ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားဘဝမှ မရာ့ဇ် အနားယူလာ
===================

အယ်လ်ဂျီးရီးယားအသင်းခေါင်းဆောင်ရီယက်မရာ့ဇ်ဟာ ဆွစ်ဇာလန်ကို ၂-၀ ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။
အသက် ၃၅ နှစ်ရှိ မန်စီးတီးစတားဟောင်းဟာ ပွဲအပြီးတွင် ၁၂ နှစ်ကြာ ကစားစဉ်အတွင်း ပွဲ ၁၂၀ ကစားပြီးနောက် အယ်လ်ဂျီးရီးယားကစားသမားဘဝမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့တာလည်း ဖြစ်ပါတယ်။
မရာ့ဇ်က "ရည်မှန်းချက်က နောက်တစ်ဆင့်တက်ဖို့ပါ။ ဒီပွဲက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့ ပွဲပါ။ အမှားတွေကနေ နှစ်ဂိုးပေးလိုက်ရတယ်။ ဒီလိုအဆင့်မှာ ချစ်ချစ်ခင်ခင်ပေးလိုက်ရတာ။ လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားတဲ့ပွဲပါ။ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲပါပဲ"လို့ ပြောကြားသွားပါတယ်။
မရာ့ဇ်ဟာ အယ်လ်ဂျီးရီးယားအတွက် ပွဲ ၁၂၀ ကစားကာ ဒုတိယပွဲအများဆုံးကစားထားသူအဖြစ် ရပ်တည်နေသလို ဂိုး ၄၀ ဖြင့် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းက အာဖရိကဖလားချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်ဂျီးရီးယားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလား ပွဲ ၄ ကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားပါတီ Live ဗီဒီယိုကြောင့် သခင်နှင့် ပြန်လည် ဆုံဆည်းခွင့်ရရှိလာတဲ့ တစ်လကြာ ပျောက်ဆုံးနေခဲ့တဲ့ ခွေးလေး
===================

ပျောက်ဆုံးနေတဲ့ ခွေးတစ်ကောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုပရိသတ်များနှင့် ပါတီပြုလုပ်ပြီးနောက် သခင်နှင့် ပြန်လည်ပေါင်းဆုံနိုင်ခဲ့ပါတယ်။
ဂေါ်ဒီတာလို့ အမည်ပေးထားတဲ့ ခွေးလေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ လွန်ခဲ့တဲ့ တစ်လခန့်တုန်းက ပျောက်ဆုံးသွားခဲ့တာပါ။
ဒါပေမဲ့ သူမဟာ အလီဂါစီယာရဲ့ ကူဒက်ဗစ်တိုးရီးယားနေအိမ်မှ ၉ မိုင်အကွာတွင် ချက်အား အနိုင်ရပြီးနောက် မက္ကဆီကိုပရိသတ်များနှင့်အတူ အောင်ပွဲခံမှုအား Live လွှင့်ရာတွင် ပါဝင်ခဲ့ပါတယ်။
အလီဂါစီယာဟာ ဂေါ်ဒီတာ ပျောက်သွားပြီး ၃ ရက်ကတည်းက လိုက်ရှာနေခဲ့တာပါ။
ကံကောင်းချင်တော့ ဂေါ်ဒီတာရဲ့ မက္ကဆီကိုပရိသတ်များနှင့် ကခုန်ကာ ကမ္ဘာ့ဖလားအောင်ပွဲခံမှု ဗီဒီယိုဖိုင်ကို အလီရဲ့ မောင်ဖြစ်သူက တွေ့ရှိသွားခဲ့ပါတယ်။
ယင်းဗီဒီယိုတွင် မက္ကဆီကိုပရိသတ်တစ်စုဟာ ကမ္ဘာ့ဖလားနိုင်ပွဲအတွက် အကြီးအကျယ်အောင်ပွဲခံနေခဲ့ကြပြီး ပရိသတ်တစ်ဦးဟာ ဂေါ်ဒီတာကို ကိုင်မြှောက်အောင်ပွဲခံခဲ့ပါသေးတယ်။
ယခုအခါမှာတော့ ဂေါ်ဒီတာဟာ ပိုင်ရှင်နှင့်အတူ ပြန်လည်ပေါင်းဆုံနိုင်ပြီလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် မက္ကဆီကိုဟာ တနင်္လာနေ့တွင် Azteca တွင် အင်္ဂလန်နှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ ကစားရပါမယ်။

image

နော်တင်ဟမ်ဖောရက်စ်တွင် ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦးဖြစ်လာတဲ့ အိုလီဗာဂလပ်စ်နာ
=====================

နော်တင်ဟမ်ဖောရက်စ်ဟာ အိုလီဗာဂလပ်စ်နာကို ခန့်အပ်နိုင်ရေးအတွက် တစ်နှစ်လုပ်ခ ပေါင် ၁၃ သန်းအထိ အသုံးပြုလာပါတယ်။
အသက် ၅၁ နှစ်ရှိ ဩစတြီးယားနိုင်ငံသားနည်းပြဟာ City Ground မှ ပေါ်တူဂီလူမျိုးနည်းပြဗစ်တာပီရီရာ ထွက်ခွာသွားပြီးနောက် နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးအတွက် အပြီးသတ်လုပ်ဆောင်နေပါတယ်။
ဖောရက်စ်ဘက်ဟာ အိုလီဗာဂလပ်စ်နာဘက်က ငြင်းဆန်နိုင်ခြင်း မရှိအောင် ကလပ်သမိုင်းတွင် လုပ်ခအများဆုံးရ နည်းပြအဖြစ် မက်လောက်စရာ လုပ်ခပေးလာတာလည်း ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ဖောရက်စ်သမိုင်းတွင် လုပ်ခအများဆုံးရ နည်းပြဖြစ်လာမှာ ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံးရနည်းပြများထဲမှ တစ်ဦးလည်း ဖြစ်လာပါမယ်။
ဂလပ်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း၊ ကွန်ဖရင့်လိဂ်ဖလားတို့ ရယူပေးကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်ကို ကွန်ဖရင့်လိဂ်ဖလား ရယူပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာသူလည်း ဖြစ်ပါတယ်။
ဂလပ်စ်နာဟာ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသလို အေစီမီလန်နှင့်လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့သူပါ။
ဒါကြောင့်လည်း နော်တင်ဟမ်ဖောရက်စ်ဟာ ဂလပ်စ်နာဘက်က မငြင်းနိုင်မဲ့ လုပ်ခ အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

ဖောရက်စ်တွင် တစ်နှစ်လုပ်ခပေါင် ၁၃ သန်း ရရှိလာမဲ့ ဂလပ်စ်နာဟာ အာဆင်နယ်နည်းပြမီခေးလ်အာတီတာ(ပေါင် ၁၅ သန်း)ပြီးလျှင် ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ နည်းပြဖြစ်လာပါမယ်။
သူဟာ ချဲလ်ဆီးနည်းပြသစ်ဇာဘီးအလွန်ဆို(ပေါင် ၁၃ သန်း)၊ မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာ(ပေါင် ၁၂ သန်း)၊ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီ(ပေါင် ၁၂ သန်း)၊ လီဗာပူးနည်းပြသစ်အန်ဒိုနီအိုင်ရာအိုလာ(ပေါင် ၁၀ သန်း)တို့ထက် လုပ်ခပိုမို ရရှိလာပါမယ်။

image

ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် ကဏ္ဍများ၌ အမျိုးသမီးများကို တာဝန်ပေးခန့်အပ်ထားဟု နိုင်ငံတော်သမ္မတ ပြောကြား

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်ဗီဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်သော ကဏ္ဍများတွင် အမျိုးသမီးများကို တာဝန်ပေးခန့်အပ်ထားပြီး တက်ကြွစွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခန့်အပ်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၁၅,၅၂၂) ဦးအနက် အမျိုးသမီး အုပ်ချုပ်ရေးမှူး (၁၀၉) ဦးကို တာဝန်ပေးခန့်အပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
“ဒီအချက်အလက်တွေအရ အမျိုးသမီးတွေဟာ ရပ်ရွာခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်အပ်ထားပြီး တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်နေရပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်မှုနှုန်းသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် တတိယအကြိမ်တွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးကဏ္ဍတွင်လည်း အမျိုးသမီး ဒုတိယရဲအုပ်နှင့်အထက် အရာရှိများ၏ ပါဝင်မှုသည် ၂၀၂၁ ခုနှစ်က ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက်၊ ဒုတိယမြို့နယ်တရားသူကြီးနှင့်အထက် ရာထူးများတွင်လည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းကျော်ရှိသဖြင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းပြီး အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ် ရေးထိုးမည်ဟု ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းကာ အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ်ကို ဆက်လက်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးစန်ပေ့က အထူးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှေ့ဆောင်ဘိုးဘေးများ ချမှတ်ခဲ့သည့် အုတ်မြစ်ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ခိုင်မာသည့် ဦးဆောင်မှုအပေါ် မူတည်၍ တိုးတက်လာခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် အထူးဒေသတည်ထောင်ပြီးနောက် မူလရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရရှိရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်မြှင့်တင်နိုင်ခဲ့ပြီး လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် ငြိမ်းချမ်းဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ရိုးရာဓလေ့ကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်မြဲမြံစွာ ထိန်းသိမ်းရန်နှင့် ကဏ္ဍအသီးသီးရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်သစ်သို့ ရောက်ရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းအခမ်းအနားကို ဇွန် ၃၀ ရက်က ကျင်းပခဲ့ပြီး ဒေသ၏ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

image

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး အမြန်အကောင်အထည်ဖော်ရန် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ဒုတိယဝန်ကြီး ဦးမျိုးမြင့် တွေ့ဆုံညှိနှိုင်း

ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေခံပညာကျောင်း ၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၇,၆၁၆ ဦး ပညာသင်ကြားလျက်ရှိ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စေရန် ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကလိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လက်ရှိသင်ကြားရေးအခြေအနေနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း စုစုပေါင်း ၃၁ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၃၄ ဦးကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖလမ်းမြို့နယ်၌ အခြေခံပညာကျောင်း ၁၀၈ ကျောင်း ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ ၂၇၃ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁,၄၇၇ ဦးကို ပညာသင်ကြားပေးလျက်ရှိသည်။
ထို့အပြင် တီးတိန်မြို့နယ်၌ ကျောင်း ၁၀၉ ကျောင်းတွင် ဆရာ၊ ဆရာမ ၆၈၅ ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၂,၁၅၇ ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား ၆၄ ဦး၊ စုစုပေါင်း ၁၂,၂၂၁ ဦးကို ပညာသင်ကြားပေးလျက်ရှိပြီး၊ တွန်းဇံမြို့နယ်၌ ကျောင်း ၅၅ ကျောင်းတွင် ဆရာ၊ ဆရာမ ၂၇၆ ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၃,၉၁၈ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ S

image

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိ

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာပါက ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ချင်းပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။
CMP သွင်းကုန်လိုင်စင်များကို TradeNet 2.0 စနစ်မှတစ်ဆင့် လျှောက်ထားရပြီး သက်ဆိုင်ရာ CMP အသင်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းအသင်းတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ တင်သွင်းလာသည့် လျှောက်လွှာများကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
CMP ပို့ကုန်လိုင်စင်များကိုမူ လျှောက်ထားသည်နှင့် စနစ်မှ အလိုအလျောက်စိစစ်ခွင့်ပြုပေးသည့် Auto Licence စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ကုန်သွယ်ရေးဦးစီးဌာနက ဖော်ပြထားသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံ တန်ဖိုးဖြင့် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
CMP လက်ခစားစနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသည့် ကုန်ထုတ်လုပ်ငန်းစနစ်တစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံခြားငွေဝင်ငွေ ရရှိစေသည့် အဓိကစီးပွားရေးကဏ္ဍတစ်ခုလည်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် CMP အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ရှိကြောင်း သိရသည်။ S

image

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃ ဦးကို မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ် ၁၁၃ ဦးကို မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအချက်ကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၂ ရက်က ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရာတွင် အရွယ်မရောက်သေးသူများ မပါဝင်စေရေး စနစ်တကျ စိစစ်ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်အတွင်း အသက်မပြည့်သေးသူများ မှားယွင်းစုဆောင်းမှု ဖြစ်ပေါ်ပါက နိုင်ငံတော်နှင့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် ကလေးစစ်သည်များ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါဝင်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ကော်မတီဥက္ကဋ္ဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။

image

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။
YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီတာခကြွေးကျန်အခြေအနေနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင် စနစ်တကျ ဖတ်ရှုရန်၊ မီတာဖတ်ရှုစဉ် ထူးခြားမှုများတွေ့ရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန် ညွှန်ကြားခဲ့သည်။
ထို့ပြင် မီတာခကြွေးကျန်များကို အပြည့်အဝ ကောက်ခံရန်နှင့် တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို စိစစ်အရေးယူဆောင်ရွက်ရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။
ဘုရားကုန်း ဓာတ်အားခွဲရုံတွင်လည်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် IT မီတာများ တပ်ဆင်ရန်၊ Smart Meter နှင့် Power Meter များကို DCU စနစ်ဖြင့် တစ်ပြိုင်နက် ဖတ်ရှုနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သန်လျင်ရေနံချက်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွက် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး အစီအစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ထန်းတပင်အနီးကိုဗဟိုပြု၍ အင်အား ၃.၅ အဆင့်ရှိ မြေငလျင်လှုပ်ရှား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့အနီး၌ အင်အား ၃.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။
မြန်မာစံတော်ချိန် နံနက် (၆) နာရီ (၅၁) မိနစ် (၀၈) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ မြန်မာနိုင်ငံပြည်တွင်း၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ မြေငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေငလျင်၏ ဗဟိုချက်သည် မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီတွင် တည်ရှိပြီး အနက် (၁၅) ကီလိုမီတာခန့်မှ လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိထားသည်။
အဆိုပါငလျင်ကို မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ တောင်ဥက္ကလာ၊ သာကေတမြို့နယ်တို့မှ သိသာစွာခံစားရကြောင်း သိရသည်။

image