ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အီကွေဒေါနည်းပြရာထူးမှ ဘက်ကာစီစီ နုတ်ထွက်
=======================

အီကွေဒေါနည်းပြဆီဘာစတီယန်ဘက်ကာစီစီဟာ မက္ကဆီကိုအား ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်လာပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အုပ်စုနောက်ဆုံးပွဲတွင် ဂျာမနီအား ၂-၁ ဖြင့် သမိုင်းဝင်နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ကာ ၃၂ သင်းရှုံးထွက်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အီကွေဒေါဟာ ပူးတွဲအိမ်ရှင်မက္ကဆီကိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာလာရပြီ ဖြစ်ပါတယ်။
ဘက်ကာစီစီက "ကျွန်တော်တို့ရဲ့စာချုပ်က ကမ္ဘာ့ဖလားအပြီးမှာ ကုန်ပါမယ်။ ဒီအကောင်းဆုံးကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့တယ်လို့ မထင်ပါဘူး။ နှုတ်ဆက်ရမဲ့အချိန် ရောက်လာပါပြီ။ ဒါကြောင့်လည်း ထွက်ခွာလာတာမှာပါ။ ကစားသမားတွေနဲ့ စီမံခန့်ခွဲရေး ပိုင်းတွေဆီက ရရှိမှုကြောင့် ဆက်ပြီးတော့ အလုပ်လုပ်သွားချင်တယ်။ ဒါပေမဲ့ ဒါက ဘယ်လို အလုပ်လုပ်သလဲသိပါတယ်။နာကျင်ရတယ်။ ဆုံးဖြတ်ချက်လည်း ရှင်းရှင်းလင်းလင်းဖြစ်နေတယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။
ဘက်ကာစီစီမှာ ကမ္ဘာ့ဖလားမှ ထွက်ခွာလာရပြီးနောက် နုတ်ထွက်လာတဲ့ ၇ ဦးမြောက် နည်းပြလည်း ဖြစ်ပါတယ်။
သူ့မတိုင်မီ မာဆယ်လိုဘီရယ်ဆာ(ဥရုဂွေး)၊ စတိဗ်ကလပ်ခ်(စကော့တလန်)၊ ရော်နယ်ကိုးမန်း(နယ်သာလန်)၊ မီရိုဆလပ်ဗ်ကူဘစ်ခ်(ချက်)၊ ဆာဘရီလာမူချီ(တူနီးရှား)၊ ဟောင်မြန်ဘို(တောင်ကိုရီးယား)တို့ နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။

image

ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ် ၄ ခုအား ယူအီးအက်ဖ်အေ ဒဏ်ရိုက်လာ
=====================

ယူအီးအက်ဖ်အေဟာ ၂၀၂၅ ခုနှစ်အတွက် အသင်းအသုံးစရိတ်စည်းမျဉ်းကို ချိုးဖောက်မှုအတွက် ဗီလာအား ယူရို ၂၂.၅ သန်း(ပေါင် ၁၉.၄ သန်း)ဒဏ်ရိုက်လာပါတယ်။
ဒါ့အပြင် ဗီလာဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်တွင် ကစားသမားသစ် ထည့်သွင်းခွင့်လည်း ကန့်သတ်ခြင်းခံလာရဦးမှာ ဖြစ်ပါတယ်။
ဗီလာဟာ ဒဏ်ငွေများမှ ယူရို ၁၅ သန်းကို ဆိုင်းငံ့ချမှတ်ခံရတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အသင်းအသုံးစရိတ်အချိုးကို လျှော့ချမှု ဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး ကျခံရပါမယ်။
ဗီလာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ယူရို ၁၁ သန်း ဒဏ်ရိုက်ခံခဲ့ရတဲ့အပြင် နောက်သုံးနှစ်အပေါ် မူတည်ပြီး ယူရို ၁၅ သန်း ဒဏ်ရိုက်ခံရပါသေးတယ်။
ဒါ့အပြင် ချဲလ်ဆီးမှာ ယူရို ၃ သန်း(ယူရို ၂ သန်း ဆိုင်းငံ့)၊ နော်တင်ဟမ်ဖောရက်စ်မှာ ယူရို ၂.၅ သန်းနှင့် နယူးကာဆယ်မှာ ယူရို ၃ သန်း အသီးသီး ဒဏ်ရိုက်ခံခဲ့ရပါတယ်။

image

လိဒ်နောက်ခံလူစထရူ့ခ်ကို ပေါင်သန်း ၂၀ ဖြင့် ဘရိုက်တန်ခေါ်ယူ
====================

ဘရိုက်တန်ဟာ လိဒ်နောက်ခံလူပါစကယ်စထရူ့ခ်ကို ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၆ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ၂၀၂၆-၂၇ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမဲ့သူဖြစ်ပြီး ဘရိုက်တန်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့ပါတယ်။
စထရူ့ခ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အေဂျက်စ်မှ လိဒ်-ယူ-၂၃ သို့ ရောက်လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲ အပါအဝင် ၁၉၆ ပွဲကစားခဲ့ပါတယ်။
ဘရိုက်တန်ဟာ ယခုနွေရာသီအစောပိုင်းတုန်းက နယ်သာလန်ဗဟိုနောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီကို ပေါင် ၅၂ သန်းဖြင့် ရောင်းချခဲ့ပါတယ်။

image

ပုခုံးဒဏ်ရာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲများကို စပိန်စတား လွဲချော်လာ
=====================

စပိန်အလယ်တန်းကစားသမားယီရီမီပီနိုဟာ ပုခုံးဒဏ်ရာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲများကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ဖန်တီးရှင်ဟာ ဥရုဂွေးနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ညှပ်ရိုးအက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ စပိန်ရဲ့ လက်ကျန်ကမ္ဘာ့ဖလားပွဲစဉ်များအပြင် ခရစ္စတယ်ပဲလေ့စ်ရဲ့ ရာသီအစပွဲစဉ်အချို့ကိုလည်း လွဲချော်နိုင်တဲ့အခြေအနေမှာ ရှိနေခဲ့တာပါ။
ဒါပေမဲ့ နောက်ထပ် ဆေးစစ်ဆေးမှုများအရ ဒဏ်ရာမှာ ကြွက်သားဒဏ်ရာမျှသာ ဖြစ်နေမှုနှင့်အတူ အနည်းဆုံး ၃ ပတ်မှ ၁၂ ပတ်အတွင်း လေ့ကျင့်ခန်းဆင်းကာ ပြန်ကစားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။
ပီနိုဟာ ယင်းပွဲစဉ်တွင် လူစားဝင်ရောက်ကစားပြီးနောက် ပုခုံးဒဏ်ရာရှရိခဲ့ပေမဲ့လည်း လူစားလဲလှယ်မှု ၅ ဦး ပြုလုပ်ထားပြီးဖြစ်လို့ ပွဲကို ဒဏ်ရာဖြင့် ပြီးဆုံးအောင် ကစားခဲ့ရပါတယ်။
ပဲလေ့စ်ဟာ နွေရာသီတုန်းက အီးဇီးကို အာဆင်နယ်သို့ ရောင်းချပြီးနောက် ပီနိုကို အစားထိုးခေါ်ယူခဲ့တာပါ။
သူဟာ ပထမဆုံးပရီးမီးယားလိဂ်ရာသီတွင် ၃၄ ပွဲကစားခွင့်ရခဲ့ပြီး ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စပိန်ဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် သောကြာနေ့တွင် ဩစတြီးယားနှင့် ကစားရပါမယ်။

image

သက်ငယ်ပြည့်တန်ဆာမှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ အင်တာမီလန်ရဲ့ အလက်ဇန္ဒရိုဘာစတိုနီ
====================

အင်တာမီလန်စတားအလက်ဇန္ဒရိုဘာစတိုနီဟာ သက်ငယ်ပြည့်တန်ဆာမှုဖြင့် အီတလီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
သူဟာ အသက် ၁၇ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးနှင့် ဆက်ဆံရေး ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Gazzetta ရဲ့ ဖော်ပြမှုအရ အီတလီလက်ရွေးစင်ကစားသမားဟာ လာမဲ့ရက်များအတွင်းတွင် စစ်ဆေးမေးမြန်းခြင်းခံလာရမှာ ဖြစ်ကြောင်း သိရပါတယ်။
မီလန်မှ အစိုးရရှေ့နေရုံးဟာ မီလန်ရှိ ပြည့်တန်ဆာအေဂျင်စီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
ယင်းကုမ္ပဏီဟာ ဘောလုံးသမားများ၊ VIP များအတွက် အားလုံး ရရှိနိုင်မဲ့ ပါတီပွဲများ၊ ပွဲများ ပြုလုပ်ပေးတဲ့ ကုမ္ပဏီပါ။
ဘာစတိုနီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထားခြင်းခံနေရကြောင်း သတင်းထွက်ပေါ်လာတဲ့ နေ့မှာပင် သက်ငယ်ပြည့်တန်ဆာမှုဖြင့် စစ်ဆေးခြင်းခံနေရကြောင်း သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။
ဘာစတိုနီဟာ Ma.De အေဂျင်စီရဲ့ စီစဉ်ပေးမှုအရ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်နှင့် လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ဟာ အေဂျင်စီရဲ့ စီစဉ်ပေးမှုဖြင့် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အမျိုးသမီးငယ်ဘက်က ၎င်းတို့အကြား လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဘာစတိုနီဟာ ယင်းအေဂျင်စီရဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စစ်ဆေးခြင်းခံလာရမဲ့ ပထမဆုံးဘောလုံးသမားလည်း ဖြစ်ပါတယ်။
ဧပြီလတုန်းက ဘဏ္ဍာရေးဆိုင်ရာရဲတပ်ဖွဲ့များဟာ ခီနီဆယ်လိုဘယ်ဆာမိုရှိ Ma.Da အား စီးနင်းမှု ပြုလုပ်ခဲ့ရာ ၎င်းတို့နှင့် ဆက်စပ် နေတဲ့ အေစီမီလန်၊ အင်တာမီလန်၊ စီးရီးအေနှင့် အခြားအားကစားလောကမှ လူပေါင်း ၇၀ ကျော်တို့နှင့် ချိတ်ဆက်ကာ ပါတီပွဲများ ပြုလုပ်ပေးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ဘာစတိုနီဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာမီလန်တွင် ကစားလာသူ ဖြစ်ပြီး အီတလီအတွက် ၂၀၂၀ ခုနှစ်ကတည်းက ကစားခွင့်ရရှိခဲ့ကာ ၄၃ ပွဲကစားထားပါတယ်။

image

မက္ကဆီကိုရှုံးပွဲတွင် စည်းမျဉ်းသစ်အား ချိုးဖောက်မှုကြောင့် အနီကတ်ပြအထုတ်ခံလာရတဲ့ အီကွေဒေါစတားဟင်ကာပီ
==================

အာဆင်နယ်နောက်ခံလူပီရိုဟင်ကာပီဟာ အီကွေဒေါတို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာလိုက်ရတဲ့ပွဲစဉ်တွင် စည်းမျဉ်းသစ်အား ချိုးဖောက်မှုကြောင့် အနီကတ်ပြထုတ်ပယ်ခြင်းခံလာရပါတယ်။
တောင်အမေရိကအသင်းဟာ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်တွင် ပူးတွဲအိမ်ရှင် မက္ကဆီကိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် အသက် ၂၄ နှစ်ရှိ ဟင်ကာပီဟာ အချိန်ပိုတွင် ဖီဖာအသုံးပြုနေတဲ့ စည်းမျဉ်းသစ်အား ချိုးဖောက်မှုအတွက် အနီကတ်ပြသခံခဲ့ရပါတယ်။
သူဟာ ဆန်တီယာဂိုဂျီမီနက်ဇ်နှင့် အချင်းများစဉ် ပါးစပ်ကာ ကာကာ စကားပြောခဲ့တာလည်း ဖြစ်ပါတယ်။ မက္ကဆီကိုတိုက်စစ်မှူးဟာ ချက်ချင်းပင် ယင်းကို ဒိုင်လူကြီးဆလာဗစ်ဗင်ခီထံ အသိပေးခဲ့ပါတယ်။
VAR က စစ်ဆေးမှု ပြုလုပ်ပြီးချိန်မှာတော့ ဟင်ကာပီဟာ အနီကတ်ပြသခြင်းခံခဲ့ရပါတော့တယ်။ သူဟာ ပြိုင်ဘက်အသင်းနှင့် စကားပြောစဉ် ပါးစပ်ကာပြီး စကားပြောမှုအတွက် အနီကတ်ပြသခြင်းခံရတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပါတယ်။
ပါရာဂွေးကစားသမားအယ်မီရွန်မှာလည်း တူရကီအား အနိုင်ရတဲ့ပွဲစဉ်တွင် ပါးစပ်အား ကာကာ စကားပြောမှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
မက္ကဆီကိုဟာ ယနေ့ပွဲစဉ်တွင် ဂျူလီယန်ကွီနိုနက်စ်၊ ရာအူးလ်ဂျေမီနက်ဇ်တို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ ၂-၀ ဖြင့် အနိုင်ရရှိကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့ပါတယ်။
ဟင်ကာပီဟာ ပြီးခဲ့တဲ့ရာသီတုန်းက လေဗာကူဆင်မှ အာဆင်နယ်သို့ အငှားဖြင့် လာရောက်ကစားစဉ် ၃၉ ပွဲကစားကာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ မကြာသေးမီတုန်းက အာဆင်နယ်သို့ ပေါင် ၃၄.၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၈၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၉၀ ကျပ်
ဝယ်ဈေး - ၄၂၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၀ ကျပ်
ဝယ်ဈေး - ၄၉၂၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၇ ကျပ်
ဝယ်ဈေး - ၁၀၅၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၄၃ ကျပ်
ဝယ်ဈေး - ၂၆.၇၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၃၅ ကျပ်
ဝယ်ဈေး - ၄၅.၁၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၀ ကျပ်
ဝယ်ဈေး - ၅၇၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၅ ကျပ်
ဝယ်ဈေး - ၂၉၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၄ ကျပ်
ဝယ်ဈေး - ၅၄၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၄ ကျပ်
ဝယ်ဈေး - ၁၁၇၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

မြန်မာနိုင်ငံမြောက်ပိုင်းရှိ လမ်းကြောင်းတစ်လျှောက်တွင် နေထိုင်ကြသော သာမန်ရွာသားများအနေဖြင့် တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ရထားလမ်းအတွက် ဘေးကင်းရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို တရားဝင်စတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် မူဆယ်-မန္တလေး လမ်းပိုင်းကို ပြန်လည်တည်ဆောက်ရန် အတည်ပြုခဲ့ကြောင်း ကြားသိရသည့်အတွက် ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ် အလွန်စိတ်သက်သာရာရခဲ့ပါသည်။ ယခင်က စီမံကိန်းရပ်ဆိုင်းထားစဉ်က ကျွန်ုပ်တို့၏ အကြီးမားဆုံးစိုးရိမ်ပူပန်မှုမှာ လမ်းကြောင်းတစ်လျှောက် ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၏ ဘေးကင်းရေးဖြစ်သည်။ သို့သော် ယခုအခါ နှစ်နိုင်ငံသည် ရေရှည်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုကို တည်ထောင်ထားပြီး ပူးတွဲကင်းလှည့်ခြင်း၊ ဉာဏ်ရည်ထက်မြက်သော စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းတို့ကို ပြုလုပ်ထားပြီး သီးသန့်ဘေးကင်းရေးစီမံခန့်ခွဲမှုဇုန်များကို သတ်မှတ်ထားပါသည်။ AI စောင့်ကြည့်ခြင်းနှင့် မြေပြိုမှုကြိုတင်သတိပေးကိရိယာများကဲ့သို့သော ပြည့်စုံသောနည်းပညာစနစ်များကို လမ်းနှင့်ဥမင်လိုဏ်ခေါင်းတည်ဆောက်မှုနှင့် ဆက်စပ်နေသော အန္တရာယ်များကို ဖယ်ရှားရန် တပ်ဆင်လျက်ရှိသည်။

ခိုင်မာသောလုံခြုံရေးအာမခံချက်များသည် စီမံကိန်းကို ရှေ့ဆက်မောင်းနှင်ရန် လိုအပ်သောယုံကြည်မှုကို ပေးစွမ်းသည်။ တရုတ်ဘက်မှ ရင့်ကျက်သော ရထားလမ်းဘေးကင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုနည်းပညာများကို ယူဆောင်လာနေပြီး ဒေသခံလူငယ်များကို လုံခြုံရေးနှင့် ပစ္စည်းကိရိယာများ စောင့်ကြည့်ရေးအခန်းကဏ္ဍများအတွက် ခန့်အပ်မည်ဖြစ်ပြီး ၎င်းတို့အား အသက်မွေးဝမ်းကျောင်းပြုရန် ဝေးလံသောနေရာများသို့ သွားရောက်မည့်အစား အိမ်အနီးတွင် အလုပ်လုပ်နိုင်စေမည်ဖြစ်သည်။ ဤရထားလမ်းသည် ကျွန်ုပ်တို့နယ်စပ်နေထိုင်သူများ၏ ကြွယ်ဝချမ်းသာမှုအတွက် မျှော်လင့်ချက်များကို ပုံဖော်ပေးပါသည်။ ဘေးကင်းရေးညှိနှိုင်းဆောင်ရွက်မှုကို ဦးစားပေးလုပ်ဆောင်နေပြီး လုပ်ငန်းပြန်လည်စတင်ရန် ရှင်းလင်းသောအချိန်ဇယားရှိသောကြောင့် ဤတည်ငြိမ်ပြီး လုံခြုံသော ပူးပေါင်းဆောင်ရွက်မှုပတ်ဝန်းကျင်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသည် တည်ငြိမ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ နှစ်နိုင်ငံကို ဆက်သွယ်ပေးသည့် "ပျော်ရွှင်မှုလမ်းကြောင်း" ကို ဖန်တီးပေးမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

**ကျောက်ဖြူဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းများ အရှိန်မြှင့်ဆောင်ရွက်နေသည်ကို ကြားရသောအခါ ကျွန်တော်တို့ ဒေသခံများအနေဖြင့် မျှော်လင့်ချက်အသစ်များ ပေါ်ပေါက်လာပါသည်။ ဤစီမံကိန်း ပြီးစီးပါက ဒေသအတွင်း ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ မိသားစုဝင်ငွေ တိုးတက်လာစေမည်ဖြစ်သည်။ ထို့အပြင် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံ၊ ရော်ဘာ၊ သရက်သီးနှင့် အခြားသီးနှံများကို တရုတ်ဈေးကွက်သို့ ပိုမိုလျင်မြန်စွာ တင်ပို့နိုင်ကာ၊ ကုန်ကျစရိတ်လည်း သက်သာလာမည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်နိုင်မည်ဟု ယုံကြည်မိပြီး၊ စီမံကိန်း အမြန်ဆုံး အကောင်အထည်ပေါ်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေပါသည်။**