5 w - Translate

Tattoo ideas

image
5 w - Translate

Tattoo ideas

image
5 w - Translate

Tattoo ideas

imageimage
+5

image

ဘေးစီမံဦးစီးဌာနကနေ အမှုထမ်းရာထူး ၆၂ နေရာ ခေါ်ယူ .. ဘွဲ့ရပြီးသူတိုင်း လျှောက်ထားနိုင်ပြီး မိမိနေထိုင်ရာ ‌တိုင်း/ပြည်နယ်၌သာ တာဝန်ထမ်းဆောင်ရမည့် အခွင့်အရေးကောင်း

#govjob

imageimage

ယခုရာသီ ယူနိုက်တက်အား အကြီးအကျယ် ပြောင်းလဲလာစေတဲ့ အချက်ကို အမိုရမ် ဖွင့်ဟ ပြောကြားလာ
===================

ရူဘင်အမိုရမ်က ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က သူ့အပေါ် လူသိရှင်ကြား ထောက်ခံပြောဆိုလာမှုက ယခုရာသီ ယူနိုက်တက်အား အကြီးအကျယ် ပြောင်းလဲလာစေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က အောက်တိုဘာလနိုင်ငံတကာပွဲစဉ်များအတွင်း အင်တာဗျူးတွင် ပေါ်တူဂီလူမျိုးနည်းပြအား အသင်းကို သုံးနှစ်ကြာ ကိုင်တွယ်စေပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့တာပါ။
အမိုရမ်ဟာ စက်တင်ဘာလနှောင်းပိုင်းတုန်းက ဘရန့်ဖို့ဒ်အား ၃-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အနာဂတ်အတွက် ဖိအားများစွာ ကျရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ယင်းနောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၅ ပွဲတွင် ၃ ပွဲနိုင်၊ ၂ ပွဲသရေရလဒ် ရယူထားနိုင်ပါတယ်။
စပို့တင်းလစ္စဘွန်းနည်းပြဟောင်းက ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ လူသိရှင်ကြား အနာဂတ်အတွက် အာမခံချက်ပေးလာမှုက အသင်းအား များစွာ အထောက်အကူ ဖြစ်လာစေခဲ့ကြောင်း ဆိုသွားပါတယ်။
၎င်းက "ဂျမ် အင်တာဗျူးလုပ်ခဲ့တဲ့ ကာလကို သတိရသေးတယ်။ အဲဒီအင်တာဗျူးက ကလပ်အတွင်းကို စိတ်အေးလက်အေး ဖြစ်စေတယ်။ ကလပ်ဝန်းကျင်ဆူညံမှုလည်း ပြောင်းလဲသွားတယ်။ ဒါက အသင်းအတွက် အရမ်းအရေးကြီးတယ်။ အသင်းနဲ့ ကျွန်တော့်အတွက် တကယ့်ကို အရေးပါပါတယ်။ ကြီးမားတဲ့ ရိုက်ခတ်မှု ရှိတယ်။ ကျွန်တော့်ရဲ့ လုပ်ပုံကိုင်ပုံအပြင် ကျွန်တော်တို့ လုပ်ဆောင်မှုအပေါ် အခြားသူတွေရဲ့အမြင်ကိုပါ ပြောင်းလဲစေတယ်။ ဒီတော့ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးပါတယ်"လို့ ပြောကြားသွားပါတယ်။
အောက်တိုဘာလ အစောပိုင်းတုန်းက အင်တာဗျူးတွင် ဆာဂျမ်ရက်ကလစ်ဖ်က အမိုရမ်ကို ကြီးကျယ်တဲ့ ယူနိုက်တက်နည်းပြအဖြစ် မြင်တွေ့ရရန်အတွက် သုံးနှစ်အချိန်ပေးရမယ်လို့ ပြောဆိုခဲ့တာပါ။
ယူနိုက်တက်ဟာ လာမယ့်ပွဲအဖြစ် တနင်္လာနေ့တွင် အဲဗာတန်နှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲမှာ အမိုရမ်အတွက် ယူနိုက်တက်အသင်းအား ပထမဆုံးကိုင်တွယ်တဲ့ တစ်နှစ်ပြည့်တဲ့ ပွဲဖြစ်လာပါမယ်။
ဆက်လက်ပြီး အမိုရမ်က "အများကြီး သင်ယူခဲ့ရတဲ့ ခရီးပါ။ တခါတလေ ခင်ဗျားတို့က ကျွန်တော်တို့ကို အရမ်းအသက်ငယ်တယ်လို့ ထင်တယ်။ အနိုင်ရနေတယ်ပေါ့။ နောက်တော့ ကွဲပြားတဲ့ ရလဒ်ရလာတယ်။ အဲဒီအခါ လူတွေက ကိုယ့်အလုပ်အပေါ်၊ ကိုယ့်လုပ်ဆောင်မှုအပေါ် အမြင်ပြောင်းလာတယ်။ တခါတလေ အရမ်းခက်ခဲတယ်။ ဒါပေမယ့် သင်ခန်းစာလည်း အများကြီးရခဲ့တယ်။ အခုဆို ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာပြီလို့ ထင်တယ်။ အနာဂတ်နဲ့ ပစ္စုပ္ပန်အတွက် အသင့် ဖြစ်နေပါပြီ။ အရမ်းခက်ခဲတဲ့ ခရီးတစ်ခုပါ။ ဒါပေမယ့် လိုအပ်လို့ ဖြစ်လာခဲ့တာလို့ ထင်တယ်။ ဒါကြောင်လည်း ကျွန်တော်တို့ ပိုကောင်းလာခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

image

ဆာလက်နှင့်အိုဆီမမ်တို့ကို ကျော်ဖြတ်ကာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဟာကီမီ ဆွတ်ခူး
======================

ပီအက်စ်ဂျီနှင့် မော်ရိုကိုနောက်တန်းအစွန်လူအာခရစ်ဖ်ဟာကီမီဟာ မိုဟာမက်ဆာလက်နှင့် ဗစ်တာအိုဆီမမ်တို့အား ကျော်ဖြတ်ကာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားပါတယ်။
ဟာကီမီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီကို လီဂူး ၁ဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် နွေရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟာကီမီဟာ လက်ရှိအချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မော်ရိုကိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရေး မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။
တကယ်လို့များ မော်ရိုကိုသာ ဆွတ်ခူးလာပါက ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကဖလားဆွတ်ခူးလာနိုင်ပါမယ်။
ဒါ့အပြင် မော်ရိုကိုဂိုးသမားယာဆိန်းဘူနိုမှာလည်း အာဖရိကတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့အပြင် ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံ မော်ရိုကိုယူ-၂၀ အသင်းကလည်း အာဖရိကအကောင်းဆုံးလက်ရွေးစင်အသင်းဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဝက်ဖို့ဒ်ရဲ့ အသက် ၂၀ နှစ်ရှိ မော်ရိုကိုအလယ်တန်းကစားသမားအော့မာနီမမ်မာကလည်း အာဖရိကတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံငယ်လေး ကိတ်ဗာဒီကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြဘူဘစ္စတာကလည်း အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

image

နယ်သာလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပြီးနောက် အနားယူရန် အရိပ်အမြွက်ပြောဆိုလာတဲ့ ဗန်ဒိုက်
========================

ဗာဂယ်ဗန်ဒိုက်ဟာ နယ်သာလန်ကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပေးခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတော့မယ်လို့ အရိပ်အမြွက်ပြောဆိုလာပါတယ်။
အသက် ၃၄ နှစ်ရှိ ဗာဂယ်ဗန်ဒိုက်ဟာ အသက်အရွယ် ရရှိလာမှုနှင့်အတူ ကစားသမားဘဝ ရှည်လျားရေးအတွက် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကာ ကလပ်ကစားသမားဘဝအား အပြည့်အဝ အာရုံစိုက်ရန် စဉ်းစားနေတာလည်း ဖြစ်ပါတယ်။
ယခုအခါ ဗာဂယ်ဗန်ဒိုက်က အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲ ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာဖလားမှာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ဆိုလာပါတယ်။
ဗန်ဒိုက်က "ဒီမှာ ရှိတဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ နောက်ကွယ်မှာ အားလုံးအဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အော်ရင်ဂျီ(နယ်သာလန်ရဲ့အမည်ပြောင်)အသင်းခေါင်းဆောင်ဖြစ်ခွင့်ရလို့ ဂုဏ်ယူတယ်။ ဦးဆောင်ခွင့်ရတဲ့ မိနစ်တိုင်း ဂုဏ်ယူတယ်။ နောက်ဆုံးပြိုင်ပွဲအတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အတူတကွဲလုပ်တွဲပြီး အောင်မြင်အောင် လုပ်ဖို့လည်း စိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားသွားပါတယ်။
ဗန်ဒိုက်ဟာ နယ်သာလန်အတွက် ၈၈ ပွဲကစားကာ ၁၁ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲရာသီတုန်းက အန်းဆလော့ရဲ့ ပထမုံးလီဗာပူးရာသီတွင် ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီနိုင်ခဲ့ပေမယ့်လည်း ယခု ပရီးမီးယားလိဂ်ရာသီတွင် ၅ ပွဲ ရှုံးနိမ့်ထားမှုနှင့်အတူ ဝေဖန်မှု ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image

လိင်ဗီဒီယိုဖိုင်မျှဝေမှုအတွက် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ နော်ဝေနှင့် ဘင်ဖီကာစတား
====================

နော်ဝေလက်ရွေးစင်အင်ဒရီယက်စ်ရှဒါအပ်ဟာ အသက် ၁၈ နှစ်အောက် လူငယ်လေးနှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာဗီဒီယိုဖိုင်အား မျှဝေမှုအတွက် ဒိန်းမတ်တရားရုံးတစ်ခုရဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂ ပတ် ချမှတ်ခြင်းခံလာရပါတယ်။
အသက် ၂၁ နှစ်ရှိ ဘင်ဖီကာတောင်ပံကစားသမားဟာ ၂၇ စက္ကန့်ရှည်လျာတဲ့ ဗီဒီယိုဖိုင်အား Snapchat မှ လက်ခံရရှိပြီးနောက် သူငယ်ချင်း ၄ ဦးပါ Group Chat သို့ မျှဝေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတွင် သူဟာ ယင်းဗီဒီယိုဖိုင်ကို ဖျက်ခဲ့ပါတယ်။
ထိုစဉ်တုန်းက ရှဒါအပ်ဟာ အသက် ၁၉ နှစ်သာ ရှိသေးပြီး ဒိန်းမတ်စူပါလိဂ်ကလပ် နော်ဂျီလန်းတွင် ကစားနေပါတယ်။
သူဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ယခုအခါ ဆိုင်းငံ့ထောင်ဒဏ် နှစ်ပတ်ချမှတ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
သူဟာ ၁၂ လအတွင်းတွင် နောက်ထပ် ရာဇဝတ်မှုတစ်ခု ကျူးလွန်လာပါက ယင်း ထောင်ဒဏ် ၂ ပတ်ကိုလည်း ထပ်ပေါင်းကျခံရပါမယ်။
အစိုးရရှေ့နေက ရှာဒါအပ်ကို အနည်းဆုံး ရက် ၂၀ ထောင်ဒဏ်ချမှတ်ရာ တောင်းဆိုခဲ့တာပါ။
ရှာဒါအပ်ဟာ ငယ်စဉ်တုန်းက မှားယွင်းခဲ့တဲ့ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ယခင်တုန်းကလည်း လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။
နော်ဝေအတွက် ၈ ပွဲကစားထားရတဲ့ ရှာဒါအပ်ဟာ ကလပ်ရဲ့ ထောက်ပံ့အားပေးမှုလည်း အပြည့်အဝ ရရှိထားပါတယ်။

image

ဘာစီလိုနာသမိုင်းတွင် အချစ်ခံဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံလာရတဲ့ လီယွန်နယ်မက်ဆီ
====================

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာသမိုင်းတွင် အချစ်ခံဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံရပါတယ်။
အာဂျင်တီးနားစူပါစတားဟာ ပရိသတ်မဲအဆုံးအဖြတ်ဖြင့် ဘာစီလိုနာသမိုင်းတွင် အချစ်ခံရဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံလာရတာ ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာသမိုင်းတွင် အချစ်ခံရဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံရမှုအပေါ် အလွန် ဂုဏ်ယူနေပြီး တစ်နေ့တွင် ကလပ်သို့ ပြန်လာမယ်လို့လည်း ကတိပေးလာပါတယ်။
မကြာသေးမီတုန်းက နူးကမ့်ကွင်းသစ်သို့ လာရောက်လည်ပတ်ခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် ၇၇၈ ပွဲကစားခဲ့ရာမှာ ၆၇၂ ဂိုးသွင်းယူပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
Ballon d'Or ၈ ကြိမ်ရ မက်ဆီဟာ ဘာစီလိုနာနှင့်အတူ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားများစွာ ရရှိခဲ့ကာ ကလပ်သမိုင်းတွင် အအောင်မြင်ဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။
ယခု မက်ဆီဟာ ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ ဂျိုဟန်ခရိုက်ဖ်၊ ရော်နယ်ဒင်ဟို၊ ဇာဗီး၊ အင်နီယေစတာတို့ကို ကျော်ဖြတ်ကာ အချစ်ခံရဆုံးကစားသမားဆုကို ဆွတ်ခူးလာပါတယ်။
မက်ဆီက "ဒီဆုရဲ့ ကိုယ်စားပြုပုံနဲ့ ရွေးချယ်တဲ့ပုံစံကြောင့် တကယ့်ကို စပါယ်ရှယ်ဆုတစ်ဆု ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ အကြာကြီး ဖြတ်သန်းခဲ့ကြတယ်။ ကောင်းတွေ ရှိသလို မကောင်းတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်ဘဝကမှ အပြီးပြည့်စုံဖြစ်လာမှာ မဟုတ်လို့ ဒါက သာမန်ပါ။ ဒါက ကျွန်တော့်အိမ်၊ ကျွန်တော့်နေရာ၊ ကျွန်တော့်လူတွေပါ"လို့ SPORT သို့ ပြောကြားသွားပါတယ်။

image