ဘရာဇီးဖိုက်တာ ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးမယ်လို့ ဂျိုရှုအာဗန် ဆို

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးသတ်သွားမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲဖြစ်တဲ့ UFC-331 ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ် (၁၄) ရက်က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်က"ကျွန်တော်က ပွဲတွေ ခပ်စိပ်စိပ် ထိုးချင်တယ်။ ဒါကို အရင်ကလည်း ပြောဖူးပါတယ်။ ချန်ပီယံဖြစ်နေလည်း ပွဲတွေကိုတော့ ခပ်စိပ်စိပ်ပဲ ထိုးချင်တယ်။ နေ့တိုင်း မပျက်မကွက် လေ့ကျင့်နေတဲ့သူအတွက် ပွဲတွေ ခပ်စိပ်စိပ်ထိုးချင်တာက မထူးဆန်းပါဘူး။ သူ့ကို (ပန်တိုဂျာ) ပထမပွဲတုန်းကလည်း အမှောက်သိပ်ပြီးပြီ။ အခုလည်း ထပ်ပြီး အမှောက်သိပ်ဦးမှာ။ (၃) ချီအတွင်း အလဲထိုးမယ်။ ပထမပွဲတုန်းကလည်း (၃) ချီအတွင်း အလဲထိုးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပဲ"ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
UFC ပရိုမိုးရှင်းဟာ UFC-331 ပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀) အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Cryptocom Arena မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း ၁၃ ဆိုင်း ထည့်သွင်းထားပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို Main Event (အဓိကခေါင်ပွဲ) အဖြစ် ထည့်သွင်းထားကြောင်း သိရပါတယ်။
ယခုပွဲမှာ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်အတွက် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရယူပြီးနောက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် ဂျိုရှုအာဗန်က အလဲထိုးနဲ့ အနိုင်ရှိခဲ့ပြီး ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျိုရှုအာဗန်က စိန်ခေါ်သူဖြစ်ဖြစ်ပြီး ဘရာဇီးဖိုက်တာ ပန်တိုဂျာက ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးလိုက်မှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်မောင်းမှာ ဒဏ်ရာရရှိသွားခဲ့လို့ ဆက်မထိုးသတ်နိုင်သောကြောင့် ဂျိုရှုအာဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် UFC ပရိုမိုးရှင်းဟာ ဖလိုင်းဝိတ်တန်းချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပြန်ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ချန်ပီယံဟောင်း ပန်တိုဂျာဟာ ဂျိုရှုအာဗန်အား ရှုံးနိမ့်ပြီးနောက် ပွဲထိုးသတ်ရသေးခြင်း မရှိသေးပဲ လေ့ကျင့်မှုများသာ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဂျိုရှုအာဗန်ကတော့ ပန်တိုဂျာကို အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နောက်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဒိုင်ပွဲရပ် အနိုင်ရရှိခဲ့ပါတယ်။

image

ရတနာပုံက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနဲ့ ရှမ်းယူနိုက်တက်က ကျော်မင်းဦးကို ခေါ်ယူ

MNL ကလပ်အသင်းများဖြစ်တဲ့ ရတနာပုံအသင်းက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနဲ့ ရှမ်းယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် (၆) ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် (၂၅) နှစ်ရှိ အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဖာရေဇီဟာ ဗဟိုခံစစ်နေရာတွင်သာမက ညာနောက်ခံနေရာနဲ့ ကွင်းလယ်ခံစစ်နေရာများမှာပါ ကစားနိုင်သူဖြစ်ပါတယ်။ ဖာရေဇီဟာ ရတနာပုံအသင်းမတိုင်ခင် အီတလီစီးရီး- D ကလပ် အေအက်စ်ဆာဆေးအသင်းမှာ နောက်ဆုံးကစားထားပါတယ်။ ဖာရေဇီဟာ ဘရာဇီး၊ ဂျာမနီ၊ ပေါ်တူဂီ၊ သြစကြီးယား၊ အီတလီကလပ်အသင်းများစွာတွင် ကစားခဲ့သူဖြစ်ပြီး ပထမဆုံး အာရှကလပ်အသင်းအနေနဲ့ ရတနာပုံအသင်းထံမှာ လာရောက်ကစားခြင်းဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ဘရာဇီးကစားသမား နှစ်ဦး၊ ဂီနီ၊ ဂါနာ၊ ဂျပန်၊ အီတလီကစားသမား တစ်ဦးစီ ခေါ်ယူထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တတက်အသင်းအနေနဲ့ ကျော်မင်းဦးမတိုင်ခင် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လွင်မိုးအောင်ကိုလည်း ခေါ်ယူထားပါတယ်။

image

ရိုဒရီအတွက် မန်စီးတီးနဲ့ ဘာစီလိုနာ ယူရို(၇၆.၅)သန်းနဲ့ သဘောတူညီမှုရရှိ

စပိန်ကွင်းလယ်ကစားသမား ရိုဒရီအတွက် မန်စီးတီးနဲ့ ဘာစီလိုနာတို့ ပြောင်းရွှေ့ကြေး ယူရို(၇၆.၅)သန်းနဲ့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
နှစ်ဖက်အသင်းက ရိုဒရီရဲ့အပြောင်းအရွှေ့ကို အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ရိုဒရီအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ Add-ons ကြေး ယူရို(၁၆.၅)သန်း ပေးချေရမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဘာစီလိုနာအသင်းက ရိုဒရီ(၃၀ နှစ်)ကို (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက သဘောတူညီမှုရရှိထားခဲ့ပေမဲ့ ဘာစီလိုနာအသင်းကို (၃)ကြိမ်အထိ ကမ်းလှမ်းပြီးမှ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းက ယိုအန်ဂမ်ပါဖလားပွဲ ယှဉ်ပြိုင်ကစားမယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် ရိုဒရီကို အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

image

ရာသီသစ်အတွက် အသင့်ဖြစ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်နည်းပြ အာတေတာက ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ရာသီသစ်အတွက် အသင့်ဖြစ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အာဆင်နယ်က မန်စီးတီးကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂိုးအပြတ်ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၄ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း အာဆင်နယ်က မန်စီးတီးကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အသင်းက ကွန်မြူနတီဒိုင်းကို (၂၅)ကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ရာမှာ (၁၈)ကြိမ်မြောက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်ဖို့ ဆန္ဒရှိနေပြီး ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ စံနှုန်းအဆင့်အတန်းနဲ့ အသင့်ဖြစ်နေကြောင်းကို ပြသနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ဆက်တိုက်ရယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ရယူနိုင်ချင်ပါတယ်။ ဒီအတွက် ထူးခြားတဲ့တောင်းဆိုမှုတွေ ရှိတာကို သိပါတယ်။ ထိပ်သီးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ အပေါင်းလက္ခဏာဆောင်တဲ့အရာများစွာကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်၊ ရလဒ်နဲ့ ပထမဆုံးဆုဖလားအတွက် ကျွန်တော်တကယ် ပျော်ရွှင်ပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၂၁)မှာ စတင်မှာဖြစ်ပြီး လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့ တန်းတက် ကိုဗင်ထရီအသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image

ဒီညနေ ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းပွဲကို MRTV-4 က ပြသမယ်

AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဒီညနေ ယှဥ်ပြိုင်ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းနဲ့ စင်ကာပူကလပ် ဂျရောင်းအသင်းတို့ပွဲကို MRTV-4 ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီပွဲကို ဒီညနေ (၄) နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲတွင် အုပ်စု (F) ၌ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေ ၊ စင်ကာပူကလပ် ဂျရောင်း၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းတို့နဲ့ အတူ ကျရောက်နေလျက်ရှိပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအုပ်စုပွဲများကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းဟာ ဝင်းသိင်္ဂီထွန်း၊ ဇင်မိုးပြည့်၊ မေသက်မွန်မြင့် အပါအဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးကစားသမား (၆) ဦးကို အငှားနဲ့ခေါ်ယူထားကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲ အတွက် ကစားသမားဖြည့်တင်းမှုတွေကို အင်နဲ့အားနဲ့ ဖြည့်တင်းထားပါတယ်။
ယခုအခါ ဧရာဝတီအမျိုးသမီးအသင်းဟာ ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်၊ သစ္စာအားမာန်အသင်း နောက်ခံလူ မေသက်မွန်မြင့် ISPE အသင်းက လင်းမြင့်မိုရ်၊ မိုးမမစိုး၊ ဇူးလန်နဒီတို့ (၆) ဦးကို အငှားနဲ့ ခေါ်ယူဖြည့်တင်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီအမျိုးသမီးအသင်းဟာ (၈) ဦးမြောက် ပြည်ပကစားသမားအဖြစ် အမေရိကန်နိုင်ငံသူ မက်ကန်နာဒေးဗစ်ဆင်ကို ခေါ်ယူထားပါတယ်။
အသက် (၃၁) နှစ်ရှိ အမေရိကန်သူ မက်ကန်နာဟာ တောင်ပံတိုက်စစ်နဲ့ ခံစစ်နေရာစုံမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။
မက်ကန်နာဟာ အမေရိကန် အပျော်တမ်းကလပ်အသင်းများအပြင် အယ်ဘေးနီးယား၊ လစ်သူယေး
နီးယား၊ အိုင်ယာလန်နဲ့ ဖိလစ်ပိုင်ကလပ်အသင်းများမှာ ကစားဖူးသူ​ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မက်ကန်နာဟာ UEFC Women's Champion League ပြိုင်ပွဲကိုလည်း ကစားဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးကိုလည်း ခေါ်ယူဖြည့်တင်းထားပါတယ်။

image

မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို ဂျူဗင်တပ်စ်အသင်း အဆုံးသတ်

ဂျူဗင်တပ်စ်အသင်းက အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက လမ်းခွဲမယ့်သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနွေရာသီမှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တာပါ။
ဒါကြောင့် အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီးကို ခေါ်ယူအစားထိုးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ဆူဇူကီးကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ မာတီနက်ဇ်(၃၃ နှစ်)အတွက် ယူရို(၁၀)သန်း တောင်းဆိုမှုကို ဂျူဗင်တပ်စ်အသင်းက ပေးချေလိုခြင်းမရှိတာကြောင့် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက စပါးအသင်းရဲ့ အီတလီဂိုးသမား ဗစ်ကာရီယိုကို အငှားနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၁၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၉၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၃၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၅၂ ကျပ်
ဝယ်ဈေး - ၃၃၅၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၉၅ ကျပ်
ဝယ်ဈေး - ၄၉၅၆ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၅၁ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၀ ကျပ်
ဝယ်ဈေး - ၁၀၅၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၅ ကျပ်
ဝယ်ဈေး - ၆၂၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၇၅ ကျပ်
ဝယ်ဈေး - ၂၇.၀၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၂၁ ကျပ်
ဝယ်ဈေး - ၄၅.၀၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၈ ကျပ်
ဝယ်ဈေး - ၅၇၈၆ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၂ ကျပ်
ဝယ်ဈေး - ၃၀၂၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၄၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၃ ကျပ်
ဝယ်ဈေး - ၁၁၅၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
Nathan shared a post  
5 w

6 w

ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က ဆိုပါတယ်။
​ADNOC ကုမ္ပဏီက "ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်နေတုန်း ကျွန်တော်တို့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ အခုဆိုရင် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ" လို့ ပြောပါတယ်။
​ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ပဲလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ ဒီလို ရန်လိုတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့နဲ့ ရေလက်ကြားကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။
​ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကလည်း ဟော်မုဇ်ရေလက်ကြားမှာပဲ ADNOC သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အဲ့ဒီတုန်းကလည်း ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ ပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းကဆိုရင် ဟော်မုဇ်ရေလက်ကြားထဲမှာ သူတို့ရဲ့ သင်္ဘော (၁၅) စင်းတိတိ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသားတစ်ယောက် သေဆုံးကာ နောက်ထပ် အယောက် (၂၀) ဒဏ်ရာရခဲ့တယ်လို့ ADNOC ကုမ္ပဏီက အရင်ကတည်းက ထုတ်ပြန်ထားဖူးပါတယ်။

image
5 w - Translate

ပါရီရောက် အမှတ်တရ

image