`ကိုယ့်ကိုကိုယ်နိမ့်ချပြီးဆက်ဆံတာက
မင်္ဂလာတစ်ပါးလို့ ခံယူတဲ့ အကျင့်နှင့်
လူတိုင်းအပေါ် စိတ်ကောင်းထားတဲ့
အကျင့်ဟာ ကောင်းမွန်ပေမဲ့ …..
ဒါကို သူတို့ဆက်ဆံလို့ရတဲ့ ပုံစံလို့
မှတ်ယူလာတာကတော့ တကယ့်
ပြဿနာပဲ
လေးစားရကောင်းမှန်းမသိ တန်ဖိုး
မထားပဲ မထီမဲ့မြင် အပြုမူတွေကို
သည်းမခံနိုင်တဲ့အချိန်
ကိုယ့်ဘက်က တုန့်ပြန်တော့မှ
အမြဲတမ်းကောင်းခဲ့တဲ့အရာတွေက
အငွေ့ပျံသွားပြီး ကိုယ့်အပြစ်လို
ထင်ကြတော့တာပဲ ။
ဒါကြောင့် ကိုယ်က ဘယ်လောက်ပဲ
လူကောင်းဖြစ်ပါစေ ကိုယ့်ကိုကိုယ်
နိမ့်ချပြီး ဆက်ဆံတတ်ပါစေ …
ဘယ်သူမှ ကျော်ခွလို့ မရတဲ့
ကိုယ့် boundaries ကတော့
ကိုယ်တိုင် သတ်မှတ်ထားမှရပါမယ် ။
ဘယ်ဆက်ဆံရေးမှာမဆို ကိုယ်ပေးနိုင်
တာထက်ပိုပြီး တောင်းဆိုမှုတွေ
လုပ်လာရင် ငြင်းတတ်ဖို့ အမြဲတမ်း
သဘောကောင်းသူကြီး လုပ်မနေဖို့
သတိထားရမယ် ။
အပြန်လှန်မရှိပဲ
တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့
ဆက်ဆံရေးတွေက
ကိုယ့် role ကိုယ် ချနေသလိုပဲ ။
သဘောကောင်းလို့ ရတယ် …
အပေါစား ဖြစ်လို့မရဘူး ။
ကိုယ်ကြိုးစားထားတဲ့ နေရာ
ကိုယ်တည်ဆောက်ထားတဲ့ သိက္ခာတို့နဲ့
တူညီတဲ့ တန်တဲ့ အတိုင်းတာ ၊
ဩဇာမျိုးကတော့ ကိုယ်တိုင်အပြည့်ဝ
လွှမ်းမိုးထားသင့်တယ် ။
ဒါဟာ အတ္တလည်း မဟုတ်ဘူး ၊
မာနလည်း မဟုတ်ဘူး မိမိကိုယ်ကို
လေးစားမှုရှိတာပဲ ဖြစ်တယ် ။
ကိုယ့်အပေါ်ဆို သည်းခံသူ ၊ သူ့ကိုယ်သူ
နိမ့်ချပြီး နေထိုင်သူကိုလည်း ….
ဒါဟာ ကိုယ်ဆက်ဆံလို့ရတဲ့ ပုံစံလို့
မသတ်မှတ်လိုက်နဲ့ ။
ကိုယ့်မို့လို့ သည်းခံတာ ၊ ကိုယ့်မို့လို့
သဘောကောင်းပေးတာဖြစ်တယ် … ။
ဒါဟာ တချို့လူတွေအတွက် သူ့ဆီက
ဘယ်တောမှ မရနိုင်မဲ့ အရာလည်း
ဖြစ်နိုင်သလို ….
သူဟာ သူ့နေရာ သူ့နယ်ပယ်မှာ
သူများတွေ မော်မကြည်ရဲလောက်အောင်
ကြောက်ရသူလည်း ဖြစ်နိုင်တယ် ။
ကိုယ့်ကို ဆက်ဆံတဲ့ သူ့ပုံစံဟာ …
ကိုယ့်အပေါ်ထားတဲ့
သူ့ရဲ့ မေတ္တာအတိုင်းတာနဲ့ပဲ ဆိုင်တယ် ။
လူတိုင်းက စျေးမပေါ ပါဘူး ။
အလကားရတဲ့ မေတ္တာကလည်း
လက်ခံသူ အသုံးမကျရင် ကုန်ခမ်း
တတ်ပါတယ် …. ။


