အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေး ဆော်ဒီကလပ်ထံ ပြောင်းရွှေ့

အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေးဟာ ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ပါတေးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။
၎င်းဟာ အယ်လ်ရှာဘတ်အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ပါတေးအနေနဲ့ ဗြိတိန်မှာ မုဒိမ်းမှုစွဲချက်တွေနဲ့ တရားရင်ဆိုင်သွားရဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ်အသင်းအတွက် လာလီဂါ ၃၂ ပွဲ ကစားခဲ့ပေမဲ့ အသင်းဘက်က စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၎င်းဟာ အာဆင်နယ်အသင်းမှာ ၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၇ ပွဲ ကစားပေးခဲ့ပါတယ်။

image

အက်စတွန်ဗီလာအသင်းကနေ ဝက်ကင်စ် ထွက်ခွာဖွယ်ရှိတယ်လို့ အူနိုင်းအမ်မရီ ပြောကြား

အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီက တိုက်စစ်မှူး ဝက်ကင်စ်အနေနဲ့ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဝက်ကင်စ်(၃၀ နှစ်)ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေပါတယ်။
အူနိုင်းအမ်မရီက အယ်လ်ဟီလာအသင်းရဲ့ကမ်းလှမ်းလာမှုကို အတည်ပြုခဲ့ပါတယ်။
၎င်းက ဝက်ကင်စ်ကို ဆက်ထိန်းထားလိုပေမဲ့ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်တယ်။
ဝက်ကင်စ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘရန့်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် ၁၀၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါ့အပြင် ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ် ဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

image

မန်စီးတီးအသင်းက ဆာဗင်ညိုကို ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိ

စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ညိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
စပါးအသင်းဟာ ဆာဗင်ညိုအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းအထိ ပေးချေရမှာပါ။
ဆာဗင်ညို(၂၂ နှစ်)ရဲ့အပြောင်းအရွှေ့မှာ Add-ons ကြေးက ပေါင် ၁၀ သန်းအထိ ရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
၎င်းဟာ စပါးအသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက ဆာဗင်ညိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဆာဗင်ညိုအနေနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၈၄ ပွဲကစားကာ ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။

image

ထိုင်းဖိုက်တာ ကိုမာဝတ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြန်မာပရိသတ်များကို ကျော်စွာဝင်း တောင်းပန်

မြန်မာဖိုက်တာ ကျော်စွာဝင်းက ထိုင်းဖိုက်တာ ကိုမာဝတ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြန်မာပရိသတ်များကို တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ကျော်စွာဝင်းက" အားလုံးအတွက် စိတ်တိုင်းမကျတဲ့ည ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာဖိုက်တာများဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးဟာ ONE Friday Fights 167 ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာများနဲ့ ထိုးသတ်ခဲ့ရပြီး အမှတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ONE Friday Fights 167 ပြိုင်ပွဲကို သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာဖိုက်တာ နှစ်ဦးဖြစ်တဲ့ ကျော်စွာဝင်းရော စောမင်းမင်းရောဟာ ပြိုင်ဘက် ထိုင်းဖိုက်တာများကို ပရိသတ်အကြိုက် လက်ရည်ညီစွာ ဆိုင်ထိုး၊ ပြိုင်ထိုးများနဲ့ ရသမြောက်စွာ ထိုးသတ်နိုင်ခဲ့သော်လည်း ဒိုင်လူကြီးများရဲ့ အမှတ်ပေးစည်းမျဥ်းများကြောင့် ရှုံးနိမ့်ခဲ့ကြရတာဖြစ်ပါတယ်။
မြန်မာဖိုက်တာ စောမင်းမင်းဟာ ပထမပိုင်း The Inner Circle ၏ ပွဲစဉ် ၃ တွင် ထိုင်းဖိုက်တာ ယော့ဖူးပနဲ့ လည်းကောင်း၊ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ပွဲစဉ် ၄ တွင် ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။
စောမင်းမင်းဟာ မူလက ထိုင်းနာမည်ကြီးဖိုက်တာ စူရီယာလက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း စူရီယာလက်မှာ မတော်တဆမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။
စောမင်းမင်းဟာ ယခုဆိုရင် ONE Championship တွင် ၇ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ယခုဆိုရင် ONE Championshipတွင် ၄ ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ဂျပန်ဖိုက်တာ မူ ဂါကို အလဲထိုး၊ ထိုင်းဖိုက်တာ ဆလေတန်ကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
9 w - Translate

ahjinomoto

image
Cho Chin changed his profile picture
9 w

image
9 w - Translate
ဦးပိန်
9 w - Translate
ပုဂံ
9 w - Translate
🥳🥳🥳🥳