Walk for Peace ဦးဆောင်ဆရာတော် အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းမည်

​ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ Stockholm Concert Hall တွင် World Peace Award Committee မှဦးစီး၍ World Peace Award 2026 အခမ်းအနားကို ဩဂုတ် ၂၁ ရက်မှ သြဂုတ် ၂၅ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စု၌ Walk for Peace ၂၀၂၅-၂၀၂၆ ကို အောင်မြင်စွာဦးဆောင်ကျင်းပခဲ့သည့် ဆရာတော်အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ၂၀၁၈ ခုနှစ်က စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရရှိထားတော်မူသော အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ဆရာတော်ဒေါက်တာအရှင်သောဘိတက ငြိမ်းချမ်းရေးဆုရရှိသည့် Walk for Peace ဦးဆောင်ဆရာတော်အရှင်ပညာကာရ အားဂုဏ်ပြုသည့်အနေဖြင့်ဂုဏ်ပြုစကား မိန့်ကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

image

နှစ်ပေါင်း ၁၃၈ နှစ်သက်တမ်းရှိ ဗိုလ်တထောင် လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်အောက်ရှိ နှစ်ပေါင်း (၁၃၈) နှစ် သက်တမ်းရှိ လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
ယနေ့ (ဩဂုတ် ၁၈) က ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အဆိုပါစက်ရုံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်တမ်း ၁၃၈ နှစ်ရှိပြီဖြစ်သည့် လေမှုတ်စက်ရုံတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားကို စက်တင်တပ်ဆင်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။

image

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံ၌ 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်၍ ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ပြီး 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အော်ပရေတာများအနေဖြင့် 5G စမ်းသပ်မှုများ ဆောင်ရွက်ထားပြီးဖြစ်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသူများက 5G လှိုင်းနှုန်းစဉ် ချထားပေးမှု အခြေအနေ၊ စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် ဝန်ဆောင်မှု စတင်နိုင်ရေး လျာထားဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးက အော်ပရေတာများနှင့် Vendors ကုမ္ပဏီများ၏ 5G ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ကမ္ဘာ့ဖလားဝင်ခွင့်အတွက် FIFAe Continental Championship Asia 2026 တွင် မြန်မာကိုယ်စားပြု FIFAe Mobile အသင်း ယှဉ်ပြိုင်မည်

​မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 ၌ Consistency Ranking အဆင့် (၆) ရရှိခဲ့သဖြင့် FIFAe Continental Championship 2026 သို့ တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။
​FIFAe Continental Championship Asia 2026 ပြိုင်ပွဲကို ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်ခွင့် ရရှိရေးအတွက် အရေးကြီးသည့် အာရှဇုန် အဆုံးအဖြတ် ပြိုင်ပွဲဖြစ်သည်။
​ပြိုင်ပွဲ၏ ပထမအဆင့်တွင် အာရှအုပ်စုမှ အသင်း ၈ သင်းသည် Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် ၁ မှ ၆ အတွင်း ရရှိသည့် အသင်းများသည် Knockout Stage သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Knockout Stage တွင် အုပ်စုအဆင့် ၁ နှင့် ၂ ရရှိသော အသင်းများသည် Semifinals သို့ တိုက်ရိုက် တက်ရောက်ခွင့်ရမည်ဖြစ်ကာ အဆင့် ၃ မှ ၆ ရရှိသော အသင်းများကမူ Quarterfinals မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
​အာရှဒေသအတွက် သတ်မှတ်ထားသည့် Qualification Slot များအရ ထိပ်ဆုံး ၃ သင်းသည် FIFAe World Cup 2026 သို့ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး စတုတ္ထနေရာရရှိသည့် အသင်းမှာ နယူးဇီလန်အသင်းနှင့် Playoff ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
​ထို့ကြောင့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းအနေဖြင့် Round Robin အဆင့်တွင် အဆင်ပြေဆုံး ရလဒ်များရရှိကာ ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာ ရရှိရေးအတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

image

စစ်ရေးပဋိပက္ခဖြစ်စဥ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သင်္ဃန်းညီနောင်မှနေအိမ်များပြန်လည်ထူထောင်ရန် ကရင်ပြည်နယ်အစိုးရကူညီမည်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေး ရွာတွင် စစ်ရေးပဋိပက္ခဖြစ်ပွားစဥ်ကပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များပြန်လည်ထူထောင်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကူညီထောက်ပံ့မည့်အခြေအနေကို ယနေ့ ဩ ဂုတ် ၁၈ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအ ကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေး(ဆဌမနေ့)တွင် မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ကရင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဦးအေးမင်းထွေး၏မေးမြန်းမှုအား ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြန်လည်ဖြေကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ရေးပဋိပက္ခကြောင့် ပျက်စီးခဲ့သောနေအိမ်များပြန် လည်ထူထောင်ရာ၌ ထောက်ပံ့ကူညီမှုများအား ၂၀၂၆- ၂၀၂၇ ဘဏ္ဌာရေးနှစ်၏ ဖြည့်စွက်ခွင့်ပြုရံပုံငွေဖြင့်အသုံးပြုရန်လျာထားသည်ဟု ပြောသည်။
စစ်ရေးပဋိပက္ခများကြောင့် သဃ်န်းညီနောင်ကျေးရွာ အုပ်စုအတွင်းမှ နေအိမ်(၁၇၉)လုံးပျက်စီးခဲ့ကာ မြဝတီမြို့ပေါ်ရပ်ကွက်များသို့တိမ်းရှောင်လာသူ(၂၉၆)ဦးရှိပြီး ၎င်းတို့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုရံပုံငွေမှ တစ်ဦးလျှင် တစ်လငွေကျပ်(၂) သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာ လအထိထောက်ပံ့ပေးအပ်ခဲ့သည်ဟု ပြောသည်။
ထို့ပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ၊ စားနပ်ရိက္ခာများကို အခါအားလျှော်စွာကူညီထောက်ပံ့ပေးလျှက်ရှိပြီး သင်္ဃန်းညီနောင်ကျေးရွာများ၌ ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် လက်ရှိအချိန်၌ မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေးအားကောင်းစေရေးဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ကြောင့် အခြေခံကျသော အိမ်ယာပြန်လည်တည် ဆောက်ပြုပြင်ခြင်း၊ သောက်သုံးရေ၊ အိမ်သာ၊ လျှပ် စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ရန် သက်ဆိုင်ရာကော်မတီများအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ် ပြောကြားခဲ့သည်။

image

မြန်မာ-ရုရှား နှစ်နိုင်ငံစာချွန်လွှာများလက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် စာချွန်လွှာများလက်မှတ်ရေးထိုးခြင်းကို ယနေ့ သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စာချွန်လွှာများအား နှစ်နိုင်ငံ ကဏ္ဍအလိုက်တာဝန်ရှိသူများက မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့၏ရှေ့မှောက်၌ လက်မှတ်ရေး ထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် ကရင်မလင်နန်းတော်၌ပင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့ဦးဆောင််ကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

image

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူနေရသူအနည်းငယ်သာကျန်ရှိဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌပြော

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန် တိုင်းရှိမြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌တက်ရောက်ဆေးကုသမှုခံယူရသူအများအပြားရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေရသူအနည်းငယ်သာရှိတော့ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၏ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ယနေ့ သြဂုတ် ၁၈ ရက်နံနက်ပိုင်းတွင်ကျင်းပသော တတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် တတိယပုံမှန်အ စည်းအဝေး(စတုတ္ထနေ့)၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရန် ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၏ဖြေကြားမှုအပေါ် ကျေးဇူးတင်စကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် အရေးကြီးသည့် သန့်(၅)သန့်လုပ်ငန်းများကို နောင်တွင် ရန်ကုန်တိုင်း‌အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါသာမက ကူးစက်ရောဂါများမဖြစ်ပွားအောင် တားဆီးနိုင်ရေးအတွက်အားလုံးပူးပေါင်းပါဝင်ဆောင် ရွက်ပေးရမည်ဟု ပြောသည်။
" ဆေးရုံမှာရှိတဲ့လူနာအရေအတွက်က အနည်းငယ်မျှသာကျန်ရှိတော့တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး။ ဆောင်ရွက်ခဲ့မှုအခြေအနေအားလုံးကို ပြည့်ပြည့်စုံစုံ သိရှိရတဲ့အတွက် ပြည်သူတွေကိုယ်စားကျေးဇူးတင်ပါ‌‌တယ်"ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြော သည်။
ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်ဝမ်း လျှောရောဂါနှင့်ပတ်သက်၍ ရန်ကုန် တိုင်းအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့ တော်စည်ပင်၊ ရန်ကုန်တိုင်းစည်ပင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနများပေါင်းစပ်ကာ ဆေးရုံများတွင်ဆေးကုသပေးခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူများကို ကျန်းမာရေးအသိပညာပေးခြင်းများအားဆောင်ရွက်ပေးလျက်ရှိသည်။ S

image

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ဆက် လက်သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင် ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအ ပါအဝင် ကဏ္ဍပေါင်းစုံတွင်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ခိုင်မာစေရေးတို့ကိုဆွေးနွေးသွားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံးဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်တို့ကိုလည်းတက်ရောက်သွားမည်ဖြစ်ကာ ခရီးစဥ်အား နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင် စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက် ပါသွားမည်ဖြစ်သည်။

image

လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်မ ဟာဗျူဟာစီမံကိန်းများချမှတ်အကောင်အထည်ဖော်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်မ ဟာဗျူဟာစီမံကိန်းများချမှတ်အကောင်အထည်ဖော်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၁၈ ရက်မွန်းတည့်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ ဆုံစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဥပဒေပြုရေးကဏ္ဍကိုပိုမိုထိရောက်စေရန် Know Parliament, See Parliament, Trust Parliament ဟူသည့် ရည်မှန်းချက်များအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကာ Know Parliament ဖြစ်စေရန် လွှတ်တော်လုပ်ငန်းစဉ်များကို ပြည်သူများပိုမိုသိရှိနိုင်ရေးအတွက် လူမှုကွန်ရက်(Social Media)များ၊ သတင်းမီဒီယာများနှင့် ဗီဒီယိုအနှစ်ချုပ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့အတူ See Parliament ဖြစ်စေရန် အဖွဲ့အစည်းများအား လွှတ်တော်သို့ဖိတ်ကြား၍ လက်တွေ့လုပ်ငန်းစဉ်များကိုလေ့လာနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ Join Parliament အဖြစ် ပြည်သူများကိုယ်တိုင် ဥပဒေကြမ်းများအပေါ် အကြံပြုဆွေးနွေးနိုင်ရေးနှင့် ကြားနာပွဲများတွင်ပါဝင်နိုင်ရေးတို့ကို အားပေးဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးခဲ့သည်။

image

ရန်ကုန်မြို့၌ သိုလှောင်ရုံဆောက်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသံအမတ်ကြီး MoU လက်မှတ်ရေးထိုး

အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် သိုလှောင်ရုံဆောက်လုပ်မည့် အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဩဂုတ် ၁၈ ရက် ညနေပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း နှင့် အိန္ဒိယသံအမတ်ကြီးတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ယင်းစီမံကိန်းအရ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတွင် ပေ (၁၃၀ x ၃၀ x ၂၄) ရှိ RC နှစ်ထပ် သိုလှောင်ရုံကို တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ သိုလှောင်ရုံ တည်ဆောက်ပြီးစီးပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများအတွက် အရေးပေါ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျ သိုလှောင်ထားရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိပါက အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

image