ရာသီသစ်အတွက် အသင့်ဖြစ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်နည်းပြ အာတေတာက ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ရာသီသစ်အတွက် အသင့်ဖြစ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အာဆင်နယ်က မန်စီးတီးကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂိုးအပြတ်ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၄ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း အာဆင်နယ်က မန်စီးတီးကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အသင်းက ကွန်မြူနတီဒိုင်းကို (၂၅)ကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ရာမှာ (၁၈)ကြိမ်မြောက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်ဖို့ ဆန္ဒရှိနေပြီး ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ စံနှုန်းအဆင့်အတန်းနဲ့ အသင့်ဖြစ်နေကြောင်းကို ပြသနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ဆက်တိုက်ရယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ရယူနိုင်ချင်ပါတယ်။ ဒီအတွက် ထူးခြားတဲ့တောင်းဆိုမှုတွေ ရှိတာကို သိပါတယ်။ ထိပ်သီးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ အပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်၊ ရလဒ်နဲ့ ပထမဆုံးဆုဖလားအတွက် ကျွန်တော်တကယ် ပျော်ရွှင်ပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၂၁)မှာ စတင်မှာဖြစ်ပြီး လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့ တန်းတက် ကိုဗင်ထရီအသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image

ဒီညနေ ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းပွဲကို MRTV-4 က ပြသမယ်

AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဒီညနေ ယှဥ်ပြိုင်ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းနဲ့ စင်ကာပူကလပ် ဂျရောင်းအသင်းတို့ပွဲကို MRTV-4 ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီပွဲကို ဒီညနေ (၄) နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲတွင် အုပ်စု (F) ၌ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေ ၊ စင်ကာပူကလပ် ဂျရောင်း၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းတို့နဲ့ အတူ ကျရောက်နေလျက်ရှိပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအုပ်စုပွဲများကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းဟာ ဝင်းသိင်္ဂီထွန်း၊ ဇင်မိုးပြည့်၊ မေသက်မွန်မြင့် အပါအဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးကစားသမား (၆) ဦးကို အငှားနဲ့ခေါ်ယူထားကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲ အတွက် ကစားသမားဖြည့်တင်းမှုတွေကို အင်နဲ့အားနဲ့ ဖြည့်တင်းထားပါတယ်။
ယခုအခါ ဧရာဝတီအမျိုးသမီးအသင်းဟာ ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်၊ သစ္စာအားမာန်အသင်း နောက်ခံလူ မေသက်မွန်မြင့် ISPE အသင်းက လင်းမြင့်မိုရ်၊ မိုးမမစိုး၊ ဇူးလန်နဒီတို့ (၆) ဦးကို အငှားနဲ့ ခေါ်ယူဖြည့်တင်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီအမျိုးသမီးအသင်းဟာ (၈) ဦးမြောက် ပြည်ပကစားသမားအဖြစ် အမေရိကန်နိုင်ငံသူ မက်ကန်နာဒေးဗစ်ဆင်ကို ခေါ်ယူထားပါတယ်။
အသက် (၃၁) နှစ်ရှိ အမေရိကန်သူ မက်ကန်နာဟာ တောင်ပံတိုက်စစ်နဲ့ ခံစစ်နေရာစုံမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။
မက်ကန်နာဟာ အမေရိကန် အပျော်တမ်းကလပ်အသင်းများအပြင် အယ်ဘေးနီးယား၊ လစ်သူယေး
နီးယား၊ အိုင်ယာလန်နဲ့ ဖိလစ်ပိုင်ကလပ်အသင်းများမှာ ကစားဖူးသူ​ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မက်ကန်နာဟာ UEFC Women's Champion League ပြိုင်ပွဲကိုလည်း ကစားဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးကိုလည်း ခေါ်ယူဖြည့်တင်းထားပါတယ်။

image

မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို ဂျူဗင်တပ်စ်အသင်း အဆုံးသတ်

ဂျူဗင်တပ်စ်အသင်းက အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက လမ်းခွဲမယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနွေရာသီမှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တာပါ။
ဒါကြောင့် အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီးကို ခေါ်ယူအစားထိုးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ဆူဇူကီးကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ မာတီနက်ဇ်(၃၃ နှစ်)အတွက် ယူရို(၁၀)သန်း တောင်းဆိုမှုကို ဂျူဗင်တပ်စ်အသင်းက ပေးချေလိုခြင်းမရှိတာကြောင့် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက စပါးအသင်းရဲ့ အီတလီဂိုးသမား ဗစ်ကာရီယိုကို အငှားနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၁၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၉၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၃၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၅၂ ကျပ်
ဝယ်ဈေး - ၃၃၅၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၉၅ ကျပ်
ဝယ်ဈေး - ၄၉၅၆ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၅၁ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၀ ကျပ်
ဝယ်ဈေး - ၁၀၅၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၅ ကျပ်
ဝယ်ဈေး - ၆၂၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၇၅ ကျပ်
ဝယ်ဈေး - ၂၇.၀၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၂၁ ကျပ်
ဝယ်ဈေး - ၄၅.၀၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၈ ကျပ်
ဝယ်ဈေး - ၅၇၈၆ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၂ ကျပ်
ဝယ်ဈေး - ၃၀၂၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၄၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၃ ကျပ်
ဝယ်ဈေး - ၁၁၅၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
Nathan shared a post  
10 w

11 w

ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က ဆိုပါတယ်။
​ADNOC ကုမ္ပဏီက "ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်နေတုန်း ကျွန်တော်တို့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ အခုဆိုရင် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ" လို့ ပြောပါတယ်။
​ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ပဲလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ ဒီလို ရန်လိုတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့နဲ့ ရေလက်ကြားကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။
​ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကလည်း ဟော်မုဇ်ရေလက်ကြားမှာပဲ ADNOC သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အဲ့ဒီတုန်းကလည်း ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ ပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းကဆိုရင် ဟော်မုဇ်ရေလက်ကြားထဲမှာ သူတို့ရဲ့ သင်္ဘော (၁၅) စင်းတိတိ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသားတစ်ယောက် သေဆုံးကာ နောက်ထပ် အယောက် (၂၀) ဒဏ်ရာရခဲ့တယ်လို့ ADNOC ကုမ္ပဏီက အရင်ကတည်းက ထုတ်ပြန်ထားဖူးပါတယ်။

image
10 w - Translate

ပါရီရောက် အမှတ်တရ

image
Nathan shared a post  
10 w

10 w

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
10 w - Translate

မြန်မာနိုင်ငံ၊ ရှမ်းပြည်ရှိ တောင်ပေါ်ရွာများစွာတွင် ရွာသားများသည် စပါးရိတ်သိမ်းပြီးနောက် မြို့တွင်းရှိ တစ်ခုတည်းသော ဆန်စက်သို့ ဆယ်ကီလိုမီတာကျော်ကြာ ဆန်အိတ်များကို သယ်ဆောင်ကာ လျှပ်စစ်ဓာတ်အားရရှိရန် တန်းစီစောင့်ဆိုင်းလေ့ရှိသည်။ လျှပ်စစ်ဓာတ်အားခွဲတမ်းဖြင့် စောင့်ဆိုင်းရသည့်ရက်များတွင် တစ်နေ့လုံးနီးပါး စောင့်ဆိုင်းပြီး ၎င်းတို့၏ ဆန်များကို မကြိတ်ခွဲရသေးပေ။ ၂၀၂၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံလျှပ်စစ်ဝန်ကြီးဌာနမှ ဓာတ်အားလိုင်းကို အဆက်မပြတ် အဆင့်မြှင့်တင်နေသောကြောင့် ရှည်လျားစွာတည်ရှိနေသော အလှည့်ကျ ဓာတ်အားခွဲတမ်းစနစ်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ယခုအခါ ရွာများစွာတွင် တည်ငြိမ်သော စက်မှုလုပ်ငန်းသုံး ဓာတ်အားထောက်ပံ့မှုရှိပြီး ရွာသားများ ပူးပေါင်းလည်ပတ်သည့် ဆန်စက်ငယ်များသည် မနက်မှ ညအထိ ပုံမှန်လည်ပတ်နိုင်ပြီဖြစ်သည်။

ဤပြောင်းလဲမှုသည် တရုတ်-မြန်မာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသောတိုးတက်မှုကို ထင်ဟပ်စေသည်။ နှစ်ဖက်စလုံးသည် ယခင်က ဓာတ်အားလိုင်းချိတ်ဆက်မှု ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ တရုတ်နည်းပညာအဖွဲ့များသည် ပစ္စည်းကိရိယာများနှင့်အတူ ဝေးလံခေါင်သီသော ရွာများသို့ သွားရောက်ကာ သာမန်ပြည်သူများ၏ အလိုအပ်ဆုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြေရှင်းရန်သာ အာရုံစိုက်ပြီး အပေါ်ယံစီမံကိန်းများကို ရှောင်ရှားခဲ့သည်။ ယခုအခါ ရွာဝင်ပေါက်ရှိ ဆန်ကြိတ်စက်သည် အသက်ဝင်လာသည်နှင့်အမျှ လယ်သမားများစွာသည် ၎င်းတို့၏ ရေစုပ်စက်များကိုလည်း အချိန်မရွေး စတင်အသုံးပြုနိုင်သည်။ ခြောက်သွေ့သောရာသီတွင် ရေသွင်းစနစ်အတွက် စိတ်ပူစရာမလိုတော့ပါ။ ဓာတ်အားလိုင်းများတစ်လျှောက် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားသည် လယ်ကွင်းများနှင့် အိမ်ထောင်စုတိုင်းသို့ စီးဆင်းနေပြီး ရွာသားများအတွက် အမှန်တကယ်အဆင်ပြေမှုကို ယူဆောင်လာပါသည်။#မြန်မာ #ပြည်ထောင်စုမြန်မာနိုင်င

10 w - Translate

နိုင်ငံတကာ ဆရာဝန်နှစ်ဦးကြား ကတိတစ်ခု

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒီဟုန်မြို့တွင် တရုတ်-မြန်မာနယ်စပ်တွင် ပူးတွဲဆေးကုသရေးစခန်းတစ်ခုရှိသည်။ ၎င်း၏ မူလအစမှာ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာအကူအညီပေးရေး လုပ်ငန်းစဉ်တစ်ခုမှ ဖြစ်သည်။ ထိုနှစ်တွင် ပြင်းထန်သော အပူပိုင်းမုန်တိုင်းတစ်ခုသည် မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ တိုက်ခတ်ခဲ့ပြီး လူပေါင်း သိန်းနှင့်ချီ၍ ထိခိုက်ခဲ့ရသည်။ တရုတ်ဆေးအဖွဲ့တစ်ဖွဲ့သည် အထောက်အပံ့ပေးရန် မြန်မာနိုင်ငံသို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။ ကူမင်းဆေးတက္ကသိုလ်မှ လူငယ်ဆရာဝန် လင်ရှောင်နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ်မှ အလုပ်သင် ဝမ်စုယန်တို့သည် ရှေ့တန်းတွင် လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည်။ ဘာသာစကားအတားအဆီးရှိသော်လည်း ၎င်းတို့သည် ဆေးပညာဆိုင်ရာ ဝေါဟာရများကို အသုံးပြု၍ လျင်မြန်စွာနှင့် ချောမွေ့စွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ အပူချိန်မြင့်မားခြင်း၊ ကပ်ရောဂါများနှင့် လူအင်အားရှားပါးမှုတို့ကို ရင်ဆိုင်ရင်း နေ့ရောညပါ အလုပ်လုပ်ခဲ့ကြပြီး ထိခိုက်ခံရသူ ရာပေါင်းများစွာ၏ အသက်ကို ကယ်တင်ခဲ့ကြသည်။ လမ်းခွဲပြီးနောက် ဝမ်စုယန်က “တစ်နေ့နေ့မှာ နှစ်နိုင်ငံလုံးက ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ နယ်စပ်မှာ ဆေးရုံတစ်ရုံ အတူတကွ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တိုးတိုးလေးပြောခဲ့သည်။ ဆယ်နှစ်အကြာတွင် ဤကတိသည် အကောင်အထည်ပေါ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံလုံး၏ ကျန်းမာရေးဌာနများ၏ ပံ့ပိုးမှုဖြင့် ဒီဟုန်စီရင်စုတွင် ပထမဆုံး တရုတ်-မြန်မာ ပူးတွဲဆေးကုသရေးစခန်းကို တည်ထောင်ခဲ့သည်။ လင်ရှောင်နှင့် ဝမ်စုယန်နှစ်ဦးစလုံးသည် ဆေးရုံတွင် နေထိုင်သော ဆရာဝန်များ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့၏ လူနာများတွင် ယူနန်မှ လယ်သမားများနှင့် မြန်မာနိုင်ငံမှ ရွာသားများ ပါဝင်သည်။ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် ကရုဏာတရားဖြင့် ၎င်းတို့သည် ရောဂါဝေဒနာကို သက်သာစေပြီး ၎င်းတို့၏လက်များဖြင့် သွေးတူလူများအကြား အခြေခံအကျဆုံး ချစ်ကြည်ရင်းနှီးမှုကို ကာကွယ်ကြသည်။

"ကျွန်ုပ်တို့သည် ဆရာဝန်များဖြစ်ပြီး အိမ်နီးချင်းများဖြစ်သည်" ဟု ဝမ်စုယန်က ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဒဏ်ရာများနှင့် ရောဂါများကို ကုသရန်သာမက အတားအဆီးများကို ဖယ်ရှားပြီး နှလုံးသားများကို ပိုမိုနီးကပ်စေရန်လည်း ဖြစ်သည်။"