မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် သက်တမ်းတိုးထုတ်ပေးရေး ရက်ထပ်တိုး

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ရာတွင် သတ်မှတ်ရက်ထက် ထပ်တိုးပေးထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များနှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့် CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။
CI သက်တမ်းတိုး ဆောင်ရွက်ရန်ကျန်ရှိသည့်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ အချိန်မီ CI သက်တမ်းတိုးဆောင်ရွက်ရန် အသိပေးကြေညာချက်တစ်ရပ်အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို နောက်ဆုံးအကြိမ်အဖြစ် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အလုပ်သမားများအနေဖြင့် သတ်မှတ်ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်ဆောင်ရွက်ရန် အသိပေးထားသည်။

မဟာမုနိဘုရားကြီး ထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူမည်

ငလျင်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မဟာမုနိဘုရားကြီးကိန်း၀ပ်စံပါယ်တော်မူရာ ရွှေကျောင်းတော်ကြီးပေါ်ရှိ ထုပိကာကို ရွှေစင်ရွှေပြားအသစ်ကပ်လှူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ငလျင်ကြောင့်ထိခိုက်ပျ-က်စီးခဲ့မှုများအား အသစ်ဖြင့်အစားထိုးသွားမည်ဖြစ်ပြီး၊ ရွှေသားအစစ်ရွှေစင်ရွှေပြားများ အသစ်ကပ်လှူမည့်အစီအစဉ်အတွက်၊ အလှူရှင်များဖိတ်ခေါ်နှိုးဆော်ထားကြောင်း သိရသည်။
ရွှေသားအစစ် ရွှေစင်ရွှေပြား (၉ လက်မပတ်လည်) တစ်ချပ်လျှင် ရွှေချိန် ၁ ကျပ် ၈ ပဲသားရှိမည်ဖြစ်ပြီး၊ တစ်ချပ်လျှင် ကျပ်သိန်း (၉၀) နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းမှုအတွက် အလှူရှင်အမည်ကမ္ဗည်း ရေးထိုးပေးသွားမည်ဖြစ်သည်။
မန္တလေးငလျင်ကြီးကြောင့် မန္တလေးမဟာမုနိဘုရားကြီး (မဟာမုနိရုပ်ရှင် တော်မြတ်)မကိုဋ်တော်၊ ထုပိကာတော်နှင့် ရွှေထီးတော်အပါအဝင်ဘုရားကြီးပရဝုဏ်အတွင်းရှိသာသနိက အဆောက်အအုံများထိခိုက်ပျ-က်စီးခဲ့ခြင်းဖြစ်သည်။

မာဒူရိုအား ရာထူးမှဖယ်ရှားသည့် စစ်ဆင်ရေးအပြီးတွင် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က ‘စီမံခန့်ခွဲ’ သွားမည်ဖြစ်ပြီး ၎င်း၏ ရေနံသိုက်များကို ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း ထရမ့်ပြောကြား

ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်စ် မာဒူရိုအား အာဏာမှဖယ်ရှားပြီး နိုင်ငံပြင်ပသို့ ခေါ်ထုတ်သွားခဲ့သည့် စစ်ဆင်ရေးအပြီး နာရီပိုင်းအကြာတွင် သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့၌ ပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံကို အနည်းဆုံး ယာယီအားဖြင့် စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး နိုင်ငံ၏ များပြားလှသော ရေနံသိုက်များကို ထုတ်ယူကာ အခြားနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယင်းသည် တောင်အမေရိကနိုင်ငံနှင့် ၎င်း၏ အာဏာရှင်ခေါင်းဆောင်အပေါ် ထရမ့်အစိုးရအဖွဲ့၏ ပြင်းထန်သော ဖိအားပေးမှုများနှင့် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့သော လျှို့ဝှက်အစီအစဉ်များ၏ ရလဒ်ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အစိုးရတစ်ခုကို အပြောင်းအလဲဖြစ်စေသည့် အမေရိကန်၏ အပြင်းထန်ဆုံး လုပ်ဆောင်ချက်လည်း ဖြစ်သည်။
ဥပဒေရေးရာကျွမ်းကျင်သူများကမူ ဤစစ်ဆင်ရေးသည် ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိအပေါ် မေးခွန်းများ ချက်ချင်းထုတ်လာခဲ့ကြသည်။ ဗင်နီဇွဲလား ဒုတိယသမ္မတ မစ္စ ဒဲလ်စီ ရိုဒရီဂွက်ဇ်က မာဒူရိုကို ပြန်လွှတ်ပေးရန် အမေရိကန်ထံသူ၏ မိန့်ခွန်းမှတစ်ဆင့် တောင်းဆိုခဲ့ပြီး မာဒူရိုသည်သာ နိုင်ငံ၏ တရားဝင်ခေါင်းဆောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဗင်နီဇွဲလား တရားရုံးချုပ်က သူမအား ယာယီသမ္မတအဖြစ် တာဝန်ယူရန် အမိန့်ထုတ်ပြန်ခဲ့သည်။
မာဒူရိုကို ဖမ်းဆီးရမိပြီး နာရီပိုင်းအကြာတွင် သတင်းထောက်များကို ပြောကြားရာ၌ ထရမ့်က ၎င်း၏ အစီအစဉ်များကို ထုတ်ဖော်ခဲ့သည်။ ၎င်းက ဗင်နီဇွဲလား၏ ခေါင်းဆောင်မဲ့ဖြစ်နေသော အခြေအနေကို အသုံးချကာ နိုင်ငံ၏ ရေနံအခြေခံအဆောက်အအုံများကို "ပြုပြင်" သွားမည်ဖြစ်ပြီး အခြားနိုင်ငံများသို့ ရေနံ "အမြောက်အမြား" ရောင်းချသွားမည်ဟု ဆိုခဲ့သည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ အားကစားပြိုင်ပွဲများကျင်းပရာ ကလေးငယ်များ၊ လူငယ်လူရွယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဥ်ပြိုင်ဆော့ကစားနေကြသော မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။

အမေရိကန်၏ ဗင်နီဇွဲလားအပေါ် လုပ်ဆောင်ချက်များကို “အလွန်အမင်း စိုးရိမ်ထိတ်လန့်မိကြောင်း” ဂူတာရက်စ်ပြောကြား

အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား မကြာသေးမီလများအတွင်း ဖြစ်ပွားခဲ့သော တင်းမာမှုများသည် စနေနေ့နံနက်ပိုင်းတွင် သမ္မတ နီကိုးလက်စ် မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့များက ဖမ်းဆီးလိုက်ခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “အလွန်အမင်း စိုးရိမ်ထိတ်လန့်မိကြောင်း” ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်ကမူ "အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံကို အနည်းဆုံး ယာယီအားဖြင့် စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး နိုင်ငံ၏ များပြားလှသော ရေနံသိုက်များကို ထုတ်ယူကာ အခြားနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ကြောင်း" ဆိုသည်။ ဗင်နီဇွဲလား၏ ခေါင်းဆောင်မဲ့ဖြစ်နေသော အခြေအနေကို အသုံးချကာ နိုင်ငံ၏ ရေနံအခြေခံအဆောက်အအုံများကို "ပြုပြင်" သွားမည်ဖြစ်ပြီး အခြားနိုင်ငံများသို့ ရေနံ "အမြောက်အမြား" ရောင်းချသွားမည်ဟုလည်း ထရမ့်ကဆိုခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ဤလုပ်ရပ်သည် အမေရိကန်၏ “အလွန်ပြင်းထန်သော စစ်ရေးကျူးကျော်မှု” ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။
ဗင်နီဇွဲလား ဒုတိယသမ္မတ မစ္စ ဒဲလ်စီ ရိုဒရီဂွက်ဇ်ကလည်း မာဒူရိုကို ပြန်လွှတ်ပေးရန် အမေရိကန်ထံသူ၏ မိန့်ခွန်းမှတစ်ဆင့် တောင်းဆိုခဲ့ပြီး မာဒူရိုသည်သာ နိုင်ငံ၏ တရားဝင်ခေါင်းဆောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဗင်နီဇွဲလား တရားရုံးချုပ်က သူမအား ယာယီသမ္မတအဖြစ် တာဝန်ယူရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဥပဒေရေးရာကျွမ်းကျင်သူများက ဤစစ်ဆင်ရေးသည် ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိအပေါ် မေးခွန်းများ ချက်ချင်းထုတ်လာခဲ့ကြသည်။

မန္တလေး အိုးဘိုထောင်မှ အကျဥ်းသား (၂၈၃)ဦး ပြန်လွတ်

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိ မ်းချမ်းသာခွင့်ပေးရာတွင် မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား (၂၈၃)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြန်လည်လွတ်မြောက်သူများကို မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကား ပြောကြားကာ လမ်းစရိတ်ချီးမြင့် ငွေပေးအပ်၍ နေရပ်အသီးသီးကို ပြန်ခွင့်ပြုခဲ့သည်ဟုလည်း သိရသည်။
ယနေ့ ဇန်နဝါရီ (၄)ရက်၌ ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းအကျ ဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီး၌ ပြစ်ဒ-ဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၆၁၃၄)ယောက်နှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ယောက်တို့ကို ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် အဂတိမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု ၊ မူးယစ်မှု စသည့် ခြွင်းချက် ပုဒ်မ (၉)ခုရှိကာ အခြားပုဒ်မဖြင့် ကျခံနေရသူများကို ပြစ်ဒ-ဏ်၏ ၆ ပုံ ၁ ပုံ လျှော့ ပေါ့ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့တွင်ရွေးကောက်ပွဲ အပိုင်း (၂) မတိုင်မီ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြဝတီရပ်ကွက်ရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ယနေ့ ဇန်နဝါရီ (၄) ရက် နံနက်ပိုင်းက နိုင်ငံတော်တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည်ဖြစ်ရာ ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာသို့ ဘုတလင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့၌ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလေ-ာင်ကျွမ်းမှုတို့မှဖြစ်ပေါ်လာသည့် Fire Hospots နှင့် နယ်စပ်ဖြ-တ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုတို့လျှော့ချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဥ်များ ဖြစ်ပေါ်စေသည့်အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် မင်းဘူးခရိုင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများမှ မင်းဘူးမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၏ အနောက်တောင်ဘက်၊ ထိန်တောကျေးရွာ၏ အနောက်မြောက်ဘက်ရှိ point 20.0544 , 94.9146 တွင် ဇန်နဝါရီ ၂ ရက်ကလေ-ာင်ကျွမ်းခဲ့သော တောမီးလေ-ာင်ကျွမ်းမှုအခြေအနေများအား စစ်ဆေးခဲ့ကြသည်။

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံ ဆိပ်ရရှိသူများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ချီးမြှင့်အပ်နှင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းကကျင်းပသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် တပ်မတော်သည် ဆူကြုံ နိမ့်မြင့်ခရီးအသွယ်သွယ်တွင် စစ်ရေးတိုက်ပွဲများကို သာမက နိုင်ငံရေးတိုက်ပွဲများကိုလည်း မလွဲမသွေရင် ဆိုင်ဆင်နွှဲရင်း အမျိုးသားနိုင်ငံရေးဦးဆောင်မှုဟူသည့် ထူးခြားသည့်သမိုင်းမှတ်တိုင်တစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ခြင်းမှာ သမိုင်းစဉ်များကချီးမြှင့်သည့် မိမိတို့တပ်မတော်၏ စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ဒြပ်တစ်ခုလည်း ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်ကာလတွင် တပ်မတော်သားများ၊ တပ်မတော်မိသားစုဝင်များအနေဖြင့် တပ်မတော်၏ဂုဏ်ဒြပ်ကို လေးစားတန်ဖိုးထားကြရမည့်အပြင် တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်၏ နက်ရှိုင်းကျယ်ပြန့်မှုကိုသိရှိပြီး ကျရာကိုယ်စီတာဝန်များကို ရဲရဲဝံ့ဝံ့ကျေပွန်စွာထမ်းဆောင်ကြရန် လေးလေးနက်နက်တိုက်တွန်းမှာကြားလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုကဲ့သို့ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တပ်မတော်မိသားစုဝင်များ၏ နောင်ရေးစိတ်အေးချမ်းသာစေရန်လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိပြီး စွန့်လွှတ်စွန့်စားသည့် စစ်သည်တော်ကောင်းများဖြစ်လာစေရေး နိုင်ငံတော်၊ တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသင့်သည်မှန်သမျှကို ဆက်လက်စီမံဆောင်ရွက်ပေးရန်အမြဲအသင့်ရှိသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး(၇)ဦး၊ ဒု-ဗိုလ်မှူးကြီး(၆)ဦး၊ ဗိုလ်မှူး(၁၄)ဦး၊ ဗိုလ်ကြီး(၄)ဦး၊ ဗိုလ်(၁)ဦး၊ ဒု-အရာခံဗိုလ်(၄)ဦး၊ အုပ်ခွဲတပ်ကြပ်ကြီး (၁)ဦး၊ တပ်ကြပ်ကြီး(၃)ဦး၊ တပ်ကြပ်(၅)ဦး၊ ဒု-တပ် ကြပ်(၆)ဦးတို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မ တော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့်တည်ခင်း ဧည့်ခံပြီးနောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြုဂုဏ်ယူနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါ ရီ ၄ ရက်မွန်းလွဲပိုင်းကကျင်းပသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏မူဝါဒနှင့် ဦးတည်ချက်များကိုလိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ လက်ရှိတွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဥ်များကို လိုက်ပါအကောင်အထည် ဖော်ဆောင်နေလျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ဒီမိုကရေစီစနစ်ပီပြင်ခိုင်မာရန် ပြည်သူလူထုတစ် ရပ်လုံးအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကာ တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့အတူ ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့၍ ရွေးကောက်ပွဲအပိုင်း(၂)နှင့်(၃)ကိုလည်း ယခုလအတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ တပ်မတော်၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်အလေးထားမှု၊ ကတိကိုကတိအတိုင်းဆောင်ရွက်မှု၊ သစ္စာရှိမှုကိုပြသခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။