စွမ်းအင်အကျပ်အတည်း ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေး

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေးကြောင်း FAO စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ(Monica Tothova)က ပြောကြားပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍမှာ ဈေးကွက်ကို ထိန်းညှိပေးနိုင်မယ့် အရန်ရိက္ခာတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။
"စွမ်းအင်ဈေးနှုန်းတွေ၊ မြေဩဇာစရိတ်တွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲတွေအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ကမ္ဘာ့စားနပ်ရိက္ခာ ကုန်စည်ဈေးကွက်ဟာ ယေဘုယျအားဖြင့် ရိက္ခာထောက်ပံ့မှု ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေ ကောင်းမွန်တာ၊ ကုန်စည်အမျိုးအစား တော်တော်များများမှာ အရန်ရိက္ခာ အလုံအလောက် ရှိနေတာနဲ့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေဆီကနေ တင်ပို့နိုင်မယ့် စားနပ်ရိက္ခာပမာဏ အများအပြား ရှိနေတာကြောင့် ဖြစ်ပါတယ်" လို့ သူမက ပြောပါတယ်။
"နောက်ထပ် အရေးကြီးတဲ့အချက်က စွမ်းအင်ဈေးနှုန်း ရိုက်ခတ်မှုတွေဟာ စားနပ်ရိက္ခာဈေးနှုန်းတွေကို ချက်ချင်း ထိုးတက်သွားစေတာမျိုး မဟုတ်ပါဘူး။ လောင်စာဆီနဲ့ မြေဩဇာစရိတ်တွေ မြင့်တက်လာရင် ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး အသုံးစရိတ်တွေ တက်လာမှာ သေချာပေမဲ့ အဲဒီသက်ရောက်မှုကို တခြားအချက်တွေက ပြန်ပြီး ထိန်းညှိပေးလေ့ရှိပါတယ်။ ဥပမာ သာယာတဲ့ရာသီဥတု၊ ရာသီပေါ်သီးနှံ အထွက်နှုန်းကောင်းတာ၊ ငွေလဲလှယ်နှုန်း အပြောင်းအလဲတွေ၊ အရင်ကတည်းက ဝယ်ယူစုဆောင်းထားတဲ့ သွင်းအားစု အရန်ပစ္စည်းတွေ၊ အစိုးရရဲ့ မူဝါဒတွေနဲ့ ပြည်ပပို့ကုန်သမားအချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စွမ်းအင်ဈေးနှုန်း ကြီးမြင့်တာနဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်း တက်တာဟာ ချက်ချင်းလက်ငင်း ဆက်စပ်နေတာမျိုး မဟုတ်သလို တစ်ပြိုင်နက်တည်း ဖြစ်လာတာမျိုးလည်း မဟုတ်ပါဘူး" လို့ FAO ရဲ့ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း နောက်ဆုံးအချက်အလက်တွေအပေါ် အခြေခံပြီး စီးပွားရေးပညာရှင်က မှတ်ချက်ပေးပါတယ်။
အဲဒီညွှန်းကိန်းဟာ ၂၀၂၆ ခုနှစ် ဇွန်လမှာ တစ်လတာအတွင်း ၀.၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁၃၀.၃ မှတ်မှာ ရှိနေပါတယ်။ လက်ရှိ FAO ရဲ့ တိုင်းတာချက်အရ နှစ်အလိုက်တွက်ရင်တော့ ကိန်းဂဏန်းက ၂.၂ ရာခိုင်နှုန်း ပိုမြင့်နေတာ ဖြစ်ပါတယ်။
"အချိန်ကာလကလည်း အရေးကြီးပါတယ်။ စွမ်းအင်နဲ့ မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာလို့ ဖြစ်လာမယ့် အဓိကစွန့်စားရမှုက ချက်ချင်းလက်ငင်းဖြစ်လာတာထက် အနာဂတ်မှာ ဖြစ်လာဖို့ ပိုများပါတယ်။ တောင်သူတွေဟာ သွင်းအားစုတွေကို ကြိုတင်ပြီး ဝယ်ယူလေ့ရှိကြသလို၊ သီးနှံစိုက်ပျိုးဖို့ ဆုံးဖြတ်ချက်တွေကိုလည်း ရိတ်သိမ်းချိန်မတိုင်ခင် လအတော်ကြာကတည်းက ချမှတ်ထားကြတာပါ။ သွင်းအားစုစရိတ်တွေ တောက်လျှောက်ကြီးမြင့်နေရင်တော့ နောက်ပိုင်းမှာ မြေဩဇာသုံးစွဲမှု၊ စိုက်ပျိုးမယ့် ဆုံးဖြတ်ချက်တွေနဲ့ သီးနှံအထွက်နှုန်းတွေကို ထိခိုက်လာနိုင်ပါတယ်၊ ဒါပေမဲ့ ဒီသက်ရောက်မှုတွေက အချိန်တစ်ခု ကြာပြီးမှ ထွက်ပေါ်လာတတ်တာပါ။ ဒါကြောင့် အခုလက်ရှိအခြေအနေကို စားနပ်ရိက္ခာ ပြတ်လပ်မှုအစစ်အမှန်လို့ ပြောလို့မရသေးဘဲ အနာဂတ်ရိက္ခာထောက်ပံ့မှုအတွက် စွန့်စားရနိုင်ခြေရှိတဲ့ အခြေအနေလို့ပဲ သတ်မှတ်တာ ပိုမှန်ပါလိမ့်မယ်" လို့ မော်နီကာက ထောက်ပြပါတယ်။

image

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး ယခုတစ်ပတ်တွင် ထပ်မံကျဆင်း၊ တစ်ပိဿာ ၇,၂၄၅ ကျပ်သတ်မှတ်

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၇,၂၄၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ထပ်မံကျဆင်းလာကြောင်း သိရသည်။
ကော်မတီ၏ ထုတ်ပြန်ချက်အရ ပြည်ပစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများရှိ ဈေးကွက်အခြေအနေနှင့် ဈေးနှုန်းပြောင်းလဲမှုများကြောင့် ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်း လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။
ယခင်အပတ်ဖြစ်သည့် ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇,၂၅၅ ကျပ်ဖြစ်ခဲ့ပြီး၊ ဇွန် ၁၉ ရက်မှ ဇွန် ၂၅ ရက်အထိတွင် ၇,၂၈၅ ကျပ် သတ်မှတ်ထားခဲ့သဖြင့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

image

ကျေးလက်မီးလင်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျေးလက်ဒေသများ၏ လျှပ်စစ်မီးရရှိရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။
သဝဏ်လွှာတွင် လျှပ်စစ်မီးရရှိမှုသည် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့်အပြင် ခေတ်မီကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဖော်ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြထားပြီး၊ ဒေသနှင့်ကိုက်ညီသည့် သဘာဝစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုသည့် ကျေးလက်မီးလင်းရေးစီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် သန့်ရှင်း၊ စိမ်းလန်း၊ စမတ်ကျသည့် Clean, Green and Smart Villages များအဖြစ် ကျေးရွာများကို ဖော်ဆောင်ကာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများနှင့် Smart City ကွန်ရက်ချိတ်ဆက် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း လမ်းညွှန်ခဲ့သည်။
အလားတူ ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဟန်ချက်ညီညီမြှင့်တင်ကာ ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးကို အထူးအလေးထား ဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၄ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၇၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၉၀ ကျပ်
ဝယ်ဈေး - ၄၂၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၉ ကျပ်
ဝယ်ဈေး - ၄၈၉၂ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၅၇ ကျပ်
ဝယ်ဈေး - ၁၂၉.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၉ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၄၈ ကျပ်
ဝယ်ဈေး - ၆၃၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၂၆ ကျပ်
ဝယ်ဈေး - ၂၆.၅၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၃၅ ကျပ်
ဝယ်ဈေး - ၄၅.၁၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၁၅ ကျပ်
ဝယ်ဈေး - ၅၆၆၈ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၃၆ ကျပ်
ဝယ်ဈေး - ၂၉၅၉ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၄၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၀ ကျပ်
ဝယ်ဈေး - ၁၁၆၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

စင်ကာပူတွင် AI နှင့် အဆင့်မြင့်ကွန်ပျူတာနည်းပညာ သုတေသနအဖွဲ့အစည်းသစ် တည်ထောင်

စင်ကာပူနိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာများ၏ လက်တွေ့အသုံးချမှုကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စင်ကာပူသိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ (ASTAR) က AI နှင့် အဆင့်မြင့်ကွန်ပျူတာတွက်ချက်မှုနည်းပညာများကို အဓိကထား သုတေသနပြုမည့် အဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်လိုက်ကြောင်း သိရသည်။
ASTAR Institute of Advanced Intelligence and Computing ဟု အမည်ပေးထားသည့် အဆိုပါအဖွဲ့အစည်းသည် AI၊ ဒေတာသိပ္ပံ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ မော်ဒယ်တည်ဆောက်ခြင်းနှင့် ပုံတူပြုလုပ်စမ်းသပ်ခြင်း (Modeling and Simulation)၊ ကွမ်တမ်နည်းပညာနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာစနစ် (High-Performance Computing) ဆိုင်ရာ သုတေသနစွမ်းရည်များကို အဖွဲ့အစည်းတစ်ခုတည်းအောက်တွင် စုစည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ASTAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သုတေသနအဖွဲ့အစည်းသစ်သည် သုတေသန၊ စက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် AI နှင့် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြေရှင်းချက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လက်တွေ့အသုံးချမှုများ တိုးချဲ့နိုင်ရေးကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သုတေသနရလဒ်များကို စီးပွားရေးလုပ်ငန်းများနှင့် လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်များသို့ ထိရောက်စွာ လွှဲပြောင်းအသုံးချနိုင်ရေးကိုလည်း ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း ASTAR က ပြောကြားခဲ့သည်။

image

အာဆီယံ၏ တန်းတူညီမျှမှုနှင့် ဆွေးနွေးညှိနှိုင်းရေးအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့်ဟု လွှတ်တော်တွင် ဆွေးနွေး
တူညီဆန္ဒ (၅) ချက်သည် မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိဟုဆို

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခိုင်ခိုင်ဆုက အာဆီယံအနေဖြင့် တန်းတူညီမျှမှုနှင့် ဆွေးနွေးညှိနှိုင်းမှုကို အခြေခံ၍ ဆုံးဖြတ်ချက်များချမှတ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်းနှင့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်သည် မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိကြောင်း ယနေ့ ဇူလိုင် ၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းဆွေးနွေးချက်မှာ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် “အာဆီယံ၏ တူညီဆန္ဒ (၅) ချက်သည် အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ပြန်လည်သုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်ဆုက ယနေ့ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုများ ပြင်းထန်လာသည့် အခြေအနေတွင် အာဆီယံအနေဖြင့် တန်းတူညီမျှမှုနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုကို အခြေခံသည့် ဆုံးဖြတ်ချက်ချမှတ်ရေး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံ၏ ပုံမှန်ထိပ်သီးအစည်းအဝေး မဟုတ်ဘဲ အလွတ်သဘောအစည်းအဝေးသာဖြစ်ကြောင်း၊ တူညီဆန္ဒ (၅) ချက်ကိုလည်း အဖွဲ့ဝင်နိုင်ငံများအား ကြိုတင်သဘောတူညီချက်ရယူထားခြင်းမရှိဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်နောက်ဆက်တွဲအဖြစ်သာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ကြောင့် တူညီဆန္ဒ (၅) ချက်သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် ချမှတ်ထားခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံသည့် လုပ်ဆောင်မှုများသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မကိုက်ညီကြောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများတွင် နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သူသာ တက်ရောက်ရမည်ဟူသည့် အစဉ်အလာမရှိဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းကို အာဆီယံအတွင်း လက်မခံလိုသည့် အဖွဲ့ဝင်နိုင်ငံများလည်း ရှိနေကြောင်း ဒေါက်တာခိုင်ခိုင်ဆုက ဆွေးနွေးပြောကြားခဲ့သည်။

image

ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနေ

ဩစတြေးလျနိုင်ငံရှိ သန္တာကျောက်တန်းများသည် သန္တာကောင်များကို စားသုံးသည့် ဆူးသရဖူကြယ်ငါး (Crown-of-Thorns Starfish) နှင့် ပင်လယ်ရေမှော်များကို စားသုံးသည့် ဆူးရှည်သံပခြုပ် (Long-spined Sea Urchin) များ အဆမတန်ပွားများလာမှုကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရပြီး ယင်းအန္တရာယ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
Marine & Freshwater Research ဂျာနယ်တွင် ဇူလိုင် ၂ ရက်က ဖော်ပြသည့် သုတေသနအရ အဆိုပါဒေသမျိုးရင်း သတ္တဝါနှစ်မျိုးကြောင့် ဩစတြေးလျ၏ မဟာသန္တာကျောက်တန်းကြီး (Great Barrier Reef) နှင့် Great Southern Reef တို့တွင် ဂေဟစနစ်ထိခိုက်ပျက်စီးမှုများ သိသိသာသာ ဖြစ်ပေါ်နေကြောင်း သိရသည်။
တက်စမေးနီးယားတက္ကသိုလ် ဦးဆောင်ပြုလုပ်သည့် သုတေသနအရ ဆူးသရဖူကြယ်ငါးများသည် အပူပိုင်းဒေသရှိ မဟာသန္တာကျောက်တန်းကြီးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပြီး၊ ဆူးရှည်သံပခြုပ်များသည် သမပိုင်းဒေသရှိ Great Southern Reef တွင် ပင်လယ်ရေမှော်တောများကို အကြီးအကျယ် ဖျက်ဆီးလျက်ရှိကြောင်း ဖော်ပြထားသည်။
သုတေသနပညာရှင်များ၏ အဆိုအရ ဆူးသရဖူကြယ်ငါးများသည် ပုံမှန်အားဖြင့် ၁၅ နှစ်ခန့်လျှင်တစ်ကြိမ် ကောင်ရေ အဆမတန်တိုးပွားလာတတ်ပြီး သန္တာကျောက်တန်းဧရိယာ အများအပြားကို စားသုံးဖျက်ဆီးလေ့ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် သန္တာကျောက်တန်းများအတွက် ယင်းသည် နောက်ထပ် အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း ဖော်ပြထားသည်။
ထို့ပြင် သမုဒ္ဒရာရေပြင် အပူချိန်မြင့်တက်လာမှုကြောင့် ဆူးရှည်သံပခြုပ်များသည် တောင်ဘက်ရှိ တက်စမေးနီးယားအထိ ပျံ့နှံ့ရောက်ရှိလာပြီး ပင်လယ်ရေမှော်တောများကို အလွန်အကျွံစားသုံးမှုကြောင့် သန္တာကျောက်တန်းဂေဟစနစ်များကို ရေရှည်ပျက်စီးစေလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဩစတြေးလျအစိုးရသည် မဟာသန္တာကျောက်တန်းကြီးရှိ ဆူးသရဖူကြယ်ငါးများကို ထိန်းချုပ်ရန် နှစ်စဉ် ဩစတြေးလျဒေါ်လာ သန်း ၂၀ ခန့် အသုံးပြုနေသော်လည်း သံပခြုပ်ထိန်းချုပ်ရေးအတွက် ရန်ပုံငွေမှာ နည်းပါးနေဆဲဖြစ်ကြောင်း သုတေသနက ထောက်ပြထားသည်။
သုတေသနပညာရှင်များက သံပခြုပ်ဖမ်းဆီးဖယ်ရှားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့် သဘာဝသားရဲမျိုးစိတ်များဖြစ်သည့် Spangled Emperor ငါးနှင့် တောင်ပိုင်းကျောက်ပုစွန်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ကြယ်ငါးနှင့် သံပခြုပ်များ၏ ကောင်ရေကို သဘာဝအလျောက် ထိန်းညှိနိုင်ကြောင်း အကြံပြုထားသည်။

image

နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) ပျံလွန်တော်မူမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ယနေ့ ဇူလိုင် ၂ ရက်တွင် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် စန္ဒကူးမြိုင် သာသနာ့ရိပ်သာအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်၌ တစ်ပါးတည်း သီတင်းသုံးတော်မူနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ခေါ်ဆောင်ရာမှ တုံ့ပြန်မှုမရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်တံခါးကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
စန္ဒကူးမြိုင် သာသနာ့ရိပ်သာနှင့် နီးစပ်သူတစ်ဦးက "ကျောင်းဆောင်တံခါးကို ဖွင့်လှစ်စစ်ဆေးရာမှာ သွေးစွန်းနေတဲ့အခြေအနေနဲ့ ပျံလွန်တော်မူနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဖြစ်စဉ်ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image