မီးခိုးမြူနှင့် နယ်စပ်မြစ်ညစ်ညမ်းမှု ဖြေရှင်းရေး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ထိုင်းပြော

သြဂုတ်လတွင် ကျင်းပမည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာနှင့် နယ်စပ်မြစ်များအတွင်း သတ္ထုအညစ်အကြေး ညစ်ညမ်းမှုပြဿနာများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွမ်ကလင်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်များကို ပြင်ဆင်တင်ပြနိုင်ရန် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) ကို တာဝန်ပေးထားကြောင်း၊ PCD နှင့် နယ်စပ်ရေးရာဌာနတို့သည် တောမီးနှင့် မီးခိုးမြူပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပူးတွဲအလုပ်အဖွဲ့ ဖွဲ့စည်းထားပြီး တောမီးစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများကို မြန်မာဘက်သို့ မျှဝေပေးလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် တာချီလိတ်၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့များတွင် ညှိနှိုင်းရေးဌာန (၃) ခု ဖွင့်လှစ်ထားပြီးဖြစ်ကာ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် ကယားပြည်နယ်အထိ အဆိုပါအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တောမီးစီမံခန့်ခွဲရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် နည်းပညာကျွမ်းကျင်မှု၊ နည်းပညာနှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဆူချတ် ချွမ်ကလင်းက ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများအပေါ် သက်ရောက်မှုရှိနေသည့် နယ်စပ်ဖြတ်ကျော်မြစ်များအတွင်း အကြီးစားသတ္ထုညစ်ညမ်းမှုပြဿနာကိုလည်း အဆိုပါအစည်းအဝေးတွင် ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

စက်သုံးဆီစျေး ဆက်လက်ကျဆင်းနေပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ်သို့ ရောက်ရှိ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၁၂)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၂၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၃၁၀ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၀၉၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၃,၇၉၀ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၁၆ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။
ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၁၁၀ ကျပ်၊
ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၁၀၀ ကျပ် ထပ်မံကျဆင်းခဲ့သည်။
ဒီဇယ် တစ်လီတာလျှင် ငါးကျပ် ဈေးတက်ပြီး
ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ် ကျဆင်းခဲ့သည်။
ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၂)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၄၈၅ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၆၂၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၃၃၉၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၉၆၅ ကျပ် စျေးကျလာခဲ့သည်။
ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၇၁ ဒေါ်လာ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဆက်လက်ကျဆင်းလာခြင်း ဖြစ်သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image

စားအုန်းဆီစျေးနှုန်း နှစ်ပတ်ဆက်တိုက်(၇,၂၃၀)ကျပ်ဖြစ် ယခင်အပတ်ထက် (၁၅)ကျပ်ကျဆင်း

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ယနေ့ ဇူလိုင် ၁၀ ရက်ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာ(၇,၂၃၀)ကျပ်ဖြစ် ကြောင်း သိရသည်။
အဆိုပါ စျေးနှုန်းသည် ယနေ့ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိဖြစ်ကာ ယခင်အပတ်ဖြစ်သည့် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်စျေးနှုန်းထက် (၁၅)ကျပ်လျော့ကျလာခဲ့ကြောင်း သိရသည်။
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စားသုံးသူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ဒေါ်လာသန်း ရာပေါင်းများစွာတို့အား ငွေကြေးခဝါချမှုအတွက် အာဂျင်တီးနားအား FBI စုံစမ်းစစ်ဆေးနေ
=====================

FBI ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲများမှာ စပွန်ဆာများမှ ရရှိတဲ့ ဒေါ်လာသန်းရာပေါင်းများစွာတို့အား အမေရိကန်ဘဏ်များတွင် အပ်နှံကာ ငွေကြေးခဝါချမှုများ ပြုလုပ်နေမှုအတွက် စုံစမ်းစစ်ဆေးနေပါတယ်။
FBI မှ တာဝန်ရှိသူများဟာ ယင်းငွေများမှာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် ဆက်စပ်နေမှုများအပေါ် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပြီး ယင်းငွေများမှာ အမေရိကန်ဘဏ်များမှ တဆင့် ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုများ ပြုလုပ်နေတယ်လို့ ယုံကြည်နေပါတယ်။
လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကာကွယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နှင့်ကစားရန် ရှိနေတဲ့အချိန်တွင် အထက်ပါ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ Adidas ၊ Warner အပါအဝင် နိုင်ငံခြား စပွန်ဆာနှင့် ကော်မာရှယ်ပါတနာများထံမှ ရရှိတဲ့ ဒေါ်လာသန်း ၁၉၀ ကျော်ကို ဖလိုရီဒါအခြေစိုက်ကုမ္ပဏီတစ်ခုမှ တဆင့် ရယူ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားသတင်းစာ La Nacion က FBI ဟာ ယင်းငွေများမှာ အမေရိကန်စည်းမျဉ်းဥပဒေများနှင့်အညီ လက်ခံ ရယူ အသုံးပြုနေသလားဆိုတာ၊ စည်းမျဉ်းချိုးဖောက်မှု ရှိနေသလားဆိုပြီး စစ်ဆေးနေပါတယ်။
ဒါပေမဲ့ ယင်းသတင်းစာရဲ့ဖော်ပြမှုအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ယင်းငွေများအား ဘောလုံးလုပ်ငန်းဆိုင်ရာများအတွက်သာ အသုံးပြုထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲတဲ့အပတ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ယင်းငွေများနှင့်ပတ်သက်ပြီး FBI အေးဂျင့်နှင့် အစိုးရရှေ့နေများအား သုံးနာရီကြာ ဗီဒီယိုဖုန်းခေါ်ဆိုကာ စစ်ဆေးခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် FBI ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌကလူဒီယိုချီကွီတာပီယာ လက်ထက်တွင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး သိတဲ့ အခြားအတွင်းလူများထံမှလည်း သက်သေအထောက်အထားများ ရယူနေပါသေးတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ စပွန်ဆာငွေကြေးများကို လက်ခံရယူနေတဲ့ ဖလိုရီဒါအခြေစိုက်ကလပ်ဖြစ်တဲ့ TourProdEnter LLC မှာ အဓိကနေရာမှ စစ်ဆေးခြင်းခံနေရတာပါ။
La Nacion က တွေ့ရှိခဲ့တဲ့ မှတ်တမ်းများအရ ယင်းကုမ္ပဏီဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် ဆက်စပ်နေတဲ့ အနည်းဆုံး ဒေါ်လာသန်း ၁၉၀ ကို စီမံခန့်ခွဲနေကြောင်း တွေ့ရပါတယ်။
ယင်းမှ ဒေါ်လာ ၄၂ သန်းကို ကုမ္ပဏီများနှင့် တစ်ဦးချင်းစီတို့အား ပေးခဲ့ပြီး ယင်းငွေ ပေးချေမှုတို့နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် ယင်းမှ ငွေကြေး အသွင်းအထုတ်များအရ ဘာရီလိုချီနှင့် ဘရူနိုအေရိပ်စ်မှ လူများ ပိုင်ဆိုင်တဲ့ ကုမ္ပဏီများထံသို့ ဒေါ်လာ ၁၀ သန်းလွဲပြောင်းပေးထားကြောင်းလည်း သိရပါတယ်။
ယင်းငွေများကို နာမည်ကြီးဘဏ်များဖြစ်ကြတဲ့ Citibank ၊ Bank of America ၊ JP Morgan နှင့် PNC Bank တို့မှတဆင့် လွဲပြောင်းခဲ့တာပါ။
လက်ရှိအချိန်တွင် FBI ရဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ငွေကြေးများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအပေါ် အမေရိကန်တရားရေးဌာနက တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။

image

ဝေးလ်လက်ရွေးစင်ဝီလ်ဆင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် လိဒ် ခေါ်ယူလာ
===================

လိဒ်အသင်းက ဝေးလ်လက်ရွေးစင်ကစားသမားဟယ်ရီဝီလ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
အသက် ၂၉ နှစ်ရှိ အလယ်တန်းတိုက်စစ်သမားဟာ ဇွန်လအကုန်တွင် ဖူလ်ဟမ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
ဝီလ်ဆင်ဟာ ၂၀၂၂ ခုနှစ်တုန်းက လီဗာပူးမှ ဖူလ်ဟမ်သို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၃၆ ပွဲကစားရာတွင် ၁၀ ဂိုးအထိ သွင်းနိုင်ခဲ့ကာ အကောင်းဆုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဝေးလ်အတွက် ၆၉ ပွဲကစားထားတဲ့ ဝီလ်ဆင်ဟာ ယခုနွေရာသီတွင် လိဒ်ရဲ့ ပထမဆုံးခေါ်ယူအားဖြည့်ခြင်းခံလာသူလည်း ဖြစ်ပါတယ်။
လိဒ်ဟာ ဆောက်သမ်တန်အလယ်တန်းကစားသမားရှီယာချားလ်၊ ဒေါ့မွန်မှ ထွက်ခွာလာတဲ့ ဂျာမန်အလယ်တန်းကစားသမားဂျူလီယန်ဘရန့်တို့ကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။ S

image

အာဆင်နယ်သို့ ပြောင်းခွင့်ပေးရန် နယူးကာဆယ်ထံ ဂူမာရေးစ် တောင်းဆိုလာ
==================

ဘရူနိုဂူမာရေးစ်ဟာ ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်သို့ ပြောင်းရွှေ့ခွင့်ပေးရေး နယူးကာဆယ်တာဝန်ရှိသူများထံ တောင်းဆိုလာပါတယ်။
၂၀၂၂ ခုနှစ်တွင် လိုင်ယွန်မှ ပြောင်းလာတဲ့ ဘရာဇီးလက်ရွေးစင်ဟာ ယခုနွေရာသီတွင် အာဆင်နယ်ရဲ့ နံပါတ်တစ်ပစ်မှတ်ထားခြင်းခံနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂူမာရေးစ်အပြင် နယူးကာဆယ်ရဲ့ ဆန်ဒရိုတိုနာလီကိုလည်း ခေါ်ယူရေး စိတ်ဝင်စားခဲ့ပေမဲ့လည်း လန်ဒန်မြို့ခံပြိုင်ဘက် စပါးစ်သို့ ပေါင် ၉၂.၅ သန်းဖြင့် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂူမာရေးစ်အား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ရာ ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူလာနိုင်မယ်လို့ သိရှိထားရပြီးလည်း ဖြစ်ပါတယ်။
တဖက်တွင် နယူးကာဆယ်ဟာ ဂူမာရေးစ်အပြောင်းအရွှေ့အတွက် အာဆင်နယ်ထံမှ တိုက်ရိုက်ဆက်သွယ်မှု မရရှိသေးပါဘူး၊
အာဆင်နယ်ဟာ ဂူမာရေးစ်အပြင် ဘုန်းမောက်ရဲ့ အဲလက်စ်စကော့၊ လိုင်လီရဲ့အိုင်ယွတ်ဘူအာဒီတို့ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါသေးတယ်။
နယူးကာဆယ်ဟာ ယခုနွေရာသီတွင် တိုနာလီနှင့် ဂေါ်ဒွန်တို့အား ရောင်းချထားပြီးဖြစ်ရာ အသင်းခေါင်းဆောင်ဂူမာရေးစ်အား ထပ်မံ ဆုံးရှုံးလိုခြင်း မရှိပါဘူး။
ယင်းသို့ အခြေအနေကြောင့် အာဆင်နယ်အနေဖြင့် ဂူမာရေးစ်ကို ခေါ်ယူရေးအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးလာရဖို့ ရှိပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ အသက် ၃၂ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်နော်ဂတ်ကို အရောင်းစာရင်းတင်ထားပါတယ်။

image

ကွန်ဒါကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူလိုက်ကြောင်း ချဲလ်ဆီး ကြေညာလာ
====================

ချဲလ်ဆီးဟာ စပို့တင်းလစ္စဘွန်းတောင်ပံကစားသမားဂျီယိုဗန်နီကွန်ဒါကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဇာဘီးအလွန်ဆိုကိုင်တွယ်နေတဲ့ ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အတ္တလန္တာနောက်တန်းအစွန်လူမာကိုပါလက်စထရာအား ပေါင် ၄၂ သန်းဖြင့် ခေါ်ယူလိုက်ပြီးနောက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ကွန်ဒါအား ၈ နှစ်စာချုပ်ဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အသက် ၁၉ နှစ်အရွယ်ရှိ ပေါ်တူဂီယူ-၂၁ လက်ရွေးစင်ကို ၂၀၂၅ ခုနှစ် မတ်လကတည်းက ခေါ်ယူရန် သဘောတူညီမှု ရရှိထားခဲ့တာပါ။
ကွန်ဒါဟာ တောင်ပံ၊ အလယ်တန်းတိုက်စစ်နှင့် တောင်ပံခံစစ်တို့မှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။
ကွန်ဒါဟာ ယနေ့ ကြာသပတေးနေ့မှ စတင်ကာ အလွန်ဆို လက်အောက်တွင် ချဲလ်ဆီးပထမအသင်းနှင့်အတူ စတင် လေ့ကျင့်ခန်းဆင်းနေပြီလည်း ဖြစ်ပါတယ်။
ကွန်ဒါဟာ ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်လက်အောက်တွင် စပို့တင်းလစ္စဘွန်းပထမအသင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ ပွဲအပါအဝင် ၈၆ ပွဲ ကစားပေးခဲ့ပါတယ်။
ချဲလ်ဆီးဟာ ရာယိုဗယ်လီကာနိုနောက်တန်းအစွန်လူပက်ချာဗာရီယာအား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေသလို ခရစ္စတယ်ပဲလေ့စ်ရဲ့ဗဟိုနောက်ခံလူမာဆင့်လာခရော့စ်ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးရဲ့ညီအစ်မကလပ် စထရာဘော့မှ ကွင်းလယ်ကစားသမားဗာလင်တိင်းဘာကိုမှာလည်း စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ မာ့ခ်ကူကူရယ်၊ တိုင်ရီကေးဂျော့နှင့် အင်ဒရေဆန်းတို့စ်တို့အား ပေါင်သန်း ၁၂၀ ဝန်းကျင်ဖြင့် ရောင်းချထားပြီး ဖြစ်ပါတယ်။

image

ချဲလ်ဆီးရဲ့ဆန်းတို့စ်အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် ယူနိုက်တက်သဘောတူညီမှုရရှိလာ
=====================

ယူနိုက်တက်ဟာ ဘရာဇီးကွင်းလယ်ကစားသမားအင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် ချဲလ်ဆီးနှင့် သဘောတူညီမှု ရရှိလာပါတယ်။
ယူနိုက်တက်ဟာ အင်ဒရေဆန်းတို့စ်အား ခေါ်ယူရန် စိတ်ဝင်စားခဲ့ပြီးနောက် ခေါ်ယူရေး လုပ်ဆောင်ခဲ့ရာ နာရီအနည်းငယ်အတွင်းတွင်ပင် သဘောတူညီမှု ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်းတို့စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၂ သန်းအား အောင်မြင်မှုအပေါ် မူတည်ကာ ထပ်မံပေးရပါမယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ယူနိုက်တက်ဘက်က ဆန်းတို့စ်အား ထပ်မံ ရောင်းချလာပါက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းအား ထပ်မံ အကျိုးခံစားခွင့် ရရှိမဲ့အချက်ကိုလည်း ထည့်သင်းချုပ်ဆိုလာပါတယ်။
ဆန်းတို့စ်ဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရေးအတွက် ဆေးစစ်ဆေးမှု ခံယူထားပြီးလည်း ဖြစ်ပါတယ်။
ဆန်းတို့စ်ရဲ့ ဘရာဖီးကစားဖော်အီဒါဆင်မှာ ယူနိုက်တက်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရေးအတွက် ဆေးစစ်ဆေးမှု ထပ်မံ ပြုလုပ်ရန် စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ စီနီယာကစားသမားများဟာ ယနေ့ ကြာသပတေးနေ့တွင် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွက် အသင်းနှင့်ပြန်လည် ပူးပေါင်းကြရပါမယ်။
ယူနိုက်တက်ဟာ ရာသီအကုန်တွင် ကက်စ်မီရို ထွက်ခွာသွားမှု၊ မန်နူရယ်အူဂတ်တီအား ရောင်းချရန် စီစဉ်ထားမှုနှင့်အတူ ယခုနွေရာသီတွင် ကွင်းလယ်ကစားသမား ၂ ဦးခေါ်ယူရန် စီစဉ်ထားခဲ့တာပါ။
ယူနိုက်တက်ဟာ အီးလီးယော့အင်ဒါဆင်အား ခေါ်ယူရန် စီစဉ်ခဲ့ပေမဲ့ မန်စီးတီးဘက်က ပေါင်သန်း ၁၁၀ အထိ ပေးလာမှုနှင့်အတူ နောက်ဆုတ်ခဲ့ရပါတယ်။
မိုင်နူးမှာလည်း အင်္ဂလန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဟယ်ဆင်ကီတွင် ဝရက်စ်ဟမ်းနှင့် ရာသီကြိုခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပြီး မိုက်ကယ်ကာရစ်အတွက် အသုံးပြုစရာ စီနီယာကွင်းလယ်ကစာသမားအဖြစ် မေဆင်မောင့်တစ်ဦးတည်းသာ ရှိပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် မာ့ခ်ကူကူရယ်လာ၊ တိုင်ရီကေးဂျော့တို့အား ရောင်းချပြီးနောက် အင်ဒရေဆန်းတို့စ်အား ထပ်မံ ရောင်းချလာတာ ဖြစ်ပါတယ်။
အင်ဒရေဆန်းတို့စ်ဟာ ချဲလ်ဆီးတွင် ကိုင်စီဒို၊ ဖာနန်ဒက်ဇ်တို့ကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရေး ရုန်းကန်နေရမှုနှင့်အတူ ယခုနွေရာသီတွင် အသင်းပြောင်းရန် ကြိုးပမ်းလာခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၃ ခုနှစ်တုန်းက ဗာစကိုဒဂါးမားမှ ဆန်းတို့စ်အာ ပေါင် ၁၆ သန်းဖြင့် ခေါ်ယူခဲ့တာပါ။

image

ဒူးအရွတ်ဒဏ်ရာရရှိကာ ကာလရှည်ကြာ အနားယူလာရတော့မဲ့ ဗီလာနှင့် ဘယ်ဂျီယံကွင်းလယ်ကစားသမားအိုနာနာ
==================

ဗီလာနှင့် ဘယ်ဂျီယံအလယ်တန်းကစားသမားအမာဒူအိုနာနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်ဂျီယံအတွက် ကစားစဉ် ညာဖက်ဒူးအရွတ်ဒဏ်ရာရရှိကာ ကာလရှည်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ အမေရိကန်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ၂၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။
အိုနာနာဟာ ခရစ္စတီယန်ပူလီဆစ်ထက် ဦးအောင် ဘောလုံးရရှိရေး ကြိုးပမ်းစဉ် ညာဖက်ဒူးဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ကွင်းအတွင်း ဆေးကုသမှုခံယူပြီးနောက် ထော့နင်းထော့နင်းဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရကာ နောက်ပိုင်းတွင် ဒူးကို ရေခဲကပ်လျက် တွေ့ရပါတယ်။
ဘယ်ဂျီယံအသင်းက အိုနာနာမှာ ကမ္ဘာ့ဖလားလက်ကျန်ပွဲများကို လွဲချော်လာမှာ ဖြ်စပေမဲ့လည်း သောကြာနေ့ စပိန်နှင့် ကစားရမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွင် အသင်းနှင့်အတူ ရှိနေမှာ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။
ဒူးအရွတ်ဒဏ်ရာသဘောအရ ပြန်လည်ကောင်းမွန်ရန်အတွက် ခြောက်လမှ ကိုးလအထိ အချိန်ယူရပါတယ်။

image

ဘန်လေတိုက်စစ်မှူးအန်တိုနီကို ဘရန့်ဖို့ဒ် ခေါ်ယူလာ
====================

ဘရန့်ဖို့ဒ်ဟာ ဘန်လေမှ တိုက်စစ်မှူးဂျိုင်ဒွန်အန်တိုနီကို တစ်နှစ်သက်တမ်းတိုးနိုင်မဲ့ အချက်ပါ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၆ နှစ်ရှိ အန်တိုနီဟာ ဘရန့်ဖို့ဒ်သို့ ပေါင် ၁၅ သန်းဖြင့် ရောက်လာတာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ပေါင် ၁၇ သန်းအထိ ပြောင်းရွှေ့ကြေး မြင့်မားလာနိုင်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက တန်းဆင်းသွားခဲ့ရတဲ့ ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၃၈ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ လန်ဒန်ဖွားတစ်ဦးဖြစ်ကာ အာဆင်နယ်အကယ်ဒမီထွက်တစ်ဦးဖြစ်ကာ ယခုအခါ ဘရန့်ဖို့ဒ်သို့ ပြောင်းလာမှုနှင့်အတူ လန်ဒန်တွင် ပြန်လည်နေထိုင်လာနိုင်တော့မှာ ဖြစ်ပါတယ်.
ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးက အန်တိုနီမှာ သူ့ကစားဟန်တွင် အံဝင်အောင် ကစားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
ဘရန့်ဖို့ဒ်ဟာ ယခုနွေရာသီတွင် ရက်ဘူးလ်ဆဲလ်ဘတ်မှ နောက်ခံလူဂျန်နစ်ခ်ရှူးစတားကို ပေါင် ၁၆ သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဂိုးကွာခြားချက်ဖြင့် ဥရောပဝင်ခွင့် ကပ်လွဲခဲ့တဲ့ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် စပါးစ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image