အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် ၁၁၀၀၀ ကျော် ထုတ်ပေးထား
----------------------------

လက်ရှိအချိန်အထိ အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် ၁၁၇၀၈ စောင် ထုတ်ပေးထားပြီးဖြစ်တယ်လို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မူပိုင်ခွင့်ဦးစီးဌာနကနေသိရပါတယ်။
အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနဲ့အတူ လျှောက်ထားနိုင်တဲ့ အမှတ်တံဆိပ်အဟောင်းတွေကို မူပိုင်ခွင့် အကာအကွယ်ရယူဖို့သာမက အမှတ်တံဆိပ်အသစ်တွေကိုလည်း မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ဖို့အတွက် အမှတ် တံဆိပ် မှတ်ပုံတင်လျှောက်ထားတာကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်က စတင်လက်ခံခဲ့တာဖြစ်ပါတယ်။
အသုံးပြုခြင်းဆိုင်ရာ ဦးစားပေး အခွင့်အရေးတောင်းဆိုတာ ပါဝင်တဲ့ အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားတာ ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်အထိ လက်ခံဆောင်ရွက်ခဲ့ ပြီးအမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားမှု စုစုပေါင်း ၆၀၀၀၀ ကျော် လက်ခံစစ်ဆေးဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။
အဲဒီလျှောက်ထားချက်တွေကို နှစ်အလိုက် အစီအစဉ်တကျ စစ်ဆေးဆောင်ရွက်နေပြီး အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားကို ကန့်ကွက်နိုင်ကြောင်းကို ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်ကစလို့ လစဉ် ၁ ရက်နေ့တိုင်း ထုတ်ပြန်ပေး နေတယ်လို့ဆိုပါတယ်။
အမှတ်တံဆိပ် မှတ်ပုံတင်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာတာကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကစပြီး ၁၂ ကြိမ် အထိ ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်းက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ အမှတ် တံဆိပ်တွေကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပ‌ဒေအရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေး အခွင့်အရေးနဲ့အတူ မူပိုင်ခွင့်အကာအကွယ် ရယူလျှောက်ထားနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ MSMEs စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အမှတ်တံဆိပ်တွေကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့အညီ မူပိုင်ခွင့်ဦးစီးဌာနမှာ လျှောက်ထားနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။