ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင်

အီရန်စစ်ပွဲကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် လာမည့် ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင်ခြေရှိသဖြင့် ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အာဏာပိုင်များက နိုင်ငံ၏ လေကြောင်းကဏ္ဍကို သတိပေးလိုက်ကြောင်း သိရသည်။

ဗီယက်နမ်သည် ၎င်း၏လေယာဉ်ဆီလိုအပ်ချက် သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှတင်သွင်းနေရပြီး ထိုတင်သွင်းမှု၏ ၆၀ ရာခိုင်နှုန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

“ဧပြီလအစောပိုင်းနဲ့ နောက်ပိုင်းလတွေမှာ ဗီယက်နမ်လေကြောင်းလိုင်းတွေအတွက် လေယာဉ်ဆီပြတ်လပ်မှု ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဗီယက်နမ် လေကြောင်းဦးစီးဌာနက ပို့ဆောင်ရေးဝန်ကြီးဌာနသို့ မတ်လ ၉ ရက်နေ့က ပေးပို့သည့် စာတွင် ဖော်ပြထားပါသည်။

လေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်ပျံသန်းမှု အစီအစဉ်များ၊ အထူးသဖြင့် ပြည်တွင်းခရီးစဉ်များကို ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် လေဆိပ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဗီယက်နမ်လေယာဉ်များ ရပ်နားရန် အပိုနေရာများ ကို ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ ထို့အပြင် စင်ကာပူနိုင်ငံမှ တင်သွင်းမှုများလည်း လျော့ကျလာကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

အဓိက လေယာဉ်ဆီတင်သွင်းသည့် ပက်ထရိုလီမက် နှင့် စကိုင်းပတ် ကုမ္ပဏီတို့က မတ်လအတွက်သာ ဆီပေးသွင်းမှုကို အာမခံနိုင်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ပဋိပက္ခမှာ ဆက်လက်ရှည်ကြာနေပါက မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းခရီးစဉ်များမှလွဲ၍ ကျန်လေကြောင်းပျံသန်းမှုများကို ကန့်သတ်ရန် စကိုင်းပတ် က တောင်းဆိုထားသည်။

ဤစာရွက်စာတမ်းအားလုံးမှာ တရုတ်နိုင်ငံက ၎င်း၏ရေနံချက်စက်ရုံများကို ပို့ကုန်အသစ်များ ကို သဘောမတူရန် ယခုလအစောပိုင်းတွင် တိုက်တွန်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သော်လည်း မတ်လ ၁၁ ရက်မှစ၍ ချမှတ်လိုက်သော လောင်စာဆီတင်ပို့မှု အလုံးစုံပိတ်ပင်ချက် မတိုင်မီက ဖြစ်သည်။ ထိုင်းနိုင်ငံကမူ မတ်လ ၆ ရက်နေ့တွင် မြန်မာနှင့် လာအိုမှလွဲ၍ ကျန်နိုင်ငံအားလုံးသို့ လေယာဉ်ဆီအပါအဝင် ရေနံထွက်ပစ္စည်း တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။

တရုတ်အကောက်ခွန်အချက်အလက်များအရ ဗီယက်နမ်သည် ပြီးခဲ့သည့်နှစ်က သြစတြေးလျနှင့် ဂျပန်ပြီးလျှင် တရုတ်နိုင်ငံထံမှ လေယာဉ်ဆီကို တတိယမြောက် အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သည်။ ဗီယက်နမ်သည် ဤပြဿနာနှင့်ပတ်သက်၍ ၎င်း၏အဓိက ပေးသွင်းသူများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ဆွေးနွေးလျက်ရှိသည်။

တနင်္ဂနွေနေ့က ဟနွိုင်းမြို့တွင် ပြုလုပ်သည့် တွေ့ဆုံမှု၌ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရူးက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို “စွမ်းအင်ဖူလုံရေး သေချာစေရန်” အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း စွမ်းအင် ဖူလုံရေးပြဿနာကို ပူးပေါင်းဖြေရှင်းရန် အဆင်သင့်ရှိကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းကလည်း ဆီပြတ်လပ်မှုပြဿနာကို ကူညီဖြေရှင်းပေးရန် ထိုင်းသံအမတ်ကို သောကြာနေ့က တောင်းဆိုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်လေကြောင်းအာဏာပိုင်များက တောင်ကိုရီးယား၊ ဂျပန်၊ ဘရူနိုင်းနှင့် အိန္ဒိယတို့ကဲ့သို့ အခြားရင်းမြစ်များမှ တင်သွင်းရန် အကြံပြုထားသော်လည်း “လက်ရှိအခြေအနေတွင် ပေးသွင်းသူအသစ်ရှာရန် ခက်ခဲသည်” ဟု ဝန်ခံထားသည်။

ဆီရရှိမှု အခြေအနေ တည်ငြိမ်သွားလျှင်ပင် လောင်စာဆီဈေးနှုန်းများက အဆမတန် ထိုးတက်နေခြင်းကြောင့် လေကြောင်းကဏ္ဍကို အနှောင့်အယှက်ဖြစ်စေပြီး ခရီးစဉ်အများအပြားမှာ အရှုံးပေါ်နိုင်ကြောင်း သတိပေးထားသည်။ စင်ကာပူလေယာဉ်ဆီဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၇ ဝန်းကျင်ရှိနေပြီး ယင်းမှာ စစ်ပွဲမတိုင်မီကထက် တစ်ဆခွဲကျော် မြင့်တက်နေခြင်းဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

မြစ်ကြီးနားလေဆိပ် မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည်

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြစ်ကြီးနားလေဆိပ်ကို မနက်ဖြန် (မတ်လ ၁၈ ရက်) နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း လေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည့် အစီအစဉ်ကိုမူ အတိအကျ မသိရသေးဘဲ လက်ရှိတွင် လေဆိပ်ကိုသာ ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးကလည်း ပေါ်ပြူလာကိုပြောသည်။

ထို့အတူ “18.3.2026 မှစတင်၍ မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်" ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော်လည်း လေယာဉ်ပြေးဆွဲမည်၊ မပြေးဆွဲမည်ကို မသိရသေးသော်လည်း လေဆိပ်ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်ဟု ဆိုထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်၊ ည ပိုင်းက FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ထိမှန်ပျက်စီးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

image

မင်္ဂလာစျေးသစ်စျေးအပါအဝင် စျေးကြီး(၄)စျေးတွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာစျေးသစ်စျေးအပါအဝင် စျေးကြီး(၄)စျေးတွင် မီးဘေးလုံ ခြုံရေးအတွက်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မတ် ၁၇ ရက်နံနက် ၉ နာရီကပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက် ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ မင်္ဂလာစျေးသစ်စျေး၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများ၊ စျေးသူ/စျေးသားများအား မီးဘေးကြိုတင်ကာ ကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေး ဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ် တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

image

ရန်ကုန်တိုင်းအတွင်း G3G Application ဖြင့် စားသုံးဆီဝယ်ယူနိုင်ပြီ

ရန်ကုန်တိုင်းအတွင်းရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း G3G Application ကိုအသုံးပြု၍ စားသုံးဆီများအား Door-to-Door စနစ်ဖြင့်အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ G3G Application ဖြင့် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များသို့စားသုံးဆီတရားဝင်ဖြန့်ဖြူးရေးအတွက် မတ် ၁၆ ရက်နံနက်ပိုင်းက UMFCCI ၌မိတ်ဆက်ရာ G3G Application ၏ Head Of IT ဦးစွမ်းထက်အောင်က G3G Application အကြောင်းအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

G3G Application ကို မှတ်ပုံတင်ကိုင်ဆောင်ထားသူမည်သူမဆိုအသုံးပြုနိုင်ပြီး Digital နည်းပညာအသုံးပြု၍ မြန်မာ MSME ထုတ်ကုန်များကို Local နှင့် Global အသုံးပြုသူများနှင့်ချိတ်ဆက်ပေးခြင်းဖြင့် စီး ပွားရေးတိုးတက်မှုကိုအားပေးမြှင့်တင်ရန်တီထွင်ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

image

ယူအက်စ်စစ်အခြေစိုက်စခန်းများအသုံးပြုမှုရပ်ရန်အီရန်ကတောင်းဆို

တေရန်၊ မတ်လ ၁၇ ရက်

အနောက်အာရှရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများနှင့် အီရန်၏ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် အီရန်သမ္မတ မာဆူး ပီဇက်ရှ်ကီယန် က တနင်္လာနေ့တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

သမ္မတသည် အမေရိက၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော စစ်ပွဲအပေါ် အီရန်၏ ရပ်တည်ချက်ကို လူမှုကွန်ရက် အိတ်စ် (ယခင် တွစ်တာ) တွင် ရေးသားဖော်ပြရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်အနေဖြင့် ဤ “ရက်စက်ကြမ်းကြုတ်သော” စစ်ပွဲကို စတင်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ကျူးကျော်မှုကို ကာကွယ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ကြောင်း ပီဇက်ရှ်ကီယန်က ပြောကြားလိုက်သည်။

အီရန်အပေါ် အမေရိကနှင့် အစ္စရေးတို့၏ ရန်စကျူးကျော်မှုများ က ဆက်ရှိနေသရွေ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရရှိနိုင်မည်မဟုတ်ကြောင်းနှင့် အီရန်သည် ဗိုလ်ကျ အနိုင်ကျင့်မှုများကို အလျှော့ပေးမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ဤကျူးကျော်မှုများကို ရှုတ်ချရန်နှင့် ပတ်သက်ဆက်နွှယ်နေသူများကို နိုင်ငံတကာဥပဒေကို လိုက်နာရန် တိုက်တွန်းပေးဖို့ ကိုလည်း ပီဇက်ရှ်ကီယန်က တောင်းဆိုခဲ့ပသည်။

မှားယွင်းသောသတင်းအချက်အလက်များနှင့် နယ်ချဲ့ဝါဒကို အခြေခံသည့် စစ်ပွဲများသည် ၂၁ ရာစုတွင် “အလယ်ခေတ်” ဆန်သော လုပ်ရပ်များဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး၊ အီရန်အပေါ် နောက်ထပ်တိုက်ခိုက်မှုများ မလုပ်ဆောင်တော့ဟု အာမခံချက်မရှိဘဲ တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုနေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အမေရိက နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံ မြို့တော် တေရန်နှင့် အခြားမြို့များကို ပူးတွဲဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံ၏အဆင့်မြင့်ခေါင်းဆောင်ကြီး အလီခါမေနီ အပါအဝင် ထိပ်တန်းအရာရှိကြီးများ၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများ သေဆုံးခဲ့ရသည်။ အဆိုပါလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိက ၏ ပိုင်ဆိုင်မှုများ၊ အခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

Ref: ရှင်းဟွာ

image
9 ပတ် - ဘာသာပြန်ပါ။

မနက်ဖြန် မတ် ၁၈ ရက်မှစတင်၍ အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးမည်

ပူပြင်းသည်ရာသီရောက်ရှိလာချိန်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသဖြင့် ထိန်းညှိခြင်းများပြုလုပ်နိုင်ရန် မနက်ဖြန် မတ် ၁၈ ရက်မှစတင်၍ ဓာတ်အားထုတ် လုပ်နိုင်မှုနှင့်ချိန်ညှိကာ အချို့နေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ စဥ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ခွဲဝေဖြန့်ဖြူးမည်ဖြစ်သော်လည်း သဘာဝဓာတ် ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကိုတိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းမပြုလုပ်ဘဲ စဥ်ဆက်မပြန်ဆက် လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားထြတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးရခြင်းကို နားလည်ခွင့်လွှတ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကိုစနစ်တကျချွေတာသုံးစွဲပေးကြပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းများ၊ ဒုံးများဖြင့် အပ-စ်ခံရကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ပြောကြား

အင်္ဂါနေ့ အစောပိုင်းက ဘဂ္ဂဒက်မြို့ပတ်ဝန်းကျင် နေရာအသီးသီးမှနေ၍ အမေရိကန်သံရုံးသို့ ဒုံးများနှင့် အနည်းဆုံး ဒရုန်း ၅ စင်းဖြင့် ပ-စ်ခတ်တို-က်ခိုက်ခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဤတို-က်ခိုက်မှုသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ကတည်းက အပြင်းထန်ဆုံး တို-က်ခိုက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

ဒရုန်းအနည်းဆုံး ၃ စင်းသည် သံရုံးဘက်သို့ ဦးတည်ပျံသန်းလာသည်ကို Reuters သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။ C-RAM လေကြောင်းရန်ကာကွယ်ရေးစနစ်က ၎င်းတို့အနက် ၂ စင်းကို ပ-စ်ချနိုင်ခဲ့သော်လည်း တတိယတစ်စင်းမှာ သံရုန်းဝင်းအတွင်းသို့ ကျရောက်ပေ-ါက်ကွဲခဲ့ပြီး မီးခိုးများနှင့် မီးတောက်များ ထွက်ပေါ်လာသည်ကိုတွေ့ရကြောင်း ၎င်းသတင်းထောက်က ဆိုသည်။

အီရတ်မြို့တော်တွင် ပေ-ါက်ကွဲသံတစ်ခု ကြားခဲ့ရကြောင်း အခြား Reuters သတင်းထောက်တစ်ဦးကလည်း ပြောသည်။

မှတ်ချက်ပေးရန် Reuters က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အမေရိကန်သံရုံး၏ လက်ကိုင်ဖုန်းများ ပိတ်ထားကြခြင်းကို ကြုံရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သော စစ်ပွဲကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များသည် အီရတ်ရှိ အမေရိကန်အကျိုးစီးပွားများကို တို-က်ခိုက်လျက်ရှိသည်။

စိုက်ရာဌာနများနှင့် အမေရိကန်သံရုံးအပါအဝင် သံတမန်ရုံးများရှိရာ ဘဂ္ဂဒက်မြို့၏ လုံခြုံရေးတင်းကျပ်ထားသော Green Zone ကို ပိတ်ဆို့ထားသည်။

image
9 ပတ် - ဘာသာပြန်ပါ။

တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင် ၊ သဘာပတိအဖြစ် ဒေါ်ဒွဲဘူက တာဝန်ယူပြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည်

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ (၁၈) ရက်၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ စတင် ကျင်းပနေပြီဖြစ်သည်။

‌‎တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဒေါ်ဒွဲဘူက တာဝန်ယူကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကို ရွေးချယ်တင်မြှောက်ကာ သဘာပတိက လွှတ်တော် ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ကာပြီး လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

‎တတိယအကြိမ် အမျိုးသားလွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးအောင်လင်း‌ဒွေး နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်တို့ နာမည်ထွက်နေပြီး မကြာမီတွင် ရွေးချယ်တင်မြှောက်ကြတော့မည်ဖြစ်သည်။

image
9 ပတ် - ဘာသာပြန်ပါ။

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

ယနေ့ မတ်လ (၁၈) ရက်၊ နံနက် (၁၀) နာရီတွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ် တော်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီဖြစ်သည်။

သဘာပတိ၏ ခွင့်ပြုချက်အရ လွှတ်တော် ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းခြင်း ဆောင်ရွက်ရာတွင် အမည်စာရင်းတင်သွင်းလွှာ (၁) စောင်သာ ထုတ်ယူပြီး ဦးအောင်လင်းဒွေးကို ဥက္ကဋ္ဌလောင်းအမည်စာရင်းတင်သွင်းခဲ့သည့် အတွက် သဘာပတိက အတည်ပြု၍ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

image
9 ပတ် - ဘာသာပြန်ပါ။

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Jeng Phang နော်တောင် ဖြစ်လာ

ယနေ့ မတ်လ (၁၈) ရက်၊ နံနက် (၁၀) နာရီတွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ် တော်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တို့သည် အမျိုးသားလွှတ်တော် သဘာပတိရှေ့မောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးကြပြီး ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက နှုတ်ခွန်းဆက်စကားပြောကြားကာ တတိယအကြိမ်အမျိုး သားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားသွားမည်ဖြစ်သည်။

image