နည်းပြဘဝတစ်လျှောက် အခမ်းနားဆုံးညတွေထဲက တစ်ညဖြစ်ခဲ့တယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်နည်းပြ အာတေတာက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ အက်သလက်တီကိုကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းက မိမိရဲ့နည်းပြဘဝတစ်လျှောက် အခမ်းနားဆုံးညတွေထဲက တစ်ည ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၂-၁)ဂိုးနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၅-၀၆ ရာသီမှာ ဗိုလ်လုပွဲရောက်ခဲ့ပြီးနောက် နှစ်ပေါင်း(၂၀)ကြာမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''ဒါက ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက် အကောင်းဆုံးညတွေထဲက တစ်ညပါ။ ဒီနေ့ ပရိသတ်တွေရဲ့ အဆင့်အတန်းက ပိုမြင့်တက်လာတယ်လို့ ထင်ပါတယ်။ သူတို့က ဒီပွဲမှာ ကျွန်တော်တို့ကစားရမယ့် လမ်းကြောင်းကို ပြောခဲ့ပါတယ်။ ကွင်းအပြင်မှာ အသင်းရောက်ရှိလာတာကို သူတို့ ကြိုဆိုခဲ့ပုံက အံ့မခန်းပါပဲ။ အရင်က ဒီလိုမျိုး ကျွန်တော် မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီစွမ်းအင်က ကွင်းထဲမှာ ကျွန်တော်တို့ကို ကွဲပြားခြားနားမှုတွေ ဖြစ်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ သမိုင်းကို နောက်တစ်ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ မျက်နှာများစွာကို မြင်တွေ့ခဲ့ရတာကြောင့် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့အရာအတွက် ဂုဏ်ယူမိပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းကို ၂၀၁၉ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အာတေတာဟာ FA ဖလားတစ်လုံးသာ ရယူပေးနိုင်သေးပေမဲ့ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား နှစ်မျိုးစလုံးကို မျှော်လင့်လို့ ရနေပါပြီ။
အာတေတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို ၂၀၂၃-၂၄ ရာသီမှာ ကွာတားဖိုင်နယ်၊ ၂၀၂၄-၂၅ ရာသီမှာ ဆီမီးဖိုင်နယ်၊ ဒီရာသီမှာ ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး မေ(၃၀)မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ PSG - ဘိုင်ယန်မြူးနစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

image

ဒီည ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲမှာ အိမ်ကွင်းဝတ်စုံအသစ်ကို ဘိုင်ယန်မြူးနစ် ဝတ်ဆင်ကစားမယ်

ဘိုင်ယန်မြူးနစ်အသင်းက ဒီည ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲမှာ လာမယ့်ရာသီအတွက် ထုတ်လုပ်ထားတဲ့ အိမ်ကွင်းဝတ်စုံအသစ်ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီညမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
၂၀၂၆-၂၇ ရာသီမှာ အသုံးပြုမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝတ်စုံအသစ်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး အသင်းရဲ့ အစဉ်အလာအတိုင်း ဒီရာသီ ဘွန်ဒစ်လီဂါအိမ်ကွင်းနောက်ဆုံးပွဲမှာ ဝတ်ဆင်ကစားမှာဖြစ်သလို၊ ဂျာမန်ဖလားဗိုလ်လုပွဲမှာလည်း ဝတ်ဆင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရင်လည်း ထပ်မံဝတ်ဆင်ကစားဖွယ်ရှိကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ PSG ကို (၄-၅)ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ ကြိုးစားရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါချန်ပီယံဆု ရရှိထားတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်နိုင်စွမ်းရှိနေပါတယ်။

image

ဖိုဒန်ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ မန်စီးတီးအသင်း သဘောတူညီမှုရရှိ

မန်စီးတီးအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန်ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဖိုဒန်(၂၅ နှစ်)ဟာ မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၇ မှာ မန်စီးတီးအသင်းအတွက် စတင်ကစားခွင့်ရခဲ့တာပါ။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၃၆၅)ပွဲကစားပြီး (၁၁၀)ဂိုး သွင်းယူထားတဲ့ ဖိုဒန်ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဖိုဒန်က မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးနေတာကြာပြီဖြစ်ပေမဲ့ ဟာလန်းရဲ့ အေးဂျင့်ဖြစ်တဲ့ ပီမန်တာ ဝင်ရောက်ကူညီပေးတော့မှ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အသေးစိတ်အချက်အလက်တွေ ညှိနှိုင်းဖို့ ကျန်နေသေးပေမဲ့ ဖိုဒန်က မန်စီးတီးအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ဖိုဒန်က မတ်လကစပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်မရရှိတာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေရာပျောက်နိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့ မန်စီးတီးအသင်းက ထွက်ခွာဖို့ ဘယ်တုန်းကမှ စဉ်းစားဖူးခြင်းမရှိကြောင်းလည်း နီးစပ်သူတွေက ပြောကြားခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး ကျန် (၁၅) ရာခိုင်နှုန်းခန့်ကို မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နေပြီး ပြည်တွင်း၌လည်း (၁၀) ရာခိုင်နှုန်းခန့်ကို အသုံး ပြုလျက်ရှိသည်။
ထို့ပြင် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးလုပ်ငန်းရှင်များအား နိုင်ငံတော်မှ ချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁၆) သိန်းကျော်ရှိပြီး မွန် ပြည်နယ်တွင် အများဆုံး စိုက်ပျိုးထားကာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း အများအပြား စိုက်ပျိုးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအပြင် ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ ရှိနေကြောင်း သိရသည်။

image

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
" နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။
ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

image

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီအလှည့်ကျလျှပ်စစ်ဓာတ်အားပေး

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A, ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
ထိုသို့ ဖြန့်ဖြူးပေးရာ၌ ရန်ကုန်တိုင်း၏ အရှေ့ပိုင်း၊ အ နောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်နေထိုင်သူများအား နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းကို အုပ် စု(A, ခွဲ၍ အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ည ၉ နာရီမှ နောက်နေ့နံနက် ၅ နာရီအတွင်းကိုမူ အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကိုအပြည့်အဝဖြန့်ဖြူးပေးလျက်ရှိရာ ယင်း အချိန်တွင် စ တင်ဓာတ်အားပေးချိန်၌ တစ်ပြိုင်နက်ဝန်အားသုံးစွဲမှုများဖြစ်ပေါ်ကာ ဓာတ်အားစနစ်တည်ငြိမ်မှုအခက်အခဲများရှိသဖြင့် ဝန်အားထိန်းညှိဖြန့်ဖြူးရသဖြင့် ဓာတ် အားစတင်ရရှိချိန်အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသယ်ယူဖြန့်ဖြူးမှု၊ ဓာတ်အားစနစ်အခြေအနေနှင့် ရုံးဖွင့်ရက်/ရုံး ပိတ်ရက်သုံးစွဲဝန်အားအပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးရရှိမှုအပြောင်းအလဲ(အတိုး/အလျော့)ရှိနိုင်ကြောင်း သိရသည်။

image