8 ပတ် - ဘာသာပြန်ပါ။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဌအဖြစ် ဒေါက်တာထင်လင်းဦး ကို ရွေးချယ်

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ်၂၀)၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထင်လင်းဦးအား ရွေးချယ်လိုက်သည်။

ဒေါက်တာစန်းရွှေသည် စစ်တွေမဲဆန္ဒနယ်အမှတ် (၂) မှ ဖြစ်သည်။

ဒေါက်တာထင်လင်းဦးသည် မြေပုံမဲဆန္ဒနယ်အမှတ် (၂)မှ ဖြစ်သည်။

ရွေးချယ်ခံရသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တတိယအကြိမ် ရခိုင်ပြည်လွှတ်တော် ပထမပုံမှန်
အစည်းအဝေး ပထမနေ့၌ လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇) ဦး စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

image
8 ပတ် - ဘာသာပြန်ပါ။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စင်ကာပူတွင် လျှပ်စစ်မီတာခ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲ သုံးပတ်နီးပါးအကြာတွင် စင်ကာပူ၌ လျှပ်စစ်မီတာခ စာချုပ်အသစ်ချုပ်ဆိုမည့် အိမ်ထောင်စုများသည် ပိုမိုမြင့်မားသော စျေးနှုန်းများနှင့် ရင်ဆိုင်နေရပြီး လျှပ်စစ်ရောင်းချသည့် ကုမ္ပဏီများ၏ စျေးနှုန်းများမှာ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။

စစ်ပွဲမစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေအိမ်များအတွက် သတ်မှတ်စျေးနှုန်း (Fixed-price) မှာ တစ်ယူနစ် (kWh) လျှင် ၂၄.၈၈ ဆင့်မှ ၂၈.၆၇ ဆင့် အထိသာ ရှိခဲ့သည်။ သို့သော် မတ်လ ၂၀ ရက် (သောကြာနေ့) တွင် Open Electricity Market ၏ အချက်အလက်များအရ စျေးနှုန်းများသည် တစ်ယူနစ်လျှင် ၂၈.၈ ဆင့်မှ ၂၉.၁၈ ဆင့် အထိ မြင့်တက်သွားကြောင်း တွေ့ရှိရသည်။

၎င်းမှာ ကုမ္ပဏီနှင့် အစီအစဉ်အလိုက် ၁.၂ ရာခိုင်နှုန်းမှ ၁၁.၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားခြင်း ဖြစ်သည်။

Senoko Energy နှင့် PacificLight Energy: ၂၄ လစာချုပ် သတ်မှတ်စျေးနှုန်းမှာ ၂၅.၈၈ ဆင့်မှ ၂၈.၈၀ ဆင့်အထိ (၁၁.၃ ရာခိုင်နှုန်း) အမြင့်ဆုံး မြင့်တက်ခဲ့သည်။

Geneco နှင့် Keppel Electric: ၎င်းတို့၏ ၂၄ လစာချုပ်စျေးနှုန်းမှာ စစ်ပွဲမတိုင်မီ ၂၇.၆၈ ဆင့်မှ ယခုအခါ ၂၈.၈၀ ဆင့် (၄ ရာခိုင်နှုန်း) သို့ မြင့်တက်ခဲ့သည်။

ပျမ်းမျှ တစ်လလျှင် လျှပ်စစ်ယူနစ် ၃၅၇ ယူနစ် အသုံးပြုသည့် HDB လေးခန်းတွဲ တိုက်ခန်းတစ်ခုအတွက် တွက်ချက်ကြည့်ပါက လျှပ်စစ်မီတာခသည် တစ်လလျှင် စင်ကာပူဒေါ်လာ ၁၀.၄၂ (အမေရိကန်ဒေါ်လာ ၈.၁၃) ခန့် ပိုမိုကျသင့်မည် ဖြစ်သည်။ ဤစျေးနှုန်းများတွင် ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (GST) ပါဝင်ပြီးဖြစ်သည်။

စျေးနှုန်းများ မြင့်တက်လာသော်လည်း အချို့ကုမ္ပဏီများသည် ဝယ်ယူသူများကို ဆွဲဆောင်ရန်အတွက် ပရိုမိုးရှင်းလက်ဆောင်များနှင့် ငွေပြန်အမ်းမှု အစီအစဉ်များကို ယခင်ထက် ပိုမိုတိုးမြှင့်ပေးထားကြောင်း တွေ့ရသည်။

စျေးကွက်အတွင်း မရေရာမှုများရှိနေခြင်းကြောင့် လျှပ်စစ်ရောင်းချသည့် ကုမ္ပဏီများသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် စျေးနှုန်းများကို လျင်မြန်စွာ မြှင့်တင်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

image
8 ပတ် - ဘာသာပြန်ပါ။

တိုင်းနဲ့ ပြည်နယ် လွှတ်တော်အသီးသီးက ရွေးချယ်ခံရတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ များစာရင်း

တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်တွေမှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မနက် ၁၀ နာရီကပထမနေ့ ပုံမှန်းအစည်းအဝေးကျင်းပခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတ မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဌေးအောင် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုး တင်မြှေက်ခံရပါတယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်မြို့နယ်၊မဲဆန္ဒ နယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးကို တင်မြှောက်ခဲ့ကြပါတယ်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမောင်မောင်ဌေးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပခုက္ကူ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် မုံရွာမဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်က တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးသိန်းထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသက်နိုင်ဦး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် လက်ရှိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဦးမြတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် သယံဇာတရေးရာတိုင်းဝန်ကြီး ဦးခင်မောင်မြင့်ကို တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် (၂)က ဒေါက်တာစန်းရွှေ တင်မြှောက်ခံရပါတယ်။ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထင်လင်းဦးကို တင်မြှောက်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦး ရာဝမ်ဂျုံး၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမော်ရယ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုးရယ် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသန့်ဇင်ဦး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမင်းအောင်မြင့် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံးကျော်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဒီကနေ့ ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ တွေဟာ အများစုက ပြည်နယ်နဲ့ တိုင်း ဒေသကြီးက USDP ပါတီ ဥက္ကဋ္ဌတွေဖြစ်ကြပြီး တချို့ ကလည်း လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကာ အရပ်သားတချို့သာ အနည်းငယ် ပါဝင်ပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport လုပ်မှသာ UID စနစ် လိုအပ်မှာဖြစ်

အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport ပြုလုပ်မှသာ UID စနစ်တွေ လိုအပ်မှာ ဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေအနေနဲ့ UID အတွက် လတ်တလော ပူပန်စရာမလိုသေးဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ လျှောက်ထားခြင်းနဲ့ သက်တမ်း တိုးခြင်းတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number - UID) ကို မဖြစ်မနေ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ လတ်တလော ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ရမယ့်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို မဖြစ်မနေ ပြန်လာကြရမှာ ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသား ‌ပြောဆိုနေကြတာတွေလည်း တွေ့နေရပါတယ်။

ဒါနဲ့ပတ်သက်လို့ အထက်တန်း ရှေ့နေတယောက်က “ဒါက လတ်တလော အကောင်အထည် ပေါ်လာမယ့်ကိစ္စ မဟုတ်သေးဘူး။ သိရသလောက်ကတော့ E-passport စနစ် ပြောင်းတဲ့ ကာလကို ရောက်မှသာ UID လိုအပ်လာနိုင်တာ။ E-passport စနစ်ပြောင်းဖို့ ဆိုတာကလည်း ၂၀၂၇ ခုနှစ်ကျမှသာ စတင်နိုင်မယ်လို့ သတင်းကြားထားတယ်။ ဒါကြောင့် အခုချက်ချင်း မြန်မာပြည် ပြန်ရတော့မလား ဖြစ်နေတဲ့သူတွေ စိတ်ပူစရာ မလိုသေးဘူး ပြောချင်တယ်။ ပတ်စ်ပို့ လျှောက်တာ၊ သက်တမ်းတိုးတာကို မိမိ ရောက်နေတဲ့နိုင်ငံရဲ့ သံရုံးမှာပဲ အေးအေးဆေးဆေး လုပ်စရာရှိတာ ဆက်လုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဥပဒေ ပြဋ္ဌာန်းချက်မှာ E-passport နဲ့ ပတ်သက်ပြီး “အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ် ကျင့်သုံးတဲ့အခါ” လို့သာ ဖော်ပြထားတာပြီး ကျင့်သုံးမယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိသေးတာကြောင့် နောက်ပိုင်းမှာ E-passport, UID နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်၊ အမိန့်ပြဋ္ဌာန်းချက် တခုခု ထပ်မံ ထွက်ပေါ်လာနိုင်ခြေ ရှိနေပြီး ဒါကို စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ သက်ဆိုင်ရာ သံရုံးတွေ၊ မြန်မာနိုင်ငံခြားရေးရုံးတွေ အနေနဲ့လည်း UID နဲ့ပက်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်ချက်တွေကို တရားဝင် အသိပေး ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် စောင့်ကြည့်စေလိုတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တယောက်က “သံရုံးကို သွားစုံစမ်းပြီးပြီ။ လောလောဆယ် သူတို့ဆီ ဘာညွှန်ကြားချက်မှ မရောက်သေးဘူးပြောတယ်။ အဲဒီတော့ သက်တမ်းတိုး၊ လက်မှတ် လျှောက်တာတွေကို ဒီမှာတော့ ပုံမှန်အတိုင်း ဆက်လုပ်လို့ ရနေပါသေးတယ်” လို့ ပြောပါတယ်။

UID ဆိုတာ လူတဦးချင်းစီရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ Biometric (လက်ဗွေ၊ မျက်နှာသွင်ပြင်) တွေကို လူဝင်မှု ကြီးကြပ်ရေးရုံးမှာ စနစ်တကျ မှတ်တမ်းတင်တာဖြစ်ပြီး UID နံပါတ်ဟာ ရရှိဖို့ ပြည်ပသံရုံးတွေမှာ ပြုလုပ်ပေးလို့ မရဘူးလို့ သိရပါတယ်။

“UID ပြုလုပ်ဖို့အတွက်ဆို အရင်ဆုံး EID ရှိရမယ်။ မှတ်ပုံတင် အချက်အလက်၊ လဝက က ကွန်ပြူတာထဲ သွင်းတာကို EID လို့ခေါ်တယ်။ EID သွင်းထားပြီးရင် ကိုယ်ပိုင်ဂဏန်း ၁၀ လုံး သတ်မှတ်ပေးတာကို UID ။ EID က အချက်အလက်တွေ အကုန်မှန်နေတယ်ဆို UID ရဖို့က ဘယ်လောက်မှ မကြာဘူး။ နေ့ချင်းပြီး ရတယ်။ အဲဒီ UID ရှိပြီးသူကို Smart Card ကတ်ပြန်ထုတ်ပေးတာ” လို့ ပတ်စ်ပို့ ဝန်ဆောင်မှု ပေးနေသူတယောက်က ပြောပါတယ်။

E-Passport ဆိုတာကတော့ မှတ်ပုံတင်ကနေ စမတ်ကတ်ကို ပြောင်းလိုက်သလို ဆင်တူပြီး Passport စာအုပ်ထဲမှာ Microchip (အီလက်ထရွန်းနစ် ချစ်ပ်) အပြားလေးတခု မြှုပ်နှံ ထည့်သွင်းထားတာဖြစ်ကာ အဲဒီ Chip ထဲမှာ ကိုင်ဆောင်သူရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဓာတ်ပုံအပြင် Biometrics လို့ခေါ်တဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ (ဥပမာ - လက်ဗွေရာ၊ မျက်နက်ဝန်း အမှတ်အသား) ပါ တခါတည်း Digital စနစ်နဲ့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲဒီလို Chip ပါလာတဲ့အတွက် Scan ဖတ်လိုက်တာနဲ့ လူတယောက်ရဲ့ အချက်အလက်အကုန် (Biometrics အပါ) ပေါ်လာမှာဖြစ်ကာ ဓာတ်ပုံခွာကပ်ပြီး လူစားထိုးတဲ့ “ကပ်ခွာ” ကိစ္စတွေကိုလည်း လုံးဝ ပြုလုပ်လို့ မရတော့သလို အတုအပ လုပ်ဖို့ လုံးဝနီးပါး မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီ ဝယ်ယူရရှိမှုခက်လာလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲလာသလို လက်မှတ်စျေးလည်းတက်

စက်သုံးဆီ ရရှိမှုအခက်အခဲနဲ့ စျေးနူန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းအပန်းဖြေခရီးစဥ် package လက်မှတ်စျေးနူန်းတွေမြင့်တက်လာပြီး ခရီးစဥ်ပြေးဆွဲဖို့ပင် ခက်ခဲတဲ့ အခြေအတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဆီက သိရပါတယ်။

စက်သုံးဆီ ဝယ်ယူရာမှာ အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် ဒီမတ်လအတွင်း ပြေးဆွဲမယ့် ပြည်တွင်းအပန်းအဖြေ ခရီးစဥ်တွေကို ပြေးဆွဲနိုင်ခြင်းရှိမရှိ အတိကျ မပြောနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

" စက်သုံးဆီစျေးဒီလောက်တက်လာမှတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ တက်ရတာပါ ။ နောက်ပြီး ဆီကလည်း ခက်ခဲနေတယ် ။ ဆီရမှသာ ခရီးစဥ်က သွားလို့ရမှာလေ ။ ခရီးစဥ်က ဒီလတွေက သွားသူများကြတယ်။ ဆီက အကန့်အသတ်နဲ့ပဲရတော့ ကိုယ်သွားမယ့် ခရီးစဥ် ၊လမ်းကြောင်း အခြေအနေနဲ့တွက်ပြီး လုပ်နေရတယ်။ ဆီမလောက်ရင် စီစဥ်ထားတဲ့ ခရီးစဥ်တွေက ယာယီရပ်တာတို့ ရက်ရွှေ့တာတို့ လုပ်ရမယ့်အခြေအနေပါ ။ ခရီးစဥ်တွေကတော့ ရောင်းထားပြီးပြီ။ သတ်မှတ်ရက် ထွက်ဖြစ်မလား မထွက်နိုင်ဘူးလားဆိုတာကို ရက်ကြိုပြီး အကြောင်းကြားပေးသွားမှာပါ ။ ဆီလွယ်လွယ်ကူကူဝယ်လို့ရဖို့ လိုအပ်နေပါတယ်။ " လို့ ပြည်တွင်း ခရီးသွားလုပ်ငန်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ ခရီးစဥ်ပက်ကေ့ချ်စျေးနူန်းတွေအနေနဲ့ ခရီးစဥ်တခုကို ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်လောက်အထိ စျေးတက်လာပြီး စက်သုံးဆီ ဝယ်ယူရာမှာလည်း လိုအပ်သလောက် ဝယ်ယူလို့မရဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ခရီးစဥ်ပြေးဆွဲနိုင်ဖို့ အခက်အခဲ ကြုံနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။

စက်သုံးဆီစျေး အတက်အကျပေါ်မူတည်ပြီး ခရီးစဥ်ပက်ကေ့ချ်စျေးနူန်းက အပြောင်းအလဲ ဖြစ်နိုင်ကြောင်းကို ခရီးသွားလုပ်ငန်းတွေက အသိပေးထားပြီး လက်မှတ်ဝယ်ဖို့အတွက် စရံငွေပေးသွင်းထားသူတွေကိုတော့ စျေးနူန်းမြင့်တက်တောင်းခံမှာမဟုတ်ဘဲ အရင်စျေးနူန်းတွေအတိုင်းသာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

" ဆီစျေးကဒီနေ့ဆို တော်တော်လေး တက်လာတယ်။ ဆီစျေးကျရင် ပက်ကေ့ချ်လက်မှတ်စျေးတွေလည်း ပြန်ချပေးမှာပါ ခင်ဗျ။ အခု စျေးတက်တာကလည်း စရံမပေးရသေးသူတွေကတော့ အတက်စျေးဝယ်ရမှာပါ ။ ကျွန်တော်တို့လည်း အဆင်မပြေလို့ တက်ရတာပါ။ " လို့ Travel & Tour လုပ်ငန်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စက်သုံးဆီကို အဆင်ပြေပြေနဲ့ လိုအပ်သလောက် ဝယ်ယူလို့ မရရှိပါက ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြေးဆွဲနိုင်တဲ့ ခရီးစဥ်ဒေသတွေ လျော့သွားနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိကာလက နွေရာသီကျောင်းပိတ်ရက်ဖြစ်တာနဲ့အညီ ပြည်တွင်းဘုရားဖူးခရီးစဥ် ၊ အပန်းဖြေခရီးစဥ် သွားလာသူတွေများကြောင်း လာမယ့် ဧပြီလမှာဆိုရင်လည်း သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

" လေးလပိုင်းအတွက် ပက်ကေ့ချ်ဝယ်ထားတယ်။ ပုဂံခရီးစဥ်ပါ ။ ခရီးသွားလုပ်ငန်းဘက်က ပြောတာတော့ ခရီးစဥ် မတိုင်ခင် လေးရက်၊ငါးရက်ကြို အကြောင်းပြန်ပေးမယ်ပြောတယ်။ ဆီဝယ်ရခက်နေလို့ပြောတယ်။ " လို့ ခရီးထွက်ဖို့ ပြင်ဆင်ထားတဲ့ ရန်ကုန် နေထိုင်သူ တယောက်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စက်သုံးဆီလိုအပ်ချက်ရှိလာပြီး ပြည်တွင်းမှာ စက်သုံးဆီ စျေးနူန်းက ဆက်တိုက်မြင့် တက်လာတာဖြစ် လို ဆီဝယ်ယူရရှိမှုကလည်း အကန့်အသတ်နဲ့သာ ရရှိတဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ အခက်အခဲ ကြုံနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။

ပြည်တွင်းအပန်းဖြေခရီးစဥ်စျေးနူန်းတွေ မြင့်တက်လာသလို ခရီးသည်တင်အဝေးပြေးယာဥ်လိုင်း စျေးနူန်းတွေလည်း ထက်ဝက်လောက်နီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိ

image
8 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image
8 ပတ် - ဘာသာပြန်ပါ။

Bulldog Clip Market to Reach USD 1.2 Billion by 2033 at 5.4% CAGR Driven by 39% Growth in Office and Packaging Demand

The global Bulldog Clip market was valued at approximately USD 720 million in 2024 and is projected to reach USD 1.2 billion by 2033, growing at a CAGR of 5.4%. Demand for cost-effective fastening solutions has increased by 39% between 2020 and 2024. Over 64% of offices and 52% of educational institutions globally use bulldog clips regularly, highlighting their widespread utility across sectors.

Read More > https://marketintelo.com/repor....t/paper-jogger-marke

Paper Jogger Market Research Report 2033
marketintelo.com

Paper Jogger Market Research Report 2033

As per our latest market intelligence, the Global Paper Jogger market size was valued at $325 million in 2024, and is forecasted to hit $480 million by 2033, growing at a CAGR of 4.5%.