ထိခိုက်နာကျင်စေမှုဖြင့် စွဲချက်တင်ခံလာရတဲ့ အင်္ဂလန်တိုက်စစ်မှူးတိုနေး
==================

အင်္ဂလန်တိုက်စစ်မှူးအိုင်ဗန်တိုနေးဟာ လန်ဒန်မြို့လယ်ခေါင်ရှိ ကလပ်တစ်ခုတွင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်မှုအတွက် စွဲချက်တင်ခြင်းခံလာရပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ် Al-Ahli တွင် ကစားနေတဲ့ အသက် ၃၀ နှစ်ရှိ တိုက်စစ်မှူးဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဆိုဟိုရှိ ဝါဒေါလမ်းတွင် အထက်ပါအမှုကို ကျူးလွန်ခဲ့တာ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့တုန်းက စွဲချက်တင်ခြင်းခံခဲ့ရတာပါ။
ဘရန့်ဖို့ဒ်တိုက်စစ်မှူးဟောင်းဟာ ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့်ခံထားရတာ ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဝက်စ်မင်စတာတရားရုံးသို့ တက်ရောက် စစ်ဆေးမေးမြန်းခြင်းခံရပါမယ်။
နော်သမ်တန်တောင်းတွင် ကစားသမားဘဝစတင်ခဲ့တဲ့ အိုင်ဗန်တိုနေးဟာ နယူးကာဆယ်၊ ပီတာဘရော့၊ ဘရန့်ဖို့ဒ်တို့တွင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက ဆော်ဒီတွင် ကစားလာသူ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရကာ တတိယကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

image