9 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြန်မာ့သံတမန်ရေးရာ သမိုင်းကြောင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး ခေတ်အဆက်ဆက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

ယမန်နေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိရာတွင် ICJ ၌ ခိုင်မာစွာ ခုခံချေပခြင်းများလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုများအား Zero Tolerance Policy ဖြင့် နှိမ်နင်းခြင်းတို့တွင် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်၍ နိုင်ငံတော်အပေါ် ယုံကြည်မှုနှင့် လေးစားမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့ကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံသို့ ထွက်ခွာမည်ဆိုပါက သတ်မှတ်စည်ကမ်းများနှင့်အညီ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေး

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။

PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် ကျွမ်းကျင်မြန်မာလုပ်သားများ စေလွှတ်နိုင်ရေး နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီစဉ်များကိုလည်း ၂၀၂၅ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားပြီး ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအဖြေင့် OWIC ပြုလုပ်ခွင့်နှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။

သို့သော် အပြည်ပြည်ဆိုင်လေဆိပ်များကပေးပို့သည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေသည့်ကို တွေ့ရှိရခြင်းကြောင့် ခွင့်ပြုချက်ရယူပြီးမှသာ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

ကာဇက်စတန်နိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ သွားရောက်လေ့လာ

ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မတ်လ ၁၅ ရက်က
ကျင်းပပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လေ့လာရေးအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် ဦးခင်မောင်ကြီးတို့သည် သွားရောက်လေ့လာပြီးနောက် ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း သိရသည်။

လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၄ ရက်တွင် ဗဟိုဆန္ဒခံယူပွဲကော်မရှင် (The Central Referendum Commission of the Republic of Kazakhstan – CRCRK) ၌ ကျင်းပပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ မတ် ၁၅ ရက်တွင် မဲရုံများ စတင်ဖွင့်လှစ်မှုအခြေအနေနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုလုပ်ငန်းစဉ်များကို လေ့လာခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မဲရုံပိတ်ခြင်းနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး မတ် ၁၆ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ကနဦးရလဒ်များ ထုတ်ပြန်ခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

လာမည့် လများအတွင်း မိုးတိမ်တောင်ဖြစ်ထွန်းမှု ပိုမိုအားကောင်းနိုင်

မိုးကြိုကာလများဖြစ်သည့် လာမည့်ဧပြီနှင့် မေလတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု ပိုမိုအားကောင်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထိုလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာကာ လေထုထဲ၌ ရေငွေ့ပါဝင်မှု များလာနိုင်သည်ဟုလည်း သိရသည်။

ထိုသို့ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတို-က်ခတ်ခြင်းများ ကြုံနိုင်ကြောင်းလည်း သိရသည်။

ထို့ပြင် မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်သည်ဟုသိရသည်။

မိုးတိမ်တောင်များသည် အများအားဖြင့် နေ့လယ်ပိုင်းနှင့် ညနေပိုင်းများ၌ အဖြစ်များလေ့ရှိကာ မိုးတိမ်တောင်
ဖြစ်ပေါ်လာပါက လေဖြည်းဖြည်းတိုက်ရာမှ လေပြင်းထန်မှုဖြစ်လာတတ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုရန်လည်းလိုကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

image
9 ပတ် - ဘာသာပြန်ပါ။

ရောမတွင် နေအိမ် စီးနင်း ဓားပြတိုက်ခြင်းခံခဲ့ရကာ မိသားစုနှင့် အတူ ပိတ်လှောင်ခြင်းခံခဲ့ရတဲ့ ရိုးမားစတားနေးလ်အယ်လ်အိုနာအိုဝီ
=====================
ရိုးမားစတားနေးလ်အယ်လ်အိုင်နာအိုဝီဟာ အင်္ဂါနေ့ညတုန်းက ရောမရှိ နေအိမ်တွင် ဓားပြများရဲ့ စီးနင်းဓားပြတိုက်ခြင်းခံခဲ့ရကာ မိသားစုဝင်များနှင့်အတူ အခန်းထဲတွင် ပိတ်လှောင်ထားခြင်းခံခဲ့ရပါတယ်။

အင်္ဂါနေ့နံနက် ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ဓားပြ ၆ ဦးတို့ဟာ ရောမအနောက်တောင်ပိုင်းရှိ ရိုးမားကစားသမားအများစု အခြေစိုက်ရာ ဧရိယာရှိ အယ်လ်အိုင်နာအိုဝီရဲ့ နေအိမ်ကို စီးနင်းဓားပြတိုက်ခဲ့ကြောင်း ANSA ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အနက်ရောင်ဝတ်ဆင်ထားတဲ့အပြင် မျက်နှာဖုံးစွပ်ကာ လက်နက်များ ကိုင်ဆောင်ထားကြတဲ့ လူ ၆ ဦးတို့ဟာ ဧည့်ခံပြတင်းပေါက်မှ သံဇကာများကို ဖြုတ်ပြီး နေအိမ်အတွင်း ဝင်ရောက်လာခဲ့ကြတာပါ။

အယ်လ်အိုင်နာအိုဝီမှာ ဦးစွာ နိုးလာပြီးနောက် ချစ်သူ၊ မိခင်၊ အစ်ကိုနှင့် ချစ်သူတို့အား အော်ဟစ်နှိုးခဲ့ပါတယ်။

သေနတ်များလည်း ကိုင်ဆောင်ထားတဲ့ ဓားပြများဟာ ၎င်းတို့ ၄ ဦးအား ခြိမ်းခြောက်မှု ပြုလုပ်ကာ အခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ထားပြီးနောက် ယူရို ၁၀၀၀၀ ဝန်းကျင်တန်ဖိုးရှိ လက်ဝတ်ရတနာများ၊ Rolex နာရီတစ်လုံးနှင့် တန်ဖိုးကြီး ဒီဇိုင်နာအိတ်များကို ရယူသွားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ရောက်လာပြီးနောက် ဓားပြများအား အပူတပြင်း ရှာဖွေမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ယင်းဧရိယာအတွင်း စီစီတီဗွီမှတ်တမ်းများကိုလည်း ရယူထားကြပြီး ဖြစ်ပါတယ်။

နွေရာသီတုန်းက လန်းစ်မှ ပြောင်းလာတဲ့ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အထက်ပါအဖြစ်အပျက်ကြောင့် တုန်လှုပ်ခြောက်ခြားလျက်ရှိပြီး ယနေ့ ရိုးမားရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရိုးမားဟာ လာမယ့် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ် ဘိုလော့ဂ်နာနှင့် ရင်ဆိုင်ကစားရပါမယ်။ ရိုးမားဟာ ပထမအကျော့တုန်းက ၁ ဂိုးစီသရေကျထားပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

VAR အမှားကြောင့် အာဆင်နယ်နှင့်ပွဲတွင် ဘရိုက်တန် ပင်နယ်တီ မရရှိခဲ့ခြင်းဖြစ်ကြောင်း ပရီးမီးယားလိဂ်ဝန်ခံလာ
====================
ပရီးမီးယားလိဂ်က ဘရိုက်တန်မှာ မတ်လ ၄ ရက်နေ့တုန်းက အိမ်ကွင်းတွင် အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ဝန်ခံလာပါတယ်။

ဘရိုက်တန်ဟာ ဘူကာယိုဆာကာရဲ့ ၉ မိနစ်ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမယ့်လည်း ပထမပိုင်းအချိန်ပို ၃ မိနစ်တွင် ဂိုးရရှိရေး တိုက်စစ်ဖွင့်ခဲ့ပါတယ်။

ဘယ်ခြမ်းမှ ဖြတ်တင်ဘောအား ဘရိုက်တန်အလယ်တန်းကစားသမားမတ်ဝီဖာက ရယူရေး ဧရိယာအတွင်း ပြေးဝင်ခဲ့ပေမယ့် ဂါဘရီရယ်မာတင်နယ်လီကြောင့် လဲကျသွားခဲ့ပါတယ်။

ဒိုင်လူကြီးခရစ်ကာဗာနစ်ချ်က ပွဲကို ဆက်ကစားစေခဲ့ပြီး VAR ဒိုင်မိုက်ကယ်ဆာလစ်ဘူရီကလည်း ခွင့်ပြုခဲ့ပါတယ်။

ဖေဘီယံဟူဇီလာဟာ စတုတ္ထဒိုင်လူကြီးထံသို့ သွားရောက် စောဒကတက်ခဲ့ရာမှာ ကွင်းဘေးစည်းနားတွင် မီခေးလ်အာတီတာနှင့် အချင်းများခဲ့ရပါတယ်။

ထိုစဉ်တုန်းက Premier League Match Centre က ရှင်းလင်းမှုမရှိသလို အမှားအယွင်းမရှိကြောင်း ဆိုသွားပါတယ်။

ယခုအခါ ပရီးမီးယားလိဂ်ရဲ့ Key Match Incidents (KMI) Panel က VAR ဟာ ယင်းဖြစ်ရပ်အား ကြားဝင်စစ်ဆေးလာခြင်း မရှိမှုက မှားယွင်းကြောင်း 3:2 ဖြင့် ဆုံးဖြတ်လာပါတယ်။

Key Match Incidents (KMI) Panel က "မာတင်နယ်လီက ဘောလုံးကို မကြည့်ဘူး။ ပင်နယ်တီဧရိယာထဲမှာ ဝီဖာကို ဆွဲတယ်။ ဘရိုက်တန်ကစားသမားကို ဘောလုံးမရအောင် တားတယ်"လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီဇင်ဘာလတုန်းက အဲဗာတန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင်လည်း VAR ဒိုင်ရဲ့ ကြားဝင်စစ်ဆေးမှု မရှိမှုကြောင့် ပင်နယ်တီ မပေးခဲ့ရကာ အမှတ်ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ယခုရာသီအတွင်းတွင် VAR ရဲ့အမှားမှာ ၁၈ ကြိမ်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အာဆင်နယ်အား လေဗာကူဆင်လှောင်ပြောင်လာ
====================
လေဗာကူဆင်ဟာ ယနေ့ည ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ အာဆင်နယ်ရဲ့ အလွတ်တည်ကန်ဘောပိုင်နိုင်မှုအား စနောက်လှောင်ပြောင်မှု ပြုလုပ်လာပါတယ်။

လေဗာကူဆင်ဟာ ပထမအကျော့တုန်းက ၁ ဂိုးစီသရေကျပြီးနောက် ယနေ့ညတွင် အမ်းမရိတ်သို့ လာရောက်ကာ ကွာတားဖိုင်နယ်သို့ တက်ရေး ကြိုးပမ်းရပါမယ်။

ဘွန်ဒက်စ်လီဂါကလပ်ဟာ အာဆင်နယ်အား X တွင် ပို့စ်တင်ပြီး လှောင်ပြောင်ကာ ပြိုင်ဘက်အား Mind Games စတင် ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ အာဆင်နယ်ရဲ့ ထောင့်ကန်ဘောအလံတိုင်ထောင့် ဓာတ်ပုံမှ အလံတိုင်ထောင့်ကို ကွင်းအပြင်သို့ ထုတ်ထားတဲ့ ပုံအား အသုံးပြုကာ “that’s better” ဆိုတဲ့ စာသားဖြင့် ပို့စ်တင်လာတာလည်း ဖြစ်ပါတယ်။

ဘောလုံးပရိသတ်များဟာ လေဗာကူဆင်အသင်းရဲ့ ဟာသနှောပို့စ်တင်လာမှုအား နှစ်သက်သဘောကျလျက်ရှိကြသလို လေဗာကူဆင်အသင်းရဲ့ ဆိုရှယ်မီဒီယာအက်ဒမင်ကိုလည်း ချီးကျူးနေကြပါတယ်။

အာဆင်နယ်ဟာ ယခုရာသီတွင် အလွတ်တည်ကန်ဘောမှ ၂၁ ဂိုးအထိ သွင်းထားကာ ပရီးမီးယားလိဂ်တွင် အလွတ်တည်ကန်ဘောအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် လေဗာကူဆင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်နှင့်ပွဲတွင် ထောင့်ကန်ဘောမှ တဆင့် ဂိုးသွင်းယူခဲ့ပါတယ်။

လေဗာကူဆင်က အာဆင်နယ်ရဲ့ အလွတ်တည်ကန်ဘောကျွမ်းကျင်မှုအား ဆိုရှယ်မီဒီယာတွင် လှောင်ပြောင်လာတဲ့ ပထမအသင်း မဟုတ်ပါဘူး။

မန်ဖီးလ်တောင်းဟာလည်း အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ အာဆင်နယ်ကို TikTok မှ တဆင့် တင်ကာ လှောင်ပြောင်ဖူးပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

အသင်းရဲ့ အဓိကကစားသမားမှာ လူသတ်ရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် စွဲချင်တင်ခံရပြီးနောက် ရမှတ် ၂၇ မှတ်လျှော့ချခံလာရတဲ့ ကလပ်
==================
ဘောလုံးကလပ်တစ်ခုဟာ အသင်းရဲ့ စတားကစားသမားမှာ လူသတ်ရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် စွဲချက်တင်ခြင်းခံရပြီးနောက် ရမှတ် ၂၇ မှတ်လျှော့ချခြင်းခံလာရပါတယ်။

ဂျာမန်ကလပ် SpVgg Haidhause ဟာ တောင်ပံကစားသမားမာတီယိုဗစ်မာရဲ့ သွင်းဂိုး ၉ ဂိုးအထောက်အပံ့ဖြင့် ဒေသတွင်းလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိ ကစားသမားဟာ ၂၀၁၄ ခုနှစ်ကတည်းက ဒေသတွင်းကလပ်များတွင် ကစားလာမှုနှင့်အတူ လူသိများတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ဒီဇင်ဘာလနှောင်းပိုင်းတုန်းက မြူးနစ်မြို့၊ အိုဘာဒန် ဆင်ခြေဖုံးရပ်ကွက်တွင် ရဲအရာရှိများကို ကားဖြင့် မောင်းဝင်တိုက်ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

သူ့နေအိမ်တွင် ခရစ္စတယ်မက်သ်နှင့် ဟီးရိုးအင်း ၅ ကီလိုအထိ တွေ့ရှိသလို သေနတ်များ၊ ပတ်စ်ပို့တုများ၊ ယူရို ၅၀၀၀၀ တို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်များက ယင်းလူမှာ မာတီယိုဗစ်မာဆိုတဲ့ အမည်တုကို အသုံးပြုကာ ဘောလုံးကစားနေသူ ဖြစ်ကြောင်း တွေ့ရပါတယ်။

လက်ရှိအချိန်တွင် သူဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး လူသတ်ရန် ကြိုးပမ်းမှု၊ လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးရောင်းဝယ်မှုတို့ဖြင့် အမှုရင်ဆိုင်နေရပါတယ်။

တဖက်တွင် Bavarian FA, BFV ဟာ အမည်တုကို အသုံးပြုပြီး ကစားနေတဲ့ ကစားသမားတစ်ဦးအား အသုံးပြုမှုအတွက် Haidhausen ကို ရမှတ် ၂၇ မှတ်အထိ လျှော့ချလာပါတယ်။

ကလပ်ဘက်က ယင်းအရေးယူမှုကို အယူခံဝင်ထားပြီး ဗစ်မာရဲ့ နှစ်ဘဝ ရှင်သန်နေမှုကို မသိကြောင်း ဆိုထားပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရတော့မယ့် ချဲလ်ဆီးရဲ့ ရီစီဂျိမ်းစ်
===================
ချဲလ်ဆီးနောက်ခံလူရီစီဂျိမ်းစ်မှာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူလာရတော့မှာ ဖြစ်ကြောင်း နည်းပြရိုဆင်နီယက အတည်ပြုလာပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှ စတင် လွဲချော်လာပါမယ်။ ချဲလ်ဆီးဟာ ပထမအကျော့တုန်းက ပဲရစ်တွင် ၅-၂ ဖြင့် ရှုံးနိမ့်ထားရာ ရီစီဂျိမ်းစ် မပါဝင်နိုင်မှုကြောင့် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

အသက် ၂၆ နှစ်ရှိ ရီစီဂျိမ်းစ်ဟာ ယခုလနှောင်းပိုင်းတွင် ဥရုဂွေး၊ ဂျပန်တို့နှင့် ကစားမယ့် အင်္ဂလန်ရဲ့ ခြေစမ်းပွဲများကိုလည်း လွဲလာပါမယ်။

သူဟာ စနေနေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် နယူးကာဆယ်အား ၁-၀ ဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ဒဏ်ရာရရှိလာတာလည်း ဖြစ်ပါတယ်။

ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီများတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရပြီးနောက် ယခုရာသီတွင် ဒဏ်ရာကင်းကင်းဖြင့် ကစားလာနိုင်မှုနှင့်အတူ မကြာသေးမီတုန်းက ကလပ်တွင် ၂၀၃၂ ခုနှစ်အထိ ရှိနေမယ့် ၇ နှစ်စာချုပ်သစ်အား ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးရဲ့တောင်ပံကစားသမားဂျေမီဂတ်တန်၊ ဂိုးသမားဖီးလစ်ဂျော်ဂျင်ဆင်၊ နောက်ခံလူလီဗီကိုလ်ဝဲလ်တို့မှာလည်း ပီအက်စ်ဂျီနှင့်ပွဲတွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဘရာဇီးတိုက်စစ်သမားအက်စတီဗာအိုဝီလီယံမှာ လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်မှုနှင့်အတူ ပီအက်စ်ဂျီနှင့်ပွဲတွင် ပါဝင်လာဖို့ ရှိနေပါတယ်။

ပထမအကျော့တုန်းက ပဲရစ်တွင် ကစားတုန်းက ဘောကောက်လူငယ်အား တွန်းခဲ့တဲ့ နီတိုမှာလည်း ယူအီးအက်ဖ်အေရဲ့ သတိပေးခြင်းသာ ခံရမှုနှင့်အတူ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင် ပါဝင်လာပါမယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မှ ဖြစ်ရပ်အတွက် နိုင်ဂျီးရီးယားနှင့် ဒီမိုကရက်တစ်ကွန်ဂိုတို့အား ဖီဖာ အရေးယူလာ
=======================
ဖီဖာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ၂၀၂၂၆ ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မှ စည်းကမ်းချိုးဖောက်တဲ့ အဖြစ်အပျက်များအတွက် နိုင်ဂျီးရီးယားနှင့် ဒီမိုကရက်တစ်ကွန်ဂိုတို့အား အရေးယူလာပါတယ်။

ဖီဖာဟာ ယင်းပွဲအတွင်းတွင် နှစ်သင်းလုံး စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်ကြောင်း တွေ့ရှိပြီးနောက် ဘောလုံးအဖွဲ့ချုပ်နှစ်ခုလုံးကို အရေးယူလာတာပါ။

ဖီဖာဟာ ပွဲအတွင်း ပရိသတ်များက အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်မှုကြောင့် နိုင်ဂျီးရီးယးဘောလုံးအဖွဲ့ချုပ်က ဆွစ်ဖရန့် ၁၀၀၀ (ဒေါ်လာ ၁၂၇၀) ဒဏ်ရိုက်လာပါတယ်။

ဒါ့အပြင် ကွန်ဂိုမှာလည်း ပရိသတ်များက လေဆာ(သို့မဟုတ်) လျှပ်စစ်ပစ္စည်းများဖြင့် ကစားသမားများကို ထိုးကြောင်း တွေ့ရပြီးနောက် ဆွစ်ဖရန့် ၅၀၀၀ ဒဏ်ရိုက်ခံလာရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကစားတဲ့ ပွဲစဉ်တွင် ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျပြီးနောက် ကွန်ဂိုက ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၃ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ယင်းရှုံးပွဲကြောင့် နိုင်ဂျီးရီးယားမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ဂျီးရီးယားဟာ ယင်းရှုံးပွဲအပြီးတွင် ကွန်ဂိုမှာ နိုင်ငံပြောင်းလဲ ကစားထားတဲ့ ကစားသမားများကို အသုံးပြုထားတယ်လို့ တိုင်ချက်ဖွင်ထားကာ ဖီဖာရဲ့ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေပါတယ်။

ယင်းသို့ နိုင်ဂျီးရီးယားဘက်က တိုင်ချက်ဖွင့်ထားပေမယ့် ဖီဖာက ကွန်ဂိုကို ကမ္ဘာ့ဖလားပလေးအော့ဖ်တွင် ထည့်သွင်းထားပါတယ်။ ကွန်ဂိုဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်တွင် နယူးကာလီဒိုးနီးယားနှင့် ဂျာမေကာတို့ ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။

ဒီမိုကရက်တစ်ကွန်ဂိုဟာ ယခင် ဇိုင်ယာဆိုတဲ့ နိုင်ငံအမည်ကို အသုံးပြုတုန်းက ၁၉၇၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပါတယ်။

image