Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Food banks are seeing a surge of demand across the country as the government shutdown weathers its fourth week — and military families are among those turning to public pantries to put food on the table.
The Armed Services YMCA, a nonprofit that provides support and assistance to military families, told ABC News that they've seen a 30%-75% jump in demand at its food banks near military bases since the shutdown began, as military personnel go without pay while the funding impasse wears on. https://abcnews.visitlink.me/TaP8y2
◾️မြစ်ငယ်၌ စာသင်ခန်းအတွင်း ဓားဖြင့်ထိုးမှုဖြစ်၊ ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့ရှိအထက်တန်းကျောင်း၌ စာသင်ခန်းအတွင်း လည်ပင်းညှစ်၍ ဓားဖြင့်ထိုးမှု (အောက်တိုဘာ ၂၂ ရက်) နေ့လယ်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏ညီမဖြစ်သူအား အချိုရည်ဘူးပေးမည်ဟုဆိုကာ စာသင်ကျောင်းအတွင်းဝင်ရောက်ခဲ့ပြီး Grad 11 (ဝိဇ္ဇာတွဲ) စာသင်ခန်းသို့ဝင်ရောက်ကာ စာသင်ခန်းအတွင်းရှိ ကျောင်းသူတစ်ဦးအားလည်ပင်းညှစ်၍ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
"လည်ပင်းနဲ့ရင်ဘတ်ထိုးခံရတဲ့ကောင််မလေးကစိုးရိမ်ရပြီး ဘေးကဝင်တားတဲ့ သူ့သူငယ်ချင်းကောင်လေးနဲ့ကောင်မလေးလည်း ဒဏ်ရာရကြတယ်။ ထိုးတဲ့လူက ယောင်္ကျားလေးလား မိန်းကလေးလားသေချာမသိဘူး။ အမျိုးမျိုးပြောနေကြတာ။ အခုထိ မမိသေးဘူးလို့ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သွားရောက်ကူညီခဲ့သည့် မြစ်ငယ်မြို့ကြက်ခြေနီအသင်းအား စံတော်ချိန်ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ ဖုန်းဖြေဆိုနိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင်လည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အမှတ်(၃) အခြေခံပညာ
အထက်တန်းကျောင်း၌ Grade-9 ကျောင်းသားတစ်ဦးကို အခန်းဖော် ကျောင်းသားမှ စာသင်ခန်းအတွင်းဝင်ရောက်၍ ပေါက်တူးရိုးဖြင့်ရိုက်နှက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ
#ပြည်တွင်းသတင်း