ရန်ကုန်စီးတီးအသင်း (၄) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးလ်နောက်ခံလူကို ခေါ်ယူ

ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် (၄) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးလ်နောက်ခံလူ ဂီမာအယ်ကန်တာရာကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူထားကြောင်း သိရပါတယ်။
အသက် (၃၅) နှစ်ရှိ ဝါရင့်ဘရာဇီးလ်ကစားသမား ဂီမာဟာ ဗဟိုခံစစ်မှူးနေရာတွင်သာမက ကွင်းလယ်ခံစစ်နေရာမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။
နောက်ခံလူ ဂီမာဟာ ဘရာဇီးလ်ကလပ်အသင်းများမှာသာ ကစားဖူးပြီး အာရှဒေသတွင်း ပထမဆုံးအနေနဲ့ ရန်ကုန်စီးတီးအသင်းမှာ လာရောက်ကစားတာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် ပြည်ပကစားသမားများအဖြစ် ဘရာဇီးလ်နောက်ခံလူနှစ်ဦးဖြစ်တဲ့ ပီဒရိုနဲ့ ဂီမာ၊ ဂျပန်ကွင်းလယ်လူ ရုဂျီ၊ ဆီနီဂေါတိုက်စစ်မှူး ကာရင်မ်တို့ကို ခေါ်ယူထားကြောင်း သိရပါတယ်။
ဒါ့အပြင် ရန်ကုန်စီးတီးအသင်းဟာ မြန်မာ့လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ မြတ်ကောင်းခန့်၊ ဘုန်းသစ္စာမင်း၊ ဇွဲခန့်မင်း၊ ခွန်ကျော်ဇင်ဟိန်း၊ ရန်နိုင်ဦး အစရှိသူတို့ကို ခေါ်ယူထားသလို ယူ- ၂၂ လက်ရွေးစင်ကစားသမားတွေကိုလည်း ခေါ်ယူဖြည့်တင်းထားကြောင်း သိရပါတယ်။

image