ပဲလေ့စ်နိုင်ပွဲတွင် ဒဏ်ရာပြဿနာ ၃ ခု ကြုံလာရကာ ထိုးနှက်ချက် ကြုံလာရတဲ့ အာဆင်နယ်
=====================
မီခေးလ်အာတီတာက ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရတဲ့ပွဲတွင် ကစားသမား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုလာပါတယ်။
အာဆင်နယ်ဟာ အီးဇီးရဲ့ အသင်းဟောင်းကို သွင်းယူတဲ့ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဂိုးမပေးရတဲ့နောက်ထပ် ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယင်းနိုင်ပွဲတွင် အာဆင်နယ်ရဲ့ အဓိကကစားသများဖြစ်ကြတဲ့ ဒီကလန်ရိုက်စ်၊ ဝီလီယမ်ဆာလီဘာ၊ ရီကာဒိုကာလာဖီအိုရီတို့ ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ ယခုရာသီ အာဆင်နယ်ရဲ့ပွဲတိုင်း အဓိကနေရာမှ ကစားလာခဲ့ကြသူများ ဖြစ်ပါတယ်။
ပွဲအပြီးတွင် အာတီတာက "ဝီလီယမ်ဆာလီဘာက နာကျင်မှုအချို့ ခံစားနေရတယ်။ ဒီကလန်လည်း ဒီအတိုင်းပဲ။ ပထမဆုံးဖြစ်တာက ဝီလီ(ဆာလီဘာ)ပါ။ ဖျက်ထုတ်ခံရပြီး ထိသွားတာ။ ရီစီ(ကာလာဖီအိုရီ)လည်း ဒီအတိုင်းပဲ။ ဒဏ်ရာအတိမ်အနက်ကိုတော့ မသိဘူး။ ပြောလည်း မပြောချင်ဘူး။ ဒါပေမယ့် သိလည်း မသိပါဘူး။ ဝီလီကို လူစားရတဲ့အချက် ၂ ချက်ရှိတယ်။ ဒီကလန်ရိုက်စ်ရဲ့ ဒဏ်ရာကိုတော့ လုံးဝ မသိဘူး။ ကြွက်သားလား ဘာလား မသိသေးပါဘူး။ သူ(ဆာကာ)လည်း ဖျားနေတုန်းပါ။ လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူး။ ဘယ်တော့ ပြန်ကောင်းလာမလဲ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒီကလန်ရိုက်ဟာလည်း ဝက်စ်ဟမ်းနှင့်ပွဲစဉ်တုန်းကလည်း ဒဏ်ရာရရှိနိုင်တဲ့ အခြေအနေကို ကြိုတင်ကာကွယ်တဲအ့နေဖြင့် လူစားလဲခဲ့ရဖူးပါတယ်။



