MNL U-21 ရာသီပိတ် ဖိုင်နယ်ပွဲအပြီး ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်း ဆွတ်ခူး

MNL U-21Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်နောက်ဆုံးဖိုင်နယ်ပွဲအပြီးတွင် ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်းက ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ (၂၃)ရက် ညနေပိုင်းက ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒဂုံစတားယူနိုက်တက်အသင်းက ဆုမင်းအောင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ရမှတ် (၅၉) မှတ်ဖြင့် ချန်ပီယံဆုဖလားရရှိခဲ့ပြီး ISPE အသင်းအနေဖြင့် နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် အရေးနိမ့်ခဲ့ခြင်းကြောင့် ရမှတ် (၅၇) မှတ်ဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

MNL U-21Youth League 2025 အမှတ် ပေးဘောလုံးပြို င်ပွဲတွင် ပထမ ဒုတိယနှင့်တတိယနေရာများ ရရှိခဲ့သည် ဒဂုံစတားယူနိုက်တက်၊ ISPE နှင့် ရှမ်းယူနိုက်တက်အသင်းတို့အား ပွဲအပြီးတွင် ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။

ချန်ပီယံဆုဆွတ်ခူးရခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းသည် တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၃၀၀)လက်ခံရရှိခဲ့သလို ဒုတိယဆုရခဲ့သည့် ISPE FC အသင်းသည် တစ်ဦးချင်းငွေတံဆိပ်နှင့်အတူ ဆုငွေကျပ်သိန်း (၂၀၀) ရရှိခဲ့သည်။

အလားတူ တတိယဆုရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၁၅၀)ကို ရရှိခဲ့သည်။

ယခုနှစ် MNL U-21 Youth League 2025 အမှတ်ပေးပြိုင်ပွဲတွင်ပြိုင်ပွဲဝင်(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရာသီကုန်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ဒုတိယနေရာမှ ISPE အသင်းကို နှစ်မှတ်အသာဖြင့် ချန်ပီယံဆုဖလားကြီးအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

image

MNL U-21 ရာသီပိတ် ဖိုင်နယ်ပွဲအပြီး ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်း ဆွတ်ခူး

MNL U-21Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်နောက်ဆုံးဖိုင်နယ်ပွဲအပြီးတွင် ချန်ပီယံဆုကို ဒဂုံစတားယူနိုက်တက်အသင်းက ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ (၂၃)ရက် ညနေပိုင်းက ဒဂုံစတားယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒဂုံစတားယူနိုက်တက်အသင်းက ဆုမင်းအောင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ရမှတ် (၅၉) မှတ်ဖြင့် ချန်ပီယံဆုဖလားရရှိခဲ့ပြီး ISPE အသင်းအနေဖြင့် နောက်ဆုံး အဆုံးအဖြတ်ပွဲတွင် အရေးနိမ့်ခဲ့ခြင်းကြောင့် ရမှတ် (၅၇) မှတ်ဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

MNL U-21Youth League 2025 အမှတ် ပေးဘောလုံးပြို င်ပွဲတွင် ပထမ ဒုတိယနှင့်တတိယနေရာများ ရရှိခဲ့သည် ဒဂုံစတားယူနိုက်တက်၊ ISPE နှင့် ရှမ်းယူနိုက်တက်အသင်းတို့အား ပွဲအပြီးတွင် ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။

ချန်ပီယံဆုဆွတ်ခူးရခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းသည် တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၃၀၀)လက်ခံရရှိခဲ့သလို ဒုတိယဆုရခဲ့သည့် ISPE FC အသင်းသည် တစ်ဦးချင်းငွေတံဆိပ်နှင့်အတူ ဆုငွေကျပ်သိန်း (၂၀၀) ရရှိခဲ့သည်။

အလားတူ တတိယဆုရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုနှင့်အတူ ဆုငွေကျပ်သိန်း (၁၅၀)ကို ရရှိခဲ့သည်။

ယခုနှစ် MNL U-21 Youth League 2025 အမှတ်ပေးပြိုင်ပွဲတွင်ပြိုင်ပွဲဝင်(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရာသီကုန်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ဒုတိယနေရာမှ ISPE အသင်းကို နှစ်မှတ်အသာဖြင့် ချန်ပီယံဆုဖလားကြီးအား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

imageimage
+4

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံဗဟိုဘဏ်ကြား ဘဏ်လုပ် ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံဗဟိုဘဏ်နှစ်ခုကြား ဘဏ်လုပ်ငန်းဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန် စတင်နိုင်ရေးအတွက် ဗဟိုဘဏ်နှစ်ခုမှတာဝန်ရှိသူများ အောက်တိုဘာ ၂၂ ရက်ညနေပိုင်းက Video Conferencing စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံဗဟိုဘဏ်တို့မှ ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့် ပူးပေါင်း ဆောင်ရွက်မှုအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ဘယ်လာရုစ်နိုင်ငံမှထုတ်ကုန်များတင်ပို့ရာတွင် ဘယ်လာရုစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Export Loan ပံ့ပိုးပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံကြား ဦးစားပေးဆောင်ရွက်မည့်နယ်ပယ်များ သတ်မှတ်နိုင်ရေးတို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှတာဝန်ရှိသူများ ဘယ်လာရုစ်နိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

image

တူနီးရှားကမ်းလွန်မှာ စက်လှေနစ်မြုပ်လို့ ရွှေ့ပြောင်းနေထိုင်သူ ၄၀ ကျော်သေဆုံး

အောက်တိုဘာ ၂၄

တူနီးရှားကမ်းလွန်မှာ စက်လှေနစ်မြုပ်ပြီးနောက် ကလေးငယ်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၄၀ ထက်မနည်းသေဆုံးခဲ့ပြိး ယခုနှစ်အတွင်း ဒေသတွင်းမှာ အဆိုးရွားဆုံး ရေကြောင်းမတော်ဆမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၇၀ ခန့်ကို တင်ဆောင်လာတဲ့ အဲဒီစက်လှေဟာ တူနီးရှားအလယ်ပိုင်း မာဒီယာ မြေထဲပင်လယ်ဆိပ်ကမ်းမှာ နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ လိုက်ပါသူအားလုံးဟာ ဆာဟာရအောက်ပိုင်း အာဖရိက‌ဒေသလို့ အာဏာပိုင်တွေက ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒီလမ်းကြောင်းဟာ အာဖရိကမှ ဥရောပကို မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ရောက်ရှိဖို့ ကြိုးစားလေ့ရှိတဲ့ ရေလမ်းကြောင်းတခုဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်. မြေထဲပင်လယ်အလယ်ပိုင်းကို ဖြတ်ကျော်ဖို့ကြိုးပမ်းသူ နှစ်သိန်းတသောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။

လူ ၆၀၀၀၀ ကျော်ကို ကြားဖြတ်ဖမ်းဆီးကာ အာဖရိကကမ်းခြေတွေကို ပြန်ပို့ခဲ့ပြီး နှစ်ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ စက်လှေနစ်မြုပ်မှုမှာတော့ လူ ၃၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

စက်လှေနစ်မြုပ်မှု အကြောင်းရင်းနဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးမှု စတင်နေတယ်လို့ တူနီးရှားအာဏာပိုင်တွေက ဆိုပါတယ်။ ဥရောပမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုမှ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူအရေးဟာလည်း နိုင်ငံတကာမှ ဖိအားတွေတိုးလာနေပါတယ်။

အာဖရိကနဲ့ ဥရောပကြားရှိ ပင်လယ်ရေကြောင်း ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ရေလမ်းကြောင်းတခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆူဒန်နိုင်ငံသား ၄၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစီး တူနီးရှားနိုင်ငံ ဆဖက် မြို့အနီး နစ်မြုပ်ခဲ့ပါသေးတယ်။

image

လားရှိုး နဲ့ သီပေါက လဝက ဝန်ထမ်းတချို့ လာဘ်စားလို့ အရေးယူခံရ

အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး နဲ့ သီပေါက လဝက ဝန်ထမ်း တချို့ လာဘ်စားလို့ အောက်တိုဘာလ တတိယပတ်ခန့်က အရေးယူခံရကြောင်း ဒေသခံတွေနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေကြားချက် အရ သိရပါတယ်။

"လားရှိုးလဝက ဝန်ထမ်း ၃ ယောက်ပါခင်မျ။ ဒီလ အောက်တိုဘာလ ၁၈ ရက်နေ့က အရေးယူခံရတာပါ ခင်ဗျ။ ဖြစ်တာက ပြီးခဲ့လ ကပါ။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လာဘ်စားတယ်လို့ ကျော်ကြားနေတာ ကြာပါပြီ။ ဖြစ်ကာ အရင်က ကိုယ်တိုင် လာဘ်ငွေယူပြီး အဲဒီနောက် ပွဲစားလိုလိုနဲ့ ငွေတွေ ယူတာလို့ သိရတယ်လို့ သူက ပြောပါတယ်။

"ကိုယ်တိုင်လာလို့ သာပြောတာ ကိုယ်တိုင်လာရင် လချီရင်တောင် မရနိုင်ဘူး။ အန့်တီ မြေးမလေး အတွက် သွားလုပ်တာ ပွဲစား နဲ့ပဲ လုပ်ခဲ့ရတယ်။ ကျောင်းနေအရွယ်ကလေးမ ၇၅၀၀၀၀ ကုန်ခဲ့တယ်။ တခြားကုန်ကျစရိတ်မပါဘူး" လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

လဝက ရုံး အနီး တန်းစီတဲ့ နေရာမှာလည်း နေရာ ဝယ်ရပြီး ခုံတခုံအတွက် တစ်သိန်းပေးရပြီး တိုးတာဝောာင် ရုံးထဲ မရောက်နိုင်လို့ ပွဲစားနဲ့ပဲ လုပ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အလားတူ မူဆယ်မြို့နယ်၊ မူဆယ် ခရိုင် အတွင်းက ဒေသခံတွေလည်း လူကိုယ်တိုင် သွားရောက်ပြုလုပ်ပေမယ့် မွေးတိုးစာရင်း အတွက် ငါးသိန်း၊ မှတ်ပုံတင်အတွက် သုံးသိန်း စသဖြင့် လူကိုကြည့်ပြီး တ‌‌ေယာက်နဲ့တယောက် ငွေတောင်းတာမတူ‌ေပမယ့် ေငွကုန်ကြေးကျ များပြီး ငွေမပေးနိုင်သူတွေက ကြန့်ကြာနေတာကြောင့် အခက်ကြုံနေကြရတယ် လို့ဒေသခံတွေက ပြောပါတယ်။

"မူဆယ်မှာ မှတ်ပုံတင်ကလည်း စမတ်ကတ် မရှိရင် မလုပ်ပေးဘူး။ မွေးတိုးကလည်း အိမ်ထောင်ဦးစီးတွေ စမတ်ကတ် ရှိမှတိုးပေးတယ်။ သွားလုပ်တော့လည်း မှတ်ပုံတင်ရော စမတ်ကတ်ရော မတူတော့ဘူး။ အမှားပြင်ဖို့လုပ်‌တော့လည်း တခုပြီး တခုလုပ်ခိုင်းပြီး ရစ်နေတယ် ငွေမပေးနိုင်တော့။" လို့ ဒေသခံ တယောက်က ပြောပါတယ်။

သက်ကြီးရွယ်အိုပိုင်းတွေ ဒုက္ခ ရောက်ကြရပြီး ရွာတွေဘက်က ဒေသခံတွေကလည်း မကြာခဏ အသွားအလာ လုပ်ရလို့ ငွေကြေး မတတ်နိုင်လို့ မှတ်ပုံတင်လည်း မလုပ်နိုင်သလို မွေးတိုးစာရင်း ထည့်ဖို့လည်း အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့နယ်ရုံးက ဝန်ထမ်း သုံးယောက်နဲ့ သီပေါမြို့နယ်ရုံးက ဝန်ထမ်း သုံးယောက် စုစုပေါင်း ဝန်ထမ်း ခြောက်ယောက် တို့က ပွဲစားတွေဆီက ငွေကြေး မဟုတ် ပေမယ့် လက်ဆောင်ပစ္စည်းရယူ ခဲ့ကြောင်းပေါ်ပေါက်လို့ နိုင်ငံဝန်ထမ်းနည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေကို ဖြေကြားထားပါတယ်။

အဲဒီ ကိစ္စနဲ့ ဆက်စပ်ပြီး ပွဲစား ၂၄ ယောက်ကိုလည်း အမှုဖွင့်အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖြေကြားထားပါတယ်။
မြို့နယ်ဦးစီးမှူးရုံးတွေမှာ နိုင်ငံသားဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာ ငွေကြေး တစ်စုံတစ်ရာပေးအပ်ရန်မလိုဘဲ အခကြေးငွေတောင်းခံတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကိုလည်း နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိရှိတယ်လို့ ဖော်ပြထားပါတယ်။

ရုံးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူလူထုအနေနဲ့ ပွဲစားတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ကာယကံရှင်တွေ ကိုယ်တိုင်လာရောက်လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

image

မျှစ်ကို ကြိုက်လို့သာ စားနေကြတာ၊ အခုကစပြီးတော့ အရင်ထက်ပိုပြီး စားဖြစ်အောင် စားရတော့မယ်နော်။ မျှစ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ပါ။
မျှစ်ရဲ့ ကျန်းမာရေး စွမ်းပကားများ
မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာအမျိုးမျိုး ပြုလုပ်စားသောက်တတ်ကြပါတယ်။ ဒါပေမဲ့ မျှစ်တွေကို ဆေးဆိုးထားတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့်သွားကြတာတွေ ရှိပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ်စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်ကို မျှဝေလိုက်ရပါတယ်။
၁။ အစာခြေစနစ်ကို ကျန်းမာစေခြင်း
မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ အစာအိမ် ဝေဒနာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတို့ကိုလည်း သက်သာစေနိုင်ပါတယ်။
၂။ နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
မျှစ်မှာပါဝင်တဲ့ ဖီနောလစ်အက်စစ် များစွာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး Antioxidant အစွမ်းသတ္တိ ရှိပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ မျှစ်မှာပါတဲ့ ပိုတက်စီယမ်ကလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၃။ ပိုးသတ်အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် (Phytochemical) များစွာ ပါဝင်တဲ့အတွက် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
၄။ သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက် စားသုံးခြင်းဟာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံနီးပါးကို ရရှိစေပါတယ်။
၅။ မကောင်းတဲ့ အဆီကို ကျစေခြင်း (ကိုယ်အလေးချိန် ထိန်းညှိခြင်း)
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကို လျော့ကျစေနိုင်ပါတယ်။ ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် များတဲ့အတွက် မကြာခဏ ဆာလောင်မှုကို လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက်လည်း သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေတယ်လို့လည်း ဆိုပါတယ်။
၆။ ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားသုံးရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေနိုင်ပါတယ်။
၇။ အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေတယ်လို့ သိရပါတယ်။
၈။ သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိအမှတ်ပြုခဲ့ကြပါတယ်။
၉။ ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပြီး သန့်ရှင်းတဲ့ မျှစ်ရည်ကို ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက်မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
၁၀။ သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဒါမှမဟုတ် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့ကဆိုပါတယ်။
အားလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြပါစေခင်ဗျာ🙏
သင့်မိတ်ဆွေတွေလည်း သိစေရန် ပြန်လည်မျှဝေပေးခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပေးပါ။

image

ဖားကန့်မှာ မြေစာပြိုလို့ လူနှစ်ယောက် သေဆုံးပြန်

အောက်တိုဘာ ၂၄

ဖားကန့်ဒေသ ၊ဆိုင်းတောင်ရွာအုပ်စု ၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ် မြေစာပုံဟောင်း လုပ်ကွက်မှာ မနေ့က အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူအမျိုးသားနှစ်ယောက် သေဆုံးပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။

"ကျောက်ရှာနေချိန် မြေစာပုံကပြိုကျပြီး သူတို့အပေါ်ပိမိသွားတာပါ။ မြေစာပုံပြိုကျပြီးတော့ လူပိသွားတယ်ဆိုတာသိလို့ ကုမ္ပဏီဘက်က ဘက်ဟိုးကားနဲ့မြေစာ ဖော်ပေမယ့် အသက်မမီလိုက်ဘူး။ပွဲချင်းပြီးဆုံးသွားတယ်။ဒဏ်ရာရတဲ့ကောင်လေးက ခြေထောက်မှာပဲ ထိခိုက်မိတယ်။မစိုးရိမ်ရပါဘူး။ " လို့ ဖြစ်စဥ်သိသူ ဖားကန့်ဒေသခံကပြောပါတယ်။

မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူအမျိုးသားနှစ်ယောက်မှာ အသက် ၃၀ ပတ်ချာလည်အရွယ်လောက်ဖြစ်ပြီး မိသားစုနဲ့ နေထိုင်ရာဇာတိကိုမသိရသေးတဲ့အတွက် မိသားစုနဲ့အဆက်အသွယ်မရသေးကြောင်း ၊ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကတော့ အသက် ၁၄ နှစ်သာရှိသေးတယ်လို့သိရပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေနေသူတွေထဲမှာ ဒေသခံတွေပါသလို အခြားဒေသတွေကနေလည်း အများအပြားလာရောက်ပြီး ကျောက်ရှာဖွေမှုရှိနေတာဖြစ်တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်ကလည်း ဖားကန့်ဒေသရှိ
ကုဋေလုပ်ကွက်ဟောင်းတခုမှာ လက်ကျင်းတူးရာမှ ခြေချော်ကျပြီး အမျိုးသားတယောက် ရေနစ်သေဆုံးမှု ရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ဖားကန့်၊ မှော်စီစာကျေးရွာ၊ သာယာကုန်းမှာ ကျောက်စိမ်းလုပ်ကွက်ရှိ မြေစာပုံပြိုမှုကြောင့် အမျိုးသားတယောက် သေဆုံးပြီး အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းရှိ စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး ကျောက်ရှာဖွေသူအပါအဝင် သေဆုံးသူ ၁၇ ယောက်ထက်မနည်း ရှိနေ တယ်လို့ သိရပါတယ်။

ဇွန် ၂၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေတဲ့ ညီအစ်ကိုနှစ်ယောက် သေဆုံးမှုရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်းမှာ နွံပေါက်ကျမှုဖြစ်ပွားပြီး သေဆုံးသူ အယောက် ၃၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်လုပ်ကွက်မှာ မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။

image

လစ်သူယေးနီးယား လေပိုင်နက်အတွင်း ရုရှားစစ်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်

အောက်တိုဘာ ၂၄

ရုရှား စစ်လေယာဉ်နှစ်စင်း လေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်ခဲ့မှုနဲ့ပတ်သက်၍ လစ်သူယေးနီးယားက ရှုတ်ချလိုက်ပါတယ်။ ဒါပေမယ့်လည်း ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

ကြာသပတေးနေ့မှာ ရုရှားရဲ့ Sukhoi-30 တိုက်လေယာဉ်တစင်းနဲ့ Ilyushin-78 လေကြောင်းလောင်စာဆီဖြည့် လေယာဉ်တစင်းတို့ဟာ လစ်သူယေးနီးယားလေပိုင်နက်ထဲကို မီတာ ၇၀၀ ခန့် ပျံသန်းခဲ့ပြီး ၁၈ စက္ကန့်ကြာ ရှိနေခဲ့တယ်လို့ လစ်သူယေားနီးယားက စွပ်စွဲထားပါတယ်။

ရုရှားလေယာဉ်နှစ်စင်းဟာ လစ်သူယေးနီးယားနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီး ဘောလ်တစ်ပင်လယ်ကို မျက်နှာမူထားတဲ့ ရုရှားပိုင်နက်တခုဖြစ်တဲ့ ကာလီနင်ဂရက်ကနေ လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့တာလို့ လစ်သူယေးနီးယား စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

အခြေအနေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နေတိုးတိုက်လေယာဉ်နှစ်စင်းကို အရေးပေါ်စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ လစ်သူယေးနီးယားသမ္မတကတော့ ဒီကိစ္စအပေါ် ရုရှားကို ရှုတ်ချထားပြီး ဒါဟာ နိုင်ငံတကာဥပဒေနဲ့ လစ်သူယေးနီးယား အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ကာ ဒီကိစ္စကို တုံ့ပြန်မယ်လို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချထားပြီး လေယာဉ်တွေဟာ ကာလီနင်ဂရက်ဒေသပေါ်မှာ စီစဉ်ထားတဲ့အတိုင်း လေ့ကျင့်ရေးပျံသန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"လေယာဉ်တွေဟာ ပျံသန်းမှုလမ်းကြောင်းမှ သွေဖည်ခြင်းလည်းမရှိ၊ အခြားနိုင်ငံတွေရဲ့ နယ်နိမိတ်တွေကိုလည်း ချိုးဖောက်ခြင်းမရှိပါ" လို့ပြောပါတယ်။

နောက်ထပ်ဘောလ်တစ်နိုင်ငံဖြစ်တဲ့ အက်စ်တိုးနီးယားက ပြီးခဲ့တဲ့လက ရုရှားတိုက်လေယာဉ်သုံးစင်း လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း ပြောပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားတို့ကလည်း ရုရှားဒရုန်းတွေ လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ မကြာသေးမီကထုတ်ဖော်ပြောကြားထားပါတယ်။

image

တစ်စုံတစ်ယောက်ထံမှ ၊
"ချစ်တယ်" ဟု စကားတစ်ခွန်း ၊
တပည့်တော် ရခဲ့သော်
တကယ်ရပါရစေ၊ အရှင်ဘုရား။

*အောင်ချိမ့်

အမြင်ကျဉ်းမြောင်းမှုများကြောင့် အမေရိကန်လာလီဂါပွဲ ဖျက်သိမ်းလိုက်ရကာ အခွင့်အရေးတစ်ရပ် ဆုံးရှုံးလိုက်ရ
=====================

လာလီဂါအကြီးအကဲဂျာဗီးယားတီဘက်စ်က အမေရိကန်တွင် ကစားမယ့် ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲ ဖျက်သိမ်းလိုက်ရမှုမှာ လာလီဂါပြိုင်ပွဲအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်ကြောင်း ပြောကြားလာပါတယ်။

ဩဂုတ်လတုန်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်အား မိုင်ယာမီရှိ Hard Rock Stadium တွင် ကစားရန် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ် လာလီဂါပွဲစဉ်များအားလုံးတွင် ကစားသမားများဟာ ပွဲအစ ၁၅ စက္ကန့်ကို မကစားဘဲ နိုင်ငံခြားတွင် ကစားမယ့် လာလီဂါပွဲအား ဆန့်ကျင်သပိတ်မှောက်လာမှုနှင့်အတူ ယင်းပွဲအား ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။

ဘီတက်စ်က "ဒီကနေ့မှာ စပိန်ဘောလုံးလောကဟာ အသာစီးရမယ့် အခွင့်အရေး၊ တစ်ကမ္ဘာလုံးသိလာမယ့် စီမံကိန်း၊ အနာဂတ်မှာ သန်မာလာမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ အစဉ်အလာကို ကာကွယ်ကြတယ်။ စိတ်အမြင်ကျဉ်းတယ်။ ဥရောပဘောလုံးလောကရဲ့ စစ်မှန်တဲ့ အစဉ်အလာက အစိုးရအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် တစ်နှစ်ပြီးတစ်နှစ် ဖျက်ဆီးလာတယ်။ နိုင်ငံလိဂ်ကလည်း တစ်နှစ်ပြီးတစ်နှစ် ပျက်စီးလာနေတယ်။ လာလီဂါဟာ ဒါတွေကို ဘယ်လိုပဲ ဖျက်ဆီးလာပါစေ အလုပ်၊ ခိုင်မာမှု၊ ယုံကြည်မှုတွေနဲ့ ဆက်ပြီး ကြံ့ကြံ့ခံသွားမယ်။ ဒါပေမယ့် အစဉ်အလာကို အစဉ်သဖြင့် လေးစားပြီး ရေရှည်တည်တန့်အောင် လုပ်သွားမယ်"လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး တီဘက်စ်က စပိန်ဘောလုံးလောကမှာ အကြောက်တရားကင်းကင်းဖြင့် ရည်မှန်းချက်ကြီးကြီးဖြင့် ရှေ့ဆက်သွားမှာ ဖြစ်ပြီး နောင်တွင်လည်း နိုင်ငံခြားတွင် လိဂ်ပွဲဆက်ကစားနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုသွားပါတယ်။
တဖက်တွင် အေစီမီလန်နှင့် ကိုမိုတို့ရဲ့ စီးရီးအေပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလတွင် ဩစတြေးလျတွင် ကစားလာပါဦးမယ်။

image