Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Launch your own taxi business in the UAE with a powerful Uber Clone App 🚖
Smart booking, live tracking, multiple payment options & Arabic-friendly interface — everything your business needs to grow in Dubai, Abu Dhabi & across the UAE. 🇦🇪
Visit: https://www.trioangle.com/uber-clone/
WhatsApp - +91 63796 30152
Email ID - sales@trioangle.com
Telegram- https://t.me/Trioangle_Technologies
#uberclone #uberclonescript #ubercloneapp #ubercloneappdevelopment #taxiappclone #uberlikeapp #applikeuber
မြန်မာလုပ်သား (၇၀) ကျော်ကို ဂျပန်ကခေါ်ယူ
ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၇၀) ကျော်ကို ခေါ်ယူထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အ လုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပ ဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်မှ မေလ (၁၅) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည်။
ယင်းတွင် အလုပ်ကမ်းလှမ်းစာ (၇၂) ခုရရှိခဲ့ပြီး မကြာခင်အလုပ်သမားများကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ကြက်ဘဲဈေးသို့ နေ့စဉ် ကြက်ပိဿာ ၈၀,၀၀၀ ဝင်ရောက်၊ အသားတိုးကြက် အများဆုံးဖြစ်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲဈေးသို့ နေ့စဉ် ကြက်အဝင် ပိဿာ ၈၀,၀၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယင်းအနက် အသားတိုးကြက် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
နေ့စဉ် ဝင်ရောက်လာသည့် ကြက်အမျိုးအစားများတွင် အသားတိုးကြက်၊ ဒံပေါက်ကြက်၊ ဥစားကြက်၊ ဥနှုန်းကျဆင်း၍ ရောင်းထုတ်သည့် ဥတုံးကြက် (ကြက်နီမ) နှင့် မြန်မာကြက်များ ပါဝင်ပြီး အသားတိုးကြက်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။
“မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးကို နေ့စဉ် ကြက်အဝင်က ပိဿာ ရှစ်သောင်းလောက် ဝင်ပါတယ်။ အရင်လတွေကလည်း ဒီပမာဏလောက်ပဲ ဝင်နေပါတယ်။ အသားတိုးကြက်က အများဆုံးဖြစ်ပြီး တစ်ရက်ကို ပိဿာခြောက်သောင်းလောက် ရှိတယ်။ စားသုံးသူတွေကလည်း အသားတိုးကြက်ကို ပိုစားသုံးကြတယ်။ ဈေးနှုန်းသက်သာတာကြောင့် ဝယ်ယူမှုများတယ်” ဟု ကြက်၊ ဘဲ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ ကြက်၊ ဘဲဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မွေးမြူရေးခြံများမှ ကြက်များ ဝင်ရောက်လာပြီး ယင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း မွေးမြူရေးလုပ်ငန်းများတွင် အသားတိုးကြက်ကို အများဆုံး မွေးမြူနေကြပြီး ဒံပေါက်ကြက်၊ ဥစားကြက်နှင့် ဥတုံးကြက်များကိုလည်း မွေးမြူလျက်ရှိကာ တိုင်းရင်းကြက်ခေါ် မြန်မာကြက်များကိုလည်း အသင့်အတင့် မွေးမြူနေကြကြောင်း သိရသည်။
ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။
သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အနုပညာရှင်များနှင့် ရွှေပြည်သာအခြေစိုက် ပရဟိတအဖွဲ့များကလည်း လုပ်အားဒါနဖြင့် ပါဝင်အားဖြည့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်သန့်ရှင်းသာယာရန်နှင့် ရေကြီးသည့်ဒုက္ခသက်သာစေရန် ဝိုင်းဝန်းကူညီပေးကြသည့် တာဝန်ရှိသူများ၊ အနုပ ညာရှင်များနှင့် ပရဟိတမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှသည်ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းတာဝန်ခံ မရွှေလဲ့က အသိပေးထားသည်။
မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်
မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်၌ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံ ဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။
ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။
မြဝတီမြို့တွင် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များဖြန့်ဝေ
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၌ ကျောင်းအပ်နှံရေးရက် သတ္တပတ်အတွင်း ကျောင်းအပ်နှံနိုင်မည့်လုပ်ငန်းစဥ်များကိုသိရှိနားလည်စေရန်နှင့် ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် ကလေးများအားလုံးကျန်ရှိမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များကို ကရင်ပြည်နယ်၊ မြဝတီမြို့၌ မေ ၁၆ ရက်က Campaign ပြုလုပ်၍ဖြန့်ဝေခဲ့ကြသည်။
မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)(၁)၊ အ မှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)(၃)၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မြေရွှေဘုံ အထက်တန်းကျောင်းတစ်ဝိုက်တို့တွင် ဖြတ်သန်းသွားလာသူများအား ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း အီတူရီ(Ituri) ပြည်နယ်တွင် ဖြစ်ပွားနေသော အဆိုပါကူးစက်ရောဂါသည် သံသယဖြစ်ဖွယ်လူနာ ၂၄၆ ဦးခန့်နှင့် သေဆုံးသူ ၈၀ ဦး ရှိကြောင်း အစီရင်ခံထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် အရေးပေါ်အခြေအနေ သတ်မှတ်ချက် စံနှုန်းများနှင့်မူ ကိုက်ညီမှုမရှိသေးကြောင်း ၎င်းအေဂျင်စီက ပြောကြားခဲ့သည်။
သို့သော်လည်း ယခုလက်ရှိ စစ်ဆေးတွေ့ရှိပြီး အစီရင်ခံထားသည်ထက် “ပိုမိုကြီးမားသော ကူးစက်ပြန့်ပွားမှုကြီး” ဖြစ်လာနိုင်သည့် အလားအလာရှိနေပြီး ဒေသတွင်းနှင့် နယ်စပ်ဖြတ်ကျော် ပြန့်ပွားနိုင်ခြေ အန္တရာယ် အလွန်မြင့်မားနေကြောင်း သတိပေးထားသည်။
ယခုလက်ရှိ ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်မျိုးကွဲမှာ ဘွန်ဒီဘူဂျို(Bundibugyo) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းဗိုင်းရပ်စ်အတွက် အတည်ပြုခွင့်ပြုထားသည့် ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးကြောင်း WHOက ပြောကြားသည်။
အစောပိုင်းလက္ခဏာများတွင် ဖျားခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပြီး၊ ၎င်းနောက်တွင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်းနှင့် သွေးထွက်ခြင်းတို့ ဖြစ်ပွားတတ်သည်။
အီတူရီ ပြည်နယ်၏ မြို့တော် ဘူနီယာ(Bunia) နှင့် ရွှေတွင်းတူးဖော်ရာမြို့များဖြစ်သည့် မွန်ဂွာလူ(Mongwalu) နှင့် ရမ်ပါရာ(Rwampara) အပါအဝင် ကျန်းမာရေးဇုန် သုံးခု၌ အခြားသံသယဖြစ်ဖွယ်လူနာများနှင့် ေ-သဆုံးမှုများရှိနေပြီး၊ လက်ရှိတွင် ဓာတ်ခွဲခန်း၌ အတည်ပြုပြီးသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈ ဦး ရှိနေပြီဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။
မြို့တော် ကင်ရှာဆာ(Kinshasa) တွင်လည်း အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း အတည်ပြုထားပြီး၊ ၎င်းမှာ Ituri ပြည်နယ်မှ ပြန်လာသည့် လူနာတစ်ဦးဖြစ်သည်ဟု ယူဆရသည်။
အဆိုပါဗိုင်းရပ်စ်သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပြင်ပသို့ ပြန့်နှံ့သွားခဲ့ပြီး အိမ်နီးချင်း ယူဂန်ဒါ (Uganda) နိုင်ငံတွင်လည်း အတည်ပြုလူနာ နှစ်ဦးရှိကြောင်း သတင်းပို့ထားသည်ဟု WHO က ပြောကြားသည်။ ကြာသပတေးနေ့က ေ-သဆုံးသွားခဲ့သော အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗိုင်းရပ်စ်ပိုး ပေါ့စတစ်တွေ့ရှိခဲ့ကြောင်း ယူဂန်ဒါတာဝန်ရှိသူများက ပြောသည်။
ယူဂန်ဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ေ-သဆုံးသွားသူမှာ ကွန်ဂိုနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလေ-ာင်းကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် M23 သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ပိုင်းမြို့ဖြစ်သော ဂိုမာ(Goma) မြို့တွင်လည်း အီဘိုလာကူးစက်ခံရသူတစ်ဦး ရှိနေကြောင်း ဓာတ်ခွဲခန်းက အတည်ပြုထားသည်ဟု AFP သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်းရှိ လက်ရှိလုံခြုံရေးအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် လူဦးရေရွှေ့ပြောင်းသွားလာမှု မြင့်မားခြင်း၊ ရောဂါအဓိကဖြစ်ပွားရာနေရာမှာ မြို့ပြဒေသဖြစ်နေခြင်းနှင့် ဒေသတွင်း၌ တရားဝင်မဟုတ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာ အများအပြားရှိနေခြင်းတို့နှင့် ပေါင်းစပ်သွားသည့်အခါ ရောဂါပြန့်ပွားနိုင်ခြေ အန္တရာယ်ကို ပိုမိုမြင့်တက်စေကြောင်း WHO က ပြောကြားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများသည် ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများကြောင့် အန္တရာယ်ရှိနိုင်ခြေ မြင့်မားသောနိုင်ငံများအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ယူဂန်ဒါနိုင်ငံတို့အနေဖြင့် ရောဂါပိုးကို စောင့်ကြည့်ရန်၊ လိုက်လံခြေရာခံရန်နှင့် ကူးစက်မှုကာကွယ်ရေး အစီအမံများကို အကောင်အထည်ဖော်ရန်အတွက် အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေး စင်တာများကို တည်ထောင်ရန် WHO က အကြံပြုထားသည်။
ရောဂါပြန့်ပွားမှုကို အနည်းဆုံးဖြစ်စေရန်အတွက် အတည်ပြုလူနာများကို ချက်ချင်း သီးသန့်ခွဲထားရမည်ဖြစ်ပြီး၊ အနည်းဆုံး ၄၈ နာရီခြား၍ စစ်ဆေးထားသော ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်ဆိုင်ရာ သီးသန့်ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ်စလုံးတွင် ပိုးမတွေ့ရှိသည့်တိုင်အောင် ကုသမှုပေးရမည်ဖြစ်ကြောင်း ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။
ဘန်ကောက်ယာဉ်တို-က်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတို-က်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မှုကြောင့် လူေ-သဆုံးစေမှုဖြင့် ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်စွဲဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် အမှတ် ၂၀၆ ဘတ်စ် ယာဉ်မောင်းနှင့် ကုန်တင်ရထားအမှတ် ၂၁၂၆ ၏ အသက် ၅၆ နှစ်အရွယ် ယာဉ်မောင်းတို့ကို တရားစွဲဆိုခဲ့သည်။
စနေနေ့ ညနေ ၃း၄၁ မိနစ်အချိန်က Huai Khwang ခရိုင် Asok-Din Daeng လမ်းပေါ်ရှိ ရထားနှင့် ကားလမ်းဆုံတွင် ယာဉ်တို-က်မှုဖြစ်ပွားခဲ့သည်။ မီးပွိုင့်တွင် ယာဉ်တန်းတစ်ခု၏ အစိတ်အပိုင်းဖြစ်သော ရထားလမ်းပေါ်တွင် ရပ်တန့်နေသည့် ခရီးသည်တင်ဘတ်စ်ကားကို ကုန်တင်ရထားက ဝင်တို-က်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တို-က်မှုကြောင့် ဘတ်စ်ကားသည်မီးလေ-ာင်ကာ လူ ၈ ဦး ေ-သဆုံးပြီး ၃၂ ဦး ဒ-ဏ်ရာရရှိခဲ့သကဲ့သို့ အခြားယာဉ်များစွာလည်း ပျ-က်စီးခဲ့သည်။
ယာဉ်များလမ်းကြောင်းပေါ် ရပ်တန့်နေသောကြောင့် အတားအဆီးလက်တံများ ချမရခဲ့ခြင်းသည် ယာဉ်တို-က်မှုကို ဖြစ်ပွားစေခဲ့သည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချာ့တ် ဆစ်တီပွန့်က ပြောကြားခဲ့သည်။ ဥပဒေအရ ယာဉ်များသည် လမ်းဆုံများတွင် ငါးမီတာပတ်လည်အတွင်း ရပ်တန့်ခွင့်မရှိပေ။
ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်က စနေနေ့ညပိုင်းတွင် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် လမ်းဆုံတွင် ယာဉ်ကြောပိ-တ်ဆို့မှုဖြစ်နေကြောင်းကို ရထားလမ်းဝန်ထမ်းတစ်ဦးဦးက ရထားမောင်းသူကိ မည်သည့် အတွက်ကြောင့်သတိမပေးခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။ လမ်းပိုင်းသည် အမြဲတမ်း ယာဉ်ကြောပိတ်ဆို့မှုများရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အပျ-က်အစီးများကို ရှင်းလင်းကာ စနေနေ့ညပိုင်းတွင် ရထား လမ်းဆုံမှ ထွက်ခွာသွားခဲ့ပြီးနောက် ကားလမ်းနှင့် ရထားလမ်းများအတွက် ပြန်ဖွင့်ပေးခဲ့သည်။ ေ-သဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပန်းစည်းများချထားခဲ့သည်။
မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား(၇ဝ၆)ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား(၁၀၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအားတွေ့ဆုံခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။