဒေရေးရာကိစ္စများထက် လူသားဆန်မှု ရှုထောင့်မှ မိမိတို့ က ချဉ်းကပ်ခဲ့သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့ပြီး မိမိတို့လုပ်ရပ်သည် မှန်ကန်သည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် စစ်ပွဲစတင်သည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် လာဗန်အတွက် ကမ်းကပ်ခွင့်ပြုရန် တောင်းဆိုမှုကို လက်ခံရရှိခဲ့ကြောင်း သတင်းရင်းမြစ်က သောကြာနေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ သင်္ဘောသည် စက်ချို့ယွင်းသောကြောင့် အရေးတကြီး တောင်းဆိုမှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: စီအင်န်အေ

image

အခြေခံပညာအဆင့် ကျောင်းသား/သူ ၂၀၀ ‌ကျော်ဖြင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

ယနေ့ မတ်လ ၉ ရက်တွင် အာကာသပြတိုက်(ရန်ကုန်) တွင် အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားကာ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းတွင် အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ၅‌ ယောက်ကျော်ဖြင့် ရန်ကုန်တိုင်းအတွင်း အခြေခံပညာအဆင့်ရှိ Grade 9 / 10 / 11 မှ သင်တန်းသူ/သား ပေါင်း ၂၀၇ ယောက်ဖြင့် မတ်လ ၉ ရက် မှ ဧပြီလ ၃ ရက်ထိ အ.ထ.က (၂) ဒဂုံ တွင် မနက် ၉ နာရီမှ ၁၂ နာရီထိ (၄) ပတ်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း အာကာသအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထို့အပြင် ယခုသင်တန်းသည် အမှတ်စဉ် (၁) ဖြစ်ကာ နောက်နှစ် နွေရာသီကျောင်းပိတ်ရက်များတွင် နှစ်စဉ်ဖွင့်နိုင်ဖို့ မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှာ အာကာသနဲ့ဆိုင်တဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ကျောင်းသား/သူတွေ စိတ်ဝင်စားလာအောင်နဲ့ ရည်မှန်းချက်တွေရှိလာအောင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

image

နွေရာသီဝင်ရောက်လာပြီဖြစ်သဖြင့် အပူခံဝါးခမောက်များ အရောင်းသွက်

နွေရာသီကာလသို့ ရောက်ရှိလာပြီး အပူချိန်မြင့်တက်လာခြင်းကြောင့် ဝါးခွံ၊ ဝါးဖတ်များဖြင့် ပြုလုပ်ထားသည့် အပူခံဝါးခမောက်များ ပြည်တွင်းဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ကြိမ်နှင့် ဝါးထည်ပစ္စည်း အရောင်းဆိုင်များထံမှ သိရသည်။

ကြိမ်နှင့်ဝါးထည်ပစ္စည်း ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ နွေရာသီဝင်ရောက်လာခြင်းနှင့်အတူ နေထိဒဏ်မှ ကာကွယ်ရန် ဝါးခမောက်များကို ဝယ်ယူသူများ ပိုမိုများပြားလာကြောင်း သိရသည်။

ကျေးလက်ဒေသများရှိ လယ်ယာလုပ်ကိုင်သူများ၊ တောင်သူများသည် လယ်ယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေပူဒဏ်ကို ခံနိုင်ရည်ရှိသော ဝါးခမောက်များကို အဓိက အသုံးပြုကြကြောင်းလည်း ဆိုသည်။

“နွေရာသီဝင်လာတော့ နေပူပြင်းလာပါတယ်။ ဒါကြောင့် ဝါးခမောက်တွေ စရောင်းနေရပါတယ်။ ဝါးခမောက်က အခြားဦးထုပ်တွေလိုမဟုတ်ဘဲ အပူဒဏ်ခံနိုင်ပါတယ်။ အများဆုံးကတော့ ရွာတွေဘက်က တောင်သူလယ်သမားတွေ ဝယ်ကြတာများပါတယ်။ မြို့ပေါ်က လူတွေကလည်း နေပူထဲသွားလာရတဲ့အချိန်တွေမှာ ဆောင်းဖို့ ဝယ်ယူကြတာရှိပါတယ်” ဟု ကြိမ်နှင့်ဝါးထည်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်း ဝါးခမောက်ပုံစံ အလုံးနှင့် အပြန့် နှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်နေပြီး လက်ကားဈေးနှုန်းမှာ ကျပ် ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်ရှိကာ လက်လီရောင်းဈေးမှာ ကျပ် ၃၅၀၀ မှ ၆၀၀၀ အထိရှိကြောင်း သိရသည်။

အဆိုပါ အပူခံဝါးခမောက်များကို ဝါးခွံ၊ ဝါးဖတ်များဖြင့် ပြုလုပ်ထားပြီး နေပူဒဏ်ကိုသာမက မိုးရေစိုခြင်းကိုပါ ခံနိုင်သဖြင့် နွေရာသီသာမက မိုးရာသီတွင်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။

ထို့ကြောင့် လယ်ယာလုပ်ကိုင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ကျေးလက်နေပြည်သူများအကြား အသုံးပြုမှုများပြားသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း သိရသည်။

image

ဒလမြို့ နာရီစင်သစ်ကြီးတွင် ကျပ်သိန်း ၁၀၀ တန် ဆိုလာနာရီ ၄ လုံး တပ်ဆင်

ဒလမြို့နယ် ကမ်းနားကားကွင်း လက်မှတ်ရုံအနီးတွင် မြို့၏ အထိမ်းအမှတ်အဖြစ် တည်ဆောက်လျက်ရှိသည့် နာရီစင်သစ်ကြီးတွင် ကျပ်သိန်း ၁၀၀ တန် ဆိုလာနာရီ ၄ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါနာရီ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိပြီး နာရီစင်၏ လေးဘက်တွင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ အချိန်မှန်ကန်စေရန်အတွက် ဆိုလာစနစ်ဖြင့် လည်ပတ်နိုင်အောင် ပြုလုပ်ထားပြီး ယင်းစနစ်ကို မက်စ်မြန်မာက လှူဒါန်းထားခြင်းဖြစ်သည်။

ဒလမြို့ရှိ နာရီစင်သစ်ကြီးကို ယခင်ရှိခဲ့သည့် နာရီစင်အဟောင်းကို ဖျ-က်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်း၏ ပထမအဆင့်ဖြစ်သည့် ဘိုးပိုင်စိုက်ထူကွန်ကရစ်လောင်းခြင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာရီစင်သစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က တာဝန်ယူဆောက်လုပ်နေပြီး အောက်ခြေခုံတုံးအမြင့် ၃ ပေ၊ ခုံတုံးပေါ်မှ နာရီစင်အမြင့် ၄၀ ပေရှိကာ စုစုပေါင်း အမြင့် ၄၃ ပေရှိသည့် လေးဘက်မြင် နာရီစင်တစ်ခုဖြစ်ကြောင်း သိရသည်။

image

မကြာမှီလွှတ်တော်ကျင်းပမည်ဖြစ်၍ လုံခြုံရေးကိုအ ထူးအလေးထားဆောင်ရွက်ရန် ကချင်ပြည်နယ်ဝန် ကြီးချုပ်မှာကြား

မကြာမှီရက်ပိုင်းအတွင်း တတိယအကြိမ် ကချင်ပြည် နယ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကျင်းပမည်ဖြစ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ မတ် ၇ ရက်ကကျင်းပသည့် လွှတ်တော်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုငိးအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသော အာဏာသုံးရပ်ဖြင့် အပြန်အလှန်ထိန်း ကျောင်းနိုင်သည့် ဒီမိုကရေစီကျင့်စဉ်စနစ်ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် အလွန်အရေးကြီးသည့်လုပ်ငန်း စဉ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် လွှတ်တော်အစည်းအဝေးစတင်ကျင်းပမည့်ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိလာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြောသည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား မကြာမှီရက်ပိုင်းအတွင်း၌ လွှတ် တော်ကိုယ်စားလှယ်(၄၅)ဦးဖြင့်ကျင်းပသွားမည်ဖြစ် သည်။

image

အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်

၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေငွေကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ထိုင်း၊ဗီယက်နမ်၊မလေးရှား၊တရုတ်၊ အီတလီနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသားအမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုစီနှင့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်‌လေးခုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ပွဲ၌ စုစုပေါင်း ကျပ် သိန်း ၁၄၄၀ ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကားအားကစားပြိုင်ပွဲများ အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရယူခဲ့ခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းသာမက အားကစားအဆင့်အတန်းတိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်းလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့ထိ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ် ၂၀ ကျော်၊ ကြေးတံဆိပ် ၃၀ ကျော်၊ အာရှအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၁၀ ခု နှင့် အရှေ့တောင်အာရှအဆင့်တွင် ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၂၉၊ ကြေးတံဆိပ် ၃၀ ကျော်ထိ ဆုခူးရယူထားနိုင်ကြောင်း သိရသည်။

image

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည် ဆောက်သည့် ဂျိုင်း(ဇာသပြင်)တံတားသစ်နှင့် အတ္တရံတံတားသစ်တို့စတင်ဖွင့်လှစ်

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည် ဆောက်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဂျိုင်း(ဇာသပြင်)တံတားသစ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္တရံတံတားသစ်တို့ကို ယနေ့ မတ် ၈ ရက်က နိုင်ငံ တော်ဝန်ကြီးချုပ်ဦးညိုစောတက်ရောက်၍ ကမ္ဗည်းမော်ကွန်းများအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့ပြင် ဂျိုင်း(ဇာသပြင်)တံတားသစ်အား ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် မွန်လပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အတ္ထရံတံတားသစ်ကို ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ဒု-ဝန်ကြီးများဖြစ်သည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့် နှင့် ဦးမျိုးမြင့်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဂျိုင်း(ဇာသပြင်)တံတားသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတားအရှည်(၂,၆၁၅)ပေ၊ ယာဉ်သွားလမ်းအကျယ်(၄)လမ်းသွား၊ ရေလမ်းကင်းလွတ်အ ကျယ်(၇၅၀)ပေနှင့် အမြင့်(၄၀)ပေရှိကာ တံတားခံနိုင်ဝန်မှာယာဉ်တစ်စီးချင်း(၇၅တန်ဖြစ်သည်။

အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံ တားဖြစ်ပြီး တံတားအရှည်(၁,၅၇၅)ပေ၊ ယာဉ်သွားလမ်းအကျယ်(၄)လမ်းသွား၊ ရေလမ်းကင်းလွတ်အ ကျယ်(၄၀၀)ပေ၊ အမြင့်(၄၀)ပေရှိကာ တံတားခံနိုင်ဝန်မှာယာဉ်တစ်စီးချင်း(၇၅)တန်ဖြစ်သည်။

အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။

ထို့ပြင် ယင်းတံတားများအသုံးပြု၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်တို့သို့ ကုန်စည်စီးဆင်းမှုများပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်ပြီး အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

image

စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံ သုံးစစ်ရေယာဉ်(၄)စီးတပ်တော်ဝင်

ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ မြန်မာ့တပ်မတော် (ရေ)၏ ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ်(၄)စီးတို့ ယနေ့ မတ် ၈ ရက်ကတပ်တော်ဝင်ရာ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့တက်ရောက်ခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းက စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းကိုရှင်းလင်းတင် ပြပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးက အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ ရေယာဉ်စုမှူးထံ တပ်တော်ဝင်စစ်ရေယာဉ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေ ယာဉ်များတပ်တော်ဝင်နိုင်ရန် တပ်တော်ဝင်တံခွန်အလံများအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ထံလွှဲပြောင်းပေး အပ်ပြီးနောက် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ်(၄)စီးတို့အားကြည့်ရှုခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ရေ ယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက်ပစ်ဖောက်ပြီးအလေး ပြုခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်တော်ဝင်စစ်ရေယာဉ်များတည်ဆောက်ခဲ့ချိန်က ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကိုပေးအပ်ခဲ့သည်။

ယနေ့ တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)သည် တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့်အကြီးမားဆုံး ကိုယ်တိုင်တည်ဆောက်၍တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကာ အချိန် တစ်လကျော်အတွင်း စုစုပေါင်းခုတ်မောင်းချိန်(၂၇၉)နာရီ၊ ခရီးအကွာအဝေးရေမိုင်(၃,၄၁၈)မိုင် ခရီးရှည်စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့်ခရီးစဉ်အတွင်း စံချိန်စံညွှန်းပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌တပ်ဆင်ထားသည့် ကိရိယာများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအားစမ်းသပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

image

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေ တပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို ယနေ့ မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း က မ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယခုဖွင့်လှစ်သည့် တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်(၂)စီး ဧရာခင်းမင်္ဂလာအပါအဝင် တပ်မတော်(ရေ)တွင်တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ် (၄)စီးတို့တပ်တော်ဝင်နိုင်မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေလုံလွန်းကျင်းကြီးသည် နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်၍ ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့်စနစ်တကျအသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေ ကြောင်း ရေယာဉ်ကြီးများတည်ဆောက်ပြုပြင်နိုင်သည်အထိကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့်တပ်မတော်(ရေ)မျိုး ဆက်သစ်အရာရှိ၊ စစ်သည်များကို ကောင်းမွန်သည့်အစဉ်အလာကောင်းများလက်ဆင့်ကမ်းပေးရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူထိန်းသိမ်း စောင့်ရှောက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်း ကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းအား ရေလုံလွန်းကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌထံပေးအပ်ခဲ့ကြောင်း သိရသည်။

image

ပြည်တွင်းသို့ စက်သုံးဆီသင်္ဘော ၁၄ စီး စဉ်ဆက်မပြတ် ဝင်ရောက်လာမည်

စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ် ၈ ရက်ညပိုင်း၌ ထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်လာမည် ဖြစ်သည်ဟု ဆိုသည်။

ယနေ့ မတ် ၈ ရက်တွင် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး ရှိနေသည်။

ထို့အပြင် လမ်းခရီး၌ သင်္ဘော (၄)စီး၊ ဆီတင်နေသည့် သင်္ဘော (၃)စီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရှိနေကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ် ဆောင်ရွက်‌ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

image