ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလွှာများလျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။
ပြည်တွင်းဆီစက်များအဆင့်မြှင့်တင်နိုင်ရန်နှင့် လိုအပ်သောစက်ပစ္စည်းများဖြည့်ဆည်းနိုင်ရန် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများထုတ်ချေးပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေအဆိုပြုလွှာများကို နေပြည်တော်/တိုင်း/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅ ၊ ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

image

MSME ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်ဖြစ်၍ ချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ချေးငွေအဆိုပြုလွှာပေးပို့နိုင်ခြင်းကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစေ့ဆီထုတ်စက်များ၊ ချည်မျှင်ထုတ်လုပ်မည့်စက်များတည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်နိုင်ရန်တို့အတွက် ချေးငွေများလျှောက်ထားနိုင်ကာ ချေးငွေအဆိုပြုလွှာများကို နေပြည်တော်/တိုင်း/ပြည်နယ် MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅၊ ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

image

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာ(၆)ရွာရှိ
နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်သုံးဆိုလာ(၇၁၅)စုံ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၆)ရွာမှာ လျှပ်စစ်မီးမရရှိသေးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် အိမ်သုံးဆိုလာ (၇၁၅)စုံကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးဖုန်းမြတ်က ဒေသခံများအမှန်တကယ် လိုအပ်သည့် အိမ်သုံးဆိုလာမီးများတပ်ဆင်ပေးရခြင်းမှာ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်သုံးဆိုလာ (၇၁၅)စုံကို သက်ဆိုင်ရာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ပြီး လွိုင်လင်ခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးလုပ် ငန်းဆောင်ရွက်နေမှု၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့ လမ်းမကြီး၌ ပေ(၂၀)ကွန်ကရစ်တံတားတည်ဆောက်နေမှုနှင့် လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

image

ဝုဗ်အလယ်တန်းကစားသမားဂျိုအာဂိုမက်စ်ကို ပေါင် ၃၈ သန်းဖြင့် ခေါ်ယူရန် ဗီလာ သဘောတူညီမှု ရရှိလာ
=====================

ဝုဗ်အလယ်တန်းကစားသမားဂျိုအာဖီးလစ်ဟာ အက်စတွန်ဗီလာသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းဖြင့် ပြောင်းရွှေ့လာပါတော့မယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပေါ်တူဂီတွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ ဝုဗ်အသင်းမှ နုတ်ထွက်လာခဲ့ပြီး ကြာသပတေးနေ့တွင် ဆေးစစ်ဆေးမှုခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။
ဗီလာဟာ ဂိုမက်စ်အတွက် ဝုဗ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းအပြင် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၄ သန်းထပ်မံပေးရပါမယ်။
ဗီလာဟာ ယခုနွေတွင် ယူရီတီလီမန်းစ်ကို ယူနိုက်တက်ထံသို့ ပေါင် ၃၅ သန်းဖြင့် ရောင်းချထားသလို အေမာဒူအိုနာနာမှာလည်း ကမ္ဘာ့ဖလားတွင် ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည်ဖြစ်ရာ အလယ်တန်းကို အားဖြည့်ရန် လိုအပ်နေပါတယ်။
၎င်းတို့ဟာ ဖရိုင်းဘတ်မှ ဆွစ်ဇာလန်အလယ်တန်းကစားသမားဂျိုဟန်မန်ဇမ်ဘီကိုလည်း ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် နီးစပ်ထားပြီး ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေတုန်းက ဂိုမက်စ်ကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ အပြောင်းအရွှေအပြီးမသတ်နိုင်ခဲ့ပါဘူး။
ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝုဗ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၁ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။?
သူဟာ ၂၀၂၃ ခုနှစ်တွင် ဖလာမင်ဂိုမှ ပြောင်းလာပြီးနောက် ဝုဗ်အတွက် ပွဲ ၁၃၀ ကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။

image

ပေါင်သန်း ၁၀၀ အထိ ရန်ပုံငွေ ရရှိရေး ရှာကီရာရဲ့ ကမ္ဘာ့ဖလားဝတ်စုံ၊ လက်မှတ်ထိုးထားတဲ့ မက်ဆီရဲ့ဂျာစီအပါအဝင် အမှတ်တရပစ္စည်းများကို လေလံတင်ရောင်းချမည်
=====================

ကမ္ဘာ့ဖလားပရိသတ်များဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီး ဖျော်ဖြေပွဲအတွင်းတွင် လီယွန်နယ်မက်ဆီအမှတ်တရ လက်မှတ်ထိုးထားတဲ့ အာဂျင်တီးနားအင်္ကျီ၊ ရှာကီရာဝတ်ဆင်ထားတဲ့ ဝတ်စုံတို့အား ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေး ရရှိနေပြီ ဖြစ်ပါတယ်။
စပိန်က ပြင်သစ်ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ထားသလို အာဂျင်တီးနားကလည်း အင်္ဂလန်ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ထားပါတယ်။
စပိန်နှင့် အာဂျင်တီးနားတို့ဟာ လာမဲ့ တနင်္ဂနွေနေ့တွင် နယူးဂျာစီမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားကြပါမယ်။
ယင်းကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်းတွင် ကမ္ဘာ့ဖလားအမာခံပရိသတ်များအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ အမှတ်တရပစ္စည်းများကို ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေး ရရှိနေကြပါတယ်။
Christie’s နှင့် Global Citizen တို့ ပူးပေါင်းပြီး Fifa Global Citizen Education Fund အတွက် ရန်ပုံငွေ ပေါင်သန်း ၁၀၀ အထိ ရရှိရေး အထူးစပါယ်ရှယ်လေလံပွဲ ပြုလုပ်လာပါမယ်။
ယင်းလေလံပွဲတွင် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက် ဘက်ပေးနှင့် ဦးဆောင်နေတဲ့ လီယွန်နယ်မက်ဆီ လက်မှတ်ရေးထိုးထားတဲ့ အာဂျင်တီးနားအင်္ကျီကိုလည်း လေလံတင် ရောင်းချလာပါမယ်။
ယင်းလေလံပွဲကို ဇူလိုင်လ ၂၂ ရက်နေ့တွင် Live လွှင့် ပြုလုပ်လာမှာ ဖြစ်ပြီး ငွေအမြင့်ဆုံးပေးနိုင်တဲ့သူက ပိုင်ဆိုင်လာပါမယ်။
ဒါ့အပြင် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရတဲ့ အမေရိကန်တစ်သင်းလုံး အမှတ်တရလက်မှတ်ထိုးထားတဲ့ အင်္ကျီကိုလည်း လေလံတင် ရောင်းချလာပါမယ်။
အထူးစိတ်ဝင်စားဖို့ကောင်းတာကတော့ ၂၀၂၆ ကမ္ဘာ့ဖလားသီချင်း Dai Dai သီချင်းဗီဒီယိုတွင် ကိုလံဘီယာပေါ့ပ်စူပါစတားရှာကီရာဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကိုလည်း လေလံတင် ရောင်းချလာပါမယ်။
Christie’s ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီး မက်ဒေါနား၊ BTS ၊ ဂျပ်စတင်ဘီဘာတို့ရဲ့ရှေ့မှောက်တွင် လေလံတင် ရောင်းချမယ့် ပစ္စည်းများကို ကြေညာလာပါမယ်။
ရှာကီရာဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲပထမပိုင်းအပြီးတင်လည်း ဖျော်ဖြေလာမှာ ဖြစ်ပြီး လေလံတင်လာမဲ့ ဝတ်စုံကိုပင် ဝတ်ဆင်ဖျော်ဖြေလာမယ်လို့ ယုံကြည်ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုခဲ့တဲ့ ဘောလုံးများကိုလည်း လေလံတင်လာပါမယ်။
ဖီဖာဟာ ယင်းလေလံပွဲမှာ ပေါင်သန်း ၁၀၀ အထိ ရရှိလာဖို့ မျှော်မှန်းထားပြီး ယင်းမှ အကျိုးအမြတ်များကို တစ်ကမ္ဘာ့လုံးမှာ ကလေးငယ်များရဲ့ ဘောလုံးနှင့် ပညာရေးမြှင့်တင်ရေးတို့အတွက် လှူဒါန်းမှု ပြုလုပ်သွားပါမယ်။

image

ပရီးမီးယားလိဂ်တွင်သာ ဆက်ကစားမည်ဆိုပါက အသင်းဟောင်းကို ပထမဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ မိုဟာမက်ဆာလက်
=======================

မိုဟာမက်ဆာလက်ဟာ လီဗာပူးမှ ထွက်ခွာလာပြီးနောက် ပရီးမီးယားလိဂ်တွင်သာ ဆက်ကစာမည်ဆိုပါက အသင်းဟောင်းချဲလ်ဆီးသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
လီဗာပူးဂန္ထဝင်မိုဟာမက်ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ လီဗာပူးနှင့် တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းကာ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
ဆာလက်ဟာ ဆော်ဒီသို့ ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်နေပေမဲ့လည်း အနာဂတ်အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိနေပါတယ်။
တူရကီထိပ်သီးကလပ်များဖြစ်ကြတဲ့ ဖီနာဘာချီနှင့် ဂါလာတာစာရေးတို့ကလည်း ဆာလက်အား ခေါ်ယူရေး စိတ်ဝင်စားနေကြပါသေးတယ်။
ဒါပေမဲ့ ဆာလက်ဟာ မည်သည့်နိုင်ငံသို့မှ မသွားဘဲ အင်္ဂလန်တွင်ပင် ဆက်နေရန် ရွေးချယ်လာပါက အသင်းဟောင်းချဲလ်ဆီးသို့ ပြောင်းရန်သာ စီစဉ်ထားကြောင်း သိရပါတယ်။
ဆာလက်ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ချဲလ်ဆီးတွင် ကစားခဲ့ပေမဲ့ ပြိုင်ပွဲအရပ်ရပ်တွင် ၁၉ ပွဲတည်းသာ ကစားခွင့်ရခဲ့ကာ ဖီအိုရင်တီးနား၊ ရိုးမားသို့ အငှားဖြင့် ပြောင်းရွှေ့ကစားပြီးနောက် အောင်မြင်မှု ရယူလာခဲ့သူ ဖြစ်ပါတယ်။
အီဂျစ်စူပါစတားဟာ ၂၀၁၇ ခုနှစ်တွင် လီဗာပူးသို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

ဘီဆစ်တပ်စ်သို့ ပေါင် ၁၅.၃ သန်းဖြင့် အာဆင်နယ်တိုက်စစ်သမားထရိုဆတ် ပြောင်းရွှေ့လာ
====================

ဘယ်ဂျီယံတိုက်စစ်သမားလီယန်ဒရိုထရိုဆတ်ဟာ တူရကီကလပ် ဘီဆစ်တပ်စ်သို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာပါတယ်။
တူရကီထိပ်သီးကလပ်ဟာ အသက် ၃၁ နှစ်ရှိ တိုက်စစ်သမားအတွက် အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅.၃ သန်း(ယူရို ၁၈ သန်း)ပေးလာရမှာ ဖြစ်ပြီး ယင်းငွေများကို သုံးနှစ်အတွင်း ၆ ကြိမ်အရစ်ကျ ပေးချေရပါမယ်။
ဒါ့အပြင် ထရိုဆတ်ဟာ ဘီဆစ်တပ်စ်နှင့်စာချုပ်အတွင်းတွင် ၁၂ လ သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ သူဟာ ဘီဆစ်တပ်စ်တွင် အာဆင်နယ်တွင် ရရှိနေတဲ့ လုပ်ခအတိုင်း တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ပင် ဆက်လက် ရရှိလာပါမယ်။
ထရိုဆတ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘရိုက်တန်မှ ပေါင် ၂၁ သန်းဖြင့် ပြောင်းလာပြီးနောက် အာဆင်နယ်အတွက် ၁၇၄ ပွဲကစားပေးခဲ့ရာမှာ ၃၆ ဂိုးသွင်းကာ ၃၄ ကြိမ် ဖန်တီးပေးပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ ပီအက်စ်ဂျီကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်တွင် ၂၁ ပွဲကစားပေးခဲ့ပါတယ်။
သူဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ရောက် ဘယ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားပွဲ ၆ ပွဲလုံး ပွဲထွက်ကစားခဲ့ပါတယ်။

image

ဖော့ကလန်နဖူးစည်းဖြင့် အောင်ပွဲခံမှုကြောင့် အာဂျင်တီးနား အရေးယူခြင်းခံရမည်
====================

အာဂျင်တီးနားဟာ အင်္ဂလန်ကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အနိုင်ရရှိပြီးနောက် ဖော့ကလန်ကျွန်းမှာ ၎င်းတို့အပိုင်ဖြစ်ကြောင်းကို ထောက်ခံတဲ့ စာသားပါ နဖူးစည်းအား ကိုင်ဆောင်အောင်ပွဲခံမှုအတွက် ဖီဖာရဲ့ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။
လက်ရှိ ချန်ပီယံဟာ အန်တိုနီဂေါ်ဒွန်ရဲ့ ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမဲ့လည်း အန်ဇိုဖာနန်ဒက်ဇ်နှင့် လူသာရိုမာတီနက်ဇ်တို့ရဲ့ ဂိုးတွေကြောင့် အင်္ဂလန်ကို ၂-၁ ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ၂ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။
လက်ရှိ ချန်ပီယံအာဂျင်တီးနားဟာ တနင်္ဂနွေနေ့မှာ ယူရိုချန်ပီယံ စပိန်အသင်းနှင့် ဗိုလ်လုပွဲ ရင်ဆိုင်ကစားရပါမယ်။
အတ္တလန္တတစ်သမုဒ္ဒရာအနောက်တောင်ပိုင်းရှိ ဖော့ကလန်ကျွန်းမှာ ဗြိတိသျှပိုင် ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားက ၎င်းတို့အပိုင်ဖြစ်ကြောင်း ယခုတိုင် အငြင်းပွားနေတုန်း ဖြစ်ပါတယ်။
အာဂျင်တီးနားနှင့် အင်္ဂလန်တို့ဟာ ၁၉၈၂ ခုနှစ်တုန်းက ဧပြီလမှ ဇွန်လအထိ ၇၄ ရက်တိုင်တိုင် ဖော့ကလန်ကျွန်းတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
၇၄ ရက်ကြာ ဖော့ကလန်တိုက်ပွဲကြောင့် အာဂျင်တီးနားစစ်သား ၆၅၅ ဦး၊ ဗြိတိသျှ စစ်သား ၂၅၅ ဦး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ဖီဖာဟာ ဆလိုဗေးနီးယားနှင့် ခြေစမ်းပွဲမတိုင်မီ အာဂျင်တီးနားကစားသမားများ ဖော့ကလန်နဖူးစည်းကိုင်ဆောင်မှုအတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။
အာဂျင်တီးနားကစားသမားများဟာ အီဂျစ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင်လည်း ဖော့ကလန်ကျွန်း၊ ဒီယေဂိုမာရာဒိုနာ၊ လီယွန်နယ်မက်ဆီတို့ကို ရည်ညွန်းတဲ့ သီချင်းများ သီဆိုခဲ့ကြပါသေးတယ်။

image

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရှုံးပွဲ ကြုံတွေ့ခဲ့ပေမဲ့ သောမတ်စ်တူချယ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ထောက်ခံမှု အပြည့်အဝပေးနေဆဲ
==================

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ရှုံးပွဲ ကြုံတွေ့ခဲ့ရပေမဲ့လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိနေဆဲ ဖြစ်ပြီး ယူရို ၂၀၂၈ ပြိုင်ပွဲအထိ အသင်းကို ဦးဆောင်လာဖို့ ရှိပါတယ်။
အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အာဂျင်တီးနားကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရေး အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
သောမတ်စ်တူချယ်ဟာ အာဂျင်တီးနားအား ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် လူစားလဲလှယ်မှုများ ပြုလုပ်မှုအတွက် အပြင်းအထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ အက်ဖ်အေအမှုဆောင်ချုပ်မတ်ဘူလ်လင်ဂမ်က တူချယ်အား အပြည့်အဝ ထောက်ခံအားပေးနေဆဲ ဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၁၈ လစာချုပ်ဖြင့် ကမ္ဘာ့ဖလားအပြီးအထိ ကိုင်တွယ်ရန် ခန့်အပ်ခြင်းခံခဲ့ရပေမဲ့ ဖေဖော်ဝါရီလတုန်းကမှ ၂ နှစ်သက်တမ်းတိုး ချုပ်ဆိုခဲ့တာပါ။
ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်က ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်တို့နှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး အက်ဖ်အေဘက်က တူချယ်ကို ယူရိုဖလား ရယူနိုင်အောင် ဦးဆောင်နိုင်မဲ့သူအဖြစ် ယုံကြည်နေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ စနေနေ့တွင် ကြေးတံဆိပ်ဆုအတွက် ပြင်သစ်နှင့် ရင်ဆိုင်ရပါမယ်။ တကယ်လို့များ အင်္ဂလန်တို့ အနိုင်ရရှိလာပါက ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အကောင်းဆုံးကမ္ဘာ့ဖလားစွမ်းဆောင်နိုင်မှု ပိုင်ဆိုင်လာပါမယ်။
တဖက်တွင် အင်္ဂလန်ဘွတ်ကီဒိင်များက အင်္ဂလန်နည်းပြသစ်အဖြစ်လာမဲ့သူအဖြစ် မန်စီးတီးနည်းပြဟောင်းပက်ဂွါဒီယိုလာအား ရေပန်းအစားဆုံးအဖြစ် တစ်ပေးနေကြပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့ ရာသီအကုန်တွင် အီတီဟတ်မှ ထွက်ခွာလာခဲ့ပါတယ်။

image

အာဂျင်တီးနားရှုံးပွဲက အင်္ဂလန်ကို ကာလရှည်ကြာ နာကျင်နေစေလိမ့်မယ်လို့ ဘန်း ဖွင့်ဟလာ
====================

အင်္ဂလန်အသင်းဟာ ၈ နှစ်အတွင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ၂ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပေမဲ့ ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားကို ရှုံးနိမ့်ခဲ့သလို အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲခဲ့ပြန်ပါပြီ။
အင်္ဂလန်ဟာ မနေ့ညကပွဲမှာ မော်ဂန်ရိုဂျာရဲ့ ဖြတ်တင်ဘောကနေ အန်တိုနီဂေါ်ဒွန်ရဲ့ အနီးကပ် ပိတ်သွင်းတဲ့ ဂိုးဖြင့် ၅၅ မိနစ်မှာ ဦးဆောင်ဂိုး ရရှိပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်နိုင်ရေး အကောင်းဆုံးအခွင့်အရေး ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အန်ဇိုဖာနန်ဒက်ဇ်နှင့် လူသာရိုမာတီနက်ဇ်တို့ရဲ့ နောက်ကျဂိုးတွေကြောင့် အာဂျင်တီးနားကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အင်္ဂလန်ဟာ ၁၉၆၆ ကမ္ယာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ မတက်နိုင်သေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက် ရင်ဝယ်ပိုက်လာခဲ့ရပါတယ်။
အင်္ဂလန်အတွက် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားခဲ့တဲ့ နောက်ခံလူဒန်ဘန်းက "ခါးသီးစွာ ခံစားရတယ်။ လုံးဝ ခါးသီးပါတယ်။ ကျွန်တော်တို့ ပွဲအစီအစဉ်အတိုင်း အကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်။ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။ နောက်တော့ ကျွန်တော်တို့ အရမ်း ငြိမ်ခံနေခဲ့တယ်။ ဖြတ်တင်ဘောတွေ အများကြီးလုပ်ခွင့်ပေးခဲ့သလို အခွင့်အရေးတွေလည်း ပေးခဲ့တယ်။ အရည်အသွေးရှိတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ချိန်မှာ ဒါတွေ ခွင့်ပြုလာရင် ကျရှုံးရပါမယ်။ ဒါက ကျွန်တော့်ကို ကာလရှည်ကြာ နာကျင်နေစေပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
အာဂျင်တီးနားကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ စနေနေ့မှာ တတိယနေရာလုပွဲအဖြစ် ပြင်သစ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဆက်လက်ပြီး ဘန်းက "ကျွန်တော်တို့ ဒီကမ္ဘာ့ဖလားမှာ လုပ်ပြနိုင်ခဲ့တာတွေအတွက် ဂုဏ်ယူနေတုန်းပါ။ ဘယ်သူမှ ကျွန်တော်တို့ကို အခွင့်အရေးကောင်း မပေးခဲ့ကြပါဘူး။ ကျွန်တော်တို့ ကောင်းတာတွေ အများကြီး လုပ်နိုင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့လည်း ထင်ခဲ့ကြတယ်"လို့‌ ပြောကြားသွားပါတယ်၊။
အင်္ဂလန်ဟာ ကမ္ဘာဖ့လားနောက်ဆုံး ၃ ကြိမ်တွင် ဆီမီးဖိုင်နယ်မှာ ၂ ကြိမ် ရှံးနိမ့်ခဲ့သလို ယူရိုဗိုလ်လုပွဲတွင်လည်း ၂ ကြိမ်ဆက် ရှုံးနိမ့်ကာ ဆုဖလားနှင့် ဝေးကွာနေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း "ပြောစရာ အများကြီး မရှိဘူး။ လူတိုင်း နာကျင်နေကြတယ်။ ကျွန်တော်တို့ အရမ်းနီးကပ်ခဲ့တယ်။ ၁၀ မိနစ်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ လက်လွှတ်လိုက်ရတော့ ကောင်လေးတွေ အားလုံး စိတ်ပျက်နေကြမှာ သေချာပါတယ်။ မိနစ် ၆၀ အထိ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ထိုက်တန်စွာ ဦးဆောင်နိုင်ခဲ့တယ်။ နောက်တော့ ဘောလုံးကို မထိန်းထားနိုင်ခဲ့တယ်။ ဘောလုံးကို ဖိအားပေးဖို့ ရုန်းကန်ခဲ့ရတယ်။ အခွင့်အရေးတွေ ဖန်တီးခွင့်ပေးခဲ့တယ်။ တတိယဇုန်မှာ အခွင့်အရေးပေးခဲ့တယ်။ ဒီအခြေအနေထက် ပိုကောင်းအောင် လုပ်ရမလဲဆိုတာ အဖြေရှာသွားမယ်။ ဒါက နောက်ဆုံး ပြိုင်ပွဲ ၄ ၅ ခုမှာ လိုအပ်နေခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ကမ္ယာ့ဖလားပြိုင်ပွဲတွင် ၆ ဂိုးသွင်းယူထားပြီး လီယွန်နယ်မက်ဆီ၊ ကိုင်လီယန်ဘက်ပေး(၈)နောက် ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေကာ ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ဆဲ ဖြစ်ပါတယ်။
ယခုလနှောင်းပိုင်းတွင် အသက် ၃၃ နှစ်ပြည့်မဲ့ ဟယ်ရီကိန်းက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ကစားနိုင်ခြင်း ရှိ/မရှိပြောကြားရန် ငြင်းဆိုသွားပါတယ်။
၎င်းက "ပြောဖို့ အရမ်းစောသေးတယ်။ တစ်နှစ်ပြီး တစ်နှစ် တွေးသွားရမယ်။ ဒီလက်ရွေးစင်အသင်းက ကျွန်တော့်ဂုဏ်ယူစရာပါ။ ပျော်စရာပါ။ ကျွန်တော် အလုပ်ချင်ဆုံးအရာပါ။ နောက်ထပ် လေးနှစ်တောင် လိုသေးတယ်။ ဒီနွေမှာ ၃၃ နှစ်ပြည့်မယ်။ ဒါပေမဲ့ မက်ဆီဆို ထိပ်တန်းအဆင့်မှာ (အသက် ၃၉ နှစ်ဖြင့်) အကောင်းဆုံးကစားပြနိုင်တုန်းပဲ။ အခုလောလောဆယ်တော့ ခက်ခဲတဲ့ ရှုံးပွဲကြုံခဲ့ရတော့ ဒါကို စဉ်းစားနေတုန်းပါ"လို့ ပြောကြားသွားပါတယ်။

image