ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၁၅၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၈၃၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၄၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၃၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၈၅ ကျပ်
ဝယ်ဈေး - ၃၉၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၇ ကျပ်
ဝယ်ဈေး - ၁၀၁၁ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၉၄ ကျပ်
ဝယ်ဈေး - ၅၇၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၈ ကျပ်
ဝယ်ဈေး - ၂၅.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၂၅ ကျပ်
ဝယ်ဈေး - ၄၃.၁၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၆၀ ကျပ်
ဝယ်ဈေး - ၅၃၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၅ ကျပ်
ဝယ်ဈေး - ၂၈၄၂ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၀၄ ကျပ်
ဝယ်ဈေး - ၂၉၂၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၂ ကျပ်
ဝယ်ဈေး - ၅၀၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၁ ကျပ်
ဝယ်ဈေး - ၁၀၈၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
9 w - Translate

Tattoo ideas only

image

ထရမ့်က ကျူးဘားကို ထပ်မံခြိမ်းခြောက်ပြန်၊ ကျူးဘားအနေဖြင့် 'မိတ်ဆွေပီသစွာ သိမ်းပိုက်မှု' နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြား

အမေရိကန်-အစ္စရေး၏ အီရန်အပေါ် စစ်ပွဲသည် ဒုတိယမြောက်သီတင်းပတ်သို့ ရောက်ရှိလာသော်လည်း ၎င်း၏အစိုးရအဖွဲ့သည် ကျူးဘားတွင် အစိုးရဖြုတ်ချရေးကို ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကျူးဘားကို ဆက်လက်အာရုံစိုက်နေဆဲဖြစ်ပြီး အိမ်ဖြူတော်၏ အစီအစဉ်များတွင် ထိုကျွန်းနိုင်ငံကို "မိတ်ဆွေပီသစွာ သိမ်းပိုက်မှု" ပါဝင်နိုင်သလို မပါဝင်ဘဲလည်း ရှိနိုင်ကြောင်း ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနအရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကျူးဘားကိစ္စကို "ကိုင်တွယ်ဖြေရှင်း" နေကြောင်း သမ္မတက ဖလော်ရီဒါပြည်နယ်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

"သူ ဒီကိစ္စကို ကိုင်တွယ်နေပါတယ်။ အဲဒါက မိတ်ဆွေပီသစွာ သိမ်းပိုက်တာလည်း ဖြစ်နိုင်သလို၊ မိတ်ဆွေပီသစွာ သိမ်းပိုက်တာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက သိပ်အရေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာက ဘာမှမရှိတော့တဲ့... အငွေ့လောက်ပဲ ကျန်တော့တဲ့ အခြေအနေကို ဆိုက်နေလို့ပါ။ သူတို့ဆီမှာ စွမ်းအင်လည်း မရှိတော့သလို ငွေလည်း မရှိတော့ပါဘူး" ဟု ထရမ့်က ပြောသည်။

"သူတို့အနေနဲ့ သဘောတူညီချက်တစ်ခု လုပ်ရင်လုပ်၊ မလုပ်ရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီအတိုင်း လွယ်လွယ်ကူကူပဲ လုပ်ဆောင်သွားမှာပါ" ဟု သူက ဆိုသည်။

အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကာရာကတ်စ် မှ ဟာဗားနား သို့ လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် ဇန်နဝါရီလကတည်းက ကျူးဘားသည် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ယင်းလုပ်ရပ်က ကျူးဘား၏ မိတ်ဖက်နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံနှင့် ကျူးဘားစီးပွားရေးအတွက် အဓိကရေနံအရင်းအမြစ်တစ်ခုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ကျူးဘားသည် စီးပွားရေးပြိုလဲမှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအစိုးရသည် အမေရိကန်နှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိနေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက အရိပ်အမြွက် ပြောဆိုထားသည်။

ကျူးဘားအစိုးရသည် "ပြုတ်ကျ" ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ၎င်း၏ခေါင်းဆောင်များသည် ဝါရှင်တန်နှင့် "သဘောတူညီချက်ရယူ" လိုကြောင်း ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့သည်ဟု NBC News သတင်းအရ သိရသည်။

အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်နေသည်ဆိုသော သတင်းများကို ကျူးဘားက ငြင်းဆိုထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

သို့သော်လည်း ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို ၏ မြေးဖြစ်သူ ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကက်စထရို နှင့် အမေရိကန် တာဝန်ရှိသူများအကြား "တရားဝင်မဟုတ်သော ဆွေးနွေးမှုများ" ရှိနေသည်ဟူသည့် အမေရိကန်မီဒီယာများ၏ ဖော်ပြချက်များကိုမူ ၎င်းတို့က "ပြတ်ပြတ်သားသား" ငြင်းဆိုထားခြင်း မရှိပေ။

ကျူးဘားသည် ဆယ်စုနှစ်များစွာကြာ အမေရိကန်၏ ပစ်မှတ်ထားမှုခံခဲ့ရသော်လည်း၊ ဟာဗားနားတွင် အစိုးရအပြောင်းအလဲဖြစ်ရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကြိုးပမ်းလာသည့် စစ်အေးခေတ်အလွန် ပထမဆုံးသော အမေရိကန်သမ္မတမှာ ထရမ့်ဖြစ်သည်။

ဗင်နီဇွဲလားနှင့် ကျူးဘားအပေါ် ထရမ့်၏ တိုက်ခိုက်မှုများသည် ကမ္ဘာ့အနောက်ခြမ်းအား အခြားမည်သည့် နိုင်ငံခြားအင်အားစု၏ လွှမ်းမိုးမှုမျှမရှိဘဲ အမေရိကန်၏ သြဇာလွှမ်းမိုးမှုအောက်တွင်သာ ရှိရမည်ဟု ပြဋ္ဌာန်းထားသည့် ၁၉ ရာစု မူဝါဒဖြစ်သော "မွန်ရိုးဝါဒ(Monroe Doctrine)" ကို ၎င်းက ပြန်လည်အသက်သွင်းမှုနှင့် ကိုက်ညီနေသည်။

ထရမ့်သည် ကျူးဘားကို "မိတ်ဆွေပီသစွာ သိမ်းပိုက်မည်" ဟူသော အယူအဆကို ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။

"မိတ်ဆွေပီသစွာ သိမ်းပိုက်ခြင်း(Friendly Tekeover)" ဆိုသည်မှာ စစ်အင်အားသုံး၍ ကျူးကျော်သိမ်းပိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ကျူးဘားအစိုးရ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးနှင့် စွမ်းအင် အကျပ်အတည်းများကို အခွင့်ကောင်းယူကာ ကျူးဘားအစိုးရကိုယ်တိုင်ကပင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုအောက်သို့ သဘောတူညီချက်တစ်ခုခုဖြင့် အသာတကြည် ဝင်ရောက်လာစေရန် (သို့မဟုတ်) အမေရိကန်သြဇာ‌ငြောင်းမည့်အစိုးရတစ်ရပ်သို့ အပြောင်းအလဲဖြစ်လာစေရန် ဖိအားပေး သိမ်းပိုက်မည်ဟု တင်စားသုံးနှုန်းသွားခြင်းဖြစ်သည်။

image

ထိုင်းအစိုးရဝန်ထမ်းများ စွမ်းအင်ချွေတာရေးအတွက် လှေကားအသုံးပြုရန်နှင့် အိမ်မှအလုပ်လုပ်ရန် ညွှန်ကြား

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ပြတ်လပ်မှု အခြေအနေများကြားတွင် အစိုးရဝန်ထမ်းများအနေဖြင့် စွမ်းအင်ချွေတာကြရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က ယနေ့ အင်္ဂါနေ့တွင် ညွှန်ကြားလိုက်သည်။ အဆိုပါ အစီအစဉ်တွင် ပြည်ပခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် ဓာတ်လှေကားအစား လှေကားကို အသုံးပြုခြင်း စသည့် အချက်များ ပါဝင်သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ လလိတာ ပီရိဆွီဝပ်တနာက "ဝန်ကြီးချုပ်ဟာ ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့(Work from home) ညွှန်ကြားထားပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ပြည်သူလူထုကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရမည့် ဝန်ထမ်းများအတွက်မူ ခြွင်းချက်ထားရှိမည် ဖြစ်သည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် စွမ်းအင်အရန်သင့်ရှိမှုမှာ ၉၅ ရက်စာ ခန့်သာ ကျန်ရှိတော့ပြီး အမေရိကန်၊ သြစတြေးလျနှင့် တောင်အာဖရိကတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) များ ထပ်မံရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး အတ္တပို ရပ်ပီဘွန်က ဆိုသည်။
စွမ်းအင်သုံးစွဲမှု လျှော့ချရန်အတွက် အောက်ပါအချက်များကိုလည်း အစိုးရက ထုတ်ပြန်ထားသည်။
လေအေးပေးစက်ကို ၂၆ မှ ၂၇ ဒီဂရီစဲလ်စီးယပ်စ် အတွင်းသာ ထားရှိရန်၊ ဝတ်စားဆင်ယင်ရာတွင်ကုတ်အင်္ကျီနှင့် နက်တိုင်များအစား လက်တိုရှပ်အင်္ကျီများကို ဝတ်ဆင်ရန်၊ အသုံးမလိုသည့် မီးများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားရန် တို့ဖြစ်သည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၆၈% နီးပါးကို သဘာဝဓာတ်ငွေ့မှ ရရှိခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ရည်များ၏ ထက်ဝက်ကျော်ကို ထိုင်းပင်လယ်ကွေ့ရှိ ပြည်တွင်းထုတ်လုပ်မှုမှ ရရှိပြီး ၃၅% ကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်သည်။ အဆိုပါ တင်သွင်းမှု၏ ၁၃% မှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ဖြစ်ကြောင်း စွမ်းအင်ထိန်းသိမ်းရေး ကော်မရှင်၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံသည် မြန်မာနှင့် လာအိုနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများသို့ စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းထားသည်။

အခြေအနေများ ပိုမိုဆိုးရွားလာပါက အောက်ပါ တင်းကျပ်သော အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများနှင့် လုပ်ငန်းခွင်များရှိ ကြော်ငြာမီးဆိုင်းများကို ပိတ်ထားခြင်း သို့မဟုတ် မှိန်ထားခြင်း၊ ဓာတ်ဆီဆိုင်များကို ည ၁၀ နာရီတွင် ပိတ်ရန် သတ်မှတ်ခြင်း၊ ပြည်သူလူထုအနေဖြင့် ကားတစ်စီးတည်းအတူစီးခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခြင်းတို့ဖြစ်သည်။

image

မုံရွာမြို့ စက်သုံးဆီဆိုင်များ ကွင်းဆင်းစစ်ဆေးလျက်ရှိ

မုံရွာမြို့တွင် စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှု မဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် မတ်လ (၈) ရက်၊ နံနက် (၉) နာရီက မုံရွာခရိုင်/မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥ က္ကဋ္ဌများနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိနှင့်အတူ တာဝ န်ရှိသူများလိုက်ပါပြီး မုံရွာမြို့ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုဘဲအခြင်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး၊ နေ့ရက်အလိုက် သတ်မှတ်ထားသော ( စုံ ၊ မ ) အက္ခရာယာဉ် အမှတ်များကို သက်မှတ်ရက်အလိုက် စနစ်တကျ ရောင်းချသွားရန်မှာ ကြားခဲ့ကြောင်းသိရသည်။

image

ဆီချွေတာရန် နေအိမ်မှအလုပ်လုပ်ကြဖို့ လူထုကို ဗီယက်နမ် ဆော်သြ

အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများဖြစ်နေစဉ် လောင်စာဆီချွေတာရန်ကြိုးပမ်းမှု ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ထမ်းများကို နေအိမ်မှအလုပ်လုပ်သည့်အစီအစဉ်ကို အကောင်အထည်ဖော်ကြရန် ဒေသခံစီးပွားရေးလုပ်ငန်းများကို ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမှုများကို အကြီးအကျယ်အမှီပြုရသည့်ဗီယက်နမ်နိုင်ငံသည် အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် လောင်စာဆီပြ-တ်တေ-ာက်မှုဒ-ဏ်ကို အဆိုးဆုံးခံရသည့် နိုင်ငံများထဲတွင် ပါဝင်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကား၍ အင်္ဂါနေ့တွင် အစိုးရက ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ လောင်စာလိုအပ်ချက်ကို လျှော့ချရန်အတွက် ဖြစ်နိုင်သည့်အချိန်အတိုင်းအတာအလိုက် နေအိမ်အလုပ်လုပ်သည့် အစီအစဉ်ကို ဆောင်ရွက်ကြစေရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည်လကုန်မှစ၍ အရှေ့တောင်အာရှနိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများသည် ၃၂ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၆ ရာခိုင်နှုန်းနှင့် ရေနံဆီ ၈၀ ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့ကြောင်း ထိပ်တန်းလောင်စာဆီကုန်သွယ်ရေးကုမ္ပဏီ Petrolimex မှ အချက်အလက်များအရ သိရသည်။ အင်္ဂါနေ့တွင် မြို့တော်ဟနွိုင်းရှိ ဓာတ်ဆီဆိုင်များ၌ ကားများနှင့် ဆိုင်ကယ်များ တန်းစီစောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရှိရသည်။ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် လောင်စာဆီ စုဆောင်းခြင်း သို့မဟုတ် ဈေးကစားခြင်းများ မလုပ်ကြရန်လည်း ဝန်ကြီးဌာနက တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဖန်မင်းမင်းသည် လောင်စာဆီနှင့် ရေနံစိမ်းထောက်ပံ့မှုရရှိရန် ကူဝိတ်၊ ကာတာနှင့် ယူအေအီးနိုင်ငံများမှ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံ တနင်္လာနေ့တွင် ဖုန်းပြောခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလကုန်အထိ အကျိုးသက်ရောက်မည့် လောင်စာဆီသွင်းကုန်များအပေါ် အခွန်ပယ်ဖျက်မည့်အစီအစဉ်ကို တနင်္လာနေ့တွင် ဆုံးဖြတ်ခဲ့သည်။

Ref: အီးတီ

image

အိမ်ခြေ ၈၀၀ ကျော် အကျိုးဖြစ်ထွန်းစေမယ့် ဘိုကလေးမြို့နယ် ရွာတန်းရှည်မှ ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်သော ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘိုကလေးမြို့နယ် ဟိုင်းစီကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာနှင့် ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး) ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား မတ်လ ၉ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၂၉ ဒသမ ၁၈၈ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုဖွင့်လှစ်သည့် ရွာတန်းရှည်-ဖျာပုံ-ဘိုကလေးကားလမ်းသို့ ဆက်သွယ်သည့် ကွန်ကရစ်လမ်းသစ်သည် လမ်းမိုင်အရှည် တစ်မိုင် ၀ ဒသမ ၂ ဖာလုံ၊ လမ်းနယ်နိမိတ်အကျယ်ပေ ၃၀ ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးခဲ့သည်ဟုသိရသည်။

အဆိုပါ လမ်းခင်းခြင်းဖြင့် အကျိုးပြုရွာ သုံးရွာ၊ အကျိုးပြု အိမ်ခြေ ၈၀၂ လုံး၊ အကျိုးပြုလူဦးရေ ၃၁၈၇ ဦး ရှိကြောင်း သိရသည်။

image

မန္တလေးတိုင်း၌ ယနေ့ မတ် ၁၀ ရက်က Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် မီးလေ-ာင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်နှင့် မိတ္ထီလာမြို့တို့၌ ယနေ့ မတ် ၁၀ ရက်က Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် မီးလေ-ာင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းရှေ့ရပ်ကွက်၊ ၃၈ လမ်း ၃၉ လမ်းနှင့် ၈၆ လမ်း ၈၇ လမ်းကြား၊ ကျောက်မျက်ရတနာစျေးအရှေ့ဘက်တွင် ည ၆ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များမှ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နေ့လည် ၁ နာရီကျော်ခန့်ကလည်း မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်တွင် မီးလေ-ာင်မှုဖြစ်ပွား၍ မိတ္ထီလာခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နေ့လည် ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

ဗဟိုဘဏ် ဒုတိယဥက္ကဌ အပြောင်းအလဲ ဖြစ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာလင်းအောင်အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်သည်။

ဒေါက်တာ လင်းအောင် နေရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ဒေါက်တာ စန္ဒာဦးအား ခန့်အပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ယနေ့ (မတ်၁၀) တွင် ထုတ်ပြန် ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

image