Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ အရာရာကို ဆုပ်ကိုင်ထားရတာ မပင်ပန်းသေးဘူးလား ပန် ။ သူများဘဝတွေကို ဆုပ်ကိုင်ထားရတာ မပင်ပန်းသေးဘူးလား ။ ”
“သူများ..!!! “
“ ကိုယ်တိုင်မဟုတ်တဲ့ တခြားသူတိုင်းကို သူများလို့ သတ်မှတ်ရမှာပဲ ပန် ။ လူဆိုတာ ကိုယ့်ဘဝကိုယ်တောင် ဆုပ်ကိုင်ထားဖို့ ခဲယဉ်းတာ ဘယ်လိုလုပ် သူများဘဝတွေကို ဆုပ်ကိုင်ထားလို့ရမှာလဲ ။ ပန်က ပန့်အဝါးရဲ့ဘဝကိုလည်း မိမိရရ ဆုပ်ကိုင်ထားချင်တယ် ။ ပန့်အနူးရဲ့ဘဝကိုလည်း အတိမ်းအစောင်း မရှိရအောင် ဆုပ်ကိုင်ထားချင်တယ် ။ ပန့်မောင်လေးရဲ့ ဘဝကိုလည်း အချွတ်အချော် အတိမ်းအစောင်းမရှိအောင် ဆုပ်ကိုင်ထိန်းမတ်ထားချင်တယ် ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ပန် ။ ပန့်ကိုယ်ပန်တောင် ဆုပ်ကိုင်ထားလို့ရရဲ့လား ။ ပန့် စိတ်တွေ အခု လွင့်ချင်တိုင်းလွင့် ၊ ခံစားချင်တိုင်း ခံစားနေတာကို ပန် ထိန်းချုပ်ထားလို့ရရဲ့လား ”
“ လွှတ်ချလိုက်ပါတော့ ပန် ။ ပန် ဆုပ်ကိုင်ထားတာတွေကို လွှတ်ချလိုက်ပါတော့ ။ မဟုတ်ရင် ပန် အရမ်းပင်ပန်းနာကျင်ရလိမ့်မယ် ။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် ၊ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ၊ ကိုယ့်အကြိုက်နဲ့ကိုယ် ၊ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ ။ ကိုယ့်ဘဝကို ကိုယ်သာ ဖန်တီးနိုင်တာမျိုးပဲ ။ မိသားစုဆိုတိုင်းလည်း သူတို့ဘဝတွေကို ပန့်စိတ်ကြိုက် ဖန်တီးခြယ်လှယ်လို့ ဘယ်ရနိုင်ပါ့မလဲ ။ သူ့ရွေးချယ်မှုနဲ့သူ ၊ သူ့ကြမ္မာနဲ့သူ ဖြစ်နေတဲ့ဘဝတွေကို ပန် ဆုပ်ကိုင်ထားဖို့ ကြိုးစားတိုင်း ပင်ပန်းနေရမှာပဲ ။ အဲ့ဒီလိုပင်ပန်းမှုတွေကြောင့်ပဲ လေလွင့်ခဲ့ရတာမဟုတ်လား ..”
“ ကိုယ့်စံနှုန်းဖြင့် ဘောင်ခတ်၍
သူ့ဘဝကို မပျော်ဘူးဟု ထင်မိသည့်တိုင်
သူ့ဘဝမှာတော့ သူ့စံနှုန်းနှင့်သူ
ပျော်နေတာမျိုးလည်း ရှိဦးမည်ဟု
တွေးနိုင်လာသည့်အခါမှာတော့
ကိုယ့်အမြင် တစ်ခုတည်းဖြင့်
ဘောင်ခတ်ကြည့်၍ မရနိုင်သော
ပျော်ရွှင်မှု၏ သဘောတရားကို နားလည်လာရကာ
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်နှလုံးသားထဲမှာသာ
ဆောက်တည်နိုင်ကြောင်း လက်ခံလာရသည် ။ ”
“ မိန်းမတွေဟာ ချစ်တာနဲ့ မချစ်တာကို
ကွဲကွဲပြားပြား သိဖို့လိုသလို
အချစ်ကို ဖော်ပြဖို့ သင့်မသင့်လည်း ဆုံးဖြတ်နိုင်ဖို့
လိုတယ်ထင်ပါရဲ့ဇီတာရယ်
ပြီးတော့ ငါကလေ ယောင်္ကျားတစ်ယောက်ကို
ငါ ဆက်ပြီး ရှင်သန်ရပ်တည်ဖို့အတွက်လည်း
မရွေးချယ်ချင်ဘူး ။
လတ်တလော စိတ်လှုပ်ရှားမှုကို
အချစ်လို့ ချက်ချင်းအတည်ပြုတတ်တဲ့
ရူးရူးမိုက်မိုက် မိန်းမမျိုးလည်း မဖြစ်ချင်ဘူး ။ ”
#ပန်းတွေပွင့်ဖို့စောင့်ရချိန် #ပုညခင်
ဒါကတော့ ၂၀၂၆ မီလန်-ကော်တီနာ (Milan Cortina) ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ထွက်ပေါ်လာတဲ့ မွန်ဂိုလီးယားအသင်း (Team Mongolia) ရဲ့ ဝတ်စုံတွေပဲ ဖြစ်ပါတယ် တကယ့်ကို သမိုင်းနဲ့ ခေတ်သစ်အနုပညာ ပေါင်းစပ်ထားတဲ့ ထိပ်တန်းဖက်ရှင်တစ်ခုလို့တောင် ပြောလို့ရပါတယ် ဒီဝတ်စုံတွေကို မွန်ဂိုလီးယားရဲ့ နာမည်ကျော် Goyol Cashmere က ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး မွန်ဂိုအင်ပါယာကြီးရဲ့ သမိုင်းကြောင်းကို အခြေခံထားတာပါ
မွန်ဂိုရိုးရာ ဝတ်စုံဖြစ်တဲ့ Deel ရဲ့ ပုံသဏ္ဌာန်ကို အသုံးပြုထားပြီး ခေတ်မီတဲ့ အချိုးအစားတွေနဲ့ ပြန်လည်မွမ်းမံထားပါတယ် ကမ္ဘာကျော် မွန်ဂိုလီးယား Cashmere (ဆိတ်မွှေးချည်) စစ်စစ်နဲ့ ပြုလုပ်ထားတာကြောင့် အေးစိမ့်တဲ့ ဆောင်းရာသီမှာ အနွေးဓာတ်ကို အပြည့်အဝ ပေးနိုင်မှာပါ ပိုးထည်အနားသတ်တွေ၊ ရိုးရာ ဦးထုပ်အမြင့်တွေနဲ့ ရှေးဟောင်း မွန်ဂိုစစ်သည်တော်တွေရဲ့ ဦးချိုပုံစံအနုစိတ် ပန်းလက်ရာတွေ ပါဝင်တာကြောင့်တကယ်ကို ခန့်ညားတဲ့ ဝတ်စုံဖြစ်ပါတယ်
ဒီဝတ်စုံတွေဟာ မွန်ဂိုအင်ပါယာရဲ့ အောင်နိုင်မှုသမိုင်းကို ကမ္ဘာ့အိုလံပစ်စင်မြင့်မှာ ဂုဏ်ယူစွာ ပြသလိုက်တာပါ ရိုးရာပုံစံဖြစ်ပေမဲ့ အားကစားသမားတွေ သွားလာလှုပ်ရှားရ လွယ်ကူစေဖို့အတွက် နည်းပညာသုံး ချုပ်လုပ်ထားတာကလည်း တကယ်ကို လက်ရာမြောက်စေပါတယ် အခုထွက်ရှိထားတဲ့ အိုလံပစ်ဝတ်စုံတွေထဲမှာ မွန်ဂိုလီးယားအသင်းရဲ့ ဝတ်စုံက အထူးခြားဆုံးနဲ့ အားလုံးရဲ့ အာရုံစိုက်မှုကို အခံရဆုံး ဖြစ်နေပါတယ်
၂၀၂၆ ဆောင်းရာသီအိုလံပစ်ကို အီတလီနိုင်ငံ၊ မီလန်နဲ့ ကော်တီနာမြို့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ် အိုလံပစ်ပွဲတွေရဲ့ ဖွင့်ပွဲအခမ်းအနာဟာ အားကစားတင်မကဘဲ နိုင်ငံတကာက သူတို့ရဲ့ ယဉ်ကျေးမှုဖက်ရှင်တွေကို ပြိုင်ဆိုင်ပြသကြတဲ့ စင်မြင့်ကြီးတစ်ခုဆိုလည်းမမှားပါဘူး
#knowledge #ဗဟုသုတ #facts #whatthefacts
ငါးဖယ်ငါးဆုပ်ဟင်း
ထမင်းဝိုင်းမှာ ငါးဖယ်ဟင်းဆိုရင် လူကြီးလူငယ်မရွေး နှစ်သက်ကြတာ ထုံးစံပါပဲ။ ငါးဖယ်ဆုပ်လေးတွေကို အပြင်မှာ အနည်းငယ်တင်းသွားအောင် ကြော်ပြီးမှ ခရမ်းချဉ်သီးအနှစ်၊ မန်ကျည်းမှည့်အရည်လေးနဲ့ ပြန်ချက်ထားတာမို့ အရသာက ချဉ်ချဉ်စပ်စပ်နဲ့ စိမ့်အိနေမှာပါ။ ထမင်းဘယ်နှစ်ပန်းကန် ကုန်သွားမှန်းတောင် သိမှာမဟုတ်တဲ့ ဒီဟင်းချက်နည်းလေးကို ကြည့်လိုက်ရအောင်...
🛒 ပါဝင်ပစ္စည်းများ
ငါးဖယ်ငါးဆုပ် - (မကျက်တကျက် ကြော်ထားပါ)
ခရမ်းချဉ်သီး - (ပါးပါးလှီးထားပါ)
မန်ကျည်းမှည့်ရည် - အနည်းငယ်
ငရုတ်သီးစိမ်း - (အနံ့မွှေးစေရန်)
အနံ့မွှေးအနှစ် - ကြက်သွန်ဖြူ၊ နီ (ထောင်းထားပါ)
အခြေခံအရသာ - နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်
နံနံပင် - (အုပ်ရန်)
👩🍳 ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ အနှစ်ဆီသတ်ခြင်း ဒယ်အိုးထဲတွင် ဆီအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ နီတို့ကို နနွင်းမှုန့်လေးခတ်ကာ မွှေးနေအောင် ဆီသတ်ပေးပါ။ ထို့နောက် ငရုတ်သီးအစိမ်းမှုန့်လေးထည့်ကာ အရောင်တင်ပေးပါ။
၂။ ခရမ်းချဉ်သီးအနှစ်ချက်ခြင်း လှီးထားသော ခရမ်းချဉ်သီးများကို ထည့်ပါ။ ခရမ်းချဉ်သီးများ ကြေပြီး လိပ်နေအောင် (အနှစ်ကျအောင်) အသေအချာ ဆီသတ်ပေးရန် လိုအပ်ပါတယ်။
၃။ ငါးဖယ်နှင့် အရသာသွင်းခြင်း ခရမ်းချဉ်သီးအနှစ်ရပြီဆိုလျှင် မကျက်တကျက် ကြော်ထားသော ငါးဖယ်ငါးဆုပ်များကို ထည့်လိုက်ပါ။ ပြီးလျှင် မန်ကျည်းရည်၊ ရေနွေးအနည်းငယ်နှင့် ငရုတ်သီးစိမ်းလေးများကိုပါ တစ်ခါတည်း ထည့်ပေးပါ။
၄။ အချောသတ်ခြင်း ဆား၊ ဟင်းခတ်မှုန့်တို့ကို မိမိစိတ်ကြိုက် မြည်းပြီး ချိန်ညှိပါ။ ဟင်းအိုးလေး ဆီပြန်ပြီး အရသာစိမ့်ဝင်သွားပြီဆိုလျှင်တော့ နံနံပင်လေးအုပ်ကာ မီးပိတ်လိုက်ရုံပါပဲ။
ဒီငါးဖယ်ဟင်းလေးက ဟင်းရည်ဆမ်းစားလို့လည်း ကောင်းသလို ငါးဖယ်ဆုပ်လေးတွေကို မြည်းရတာလည်း အရမ်းအရသာရှိပါတယ်ရှင်။
ဒီလအတွက် zodiac signs တွေရဲ့ ကံကောင်းမူ ✨🍀
1. Aries ♈️ 70%
2. Leo ♌️ 80%
3. Sagittarius ♐️ 88%
4. Pisces ♓️ 69%
5. Scorpio ♏️ 88%
6. Virgo ♍️ 65%
7. Gemini ♊️ 70%
8. Taurus ♉️ 88%
9. Cancer ♋️ 95%
10. Libra ♎️ 88%
11. Capricorn ♑️ 85%
12. Aquarius ♒️ 85%
Mercury retrograde ကတော့ 2026 မှာ ၃ကြိမ်လည်မှာ ဖြစ်ပြီး ပထမဆုံး တခါကတော့ February လထဲမှာပါ🫣ကြိတ်ခံရမယ့် signs လေးတွေကတော့ ကမောက်ကမလေးတွေများပါမယ်😗
C-e-n-t-r-a-l I-n-t-e-l-l-i-g-e-n-c-e (20-16)
👀⚡️⚡️
တစ်ချိန်တုန်းက
Bully လုပ်ခံခဲ့ရတဲ့ Bob တစ်ယောက် ထိုအချိန်ထဲကပျောက်သွားပြီး နောက်နှစ်ပေါင်းများစွာကြာမှ ကျောင်းသားဟောင်းတွေတွေ့စုံပွဲကို CIA Agent အဖြစ်ပြန်လည်ရောက်ရှိလာပြီး ကျောင်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ Calvin ကိုသူ့ရဲ့ Top Secret Case ထဲကိုအတင်းဆွဲသွင်းပြီး ထိုပြဿနာတွေကိုဖြေရှင်းကြတဲ့အကြောင်းဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာပါ။ . Review . Central Intelligence….. ဒီဇာတ်ကားကို Trailer တွေစပြကတည်းကကြည့်ချင်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ရုံမှာသွားမကြည့်ခဲ့ရပေမဲ့ အခုအခွေတွေထွက်လာတော့ကြည့်တဲ့အခါမှာ တော်တော်ရီရတဲ့ဇာတ်ကားတစ်ကားဆိုတာတွေ့ပါတယ်။ ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ဘာမှသိပ်မရှိပါဘူး။ Central Intelligence ဟာ သူ့ရဲ့ဇာတ်လမ်းအတိုလေးကိုဆွဲဆန့်ထားပြီး ဟာသတွေနဲ တွဲရိုက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ Kevin Hart တိုနှစ်ယောက်ကြားက Chemistry ကလဲတော်တော်လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့သူတိုနှစ်ယောက်ရဲ့ Chemistry က Simon Pegg နဲ့ Nick Frost တိုနှစ်ယောက်ရဲ့ Chemistry ကိုတော့မမှီဘူးလိုထင်တယ်။ နှစ်ယောက်စလုံးရဲ့ Acting ကတော့ဘာမှသိပ်ပြောစရာမလိုပါဘူး။ . ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့ အင်္ကျီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ့ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။ Dwayne Johnson အနေနဲ့ 2016 ရဲ့ဝင်ငွေအများဆုံးမင်းသားစာရင်းထဲမှာပါခဲ့တာလဲသိပ်တော့မဆန်းဘူးလိုတွေးမိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူ့ရဲ့ Acting ကအရင်ထက်စာရင်တော်တော်ကိုကောင်းမွန်နေပြီး ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ တစ်ချိုအခန်းတွေကတော့ ဇာတ်လမ်းပိုင်းမှာယုတ်တိသိပ်မရှိတာတွေပါနေပြီး တစ်ချိုအခန်းတွေကတော့ မလိုအပ်တဲ့ နဲနဲခပ်ပေါပေါဟာသလုပ်ကွက်တွေပါနေတာတွေရှိပါတယ်။ . အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ့ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။ ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို ပေါ့ပေါ့ပါးပါးနဲ့ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။
ချန်နယ်အရင် joinရန် 📥📥📥
https://t.me/+BPNYFdTd00xhMGM1
ကြည့်ရန်လင့် 📥📥📥
https://t.me/c/3612962435/392
ငါးဖယ်ငါးဆုပ်ဟင်း
ထမင်းဝိုင်းမှာ ငါးဖယ်ဟင်းဆိုရင် လူကြီးလူငယ်မရွေး နှစ်သက်ကြတာ ထုံးစံပါပဲ။ ငါးဖယ်ဆုပ်လေးတွေကို အပြင်မှာ အနည်းငယ်တင်းသွားအောင် ကြော်ပြီးမှ ခရမ်းချဉ်သီးအနှစ်၊ မန်ကျည်းမှည့်အရည်လေးနဲ့ ပြန်ချက်ထားတာမို့ အရသာက ချဉ်ချဉ်စပ်စပ်နဲ့ စိမ့်အိနေမှာပါ။ ထမင်းဘယ်နှစ်ပန်းကန် ကုန်သွားမှန်းတောင် သိမှာမဟုတ်တဲ့ ဒီဟင်းချက်နည်းလေးကို ကြည့်လိုက်ရအောင်...
🛒 ပါဝင်ပစ္စည်းများ
ငါးဖယ်ငါးဆုပ် - (မကျက်တကျက် ကြော်ထားပါ)
ခရမ်းချဉ်သီး - (ပါးပါးလှီးထားပါ)
မန်ကျည်းမှည့်ရည် - အနည်းငယ်
ငရုတ်သီးစိမ်း - (အနံ့မွှေးစေရန်)
အနံ့မွှေးအနှစ် - ကြက်သွန်ဖြူ၊ နီ (ထောင်းထားပါ)
အခြေခံအရသာ - နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်
နံနံပင် - (အုပ်ရန်)
👩🍳 ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ အနှစ်ဆီသတ်ခြင်း ဒယ်အိုးထဲတွင် ဆီအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ နီတို့ကို နနွင်းမှုန့်လေးခတ်ကာ မွှေးနေအောင် ဆီသတ်ပေးပါ။ ထို့နောက် ငရုတ်သီးအစိမ်းမှုန့်လေးထည့်ကာ အရောင်တင်ပေးပါ။
၂။ ခရမ်းချဉ်သီးအနှစ်ချက်ခြင်း လှီးထားသော ခရမ်းချဉ်သီးများကို ထည့်ပါ။ ခရမ်းချဉ်သီးများ ကြေပြီး လိပ်နေအောင် (အနှစ်ကျအောင်) အသေအချာ ဆီသတ်ပေးရန် လိုအပ်ပါတယ်။
၃။ ငါးဖယ်နှင့် အရသာသွင်းခြင်း ခရမ်းချဉ်သီးအနှစ်ရပြီဆိုလျှင် မကျက်တကျက် ကြော်ထားသော ငါးဖယ်ငါးဆုပ်များကို ထည့်လိုက်ပါ။ ပြီးလျှင် မန်ကျည်းရည်၊ ရေနွေးအနည်းငယ်နှင့် ငရုတ်သီးစိမ်းလေးများကိုပါ တစ်ခါတည်း ထည့်ပေးပါ။
၄။ အချောသတ်ခြင်း ဆား၊ ဟင်းခတ်မှုန့်တို့ကို မိမိစိတ်ကြိုက် မြည်းပြီး ချိန်ညှိပါ။ ဟင်းအိုးလေး ဆီပြန်ပြီး အရသာစိမ့်ဝင်သွားပြီဆိုလျှင်တော့ နံနံပင်လေးအုပ်ကာ မီးပိတ်လိုက်ရုံပါပဲ။
ဒီငါးဖယ်ဟင်းလေးက ဟင်းရည်ဆမ်းစားလို့လည်း ကောင်းသလို ငါးဖယ်ဆုပ်လေးတွေကို မြည်းရတာလည်း အရမ်းအရသာရှိပါတယ်ရှင်။