၁၉၇၀ ခုနှစ်များတုန်းက ဒီဇိုင်းကို အခြေခံထားတဲ့ ၂၀၂၆-၂၇ ရာသီသစ်အတွက် ပြီးပြည့်စုံတဲ့ ဝတ်စုံသစ်အား ယူနိုက်တက်ကြေညာလာ
====================

ယူနိုက်တက်ပရိသတ်များဟာ ၂၀၂၆-၂၇ ရာသီသစ်အတွက် ဝတ်စုံသစ်အား ကြေညာလာပြီးနောက် ဝယ်ယူရေး အကြီးအကျယ်စိတ်လှုပ်ရှားနေကြပါတယ်။
ယူနိုက်တက်ဝတ်စုံသစ်တွင် ၁၉၇၀ ခုနှစ်များတုန်းက နာမည်ကြီးခဲ့တဲ့ နာမည်ကျော် အစင်းလိုင်းကော်နာကို အသုံးပြုထားပါတယ်။
ယူနိုက်တက်ဟာ အိမ်ကွင်းဝတ်စုံသစ် လက်တိုအားပေါင် ၁၂၀ သတ်မှတ် ရောင်းချလာပါမယ်။
ယူနိုက်တက်က ဝတ်စုံသစ်မှာ ၁၉၇၀ ခုနှစ်များတုန်းက ဝတ်စုံဒီဇိုင်းအား ဂုဏ်ပြုဖန်တီးထားကြောင်း ဆိုထားပါတယ်။
ထောင်ပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များဟာ အိမ်ကွင်းဝတ်စုံသစ်အား အထူးနှစ်သက်သဘောကျလျက်ရှိကာ ဝယ်ယူရေး စိတ်အားထက်သန်နေကြပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်တုန်းက အက်ဒီးဒက်စ်နှင့် ပေါင်သန်း ၉၀၀ တန် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၅ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။ ယူနိုက်တက်ဟာ စာချုပ်ပါအချက်အရ တစ်နှစ်လုပ် ပေါင်သန်း ၉၀ ရရှိလာပါမယ်။
ယူနိုက်တက်နှင့် အက်ဒီးဒက်စ်တို့ဟာ ၂၀၁၅-၁၆ ရာသီမှ စတင်ကာ လက်တွဲလာခဲ့ကြတာ ဖြစ်ပြီး ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတုန်းက ဒီဇိုင်းဟောင်းကို ဆန်းသစ် အသုံးပြုလာခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ အသစ်ကြေညာလာတဲ့ အိမ်ကွင်းဝတ်စုံသစ်အား ရာသီလက်ကျန်ပွဲ ၂ ပွဲတွင် ဝတ်ဆင်လာပါမယ်။

image

၁၆ နှစ်အတွင်း ပထမဆုံးပြည်တွင်းဖလား ၂ လုံး လုံး ရယူနိုင်ခဲ့မှုအတွက် အင်တာမီလန်နည်းပြချီဗူးဂုဏ်ယူ
====================

အင်တာမီလန်ဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ လာဇီယိုကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံးအား တပြိုင်တည်း ရယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယန်ချီဗူးဦးဆောင်တဲ့ အင်တာမီလန်ဟာ ယခုလအစောပိုင်းတုန်းက ရာသီသိမ်းရန် သုံးပွဲလိုနေသေးတဲ့အချိန်တွင် ၂၁ ကြိမ်မြောက် စကူဒက်တိုဖလားအား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ရောမရှိ Stadio Olimpico တွင် ကစားတဲ့ ဗိုလ်လုပွဲမှာတော့ အင်တာမီလန်ဟာ အဒမ်မာရူဆစ်(OG)၊ လူသာရိုမာတီနက်ဇ်တို့ရဲ့ ဂိုးတွေဖြင့် ၁၀ ကြိမ်မြောက် ကိုပါအီတာလီယာဖလားအား ရယူနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာ ၂၀၁၀ ခုနှစ်တုန်းက မော်ရင်ဟိုလက်ထက်တုန်းက ဆုဖလား ၃ လုံး ဆွတ်ခူးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံး ရယူခဲ့တာပါ။ ချီဗူးဟာ ၂၀၁၀ ခုနှစ်တုန်းက ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၃ လုံး ဆွတ်ခူးစဉ်တုန်းက အင်တာမီလန်အသင်းတွင် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
ခရစ္စတီယန်ချီဗူးက "လိဂ်ဖလားနဲ့ ရှုံးထွက်ဖလား ရယူနိုင်ဖို့ဆိုတာ ဘယ်တော့မှ အာမခံချက် မရှိတဲ့အရာပါ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယန်ချီဗူးဟာ အင်တာမီလန်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာပင် ပြည်တွင်းဖလား ၂ လုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၁၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၂၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၈၀ ကျပ်
ဝယ်ဈေး - ၄၁၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၀၀ ကျပ်
ဝယ်ဈေး - ၄၈၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၁ ကျပ်
ဝယ်ဈေး - ၁၀၅၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၇ ကျပ်
ဝယ်ဈေး - ၂၆.၃၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၆၁ ကျပ်
ဝယ်ဈေး - ၄၃.၄၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၆ ကျပ်
ဝယ်ဈေး - ၂.၇၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၅ ကျပ်
ဝယ်ဈေး - ၅၅၈၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၆ ကျပ်
ဝယ်ဈေး - ၂၉၈၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၆ ကျပ်
ဝယ်ဈေး - ၃၀၄၆ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၉ ကျပ်
ဝယ်ဈေး - ၅၃၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၁ ကျပ်
ဝယ်ဈေး - ၁၁၄၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image

image

image

image

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖလမ်းမြို့လမ်းဆုံထီးရိပ်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗလိုင်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာရှိ ပေါင်းပင်များ၊ အမှိုက်နှင့် ချုံနွယ်များရှင်းလင်းခြင်း၊ ဒေသခံများ၏ နေအိမ်မျက်နှာစာသပ်ရပ်သန့်ရှင်းရေးအတွက်ရှင်းလင်းခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image