ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာအသင်း ရွှေ (၁)၊ ငွေ (၂)၊ ကြေး (၂) ရရှိ

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းဟာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာ (၁၁) ရက်ကနေ (၁၇) ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအတွက် ရွှေတံဆိပ်ဆုကို အမျိုးသား (၇၅) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ရဲထွန်းနောင်က ရယူပေးခဲ့တာဖြစ်ပါတယ်။
ငွေတံဆိပ်ဆုတွေကို အမျိုးသား (၈၀) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ချမ်းမြေ့ထွန်း၊ အမျိုးသမီး Swimsuit Model Physique Over 165 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုတွေကို အမျိုးသမီး Model Physique Up to 170 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်၊ အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲမှာ နီနီအောင်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာကာယဗလကစားသမား ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ (၁၅) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရယူပေးထားတာကြောင့် ပြိုင်ပွဲနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

image

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာအသင်း ရွှေ (၁)၊ ငွေ (၂)၊ ကြေး (၂) ရရှိ

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းဟာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာ (၁၁) ရက်ကနေ (၁၇) ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအတွက် ရွှေတံဆိပ်ဆုကို အမျိုးသား (၇၅) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ရဲထွန်းနောင်က ရယူပေးခဲ့တာဖြစ်ပါတယ်။
ငွေတံဆိပ်ဆုတွေကို အမျိုးသား (၈၀) ကီလိုတန်း ကာယဗလပြိုင်ပွဲမှာ ချမ်းမြေ့ထွန်း၊ အမျိုးသမီး Swimsuit Model Physique Over 165 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုတွေကို အမျိုးသမီး Model Physique Up to 170 cm ပြိုင်ပွဲမှာ ဇူးဇူးသန့်၊ အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲမှာ နီနီအောင်တို့က ရယူပေးခဲ့တာဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာကာယဗလကစားသမား ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ (၁၅) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရယူပေးထားတာကြောင့် ပြိုင်ပွဲနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

imageimage

ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း အန်တိုနီ ဖွင့်ဟ

ဘက်တစ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ယူရို(၂၅)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းကို သစ္စာဖောက်မဖောက်နိုင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
'' နွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံး(၂၄)နာရီအတွင်းမှာ ဘိုင်ယန်မြူးနစ်က ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကွန်ပနီက ကျွန်တော့်ကို ဖုန်းခေါ်ပြီး ပုဂ္ဂိုလ်ရေးအရ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ပရိသတ်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘက်တစ်နဲ့ စကားပြောပြီးပြီဖြစ်တာကြောင့် သူတို့ကို သစ္စာမဖောက်နိုင်ပါဘူး။ ဘက်တစ်ဟာ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်'' လို့ အန်တိုနီက ပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၅ ဇန်နဝါရီမှာ ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်သလို၊ ဘက်တစ်ပရိသတ်တွေကလည်း သူ့ကို အားပေးကြိုဆိုခဲ့ကြောင်း သိရပါတယ်။
အန်တိုနီဟာ ဘက်တစ်သင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲမှာ (၁၅)ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။

image

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဒေါ်စန်းစန်းသိန်း လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေ

ISPE အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းကို လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဂျပန်နည်းပြ ယုကီတက်ဆူရိုက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဝင် ISPE အမျိုးသမီးအသင်းရဲ့ ပွဲစဥ်များအပြီးမှာပဲ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးရင်တော့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့အတွက် ISPE အမျိုးသမီးအသင်းကို ပြန်လည်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု ( မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲကို လာမယ့်ဒီဇင်ဘာ (၄) ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက ဒီဇင်ဘာ (၅) ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

image

လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်း ပွဲအကျပ်ဆုံး၊ လီဗာပူးလ် ပွဲအချောင်ဆုံးလို့ Opta သုံးသပ်

အချက်အလက်တွေအပေါ် အခြေခံတွက်ချက်ပြီး ခန့်မှန်းသုံးသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ Opta က လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်းက ပွဲအကျပ်ဆုံးဖြစ်ပြီး လီဗာပူးလ်က ပွဲအချောင်ဆုံးလို့ သုံးသပ်ခဲ့ပါတယ်။
Opta က ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတွေရဲ့ အရည်အသွေးနှုန်းထားအပေါ် အခြေခံပြီး အခုလိုတွက်ချက်ခဲ့တာပါ။
Opta ဟာ အောက်တိုဘာလတုန်းကလည်း ပရီးမီးယားလိဂ်ပွဲစဥ် ၅ ပွဲရဲ့ အကျပ်ဆုံး၊ အချောင်ဆုံးတွေကို သုံးသပ်ဖော်ပြခဲ့ဖူးပြီး ပွဲချောင်တဲ့ အာဆင်နယ်အသင်းက အခွင့်အရေးယူနိုင်ခဲ့တာ တွေ့ရပါတယ်။
လာမယ့်ပွဲစဥ် ၈ ပွဲမှာတော့ အာဆင်နယ်အသင်းက အဋ္ဌမပွဲအကျပ်ဆုံးအသင်းဖြစ်နေပြီး ဆုံတွေ့ရမယ့်ပြိုင်ဘက်တွေက စပါး၊ ချယ်လ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ဝုလ်ဗ်၊ အဲဗာတန်၊ ဘရိုက်တန်၊ ဗီလာတို့ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက် ၈ သင်းကတော့ နော်တင်ဟမ်၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်စ်၊ ဘရိုက်တန်၊ စပါး၊ ဝုလ်ဗ်နဲ့ လိဒ်စ်တို့ဖြစ်ပါတယ်။
မန်စီးတီးကလည်း ဒုတိယပွဲအချောင်ဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ရင်ဆိုင်ရမယ့်အသင်းတွေက နယူးကာဆယ်၊ လိဒ်စ်၊ ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊ ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်နဲ့ ဆန်းဒါးလန်းတို့ဖြစ်ပါတယ်။
ဒါကြောင့် ရာသီတစ်ဝက်ကျိုးမယ့် ပွဲစဥ် ၁၉ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ အပြောင်းအလဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်းလည်း Opta က ဖော်ပြခဲ့ပါတယ်။

image

အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့
အာဆင်နယ်လမ်းခွဲမယ်

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး
အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့
လမ်းခွဲတော့မယ်လို့သိရပါတယ်။
ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက
အာဆင်နယ်အသင်းနဲ့ ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့်
DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာ
စပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်း
အကြီးအကျယ်ဝေဖန်ခံလာရပါတယ်။
DR ကွန်ဂိုအစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့
M23 ပုန်ကန်သူတွေကို ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းနဲ့ စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးအကူအညီကြောင့်
DR ကွန်ဂိုပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲ
အပျက်အစီးအဆုံးအရှုံးများနေခဲ့ပါတယ်။
Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တို့လည်း
ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့
ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တချို့ကတော့
အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင်ခါးသီးတဲ့မြို့ခံပြိုင်ဘက်စပါးအသင်းဆီကနေလည်း
စပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။

image

စီရော်နယ်လ်ဒိုရဲ့ဂုဏ်ယူဖွယ်ရာ အိမ်ဖြူတော်ခရီးစဉ်

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့
ဆုံခွင့်ရတာ မဟာကံထူးမှုပါ။ ဒေါ်နယ်ထရန့်က
စီရော်နယ်လ်ဒိုနဲ့ ဆုံတွေ့ပြီးညစာအတူစားခဲ့တဲ့သတင်းက
အခုအချိန်မှာ Hot အဖြစ်ဆုံးပါ။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ စီရော်နယ်လ်ဒိုက အိမ်ဖြူတော်ကို
ရောက်လာတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ဘေးမှာ
သူ့ရဲ့ဇနီးလောင်းဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း
ရှိနေခဲ့တာပါ။
အိမ်ဖြူတော်က ညစာစားပွဲကို Tesla၊ SpaceX၊
Twitter(X)တို့ရဲ့ပိုင်ရှင်အီလွန်မတ်စ်၊ ဖီဖာဥက္ကဋ္ဌ
အင်ဖန်တီနိုတို့အပါအဝင် အထင်ကရပုဂ္ဂိုလ်တွေလည်း
တက်ရောက်ခဲ့ပါတယ်။ ညစာစားပွဲအပြီးမှာ စီရော်နယ်ဒိုက အဲဒီအထင်ကရပုဂ္ဂိုလ်တွေနဲ့အတူ Selfie
ရိုက်ခဲ့သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့အတူ
ဘဲဉပုံရုံးခန်းထဲမှာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ရှိနေချိန်မှာ စီရော်နယ်လ်ဒိုက
အထူးဂုဏ်ယူဝမ်းမြောက်နေခဲ့ပါတယ်။
ဒေါ်နယ်ထရန့်က သူ့သားဟာစီရော်နယ်လ်ဒိုရဲ့
အမာခံပရိသတ်လို့ပြောကြားပြီး စီရော်နယ်လ်ဒိုကို
ချီးကျူးခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဆုံတွေ့ခွင့်ရပြီးနောက်
စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့လူမှုကွန်ရက်နေ
ကျေးဇူးတင်စကားဆိုခဲ့ပြီး မျုိးဆက်သစ်တွေအတွက်
ငြိမ်းချမ်းပြီးတာဝန်ယူစိတ်ရှိ၊ ရဲရင့်တဲ့အနာဂတ်
တည်ဆောက်ရာမှာတစ်စိတ်တစ်ပိုင်း ပါဝင်သွားမယ်လို့
ရေးသားခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
5 w - Translate

ကုသိုလ်တော်ဘုရား 🙏

image

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေး ကျင်းပ
------------------------------------

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ(၁၈) ရက်က ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြတာပါ။
အစည်းအဝေးမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌက ဩဝါဒကထာြ မွက်ကြားရာမှာ သံဃာ့အဖွဲ့အစည်း အသီးသီးမှာ အဖွဲ့ငယ်တစ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အခြားအဖွဲ့ငယ်တွေက အလေးဂရုပြု၍ လည်းကောင်း၊ အဖွဲ့ ဝင်တစ်ပါးရဲ့ တင်ပြချက်ကို အခြားအဖွဲ့ဝင်တွေက အလေးဂရုပြု၍လည်းကောင်း ၊ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်တွေကိုမူ အဖွဲ့ခွဲအားလုံးက အထူးပင်အလေး ဂရုပြု၍လည်းကောင်း ပြေပြစ်ချောမော သဘောညီမျှ စေရန် ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ အပြည့်အဝထားတော်ကြကာ ညီညီညွတ်ညွတ် တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်တော်မှုကြပါရန် လေးလေးနက်နက် တိုက်တွန်းမြွက်ကြားတော်မူခဲ့ပါတယ်။
အဲဒီနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာတွေကို လျှောက်ထားပါတယ်။
အစည်းအဝေးမှာ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပထမအဖွဲ့ခွဲရဲ့ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်းလျှောက်ထားပြီး အစီရင်ခံစာနဲ့ စပ်လျဉ်းလို့ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်တွေ၊ သာသနာရေးရာ ဆောင်ရွက်ချက်တွေ၊ ပညာရေးရာ ဆောင်ရွက်ချက်တွေအပေါ် ကဏ္ဍအလိုက် ဆရာတော်ကြီး တွေက တင်သွင်းလျှောက်ထားခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေက ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူခဲ့ကြပါတယ်။
အစည်းအဝေးကို ကြွရောက်တော်မူကြတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေကို ဓမ္မမိတ်ဆွေတွေက အရုဏ်ဆွမ်း၊နေ့ဆွမ်း တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

image