ဆယ်ကျော်ကစားသမားမက်စ်ဒေါ်မန်းကို ကမ္ဘာ့ဖလားတွင် ရွေးချယ်ရန် တံခါးဖွင့်ထားကြောင်း သောမတ်စ်တူချယ်ဖွင့်ဟလာ
=======================
သောမတ်စ်တူချယ်က အာဆင်နယ်အသင်းပထမအသင်းစတားများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဆယ်ကျော်သက်ကစားသမားမက်စ်ဒေါ်မန်းကို ကမ္ဘာ့ဖလားတွင် ရွေးချယ်ရန် တံခါးဖွင့်ထားကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၁၆ နှစ်ရှိ အလယ်တန်းကစားသမားဟာ လွန်ခဲ့တဲ့တစ်ပတ်တုန်းက အဲဗာတန်အား ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းရှင် ဖြစ်လာပါတယ်။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်တွင် ၄၃ မိနစ်တည်းသာ ကစားထားနိုင်ပါသေးတယ်။

ဒေါ်မန်းဟာ လာမယ့်အပတ်တွင် ပေါ်တူဂီမှာ ကစားမယ့် ပြိုင်ပွဲတွင် အင်္ဂလန်ရဲ့ ယူ-၁၉ နှင့်အတူ ပါဝင်ကစားသွားပါမယ်။

အင်္ဂလန်အသင်းကတော့ ဝင်ဘာလေကွင်းမှာ ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းသွားပါမယ်။

တူချယ်က "ဘာလို့ တံခါးမဖွင့်ပေးထားရမှာလဲ။ ဘယ်အသင်းအရွယ်က ဘယ်သူ့ကိုမဆို တံခါးဖွင့်ပေးထားတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကို အခုမချဖို့ နည်းပြတစ်ယောက်အနေနဲ့ သင်ယူခဲ့ရတယ်။ အသက်အရမ်းငယ်သေးတာ မှန်တယ်။ အရမ်းငယ်သေးတယ်လို့ ငြင်းနေကြတယ်။ ဒါပေမယ့် အခု ဘယ်ငြင်းဆိုမှုကို မဆို တံခါးဖွင့်ထားတယ်။ အခု သူက ပုံမှန်ပွဲထွက်ခွင့် မရသေးဘူး။ ဒီတော့ ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူကို ရွေးသင့်တယ်လို့ ပြောကြမှာပဲ။ ဘာလို့ မရွေးဘူးလို့ ငြင်းရမှာလဲ။ သူ ကစားနေတာအပေါ် အထင်ကြီးလေးစားမိပါတယ်။ သူ့အကြောင်းသိတဲ့ လူတွေ ကစားသမားတွေဆီက ကြားရတာလည်း ကောင်းတယ်။ မေလအသင်းကို တည်ဆောက်တဲ့အချိန်မှာပဲ နောက်ဆုံးဆုံးဖြတ်ချက်ချပါမယ်"လို့ ပြောကြားသွားပါတယ်။

image

ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ထရက်ဖို့ဒ် ပွဲထွက်လာမည်ဟု ဂွါဒီယိုလာ အတည်ပြုလာ
======================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ဂျိမ်းစ်ထရက်ဖို့ဒ်မှာ တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းမှာ ကစားမယ့် ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ပွဲထွက်ကစားလာမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဒါပေမယ့် အာဆင်နယ်နည်းပြမီခေးလ်အာတီတာကတော့ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် နံပါတ်တစ်ဂိုးသမားအဖြစ် ဘယ်သူ ကစားလာမယ်ဆိုတာ အတည်ပြုဖို့ ငြင်းဆိုသွားပါတယ်။

ဂွါဒီယိုလာက ဂျိမ်းစ်ထရက်ဖို့ဒ်မှာ ပြည်တွင်းဖလားပွဲများတွင် ပွဲထွက်ကစားတဲ့ ပေါ်လစီအတိုင်း ဆက်လက် အသုံးပြုလာမယ်လို့ ဆိုသွားပါတယ်။

ထရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘန်လေမှ ပေါင် ၂၇ သန်းဖြင့် ပြောင်းလာခဲ့ပြီးနောက် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ပိတ်ခါနီးတွင် ဒွန်နာရမ်မာ ပြောင်းလာမှုနှင့်အတူ ပွဲထွက်နေရာပျောက်ဆုံးလာခဲ့သူပါ။

ဂွါဒီယိုလာက "ကစားသမားတွေ ပျော်နိုင်သလို မပျော်နိုင်တာလည်း ရှိတယ်။ ဒီလိုပဲ ဖြစ်နေတာပါ။ သူတို့ အကောင်းဆုံးလုပ်ဖို့ ဒီကို ရောက်လာတာပါ။ ရာသီကုန်ပြီးရင် ဘာဖြစ်လာမလဲ ကြည့်ရမယ်။ အရေးအကြီးဆုံးက သူတို့ အသင့် ဖြစ်နေဖို့ပါ"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် အာတီတာကတော့ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ဘယ်သူ ပွဲထွက်ဂိုးသမားအဖြစ် ကစားလာမလဲ ဆိုတာအတည်ပြုရန် ငြင်းဆိုသွားပါတယ်။

အာတီတာဟာ ကီပါကို ပြည်တွင်းဖလားပွဲများတွင် ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပြီး ရာယာကို ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာခဲ့တာပါ။

image

မြောက်အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲအတွက် အီတလီလူစာရင်းတွင် လီဗာပူးစတားချီယေဆာ ပြန်လည်ပါဝင်လာ
=====================

လီဗာပူးတိုက်စစ်သမားဖီဒီရီကိုချီယေးဆာဟာ ကြာသပတေးနေ့တွင် ဘာဂါမိုတွင် မြောက်အိုင်ယာလန်နှင့်ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်အတွက် အီတလီလူစာရင်းတွင် ပြန်လည် ပါဝင်လာပါတယ်။

အသက် ၂၈ နှစ်ရှိ တောင်ပံတိုက်စစ်သမားဟာ ဆွစ်ဇာလန်နှင့် ယူရို ၂၀၂၄ ၁၆ သင်း ရှုံးထွက်အဆင့်တွင် အီတလီအတွက် နောက်ဆုံး ကစားခဲ့ရပြီးနောက် အီတလီအသင်းနှင့် ၂ နှစ်ကြာ ဝေးကွာလာခဲ့သူလည်း ဖြစ်ပါတယ်။

အီတလီနည်းပြဂတ်တူဆိုဟာ မြောက်အိုင်ယာလန်ကို အနိုင်ရလာပါက ဝေးလ်(သို့မဟုတ်) ဘော့စနီးယားနှင့် ထပ်မံ ကစားရမယ့် ပလေးအော့ဖ်ပွဲစဉ်များအတွက် ကစားသမား ၂၈ ဦးအား ရွေးချယ်လာပါတယ်။

အီတလီအသင်းလူစာရင်းတွင် စပါးစ်ဂိုးသမားဗီကာရီယို ပါဝင်လာခြင်း မရှိသလို ကက်ဂလီယာရီနောက်ခံလူမာကိုပါလက်စထရာမှာလည်း ပထမဆုံးအကြိမ် ရွေးချယ်ခံလာရပါတယ်။

ရိုးမားအလယ်တန်းကစားသမားနီကိုလိုပီဆယ်လီနှင့် အတ္တလန္တာနောက်ခံလူဂျော်ဂျီယာစကယ်ဗီနီတို့ဟာလည်း နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရွေးချယ်ခံလာရပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ အီတလီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် လွဲချော်ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိရေး မျှော်လင့်နေပါတယ်။

အီတလီလူစာရင်း
----------------------------
ဂိုး - အီလီယာပါပရီလီ(ကက်ဂလီယာရီ)၊ မာကိုကာနီဆက်ချီ(အတ္တလန္တာ)၊ ဒွန်နာရမ်မာ(မန်စီးတီး)၊ အဲလက်စ်မီရက်(နာပိုလီ)။

နောက်တန်း - အလက်ဇန္ဒရိုဘာစတိုနီ(အင်တာ)၊ အလက်ဇန္ဒရိုဘူအွန်ဂျီအိုနို(နာပိုလီ)၊ ရီကာဒိုကာလာဖီအိုရီ(အာဆင်နယ်)၊ အင်ဒရီယာကမ်ဘီယာဆို(ဂျူဗင်တပ်)၊ ဒီယေဂိုကော့ပိုလာ(ပဲရစ်အက်ဖ်စီ)၊ ဖီဒီရီကိုဒီမာကို(အင်တာ)၊ ဖီဒီရီကိုဂတ်တီ(ဂျူဗင်တပ်)၊ ဂျီယန်ကာလိုမန်စီနီ(ရိုးမား)၊ မာကိုပါလက်စထရာ(ကက်ဂလီယာရီ)၊ ဂျော်ဂျီယိုစကယ်ဗီနီ(အတ္တလန္တာ)။

အလယ်တန်း - နီကိုလိုဘာရယ်လာ(အင်တာ)၊ ဘရိုင်ယန်ခရစ္စတန်တီ(ရိုးမား)၊ ဒါဗီဒီဖရက်တီဆီ(အင်တာ)၊ မန်နူရယ်လိုကာတယ်လီ(ဂျူဗင်တပ်)၊ နီကိုလိုပီဆယ်လီ(ရိုးမား)၊ ဆန်ဒရိုတိုနာလီ(နယူးကာဆယ်)။

ရှေ့တန်း - ဖီဒီရီကိုချီယေးဆာ(လီဗာပူး)၊ ဖရန်ဆစ္စကိုပီယိုအက်စ်ပိုဆီတို(အင်တာ)၊ မွိုက်စ်ကိန်း(ဖီအိုရင်တီးနား)၊ မာတီယိုပိုလီတာနို(နာပိုလီ)၊ ဂျီယာကိုမိုရာစပါဒိုရီ(အတ္တလန္တာ)၊ မာတီယိုရီတီဂူ((Al-Qadsiah))၊ ဂျီယန်လူကာစကာမက်ကာ(အတ္တလန္တာ)။

image

နာပိုလီကို စီးရီးအေအမှတ်ပေးဇယားဒုတိယနေရာသို့ ပို့ဆောင်လာတဲ့ စကော့မက်တိုမီနေး
=====================
စကော့မက်တိုမီနေးဟာ ကက်ဂလီယာရီနှင့်ပွဲစဉ်တွင် ပွဲအစပိုင်းမှာတင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး နာပိုလီအား စီးရီးအေအမှတ်ပေးဇယားဒုတိယနေရာသို့ ပို့ဆောင်လာပါတယ်။

စကော့တလန်ကွင်းလယ်ကစားသမားဟာ ပွဲအစ ၁ မိနစ်ကျော်မှာပင် တိုင်ထိထွက်လာတဲ့ ဘောလုံးကို ရှုပ်ထွေးနေတဲ့ အခြေအနေတွင် အနီးကပ် ကန်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီဟာ ပထမပိုင်းမှာ စကော့မက်တိုမီနေးနှင့် ဘီလီဂေးလ်မိုးတို့ရဲ့ ကန်ချက်တွေနဲ့ ကက်ဂလီယာရီအား ထပ်မံ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းတွင်လည်း နာပိုလီဟာ ကက်ဂလီယာရီအား ခြေစွမ်းအသာစီးဖြင့် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးပေါက် မတွေ့ခဲ့ပါဘူး။

လက်ရှိချန်ပီယံနာပိုလီဟာ ကက်ဂလီယာရီ နိုင်ပွဲကြောင့် ထိပ်ဆုံးမှ အင်တာမီလန်နှင့် ၆ မှတ်အကွာသို့ ရောက်လာပါတယ်။

ဒုတိယနေရာဖယ်ပေးခဲ့ရတဲ့ အေစီလန်က ယနေ့ညတွင် အိမ်ကွင်းမှာ တိုရီနိုကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ကက်ဂလီယာရီဟာ နာပိုလီရှုံးပွဲကြောင့် တန်းဆင်းဇုန်နှင့် ၆ မှတ်သာ ကွာဟတော့တဲ့ အခြေအနေသို့ ရောက်လာပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၉၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၁၅ ကျပ်
ဝယ်ဈေး - ၄၂၀၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၉၀ ကျပ်
ဝယ်ဈေး - ၄၈၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၄ ကျပ်
ဝယ်ဈေး - ၁၀၆၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၆ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၉ ကျပ်
ဝယ်ဈေး - ၂၆.၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၃ ကျပ်
ဝယ်ဈေး - ၄၄.၈၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၆ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၅၅ ကျပ်
ဝယ်ဈေး - ၅၆၀၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၉ ကျပ်
ဝယ်ဈေး - ၂၉၅၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၃ ကျပ်
ဝယ်ဈေး - ၃၀၆၃ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၄ ကျပ်
ဝယ်ဈေး - ၅၃၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၇၄ ကျပ်
ဝယ်ဈေး - ၁၁၄၄ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲဝတ်စုံကို အင်္ဂလန်အသင်း ကြေညာလာ
======================
အင်္ဂလန်အသင်းဟာ နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်လာမယ့် အိမ်ကွင်းနှင့် အဝေးကွင်းဝတ်စုံသစ်တို့အား အတည်ပြု ကြေညာလာပါတယ်။

Nike က ဖန်တီးထုတ်လုပ်ထားတဲ့ အင်္ဂလန်အသင်း အိမ်ကွင်းဝတ်စုံကို အဖြူရောင်ဖြင့် ဖန်တီးထားပြီး လည်ပင်းနှင့် လက်မောင်းတို့တွင် အနက်ရောင်နှင့် အဖြူရောင်အစင်းလိုင်း သုံးထားသလို ပုခုံးတွင်လည်း အနက်ရောင်အစင်းလိုကင်း ပါဝင်ပါတယ်။

ဒါ့အပြင် ကော်လံအတွင်းဘက်တွင်လည်း နိုင်ငံတော်သီချင်း God Save the King မှ စာသားဖြစ်တဲ့ 'happy and glorious' ဆိုတဲ့စာသားကို ထည့်သွင်းထားပါတယ်။

အင်္ဂလန်ဟာ ယင်းဝတ်စုံကို လာမယ့်သောကြာနေ့တွင် ဝင်ဘာလေကွင်းမှာ ကစားမယ့် ဥရုဂွေးနှင့် ခြေစမ်းပွဲစဉ်တွင် စတင် ဝတ်ဆင်ကစားလာပါမယ်။

Nike က အင်္ဂလန်အသင်းအိမ်ကွင်းဝတ်စုံမှာ အင်္ဂလန်ရဲ့အမွေအနှစ်ကို ဂုဏ်ပြုထားတဲ့ ခေတ်မီအဖြူရောင်ဒီဇိုင်းလို့ ဖော်ကျူးထားပါတယ်။

အိမ်ကွင်းဝတ်စုံတွင် ၁၉၆၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မှုကို ဖော်ကျူးထားတဲ့ ရွှေရောင်ကြယ်တစ်ပွင့်ကိုလည်း လိုဂိုအပေါ်ဘက်တွင် ထည့်သွင်းထားပါတယ်။

အဝေးကွင်းဝတ်စုံမှာ အနီရောင် ဖြစ်ပြီး လိုဂိုကို ရင်ဘတ်အလယ်တွင် ထည့်သွင်းထားပါတယ်။ ဘောင်းဘီတိုက နေဗီရောင် ဖြစ်ပါတယ်။

ယင်းဝတ်စုံနှစ်ခုလုံးကို တနင်္လာနေ့မှ စတင် ဝယ်ယူလာနိုင်ပါမယ်။

image

ဘရာဇီးလူစာရင်းမှ နုတ်ထွက်လာကာ ဘရိုက်တန်နှင့်ပွဲကို လွဲလာမယ့် အလစ်ဆင်
====================
လီဗာပူးဂိုးသမားအလစ်ဆင်ဟာ ဒဏ်ရာပြဿနာကြောင့် ဘရာဇီးလူစာရင်းမှ နုတ်ထွက်လာပြီး ယနေ့ည ဘရိုက်တန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း လွဲချော်လာပါမယ်။

အသက် ၃၃ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ဟာ ယနေ့ညတွင် ဘရိုက်တန်အား Amex Stadium သို့ သွားရောက်ကစားမယ့် လီဗာပူးလူစာရင်းတွင် ပါဝင်လာခြင်း မရှိပါဘူး။

လီဗာပူးနည်းပြအန်းဆလော့ဟာ ဘရိုက်တန်နှင့်ပွဲစဉ်တွင် ဂျော်ဂျီယာလက်ရွေးစင်ဂိုးသမားဂျော်ဂျီမာမာဒက်ရှ်ဗီလီအား အသုံးပြုလာပါမယ်။

လီဗာပူးဟာ အလစ်ဆင်ရဲ့ ဒဏ်ရာနှင့်ပတ်သက်ပြီး တစုံတရာ အသေးစိတ်ပြောဆိုထားခြင်းတော့ မရှိပါဘူး။

ဘရာဇီးနည်းပြကာလိုအန်ဆယ်လော့တီဟာ အလစ်ဆင်နေရာတွင် ဟူဂိုဆူဇာကို အစားထိုးရွေးချယ်ထားပါတယ်။

ဘရာဇီးဟာ မတ်လ ၂၆ ရက်နေ့နှင့် ဧပြီလ ၁ ရက်နေ့တို့မှာ ပြင်သစ်၊ ခရိုအေးရှားတို့နှင့် ခြေစမ်းပွဲ ကစားသွားပါမယ်။

အလစ်ဆင်ဟာ မတ်လ ၁၀ ရက်နေ့တုန်းက ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

သူဟာ စပါးစ်နှင့် သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြန်လည် ပါဝင်ကစားနိုင်ခဲ့ပေမယ့်လည်း ဂါလာတာစာရေးအား ၄-၀ ဖြင့် အနိုင်ရတဲ့ ဒုတိယအကျော့ပွဲစဉ်ကို လွဲခဲ့ပါတယ်။

သူဟာ အောက်တိုဘာနှင့် နိုဝင်ဘာလတုန်းကလည်း တံကောက်ကြောဒဏ်ရာပြဿနာကြောင့် လီဗာပူးရဲ့ ပွဲ ၈ ပွဲကို လွဲခဲ့ဖူးပါတယ်။

မာမာဒက်ရှ်ဗီလီဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲ ကစားခွင့်ရထားပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။

image

VAR နှင့်အသုံးပြုရေးနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးမှု ပြုလုပ်လာမယ့် ဥရောပလိဂ်များ
==================
ဥရောပထိပ်သီးလိဂ်များဟာ နွေရာသီတွင် VAR နည်းပညာအား ဘယ်လို အသုံးပြုမယ်ဆိုတာနှင့်ပတ်သက်ပြီး ယူအီးအက်ဖ်အေနှင့် အလုပ်ရုံဆွေးနွေးမှု ပြုလုပ်လာပါမယ်။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနှင့် လီဂူး ၁ တို့မှ ဒိုင်လူကြီးအကြီးအကဲများဟာ VAR အကူအညီကို ဘောလုံးပွဲရဲ့ မည်သည့်အချိန်အခါမျိုးတွင် အသုံးပြုမယ်ဆိုတာနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဒိုင်အကြီးအကဲ ရောဘတ်ရိုဆက်တီဟာ ပြီးခဲ့တဲ့တုန်းက VAR မှာ မည်သည့်အခါမျိုးတွင် ဝင်ရောက် ပါဝင်လုပ်ဆောင်သင့်သလဲဆိုတာနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ရေး တိုက်တွန်းမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် ဆုံးဖြတ်လာတာပါ။

ဥရောပတလွှားလိဂ်များတွင် VAR အား ကွဲပြားတဲ့စနစ်များဖြင့် အသုံးပြုနေကြပါတယ်။

ပရီးမီးယားလိဂ်မှာ ယခုရာသီတွင် တစ်ပွဲလျှင် VAR ပါဝင်ပတ်သက်မှုနှုန်း ၀.၂၇၅ နှုန်းဖြင့် အနည်းဆုံး ပါဝင်ပတ်သက်နေပါတယ်။ ယင်းသို့ VAR ပါဝင်ပတ်သက်မှု နည်းပါးမှုက အငြင်းပွားဖွယ် ဖြစ်ရပ်များ ပိုမို ဖြစ်ပေါ်လာစေနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက ထွက်ပေါ်ခဲ့တဲ့ မှတ်တမ်းအရ ဘွန်ဒက်စ်လီဂါနှင့် လာလီဂါတို့မှာ တစ်ပွဲပျမ်းမျှ VAR ပါဝင်နှုန်း ၀.၃၈ နှုန်းရှိတာ တွေ့ရပြီး စီးရီးအေက ၀.၄၄ နှင့် လီဂူး ၁ က ၀.၄၇ နှုန်းရှိတာ တွေ့ရပါတယ်။

ချန်ပီယံလိဂ်တွင် VAR ပါဝင်ပတ်သက်မှုနှုန်း တစ်ပွဲလျှင် ၀.၄၅ နှုန်း ရှိပါတယ်။

ယခုကဲ့သို့ VAR အား အသုံးပြုရေးနှင့်ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးမှု ပြုလုပ်လာမှုနှင့်အတူ VAR စည်းမျဉ်းနှင့်ပတ်သက်ပြီး ကျယ်ပြန့်မှု ရှိလာစေမယ်လို့လည်း ယုံကြည်နေကြပါတယ်။

image

အင်္ဂလန်အသင်းလူစာရင်းတွင် ဟယ်ရီမက်ဂွိုင်းယားတို့ ပြန်လည်ပါဝင်လာ
===================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ မတ်လအတွင်း ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်များအတွက် အင်္ဂလန်အသင်းလူစာရင်းကို ကြေညာလာပါတယ်။

သောမတ်စ်တူချယ်ဟာ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိတဲ့ ကစားသမား ၁၃ ဦးအထိ လာမယ့်မတ်လနှောင်းပိုင်း လူစာရင်းတွင် ရွေးချယ်လာခဲ့တာ တွေ့ရပါတယ်။

အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်လာတဲ့ တူချယ်လက်ထက်တွင် ရွေးချယ်ခြင်းမခံရဖူးတဲ့ (သို့မဟုတ်) အင်္ဂလန်အသင်းတွင် ပထဆုံးအကြိမ် ရွေးချယ်ခံရတဲ့ (သို့မဟုတ်) နောက်ဆုံးလူစာရင်းတွင် မပါဝင်ခဲ့တဲ့ ကစားသမား ၁၃ ဦးကတော့ အေရွန်ရမ်ဒေးလ်(နယူးကာဆယ်)၊ ဂျေဆင်စတီး(ဘရိုက်တန်)၊ လီဝစ်ဟေးလ်(နယူးကာဆယ်)၊ တီနိုလီဗရာမန်တို(နယူးကာဆယ်)၊ ဟယ်ရီမက်ဂွိုင်းယား(ယူနိုက်တက်)၊ ဖီကာယိုတိုမိုရီ(မီလန်)၊ ဂျိမ်းစ်ဂါနာ(အဲဗာတန်)၊ ကိုဘီမိုင်နူး(ယူနိုက်တက်)၊ ဒိုမီနစ်ကယ်ဗတ်လီဝစ်(လိဒ်)၊ အန်တိုနီဂေါ်ဒွန်(နယူးကာဆယ်)၊ နိုနီမာဒူကီ(အာဆင်နယ်)၊ ကိုးလ်ပါလ်မာ(ချဲလ်ဆီး)၊ ဒိုမီနစ်ဆိုလန်ကီ(စပါးစ်)တို့ ဖြစ်ကြပါတယ်။

ယူနိုက်တက်ရဲ့ ဟယ်ရီမက်ဂွိုင်းယားနှင့် ကိုဘီမိုင်နူးတို့ဟာ ယခုရာသီတွင် ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်လက်အောက်တွင် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြကစားနေမှုနှင့်အတူ တူချယ်ရဲ့ အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားမှာ ယခင်နည်းပြဆောက်ဂိတ်လက်ထက်တုန်းက အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းမခံခဲ့ရသူပါ။

အင်္ဂလန်အတွက် ၆၄ ပွဲကစားကာ ၇ ဂိုးသွင်ထားတဲ့ မက်ဂွိုင်းယားဟာ ယခုရာသီတွင် ယူနိုက်တက်အား ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကစားနေမှုနှင့်အတူ ပြန်လည် ရွေးချယ်ခံလာရတာပါ။

ဒါ့အပြင် ကိုဘီမိုင်နူးမှာလည်း ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပေမယ့်လည်း ယူနိုက်တက်တွင် ရူဘင်အမိုရမ်လက်အောက်မှာ ပုံမှန်ကစားခွင့် ရရှိရေး ရုန်းကန်ရပြီးနောက် အင်္ဂလန်အသင်းနှင့် ဝေးကွာလာခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ယာယီနည်းပြမိုက်ကယ်ကာရစ်လက်ထက်မှာတော့ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြကစားပြီးနောက် အင်္ဂလန်အသင်းတွင် ပါဝင်လာပါတယ်။

ဒါ့အပြင် အဲဗာတန်ကွင်းလယ်ကစားသမားဂျိမ်းစ်ဂါနာမှာလည်း ယခုရာသီတွင် အဲဗာတန်အတွက် ပွဲတိုင်း ပွဲထွက်ကစားခွင့်ရထားပြီး ၂ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် အင်္ဂလန်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခြင်းခံလာရပါတယ်။

တူချယ်ဟာ ယခုလူစာရင်းတွင် ရီးရဲလ်မက်ဒရစ်ညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးကိုလည်း ချန်လှပ်မှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် မတ်လ ၂၇ ရက်နေ့တွင် ဥရုဂွေးနှင့်လည်းကောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နှင့်လည်းကောင်း ခြေစမ်းပွဲ ကစားသွားပါမယ်။

အင်္ဂလန်ဟာ ကမ္ဘာ့ဖလားမတိုင်မီ ဇွန်လတွင် နယူးဇီလန်၊ ကော့စတာရီကာတို့နှင့်လည်း ခြေစမ်းသွားပါဦးမယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်္ဂလန်အသင်းလူစာရင်း
--------------------------------
ဂိုးသမား - ဒိန်းဟင်ဒါဆင်(ပဲလေ့စ်)၊ ဂျော်ဒန်ပစ်ဖို့ဒ်(အဲဗာတန်)၊ ဂျိမ်းစ်ထရက်ဖို့ဒ်(မန်စီးတီး)၊ အေရွန်ရမ်ဒေးလ်(နယူးကာဆယ်)၊ ဂျေဆင်စတီး(ဘရိုက်တန်)။

နောက်တန်း - ဒန်ဘန်း(နယူးကာဆယ်)၊ မာ့ခ်ဂူဟီ(မန်စီးတီး)၊ လီဝစ်ဟေးလ်(နယူးကာဆယ်)၊ အီဇရီကွန်ဆာ(ဗီလာ)၊ တီနိုလီဗရာမန်တို(နယူးကာဆယ်)၊ ဟယ်ရီမက်ဂွိုင်းယား(ယူနိုက်တက်)၊ နီကိုအိုရေလီ(မန်စီးတီး)၊ ဂျာရဲလ်ကွန်ရှာ(လေဗာကူဆင်)၊ ဒီဂျက်စပင့်(စပါးစ်)၊ ဂျွန်စတုန်း(မန်စီးတီး)၊ ဖီကာယိုတိုမိုရီ(မီလန်)။

အလယ်တန်း - အီးလီးယော့အင်ဒါဆင်(နော်တင်ဟမ်ဖောရက်စ်)၊ ဂျူ့ဘယ်လင်ဂမ်(ရီးရဲလ်မက်ဒရစ်)၊ ဂျိမ်းစ်ဂါနာ(အဲဗာတန်)၊ ဂျော်ဒန်ဟင်ဒါဆင်(ဘရန့်ဖို့ဒ်)၊ ကိုဘီမိုင်နူး(ယူနိုက်တက်)၊ ဒီကလန်ရိုက်စ်(အာဆင်နယ်)၊ မော်ဂန်ရိုဂျာ(ဗီလာ)၊ အဒမ်ဝါတွန်(ပဲလေ့စ်)။

ရှေ့တန်း - ဂျာရော့ဒ်ဘိုဝင်း(ဝက်စ်ဟမ်း)၊ ဒိုမီနစ်ကယ်ဗတ်လီဝင်း(လိဒ်)၊ အီဘီရီချီအီးဇီး(အာဆင်နယ်)၊ ဖီးလ်ဖိုဒန်(မန်စီးတီး)၊ အန်တိုနီဂေါ်ဒွန်(နယူးကာဆယ်)၊ ဟယ်ရီကိန်း(ဘိုင်ယန်မြူးနစ်)၊ နိုနီမာဒူကီ(အာဆင်နယ်)၊ ကိုးလ်ပါလ်မာ(ချဲလ်ဆီး)၊ မားကပ်စ်ရက်ဖို့ဒ်(ဘာစီလိုနာ)၊ ဘူကာယိုဆာကာ(အာဆင်နယ်)၊ ဒိုမီနစ်ဆိုလန်ကီ(စပါးစ်)။

image