ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပြဋ္ဌာန်း
-----------------------
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဖေဖော်ဝါရီ ၄ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဥပဒေရဲ့ မူကြမ်းကို ပြီးခဲ့တဲ့၂၀၁၈ခုနှစ်က စတင်ရေးဆွဲခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စံချိန်စံညွှန်းပြည့်မီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အသုံးပြုနိုင်ဖို့၊ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့၊ ဆောက်လုပ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာဖို့ စတဲ့ကိစ္စရပ်တွေမှာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပြည့်အစုံကို နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

image

မန္တလေးတိုင်းအတွင်းရှိ စက်မှုဇုန်များအား LNGဖြင့်ဓာတ်အားပေးမည်
--------------------------------------
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန်တွေ၊ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။
အဲဒီလို LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမဲ့အကြောင်းကို ဖေဖော်ဝါရီ၃ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနဲ့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့က တာဝန်ရှိသူတွေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ တစ်ယူနစ်ကို ကျပ်၉၀၀နှုန်း သတ်မှတ်ကောက်ခံမှာဖြစ်ပြီး အိမ်သုံးဓာတ်အားခနှုန်းထားတွေကတော့ အရင်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်။
LNGနဲ့ဓာတ်အားထုတ်လုပ်တာဟာ ဈေးနှုန်းကြီးမြင့်ပေမဲ့လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်တာကြောင့် စက်မှုလုပ်ငန်းရှင်တွေအတွက် ခိုင်မာတဲ့စွမ်းအင်အာမခံချက် ရရှိမှာဖြစ်တယ်လို့လည်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
လက်ရှိမှာ LNGဓာတ်အားပေးစက်ရုံတွေကနေ တိုးမြှင့်ထုတ်လုပ်လာနိုင်တဲ့အခြေအနေအရ ဇန်နဝါရီ၁၅ရက်ကနေ ၃၁ရက်အထိ တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၆၂၀၀၀မဂ္ဂါဝပ်နာရီ ထုတ်လုပ်ပေးနိုင်ခဲ့တယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။

image
7 w - Translate

အမေရိကန်ကနေ တရုတ်နိုင်ငံကို ပြန်ရောက်ပြီး ၃ နှစ်နီးပါးအကြာမှာ ကျန်းမာဝဖြိုးနေပြီဖြစ်တဲ့ ပန်ဒါကြီးယာယာ
အမေရိကန်နိုင်ငံ၊ Memphis Zoo မှာ နှစ် ၂၀ နေထိုင်ခဲ့တဲ့ ပန်ဒါကြီးယာယာကို အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ Beijing Zoo က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ယာယာဟာ ကျန်းမာဝဖြိုးလို့နေပါတယ်။
ယာယာက အမေရိကန်နိုင်ငံကနေ တရုတ်နိုင်ငံကို ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်နေ့က ပြန်ရောက်ရှိခဲ့ပြီး Beijing Zoo မှာ နေထိုင်နေတာပါ။ အမေရိကန်မှာ ရှိနေစဉ်က ယာယာဟာ ပိန်ပိန်ပါးပါးနဲ့ အဟာရချို့တဲ့နေသလိုဖြစ်နေခဲ့တာပါ။
အခုဆို ယာယာရဲ့ကျန်းမာဝဖြိုးနေတဲ့အသွင်အပြင်ဟာ တရုတ်လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ ယာယာက တရုတ်နိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ်သာရှိပါတယ်။ သူ ပြန်ရောက်လာပြီး ၃ နှစ်နီးပါးအကြာမှာ ကိုယ်အလေးချိန် ၉၅ ကီလိုဂရမ်ရှိနေပါပြီ။
ယာယာရဲ့ခန္ဓာကိုယ်အခြေအနေကလည်း တိုးတက်နေပါပြီ။ သူ့ကိုယ်အလေးချိန်က အသက်ကြီးတဲ့ပန်ဒါကြီးတွေအတွက် သင့်တော်တဲ့ပမာဏအတွင်း ရှိပြီး တည်ငြိမ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်အားလုံးကလည်း ကောင်းမွန်တယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက အကဲဖြတ်ထားပါတယ်။
၂၀၀၀ ခုနှစ် ဩဂုတ် ၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ယာယာကို Memphis Zoo မှာရှိနေစဉ်က သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး တိရစ္ဆာန်စောင့်ရှောက်ရေးလှုပ်ရှားသူတချို့က စိုးရိမ်ခဲ့ရပါတယ်။ ပန်ဒါကြီးကို နှိပ်စက်ညှဉ်းပန်းမှုမရှိဘူးလို့ Memphis Zooက ငြင်းဆိုကာ သူ့ရဲ့မျိုးရိုးဗီဇက သူ့ရဲ့အရွယ်အစားသေးငယ်ရခြင်းရဲ့အကြောင်းအရင်းဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

image

တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်
-----------------------
ဖေဖော်ဝါရီလ(၅)ရက်နေ့၊နံနက်(၁)နာရီ၉မိနစ်၄၂စက္ကန့်အချိန်ကမြန်မာနိုင်ငံပြည်တွင်းဟုမ္မလင်းမြို့ကိုဗဟိုပြုပြီးအင်အားရစ်(ခ်)စကေး(၄ဒသမ၄)အဆင့်ရှိငလျင်နဲ့နံနက်(၂)နာရီ၈မိနစ်၄၀စက္ကန့်အချိန်ကအုတ်တွင်းမြို့ကိုဗဟိုပြုပြီးအင်အားရစ်(ခ်)စကေး(၄ဒသမ၃)အဆင့်ရှိငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဟုမ္မလင်းငလျင်ဟာတမူးမြေငလျင်စခန်းကနေအရှေ့မြောက်ဘက်(၇၅)မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်းဟုမ္မလင်းမြို့ရဲ့အရှေ့အရှေ့မြောက်ဘက်(၁၈)မိုင်ခန့်အကွာ၊အနက်(၇၅)ကီလိုမီတာကိုဗဟိုပြုပြီးလှုပ်ခတ်သွားတာလို့ဆိုပါတယ်။ ဒါ့အပြင်အုတ်တွင်းငလျင်ဟာ အဲဒီမြို့ရဲ့အနောက်ဘက် (၂၁)မိုင်ခန့်အနက်-၁၁ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့သိရပါတယ်။
ဖေဖော်ဝါရီ၃ရက်၊ နေ့လယ်၁၂နာရီ ၄၂မိနစ်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရဲ့ အနောက် မြောက်ဘက် ၃မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၃ဒသမ၉အဆင့်ရှိတဲ့ ငလျင်တစ်ခုနဲ့ ည(၁၀) နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၆ အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ အပါအဝင် သက်ရှင်ပြတ်ရွေ့ကြောတွေရှိတဲ့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ရခိုင်နဲ့ ချင်းဒေသ တစ်လျှောက်မှာ မြေငလျင်တွေ မကြာခဏ လှုပ်ခတ်တာတွေ ရှိနေတဲ့အတွက် မြေငလျင်နဲ့ ပတ်သက်လို့ အမြဲသတိပြုနေဖို့ လိုအပ်တယ်လို့ မြေငလျင်လေ့လာသူတွေက ပြောကြားထားပါတယ်။

image

နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး
-------------------------------
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးမှာ ဖေဖော်ဝါရီလ ၅ ရက် မနက် ၂ နာရီ ၃၀ မိနစ်အချိန်လောက်က ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးရဲ့ မိုင်တိုင်အမှတ်(၁၅၇/၇)နဲ့ (၁၅၇/၆) ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီယာဉ်တိုက်မှုကို သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်နဲ့ တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

image

ONE Friday Fights 141တွင် မြန်မာဖိုက်တာ (၄) ဦးပါဝင်မည်
---------------------------
ONE Friday Fights 141ပြိုင်ပွဲကို ဖေဖော်ဝါရီ(၆)ရက် သောကြာည ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လုမ္မဏီ အားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ(၄)ဦး ပါဝင်ယှဉ်ပြိုင်မယ်လို့ ONE Championship ထုတ်ပြန်ချက်အရသိရပါတယ်။ ပြိုင်ပွဲမှာထိုးသတ်မယ့် တွဲဆိုင်း ၁၄ ဆိုင်းမှာ မြန်မာဖိုက်တာ (၄) ဦးရဲ့ တွဲဆိုင်းတွေကိုလည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။
မြန်မာဖိုက်တာတွေဖြစ်တဲ့ ရဲရင့်နောင်၊စိုးနောင်ဦး၊စောမင်းမင်းနဲ့ လင်းထက်အောင် တို့ယှဉ်ပြိုင်ကြမှာပါ။ မြန်မာပါဝင်တဲ့ တွဲဆိုင်း(၄)ဆိုင်းပွဲစဉ်တွေမှာ ပွဲစဥ် (၄) ဖလိုင်းဝိတ်မွေထိုင်းမှာ ရဲရင့်နောင်နဲ့ မလေးရှား/ အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို)၊ ပွဲစဥ် (၈) စတောဝိတ်မွေထိုင်းမှာ လင်းထက်အောင်နဲ့ ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆု၊ ပွဲစဥ် (၁၁) စတောဝိတ်မွေထိုင်းမှာ စိုးနောင်ဦးနဲ့ ထိုင်းဖိုက်တာ ဖေ့စ်အီရာဝမ်၊ ပွဲစဥ် (၁၃) ဘင်တမ်ဝိတ်မွေထိုင်းမှာ စောမင်းမင်းနဲ့ ထိုင်းဖိုက်တာ ဒတ်ချာဝါလစ်တို့ယှဥ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ထိုးသတ်မယ့် မြန်မာဖိုက်တာ (၄) ဦးထဲမှာ စောမင်းမင်းနဲ့ စိုးနောင်ဦးတို့က ONE Championship မှာ ထိုးသတ်ဖူးသူတွေဖြစ်ပြီး ရဲရင့်နောင်နဲ့ လင်းထက်အောင်တို့ကတော့ ပထမဆုံးထိုးသတ်ကြမှာ ဖြစ်ပါတယ်။

image

ဂါဇာတွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၂၄ ဦး သေဆုံး
----------------------
ဂါဇာမှာ ဖေဖော်ဝါရီလ ၄ရက်နေ့က အစ္စရေးတင့်ကားပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးခုနစ်ဦးအပါအဝင် ပါလက်စတိုင်း ၂၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေကို ကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။ ဒါဟာ လေးလနီးပါးရှိပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ တောင်ပိုင်းKhan Younis(ခန်ရောနစ်) မြို့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို ကူညီဖို့ အပြေးအလွှားသွားနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးလည်းပါဝင်တယ်လို့ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ မြောက်ပိုင်းရှိ ဂါဇာမြို့မှာလည်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ၅ လသားအရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

image

ဗင်နီဇွဲလား-ကျူးဘား အရေး ပူတင် နှင့် ရှီကျင့်ဖျင် ဆွေးနွေး
----------------------
ဗင်နီဇွဲလား ကျူးဘားနဲ့ အီရန် အရေးတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဗလာဒီမာ ပူတင်တို့ ဖေဖော်ဝါရီ ၄ ရက်က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ Reuters သတင်းတစ်ရပ်အရသိရပါတယ်။
ဒေါ်နယ်ထရမ့်ဖန်တီးထားတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ပတ်သက်လို့ ၂ နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြသလို ခေါင်းဆောင်တွေကြားမှာ တူညီတဲ့ သဘောထား အမြင်တွေရှိခဲ့တယ်လို့ ဗလာဒီမာ ပူတင်ရဲ့ အကြံပေး ယူရီ အူရှ်ကောဗ်က ပြောပါတယ်။ ဘယ်လို တူညီတဲ့ သဘောထားအမြင်ရှိတာလဲ ဆိုတာကိုတော့ အူရှ်ကောဗ်က ပြောဆိုမသွားပေမယ့် တရုတ် (တိုင်ပေ) အရေးနဲ့ပတ်သက်ရင် တရုတ်ဘက်က ရပ်တည်ကြောင်း သမ္မတ ပူတင်က ထပ်မံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ရှီကျင့်ဖျင်က ယူအေအီးမှာ ကျင်းပနေတဲ့ ယူကရိန်းရုရှားအမေရိကန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေကို ထောက်ခံကြောင်း ပြောဆိုခဲ့သလို ဗလာဒီမာ ပူတင်ကိုလည်း တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှီကျင့်ဖျင်က ဖိတ်ကြားခဲ့တယ်သိရပါတယ်။

image

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်နှိုးဆော်
------------------------
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ယင်းတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကော်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင် တင်သွင်းကြဖို့ ဖေဖော်ဝါရီ (၄)ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးနှိုးဆော်လိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၂ အရ သက်ဆိုင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ အမည်စာရင်းကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။
အဲဒီလိုကြေညာတဲ့ နေမှစတင်ပြီး ရက်ပေါင်း(၃၀)အတွင်း မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမည်စာရင်းတင်သွင်းလွှာတင်သွင်းခဲ့တဲ့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ ဒါမှမဟုတ် ကော်မရှင်က သတ်မှတ်ပေးထားတဲ့ ခရိုင်ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ ရွေးကောက်ပွဲကုန်ကျ စရိတ်စရင်းကို ပုံစံ(၂၀)နဲ့ တင်သွင်းကြရမှာဖြစ်တယ်လို့ ကော်မရှင်ရဲ့ အသိပေးနှိုးဆော်ချက်အရသိရပါတယ်။
ရွေးကောက်ပွဲကုန်စရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း မတင်သွင်းရင်တော့ သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမယ်လို့ ရွေးကောက် ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

image

ကျွန်တော်ရဲ.အမျိူးတို့ရေ ဆေးနည်းလေးတေနော် 👇🥰
ကျွန်တော်ကတော့ မီးဖိုချောင်ဘေးမှာ မြင်နေရတဲ့ အစိမ်းရောင် "စပါးလင်" ပါပဲ။ အသစ်အဆန်းလည်းမဟုတ်၊ ဈေးလည်းမကြီးပေမဲ့ ရှေးလူကြီးတွေ ဘယ်တော့မှ လျစ်လျူမရှုခဲ့တဲ့ အရာပေါ့။
​လမ်းလျှောက်ရတာ လေးလံထိုင်းမှိုင်းနေတဲ့အခါ၊ ကိုယ်လက်တွေ ဖောရောင်ပြီး ခြေထောက်တွေ တင်းကျပ်နေတဲ့အခါမျိုးမှာ သူတို့က အခြေအနေဆိုးသွားတဲ့အထိ ဒုက္ခရောက်တဲ့အထိ မစောင့်ကြဘူး၊ ဝေဒနာမခံစားရခင်ကတည်းက ဖြေရှင်းနည်းကို ရှာတတ်ကြတယ်။
​ဒါပေမဲ့ သင်ကျတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့တဲ့အထိ ဖြစ်နေတာတောင် "ခဏနေရင် သက်သာသွားမှာပါ" လို့ ပြောနေတုန်းပဲ။ ခြေထောက်ဖောတာကို အသက်ကြီးလို့၊ အလုပ်များလို့၊ ဝိတ်တက်လို့ဆိုပြီး အပြစ်ပုံချနေတယ်၊ ကျွန်တော်က ခင်ဗျားရှေ့မှာတင် ရှိနေတာတောင်မှပေါ့။
​ကျွန်တော်က လေအောင့်တာကို သက်သာစေတယ်၊ ဖောရောင်တာကို လျော့ကျစေတယ်၊ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေတယ်။ အဆင့်မြင့်တာတွေ အားကိုးနေစရာမလိုဘဲ အိမ်တွင်းကုထုံးနဲ့တင် အဆင်ပြေစေတာပါ။ နည်းလမ်းကလည်း အရမ်းလွယ်လွန်းလို့ လှောင်တောင်လှောင်ချင်စရာပဲ -
​ပါဝင်ပစ္စည်းနှင့် ပြုလုပ်ပုံ
• ​စပါးလင် ၅ ပင် - စင်ကြယ်အောင်ဆေးပြီး ထုလိုက်ပါ။
• ​ရေ ၁ လီတာ - စပါးလင်နဲ့အတူ ရောပြီး ဆူအောင်တည်ပါ။
• ​သောက်သုံးရန် - မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် သောက်ပေးပါ။
​အဲဒီ စပါးလင်နံ့သင်းသင်းလေးက နှာခေါင်းထဲမှာ မွှေးရုံတင်မကဘူး၊ ကိုယ်ခန္ဓာကို ပေါ့ပါးလန်းဆန်းစေပြီး လမ်းလျှောက်ရတာ တကယ်ကို သက်သာသွားစေပါတယ်။ ရှေးလူကြီးတွေက ခြေထောက်တွေ ရောင်ကိုင်းပြီး အော်ဟစ်နေရတဲ့အထိ မစောင့်ကြဘူး။
​ဒါပေမဲ့ သင်ကတော့ ကျွန်တော့်ကို လျစ်လျူရှုထားတုန်းပဲလား? ရပါတယ်... တစ်နေ့နေ့ လမ်းလျှောက်ရမှာ ပျင်းပြီး မထချင်တော့တဲ့အခါကျမှ "ဘာလို့ စပါးလင်ရည်ကို စောစောစီးစီး မသောက်ခဲ့မိပါလိမ့်" ဆိုပြီး ကျွန်တော့်ကို သတိရလာပါလိမ့်မယ်။

image