ကသာတိုက်ပွဲအကြား ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေဆိုခွင့်ပြုပေးနေ

စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နောက်ဆုံး အတန်းတင် ကျောင်းတွင်းစစ်စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသား ကျောင်းသူတွေကို ဒီနေ့ မေ ၂ ရက်ကစပြီး စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် ပြုနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စာမေးပွဲ ဖြေဆိုလိုတဲ့ ကျောင်းသူကျောင်းသားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျောင်းအပ်လက်ခံခဲ့ပြီးနောက် ဒီကနေ့မှာ အ.ထ.က ၁ ကျောင်းမှာ စာမေးပွဲ စတင်ဖြေဆိုနေကြတာ ဖြစ်ကြောင်း ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ သိရပါတယ် ။
" ကျောင်းတွင်းစစ် ဖြေရမယ့် ကျောင်းသားအကုန်လုံးကို စာမေးပွဲ ပြန်ကျင်းပပေးတာပါ။ ပြီးခဲ့တဲ့ စာမေးပွဲမှာ မဖြေလိုက်ရသူတွေ အကုန်ဖြေလို့ရတာမျိုးပါ။ တချို့ကျလည်း မလာနိုင်ဘူး ။ အဓိက ကလေးတွေ ပညာရေးတနှစ်နောက်မကျအောင် ပညာရေးမှူးနဲ့ ဆရာဆရာမတွေက ခုလိုစီစဥ်ပေးတာပါ။ " လို့ မြို့ခံ တယောက်က ပြောပါတယ်။
လက်ရှိ ကသာမြို့မှာ အခြေအနေတည်ငြိမ်သွားပြီး ပစ်ခတ်မှုမရှိတော့ဘဲ စစ်ရှောင်ပြည်သူတွေလည်း နေရပ်ပြန်လည် ဝင်ရောက်မှုများလာတာကြောင့် ကျောင်းတွင်းစစ် စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့် ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးစစ် စာ​မေးပွဲ​တွေဖြစ်တဲ့ ပဥ္စမတန်း၊ နဝမတန်းတဲ့ တက္ကသိုလ်ဝင်တန်း​တွေ အတွက် စီစဥ်​ပေးတာ တစုံတရာ​တော့ မရှိ​သေးဘူးလို့ ဆိုပါတယ်။
ကသာမြို့ကို.စစ်ရှောင်တွေပြန်ဝင်ရောက်မှုအနေနဲ့ က​တော့ ရပ်ကွက် ၈၊ ရပ်ကွက် ၁ ၊ ရပ်ကွက် ၂ တို့သာ အများစုကျန်တော့ကြောင့် ကျန်တဲ့ရပ်ကွက်တွေမှာတော့ နေရပ်စွန့်ခွာ စစ်ရှောင်တွေ ပြန်လည် ဝင်ရောက်နေထိုင်မှုများလာတယ်လို့ သိရပါတယ်။
" ရပ်ကွက် ၁ နဲ့ ၂ က ပြန်မဝင်သေးဘူးဆိုတာ အဲဒီရပ်ကွက်က ပိုက်ဆံရှိသူများတယ်။သူဌေးများတယ်ပေါ့။ တခြားနေရာတွေမှာ အိမ်တွေ ဆိုင်တွေရှိကြတယ်။ အဲဒီတော့ ပြန်မဝင်ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။.ကျန်တဲ့နေရာတွေကတော့ ပြန်ဝင်နေကြပြီ။ မြို့ထဲလည်း စည်ကားနေပြီ ။ "လို့ ကသာဒေသခံက ပြောပါတယ်။
လက်ရှိမှာ ကသာမြို့ကို စစ်ရှောင်တွေ ပြန်လည်ဝင်ရောက်လာသလို ကသာ -ထီးချိုင့်ကားလမ်းကနေလည်း ခရီးသည်တင်လိုင်းကားတွေ ပြေးဆွဲမှုရှိနေကြောင်း ၊ မကြာခင်မှာ ကသာ - အင်းတော်လမ်းပိုင်းလည်း.ပြန်လည်ဖွင့်လှစ် လာမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက်မှာ နဘားလမ်းဆုံးနဲ့ အင်းတော်မြို့ကို အစိုးရတပ်တွေက ပြန်လည်ရရှိသွားပြီဖြစ်တာကြောင့် ကသာ - အင်းတော်လမ်းပိုင်းကိုလည်း နယ်မြေစိုးမိုးနိုင်သွားပြီဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးပါက လမ်းပိုင်းပြန်ပွင့်လာနိုင်တယ်လို့ သိရပါတယ်။
ကသာမြို့မှာ မတ်လကုန်လောက်ကတည်းက အပစ်ခတ်တွေ ရပ်စဲသွားပြီး မြို့ထဲကနေ PDF တွေ ဆုတ်ခွာသွားကြောင်း ၊ အဲဒီနောက်ပိုင်းမှာလည်း.တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ဖြစ်သွား တာကြောင့် ကသာမြို့ကို စစ်ရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်မှု ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
ကသာစစ်ရှောင်တွေထဲကမှ မိုးညှင်း ၊ မြစ်ကြီးနား ၊ မန္တလေး ၊ ရန်ကုန် အပါအဝင် မြို့နယ်တချို့ကို ပြောင်းရွှေ့နေထိုင်ပြီး စျေးဆိုင်ခန်းဖွင့်ခြင်း ၊ စီးပွားရေးလုပ်ကိုင်မှု ရှိသူတွေကတော့ နေရပ်ပြန်တာမျိုးမရှိသေးပါဘူး ။

image

နေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
" တောထဲကနေ ဝါးခုတ်ပြီး ကားတက်လာတာ။ကားကတက်လာတော့ လမ်းကွေ့ဖြစ်တဲ့အချိန်မှာ မြေကျွံပြီးတော့ ကားကချောက်ထဲတိမ်းမှောက်သွားတာ။ လမ်းဘေးမြေသားက ကျွံပြီးနိမ့်ကျသွားတာ။ အခင်းဖြစ်တဲ့နေရာမှာ ကျား ၉ ၊ မ ၇ သေဆုံးရှိတယ်။ ကျန်တာက တော့ဆေးရုံကထွက်လာမှသိရတယ်။ ဒဏ်ရာရက ၁၅ ကနေ ၂၀ လောက်ရှိမယ်။ကားက ဝိတ်လည်းများတယ်။ ဝါးကလည်းပါတယ်။ မတော်တဆ မြေကျွံတာကြောင့်ပေါ့ ။" လို့ မြေပြင်ကူညီ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ အမြန်လမ်း မီးသတ်စခန်းတာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေပါကြောင်း ၊ ထိခိုက်ဒဏ်ရာ ရသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ရှိ ဆေးရုံတို့ကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။
" ကုတင် ၁၀၀၀ ဆေးရုံကို ကိုးယောက် ရောက်လာတယ်သိရတယ်။ သေဆုံးကများတယ် သိရတယ်။ " လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုအတွင်း သေဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ မိုးစွေကျေးရွာအုပ်စုနဲ့ တောင်ညိုကျေးရွာအုပ်စုက ဖြစ်ကြောင်းသိရပါတယ်။
ဧပြီ ၃၀ ​နေ့ကလည်း ​နေပြည်​တော် ဗုဒ္ဓဂယာက ဘုရားဖူးပြန်လာတဲ့ သုံးဘီးဆိုင်ကယ်​မှောက်လို့ ၁၂​ယောက် ဒဏ်ရာရပြီး တ​ယောက်​သေဆုံးခဲ့ပါ​သေးတယ်။

image

မော်လူးမြို့ ၇ မိုင်အကွာအထိ အစိုးရစစ်ကြောင်း ရောက်ရှိနေ

အစိုးရတပ်တွေဟာ စစ်ကိုင်းတိုင်း (အထက်ပိုင်း) ရှိ အင်းတော်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် အဲဒီမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်တဲ့ မော်လူးမြို့ကို ဆက်လက် ထိုးစစ်ဆင်နေတာမှာ လက်ရှိမှာတော့ မြို့ရဲ့ ၇ မိုင်အကွာလောက်အထိ စစ်ကြောင်း ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မေ ၂ ရက်၊ မနက်ပိုင်းကစပြီး အင်းတော်၊ နဘားလမ်းဆုံဘက်ကနေ မော်လူးမြို့ဘက်ကို မြေပြင်စစ်ကြောင်းအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။
“မော်လူးမှာတော့ ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ မြို့ထဲမှာ လူမရှိသလောက် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကတည်းက စပြီး ရှောင်ကုန်ကြတာပေါ့။ မိုးညှင်းဘက်က စစ်ကြောင်းလည်း မော်လူးထဲဝင်မယ်၊ အင်းတော်ဘက်ကလာတဲ့ စစ်ကြောင်းလည်း လာမယ်ဆို နှစ်ဖက်ညှပ်ပြီး ပိတ်မိကြမှာကို ဒီက ဒေသခံတွေက စိုးရိမ်ကြတာ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် မော်လူးမြို့ခံတွေအပြင် နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ အစရှိတဲ့ ကျေးရွာတွေမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်တပ်က တမြို့ပြီးတမြို့ ပြန်သိမ်းလာတာဆိုတော့ ဒီမော်လူးလည်း လက်နက်ကိုင်တပ်တွေ ဆက်ထိန်းနိုင်ဖို့ မသေချာဘူး။ အနှေးနဲ့အမြန်ပဲ ကွာလိမ့်မယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်‌တွေ သိမ်းပိုက်ခဲ့တဲ့ အင်းတော်မြို့ကို အစိုးရတပ်က အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ကသာ ခြေမြန်တပ်ရင်း (ခမရ - ၃၀၉) မှ အင်အားအများအပြားနဲ့ ထွက်လာတဲ့ အစိုးရစစ်ကြောင်းဟာ ဧပြီလ ၂၉ ရက်နေ့မှာ နဘားလမ်းဆုံကို ခြေကုတ်ယူခဲ့ပြီးနောက် ဧပြီ ၃၀ ရက်နေ့မှာ အင်းတော်မြို့အတွင်း ဝင်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အဲဒီနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ မော်လူးမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့နဲ့ ကပ်လျက်ဖြစ်တဲ့ ဗန်းမောက်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရှမ်းနီတပ်မတော် (SNA) နဲ့ အစိုးရတပ်တို့က ပြန်လည် သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် လက်နက်ကိုင်တပ်တွေ ၁၉ လကျော်ကြာ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအတွင်းက တကောင်းမြို့ကိုလည်း အစိုးရတပ်က အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို KIA ပူးပေါင်းတပ်တွေ နှစ်နှစ်နီးပါးကြာ ထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကိုလည်း ၂၀၂၆ ခုနှစ်၊ မတ်လကုန်ပိုင်းမှာ ပြန်လည် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

image

လာလီဂါချန်ပီယံလိဂ်ဘွဲ့ကို ကာကွယ်နိုင်ဖို့ လက်တစ်ကမ်းအလိုသို့ ရောက်လာပြီ ဖြစ်တဲ့ ဘာစီလိုနာ
====================

ဘာစီလိုနာဟာ အိုဆာဆူနာအား ခက်ခက်ခဲခဲ ရင်ဆိုင်ကစားကာ ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၄ မှတ်ဖြတ်ကာ ဦးဆောင်လာပြီး လာလီဂါဖလားအား ၂ ကြိမ်ဆက်ဆွတ်ခူးရန် ရမှတ် ၂ မှတ်တည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။
ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ ယနေ့ည အက်စ်ပန်ညိုနှင့်ပွဲတွင် ရီးရဲလ်မက်ဒရစ်တို့ အနိုင်မရရှိလာပါကလည်း ချန်ပီယံဖြစ်လာဦးမှာ ဖြစ်ပါတယ်။
တကယ်လို့ ရီးရဲလ်မက်ဒရစ်သာ အနိုင်ရလာမယ်ဆိုရင်လည်း ဘာစီလိုနာဟာ လာမယ့် မေလ ၁၀ ရက်နေ့ El Clasico အိမ်ကွင်းပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အား မရှုံးနိမ့်ပါက ချန်ပီယံဖြစ်လာမှာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲစဉ်တွင် ဘာစီလိုနာဟာ ပွဲချိန် ၈၁ မိနစ်မှာ လူစားဝင်ရောက်လာတဲ့ မားကပ်စ်ရက်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကနေ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ဂိုးရခဲ့ပြီး ၈၆ မိနစ်မှာ ဖာမင်းလိုပက်ဇ်ရဲ့ ခင်းပေးမှုကနေ ဖာရန်တောရက်စ်ရဲ့ ကန်ချက်ဖြင့် ဒုတိယဂိုးရခဲ့ပါတယ်။
အိုဆာဆူနာဟာ ၈၈ မိနစ် ရာအူးလ်ဂါစီယာရဲ့ခေါင်းတိုက်ဂိုးဖြင့် မျှော်လင့်ချက် လင်းလက်ခဲ့ပါသေးတယ်။
ဘာစီလိုနာဟာ အိုဆာဆူနာနိုင်ပွဲကြောင့် လာလီဂါမှာ ၁၀ ပွဲဆက် နိုင်ပွဲရလာပါတယ်။

image

မန်စီးတီးကို ရမှတ် ၆ မှတ်ဖြတ်ထားလာနိုင်ပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ကြောင်း အာတီတာ ပြောကြားလာ
====================

အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက်ဖူလ်ဟမ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်လာမှုနှင့်အတူ ချန်ပီယံအိပ်မက်ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗစ်တာဂျိုကီ‌ရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘူကာယိုဆာကာရဲ့ သွင်းဂိုးနဲ့အတူ ဖူလ်ဟမ်ကို အနိုင်ရလာတာ ဖြစ်ပြီး ၃ ဂိုးပြတ် အနိုင်ရလာမှုနှင့်အတူ ဂိုးကွာခြားချက်လည်း ကောင်းမွန်လာပါတယ်။
အာဆင်နယ်တို့ အနိုင်ရရှိလာမှုနှင့်အတူ တနင်္လာနေ့တွင်မှ အဲဗာတန်နှင့် ရင်ဆိုင်ကစားရမယ့် ဒုတိယနေရာမှ မန်စီးတီးအတွက် ဖိအားများ ကျရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အာတီတာက "ဒီရလဒ်က ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့အဝတ်အစားလဲခန်းထဲမှာ အိပ်မက်ရှင်သန်နေတုန်းပဲ ဆိုတာ ပြောပြနေပါတယ်။ ကျွန်တော့်ကစားသမားတွေဟာ တစ်ရာသီလုံး အရေးပါတဲ့ ကစားသမားတွေ မပါဝင်ဘဲ ပွဲတွေအများကြီး အနိုင်ရအောင် ကစားနိုင်ခဲ့တာကတော့ တကယ့်ကို အထင်ကြီးစရာဆိုတာ ပြောပြနေပါတယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ဖလားအတွက်လည်း တိုက်ပွဲဝင်နေတုန်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့ညတုန်းက အက်သလက်တီကိုအား ချန်ပီယံလိဂ်ဆီမီးဖိင်နယ်ဒုတိယအကျော့ပွဲစဉ် ဧည့်ခံကစားရပါမယ်။
ဒါ့အပြင် ယခုရာသီ ၂၁ ဂိုးသွင်းထားနိုင်တဲ့ ဂျိုကီရက်စ်ကလည်း ၎င်းနှင့် ကစားဖော်များမှာ ယခုရာသီတွင် ဆုဖလားအချို့ ကိုင်မြှောက်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားလာပါတယ်၊
ဆွီဒင်တိုက်စစ်မှူးက "အခုလိုအဆင့်မျိုးမှာ ကျွန်တော်တို့အနေနဲ့ လက်ကျန်ပွဲတွေကို အနိုင်ယူရပါမယ်။ ကျွန်တော်တို့ ခြေစွမ်းကောင်းပြသပြီး သုံးမှတ် ပျော်ပျော်ကြီး ရယူနိုင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပွဲတွေကို ကောင်းကောင်းကစားပြီး အခွင့်အရေးတွေ ဖန်တီးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကစားရပါမယ်။ ဒီကနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ဒီအတွက် ပျော်တယ်။ ယုံကြည်မှု ဘယ်တော့မှ မရပ်ပါဘူး။ ရပ်မှာ မဟုတ်ပါဘူး။ ဆက်ပြီး လုပ်သွားမယ်။ လာမယ့်ပွဲကို အာရုံစိုက်ရုံပါပဲ"လို့ ပြောကြားသွားပါတယ်။

image

ယူနိုက်တက်နှင့်ပွဲစဉ်အား လီဗာပူးရဲ့ ပေါင်သန်း ၁၃၀ တန် တိုက်စစ်မှူး လွဲချော်လာ
=======================

အလက်ဇန္ဒားအီဆက်ခ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ယနေ့ည ယူနိုက်တက်နှင့် ရင်ဆိုင်ရမယ့်ပွဲစဉ်အား လွဲချော်လာပါတယ်။
အီဆက်ခ် မပါဝင်လာနိုင်မှုနှင့်အတူ လီဗာပူးနည်းပြအန်းဆလော့ဟာ အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် တိုက်စစ်မှူးမပါဝင်ဘဲ ရင်ဆိုင်ကစားလာရမှာလည်း ဖြစ်ပါတယ်။
ပေါင်သန်း ၁၃၀ တန်တိုက်စစ်မှူးဟာ ယခုအပတ် လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိသွားခဲ့တာပါ။
လက်ရှိအချိန်တွင် ဟူဂိုအီကီတီကီမှာ ပြီးခဲ့တဲ့လ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖနောင့်ဒဏ်ရာရရှိကာ အနားယူနေရချိန်တွင် အီဆက်ခ် ဒဏ်ရာရရှိလာမှုက လီဗာပူးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။
အီဆက်ခ်ဟာ ဒီဇင်ဘာလတုန်းက ခြေထောက်ကျိုးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် လီဗာပူးအတွက် ၅ ပွဲတည်းသာ ကစားထားရသေးသူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဆွီဒင်တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာကြောင့် ဘယ်လောက် အနားယူရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
အသက် ၂၆ နှစ်ရှိ ဆိုစီဒက်တိုက်စစ်မှူးဟောင်းဟာ နွေရာသီတုန်းက နယူးကာဆယ်မှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်တွင် ၁၃ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်သလို ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
မိုဟာမက်ဆာလက်မှာလည်း ဒဏ်ရာကြောင့် အနားယူနေရတယ်ဆိုပေမယ့် ရာသီမသိမ်းမီ လီဗာပူးအတွက် ပြန်ကစားလာနိုင်ပါမယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ ရာသီအကုန်တွင် ၉ နှစ်ကြာ ကစားလာတဲ့ အန်ဖီးလ်မှ ထွက်ခွာလာမယ့်သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက အန်ဖီးလ်ပွဲစဉ်တွင် ၂-၁ ဖြင့် အနိုင်ရထားခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် လီဗာပူးအား နှစ်ကျော့လုံး အနိုင်ရရှိရန် အခြေအနေကောင်းနေပါတယ်။
တဖက်တွင် ယူနိုက်တက်ရော လီဗာပူးပါ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး နီးစပ်နေကြပါတယ်။

image

လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် သူ့အား အဆက်မသွယ်မပြုလုပ်ရန် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာအား စီဘယ်လို့စ် ပြောကြားလာ
==================

ဒါနီစီဘယ်လို့စ်ဟာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် သူ့အား အဆက်အသွယ်တစုံတရာ မပြုလုပ်ရန် ရီးရဲလ်မက်ဒရစ်နည်းပြအယ်ဗာရိုအာဘီလိုအာအား ပြောကြားလာကြောင်း သိရပါတယ်။
Marca ရဲ့ ဖော်ပြလာမှုအရ အာဆင်နယ်အလယ်တန်းကစားသမားဟောင်းဟာ ဧပြီလအစောပိုင်းတုန်းက ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပေမယ့် ပါဝင်ကစားခွင့်မရပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက အာဘီလိုအာနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ယင်းအစည်းအဝေးတွင် စီဘယ်လို့စ်နှင့် အာဘီလိုအာတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် မမြင်ချင်လောက်အောင် တင်းမာလာခဲ့ပါတယ်။
ယင်းအစည်းအဝေးအပြီးတွင် စီဘယ်လို့စ်က ၎င်းအား နောက်ထပ် အဆက်အသွယ် မပြုလုပ်တော့ရန် အာဘီလိုအာအား အသိပေးခဲ့ကြောင်း ကစားဖော်များကို ပြောပြခဲ့ပါတယ်။
စီဘယ်လို့စ်ဟာ ရာသီအကုန်အထိ ရီးရဲလ်မက်ဒရစ်ကစားဖော်များနှင့်အတူ ဆက်လက် လေ့ကျင့်ခန်းဆင်းလာမှာ ဖြစ်ပေမယ့်လည်း လက်ကျန် ရာသီသိမ်းပွဲ ၅ ပွဲတွင် ပါဝင်လာဖို့ မရှိတော့ပါဘူး။
ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်ကျန်နေသေးတဲ့ စီဘယ်လို့စ်ဟာ နွေရာသီတွင် ဘာနေဗျူးမှာ ထွက်ခွာလာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ စီဘယ်လို့စ်ကို နွေရာသီတုန်းက ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းဟောင်းဘက်တစ်ကပင် ခေါ်ယူရေး ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။
စီဘယ်လို့စ်ဟာ ဘက်တစ်တွင် ကစားသမားဘဝ စတင်ကာ ၂၀၁၇ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
အာဘီလိုအာဟာ ဇန်နဝါရီလတွင် ရီးရဲလ်မက်ဒရစ်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၂၃ ပွဲကိုင်တွယ်ရာတွင် ၇ ပွဲအထိ ရှုံးပွဲကြုံထားကာ ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံလာရန် သေချာနေပြီ ဖြစ်ပါတယ်။

image

နယူးကာဆယ်အသင်းအတွက် ဆော်ဒီအသင်းပိုင်ရှင်များရဲ့ ရည်မှန်းချက် မပြောင်းမလဲ ရှိနေဆဲ
===================

နယူးကာဆယ်နည်းပြအက်ဒီဟောင်းက ယခုအပတ်တွင် အသင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဆော်ဒီပိုင်ရှင်များမှာ အသင်းအပေါ် ထားရှိတဲ့ ရည်မှန်းချက်များ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
နယူးကာဆယ်ရဲ့ဥက္ကဌဖြစ်သလို ကလပ်ပိုင်ရှင် PIF ရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ ယာဆာအယ်ရူမေယန်နှင့် အသေးစားရှယ်ယာပိုင်ရှင်ဂျေမီရူဘင်တို့ဟာ နော်သမ်ဘာလန်းရှိ Matfen Hall တွင် နှစ်ရက်တိုင်တိုင် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
PIF ဟာ လာမယ့်ရာသီတွင် LIV Golf အား ထောက်ပံ့မှု ပြုလုပ်မှု ရပ်တန့်လာပေမယ့်လည်း ယင်းမှာ နယူးကာဆယ်အပေါ် ရိုက်ခတ်လာမှာ မဟုတ်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်နေပြီး ခက်ခဲတဲ့ ရာသီတစ်ခုနှင့် ကြုံနေရပါတယ်။
ဒါပေမယ့် အက်ဒီဟောင်းက အသင်းပိုင်ရှင်တို့မှာ အသင်းကို ထိပ်သီးကလပ်တစ်ခု ဖြစ်အောင် တည်ဆောက်ရေး ရည်မှန်းချက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။
အက်ဒီဟောင်းက "ရည်မှန်းချက်က မပြောင်းမလဲသေးပါဘူး။ ကြိုးစားပြီး ပရီးမီးယားလိဂ်ထိပ်သီးဖြစ်အောင် လုပ်မယ်။ ကြိုးစားမယ်။ နိုင်ပွဲဆက်အောင် လုပ်မယ်၊ ဆုဖလားတွေ ရနိုင်သမျှ ရအောင် လုပ်မယ်"လို့ ပြောကြားသွားပါတယ်။
နယူးကာဆယ်ပိုင်ရှင် PIF ဟာ ၂၀၃၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး စီမံကိန်းရေးဆွဲထားပါတယ်။
နယူးကာဆယ်ဟာ ယင်းရည်မှန်းချက်အတွက် အသင်းလေ့ကျင့်ရေးကွင်းအား အဆင့်မြှင့်တင်ရန် စီစဉ်ထားသလို ကွင်းသစ်တည်ဆောက်ရန်လည်း လုပ်ဆောင်နေပါတယ်။

image

အမြတ်ငွေ ပေါင် ၃.၇၅ သန်းအား ပြန်ပေးရန် ပရီးမီးယားလိဂ်ပွဲများကို တရားမဝင်ထုတ်လွှင့်တဲ့ဂိုဏ်း တရားစီရင်ခြင်းခံလာရ
=================

တရားရုံးက ဘောလုံးပွဲများအား တရားမဝင်ထုတ်လွှင့်တဲ့ဂိုဏ်းအဖွဲ့ဝင် ၅ ဦးအား အကျိုးအမြတ်ရရှိခဲ့တဲ့ ပေါင် ၃.၇၅ သန်းကို ပြန်ပေးရန်နှင့် ထောင်ဒဏ်ကျခံရန် ဆုံးဖြတ်လာပါတယ်။
တရားရုံးဟာ တရားမဝင် ရုပ်သံထုတ်လွှင့်တဲ့ Flawless TV နောက်ကွယ်မှ မတ်ဂိုးလ်ဒ်နှင့် အဖွဲ့သား ၄ ဦးတို့အား စုစုပေါင်းထောင်ဒဏ်နှစ် ၃၀ ကျော် ချမှတ်ကာ သမိုင်းတွင် အကြီးမားဆုံးမူပိုင်ခွင့်ချိုးဖောက်မှု ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
၎င်းတို့ဟာ စားသုံးသူ ၅၀၀၀၀ သောင်းကျော်အထိ ရရှိခဲ့သလို ဝန်ထမ်း ၃၀ အထိ ခန့်အပ်လုပ်ဆောင်နိုင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ပေါင် ၇ သန်းကျော်အထိ ရရှိခဲ့ကြပါတယ်။
ယခုအပတ်မှာတော့ Derby Crown Court က ဂိုးလ်အား ထောင်ဒဏ် ၁၁ နှစ်အထိ ကျခံရန်နှင့် သုံးလအတွင်း ပေါင် ၂.၃၅ သန်းအား ပြန်ပေးရန်၊ မပေးပါက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ကျခံရန် ဆုံးဖြတ်လာပါတယ်။
ဒါ့အပြင် ဂိုးလ်ဒ်နှင့်အတူ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့သား ၄ ဦးတို့ကိုလည်း ပေါင် ၁.၄ သန်းကျော်အား ပြန်ပေးရန်နှင့် မပေးပါက နှစ်ရှည်ထောင်ဒဏ်ကျခံရမယ်လို့ အမိန့်ချမှတ်လာပါတယ်။
စုစုပေါင်း ပေါင် ၃.၇၅ သန်းပြန်ပေးရန် ဆုံးဖြတ်လာမှုမှာ ဗြိတိန်သမိုင်းတွင် တရားမဝင် ရုပ်သံထုတ်လွှင့်သူများအား ဒုတိယအကြီးမားဆုံးငွေပေးချေရန် ဆုံးဖြတ်လာတာပါ။
ဒါ့အပြင် တရားရုံးက ယင်းငွေများမှ ၅၀ ရာခိုင်နှုန်းကို အခွန်ဌာနသို့ ပေးရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်သူများ၊ တရားရုံးများအား ပေးရန် ဆုံးဖြတ်လာပါတယ်။

image

မိမိတို့ အတွင်းမှ အသံကို တိတ်ဆိတ်အောင် လုပ်ရေး စပါးစ်စတားကို ဒီဇာဘီ တိုက်တွန်းလာ
======================

နည်းပြရောဘတ်တိုဒီဇာဘီက ပရီးမီးယားလိဂ်တန်းဆင်းရရေး တိုက်ပွဲအတွက် ကိုယ်တွင်းမှ အသံကို တိတ်ဆိတ်အောင် လုပ်ကြရန် စပါးစ်အား တိုက်တွန်းလာပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဝုဗ်ကို အနိုင်ရရှိကာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲ ရရှိလာခဲ့ပေမယ့်လည်း ရာသီသိမ်းရန် ၄ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ၂ မှတ်ကွာဟနေပါတယ်။
စပါးစ်ဟာ တနင်္ဂနွေနေ့တွင် အဆင့် ၅ နေရာမှ ဗီလာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြီးလျှင် လိဒ်၊ ချဲလ်ဆီး၊ အဲဗာတန်တို့နှင့် တန်းမဆင်းရရေးတိုက်ပွဲဝင်ရပါဦးမယ်။
အီတလီလူမျိုးနည်းပြဒီဇာဘီက "အခု အရေးအကြီးဆုံးစိန်ခေါ်မှုက ကျွန်တော်တို့အတွင်းက ကစားသမားတွေရဲ့ အတွင်းထဲက ဝန်ထမ်းနဲ့ ပရိသတ်တွေရဲ့အတွင်းထဲက အသံကို တိတ်ဆိတ်စေရေးဖြစ်ပါတယ်။ ဒီအသံက အပြုသဘောမဆောင်စေပါဘူး။ ဒီအသံက ကျွန်တော်တို့ကို ကံဆိုးမှု ယူဆောင်လာတယ်။ ဒဏ်ရာပြဿနာအများကြီး ကြုံရတယ်။ ဆိုင်မွန်ဇာဘီကို ဆုံးရှုံးရတယ်။ သူက နောက်ဆုံး၂ ပွဲမှာ အရမ်းအရေးပါတဲ့သူတွေထဲက တစ်ဦး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဆေးအဖွဲ့က လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူး။ ကွင်းမြက်ခင်းကလည်း မကောင်းဘူး။ လေ့ကျင့်ရေးကွင်းကလည်း မကောင်းဘူး။ ၂၀၂၆ ခုနှစ်မှာ နိုင်ပွဲမရခဲ့လေတော့ နှစ်ပွဲဆက် သို့မဟုတ် သုံးပွဲဆက်နိုင်ဖို့ ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်သလိုပဲ။ အားလုံး အနုတ်လက္ခဏာတွေချည်းပဲ။ ကြည့်ရတာ ကျွန်တော်တို့အားလုံး ငိုယိုနေပြီး တန်းဆင်းထားရသလိုပဲ။ ကျွန်တော်တို့ ကွင်းထဲမှာ သေရပါမယ်။ ကျွန်တော်တို့ ကစားရမယ်၊ တိုက်ပွဲဝင်ရမယ်။ ဝက်စ်ဟမ်းနဲ့ ၂ မှတ်ထက် ပိုလျှော့ရမယ်။ သူတို့လည်း ကျွန်တော်တို့လို ပွဲကြပ်ကစားရမှာပါ။ ကျွန်တော်တို့အတွက် အချိန်ကောင်း မဟုတ်ပါဘူး။ ခက်ခဲတဲ့ ကာလမှာ ရောက်နေပါတယ်။ ဒါပေမယ့် အရှုံးသမားတွေက ငိုတယ်။ သူတို့က အပြုသဘောမဆောင်တာ တွေးတယ်။ ကျွန်တော့်အနီးအနားလူတွေကို ငိုနေတဲ့သူတွေ၊ ကျွန်တော်လို့ မတွေးတဲ့ သူတွေ မဖြစ်စေချင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
စပါးစ်ရဲ့ အဓိကကစားသမားများဖြစ်ကြတဲ့ တိုက်စစ်မှူးဆိုလန်ကီအပြင် ဘင်ဒါးဗီးစ်၊ မိုဟာမက်ကူဒပ်စ်၊ ကူလူဆပ်ဗ်စကီး၊ ဝီလ်ဆင်အိုဒိုဘတ်၊ ခရစ္စတီယန်ရိုမီယိုတို့မှာ ဗီလာနှင့်ပွဲတွင် ပါဝင်လာကြမှာ မဟုတ်ပါဘူး။

image