8 ပတ် - ဘာသာပြန်ပါ။

မော်ရင်ဟိုရဲ့ လက်ရုံး ချဲလ်ဆီးနှင့်ယူနိုက်တက်ဂိုးနည်းပြဟောင်း အသက် ၆၇ နှစ်အရွယ်တွင် ကွယ်လွန်
===================
ဟိုဆေးမော်ရင်ဟိုရဲ့ နည်းပြအဖွဲ့တွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုးသမားနည်းပြဟောင်းဟာ အသက် ၆၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။

ဆယ်ဗီနိုလူရိုဟာ မော်ရင်ဟိုရဲ့ ယုံကြည်အားကိုးရတဲ့ ဂိုးနည်းပြအဖြစ် ဆယ်စုနှစ် နှစ်ခု တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ပြီး ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဘင်ဖီကာနှင့် ပေါ်တူဂီဂိုးသမားဟောင်းဟာ ဗစ်တာဘိုင်အာ(၂၀၀၄ ပေါ်တို)၊ ပီတာချက် (၂၀၀၅ နှင့် ၂၀၀၇ ချဲလ်ဆီး)၊ ဂျူလီယိုဆီဇာ(၂၀၁၀ အင်တာမီလန်)တို့အား ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံးဂိုးသမားဆု ဆွတ်ခူးအောင် နောက်ကွယ်မှ လမ်းညွှန်သင်ကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ မော်ရင်ဟိုလက်အောက်တွင် တာဝန်ထမ်းဆောင်ရင်း ကလပ်ပေါင်းများစွာတို့မှာ ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လူရို ကွယ်လွန်သွားပြီးနောက် ပီတာချက်၊ ဂျွန်တယ်ရီ၊ ဒီဂီယာတို့အပြင် အင်တာမီလန်၊ ချဲလ်ဆီး၊ ပေါ်တို၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ထားကြပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

လီဗာပူးနှင့်ပွဲတွင် နိုအာလန်း ပြင်းထန်တဲ့ လက်မဒဏ်ရာရရှိသွားပြီးနောက် တရားစွဲမယ်လို့ ဂါလာတာစာရေး ခြိမ်းခြောက်လာ
====================
ဂါလာတာစာရေးဟာ အန်ဖီးလ်ကွင်းပွဲစဉ်တွင် နိုအာလန်း ဆိုးရွားတဲ့ လက်မ ဒဏ်ရာရရှိပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် လီဗာပူးနှင့် ယူအီးအက်ဖ်အေတို့အား တရားစွဲမယ်လို့ ခြိမ်းခြောက်မှု ပြုလုပ်လာပါတယ်။

အသက် ၂၆ နှစ်ရှိ ဒတ်ချ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ပွဲစဉ်အတွင်းတွင် ကြော်ငြာဆိုင်းဘုတ်နှစ်ခုအကြား ညှပ်မိပြီးနောက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ကို လူနာတင်ထမ်းစဉ်၊ အောက်ဆီဂျင်ပေးပြီး ကွင်းပြင်သို့ ထမ်းခေါ်ခဲ့ရကာ လက်မအား ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ဆေးရုံတွင် အောင်မြင်တဲ့ ခွဲစိတ်ကုသမှု ခံယူပြီးနောက် နိုအာလန်းက “S*** happens. Surgery went well! Thanks for all the messages.”လို့ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်သွားပါတယ်။

တဖက်တွင် ဂါလာတာစာရေးဟာ အထက်ပါ ဖြစ်ရပ်အတွက် လီဗာပူးနှင့် ယူအီးအက်ဖ်အေတို့ထံမှ နစ်နာကြေး ရရှိရေး တရားစွဲဆိုမယ်လို့ အံ့ဩသင့်ဖွယ် ခြိမ်းခြောက်လာပါတယ်။

ဂါလာတာစာရေးအထွေထွေမန်နေဂျာအာရေးယာဂါက "ပွဲပြီးတော့ ယူအီးအက်ဖ်အေကိုယ်စားလှယ်ကို စောဒကတက်ထားတယ်။ သူတို့လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ယူအီးအက်ဖ်အေက ဒီပြဿနာကို အကဲဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း ရှေ့နေတွေနဲ့ ဆွေးနွေးနေတယ်။ ယူအီးအက်ဖ်အေထံ နစ်နာကြေးရဖို့ တရားစွဲသွားမယ်။ လစာနစ်နာမှုတွေအတွက် တောင်းဆိုသွားပါမယ်"လို့ ပြောကြားသွားပါတယ်။

အစ္စတန်ဘူလ်တွင် ကစားတဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် ၁-၀ ဖြင့် အနိုင်ရထားခဲ့တဲ့ ဂါလာတာစာရေးဟာ အန်ဖီးလ်ပွဲစဉ်တွင် ၄-၀ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

image

UNHRC မြန်မာကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးကိုယ်စားလှယ်အဖွဲ့တို့ကို နိုင်ငံခြားရေး ဒုတိယဝန်ကြီးက သီးခြားစီတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး ( UNHRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms . Noriko Takagi နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ကလျာဏဝိဖတ်သိဖွန် ပရတ်ထေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ က သီးခြားစီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

UNHRC မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် UNHRC တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ကလျာဏဝိဖတ်သိဖွန် ပရတ်ထေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်းရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ထရမ့်ပ်နှင့်ဆနားအဲတို့တွေ့ဆုံ၊ အီရန်အရေးဂျပန်နှင့် နေတိုးကူညီပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကြာသပတေးနေ့တွင် ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိနှင့် တွေ့ဆုံစဉ် အီရန်စစ်ပွဲနှင့် ရေနံဈေးနှုန်း မြင့်တက်မှုပြဿနာများတွင် မဟာမိတ်များအနေဖြင့် ပိုမိုပံ့ပိုးကူညီရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ၎င်း၏ အီရန်စစ်ဆင်ရေးကို လျှို့ဝှက်လုပ်ဆောင်ခဲ့ခြင်းအတွက် ခုခံကာကွယ်ပြောဆိုရာတွင် ဂျပန်၏ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် တို-က်ခိုက်ခဲ့မှုကို ကိုးကား၍ ပြောကြားခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်တွင် တာကာအိချိကို ဖက်လဲတကင်း ကြိုဆိုခဲ့သော ထရမ့်ပ်သည် အရှေ့အာရှရှိ အမေရိက၏ အရင်းနှီးဆုံး မဟာမိတ်ခေါင်းဆောင်ကိုချီးမွမ်းစကားများ ဆိုခဲ့သည်။ သို့သော်လည်း အီရန်၏ ပိတ်ဆို့မှုကြောင့် ဟောမုဇ်ရေလက်ကြားအတွင်းရှိ ရေနံတင်သင်္ဘောများကို လုံခြုံရေးလိုက်ပါပေးရန်နှင့် မိုင်းရှင်းလင်းရန်အတွက် မဟာမိတ်များထံမှ စစ်သင်္ဘောများကို ပိုမိုလိုအပ်သည်ဟု ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။

“ဂျပန်အနေနဲ့ ပိုပြီးပါဝင်ကူညီဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အပြန်အလှန် ကူညီတဲ့ ဆက်ဆံရေးမျိုး ရှိလို့ပါ။ ကျွန်တော်တို့က ဘာမှမလိုပါဘူး၊ ဒါပေမဲ့ တခြားသူတွေလည်း ဝိုင်းဝန်းကူညီတာက သင့်တော်တယ်လို့ ထင်ပါတယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် တာကာအိချိကမူ ဂျပန်နိုင်ငံ၏ ဥပဒေများအရ ရေလက်ကြားတွင် မည်သို့သော ပံ့ပိုးမှုမျိုး ပေးနိုင်သည်၊ မပေးနိုင်သည်ကို ထရမ့်ပ် ကိုရှင်းပြခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ အစီအစဉ်ကို မဟာမိတ်များကို အဘယ်ကြောင့် ကြိုတင်အကြောင်းမကြားခဲ့သနည်းဟု ဂျပန်သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ထရမ့်ပ်က ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က ဂျပန်၏ ပုလဲဆိပ်ကမ်း တို-က်ခိုက်မှုကို ပြန်လည်ကိုးကားပြောကြားခဲ့သည်။

“ကျွန်တော်တို့က အလစ်အငိုက်ဖြစ်စေချင်တာပါ။ အလစ်အငိုက်အကြောင်းကို ဂျပန်ထက် ဘယ်သူက ပိုသိမှာလဲ။ ခင်ဗျားတို့လည်း ပုလဲဆိပ်ကမ်းအကြောင်း ကျွန်တော့်ကို ကြိုမပြောခဲ့ဘူးမဟုတ်လား” ဟု ထရမ့်ပ်က တုံ့ပြန်ခဲ့ရာ တာကာအိချိမှာ အံ့အားသင့်သွားပြီး မျက်နှာပျ-က်သွားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သည် ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်စေရန်အတွက် ဥရောပနိုင်ငံများနှင့် ပူးတွဲကြေညာချက်ထုတ်ပြန်ကာ “သင့်လျော်သော ကြိုးပမ်းမှုများ” တွင် ပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ဂျပန်၏ ငြိမ်းချမ်းရေးအခြေခံဥပဒေအရ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းသို့ မိုင်းရှင်းလင်းရေးသင်္ဘောများ စေလွှတ်ရန်မှာမူ မသေချာသေးပေ။ ထရမ့်ပ်က ဂျပန်ကို ချီးကျူးခဲ့သော်လည်း နေတိုးအဖွဲ့ကိုမူ ပါဝင်ကူညီခြင်းမရှိဟု ဝေဖန်ခဲ့သည်။

တာကာအိချိက ပဋိပက္ခများကို လျှော့ချရန် တိုက်တွန်းခဲ့ပြီး အီရန်၏ တို-က်ခိုက်မှုများကို ရှုတ်ချခဲ့သည်။ ထို့ပြင် ကမ္ဘာ့စီးပွားရေးမှာ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုကြောင့် ထိခိုက်တော့မည့်အခြေအနေတွင် ရှိနေကြောင်း သတိပေးခဲ့သည်။ တွေ့ဆုံမှုအတွင်း အမေရိကနှင့် ဂျပန်တို့သည် စွမ်းအင်၊ အရေးကြီးသတ္တုများနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပြီး အထူးသဖြင့် ဒုံးကျည်များကို ပူးတွဲတီထွင်ထုတ်လုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

Ref: ရိုက်တာ

image

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကအဖြစ် ဦးဌေးအောင် တင်မြှောက်ခံရ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ယနေ့ မတ်လ ၂၀ ရက် (သောကြာနေ့) တွင် စတင်ကျင်းပလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကအဖြစ် သာကေတမဲဆန္ဒနယ်မှ ဦးဌေးအောင်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။

image

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဌေးအောင် နှင့် ဒုတိယ ဥက္ကဌအဖြစ် ဦးကျော်ကျော်စိုး တင်မြှောက်ခံရ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ယနေ့ မတ်လ ၂၀ ရက် (သောကြာနေ့) တွင် စတင်ကျင်းပလျက်ရှိသည်။

ယင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် သာကေတမဲဆန္ဒနယ်မှ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာမဲဆန္ဒနယ်မှ ဦးကျော်ကျော်စိုးတို့ ရွေးချယ်တင်မြှောက်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် သဘာပတိရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ကတိသစ္စာပြုခဲ့သည်။

image

သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက် အစည်းအဝေးများ မတ်လ ၃၀ ရက်တွင် ကျင်းပမည်

နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက်အဝေးအဝေးများကို လာမည့် မတ်လ (၃၀) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အရ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များက ဒုတိယသမ္မတလောင်း (၃) ဦးကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမည်ဖြစ်သည်။

ယင်းကဲ့သို့ ရွေးချယ်တင်ပြနိုင်ရန်အတွက် လာမည့် မတ်လ (၃၀) ရက်တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများ ရွေးချယ်နိုင်ရေးအတွက် အစည်းအဝေးများ ကျင်းပကြမည်ဖြစ်သည်။

အစည်းအဝေးကျင်းပရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များအလိုက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ပြည်သူ့လွှတ်တော် အစည်းဝေးခန်းမ၌လည်းကောင်း၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် အမျိုးသားလွှတ်တော် အစည်းဝေးခန်းမ၌ လည်းကောင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသည့်နေရာ၌လည်းကောင်း အစည်းအဝေးများ ကျင်းပကြရမည်ဖြစ်သည်။

သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြကာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မများ ရွေးချယ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်၍ ဦးဆောင်ရွက်သွားမည်ဖြစ်သည်။

Photo - Credit

image

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်းအား ရွေးချယ်တင်မြှောက်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ၂၀ ရက်နေ့ မနက် ၁၀ နာရီတွင်စတင်ကျင်းပခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကျောင်းကုန်းမြို့နယ် အမှတ် ၁ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းအား ခန့်အပ်ခဲ့ကြောင်းသိရသည်။

image

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိ

စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် နေ့စဉ် မနက် လေးနာရီမှ ည(၁၁)နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။

“CNG ယာဉ်တွေကို နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၂၂ သန်းနဲ့ ၂၃ သန်းကို ဆိုင် ၄၁ ဆိုင်ကနေရောင်းချပေးနေပါတယ်။ CNGဌာနအနေနဲ့လည်း လက်ရှိအနေအထားမှာ ကားတွေအခက်အခဲမရှိအောင်၊ စက်ပစ္စည်းတွေပျက်စီးမှုကြောင့် ကားတန်းစီမှုမရှိအောင် ၊အကြောင်းအမျိုးမျိုးကြောင့် ကားတန်းစီမှုမရှိအောင် နောက်ဆုံးဆိုင်ဖွင့်၊ ဆိုင်ပိတ်ချိတ်မှာတောင် ဆိုင်မှာကားရှိနေရင် ကားတွေကုန်မှ ပိတ်ဖို့ပြောကြားထားပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်မျိုးသန့်က ပြောသည်။

လက်ရှိ၌ CNG ဆိုင်များတွင်လည်း CNGယာဉ်များနှင့် ပက်သက်၍ အများပြည်သူ သိရှိရန် အသိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်ဟုလည်း ဆိုသည်။

အဆိုပါအသိပေးဆိုင်းဘုတ်များတွင် CNGယာဉ်များအားလုံး CNG တံဆိပ်များ တပ်ဆပ်ထားရန်၊ သဘာဝဓာတ်ငွေ့ CNG(1kg) လျှင် ၂၇၃ကျပ်၊ ၂၅ ပြား ဖြင့်စျေးနှုန်းချိုသာစွာရောင်းချပေးနေသည့် အချက်များလည်း ပါဝင်သည်။

ထို့ကြောင့် CNG ယာဉ်မောင်းများအနေဖြင့် လတ်တလောဖြစ်ပေါ်နေသော လောင်စာဆီအခက်အခဲများအကြား CNGစီးနင်းသည့် ခရီးသည်များကို စျေးတင်ခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။

စျေးတင်တိုးမြှင့်တောင်းခံမှုများရှိပါကလည်း ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကာ ဌာနမှလည်း ထိုယာဉ်များကို အမြင့်ဆုံးအနေဖြင့် CNG အသုံးပြုမှု ရာသက်ပန် ပိတ်သိမ်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

image

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးသက်ထွေးကို ရွေးကောက်တင် မြှောက်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသက်ထွေးကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရေး​မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်မြင့်ကိုရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

၎င်းတို့ကို တတိယအကြိမ်မွန်ပြည်နယ်လွတ်တော်အ စည်းအဝေး သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချောင်းဆုံမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်သိန်းဦးဆောင်၍ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image