လေဆင်နှာမောင်းအထူးသတိပေးချက်ကြောင့် အင်္ဂလန်စတားများ အကာအကွယ်အောက်တွင် နေထိုင်ခဲ့ရ
===================

အင်္ဂလန်စတားများဟာ အရေးပေါ် လေဆင်နှာမောင်းသတိပေးချက်များကြောင့် အကာအကွယ်အောက်တွင် နေထိုင်ခဲ့ရပါတယ်။
အင်္ဂလန်စတားများဟာ စနေနေ့ နံနက်ပိုင်းတုန်းက အသင်းအခြေစိုက်မဲ့ ကန်ဆက်စ်စီးတီးရှိ Swope Soccer Village သို့ ရောက်ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ အင်္ဂလန်အသင်းသားတို့ဟာ ကန်ဆက်စ်စီးတီးသို့ ရောက်ရှိတဲ့ ညနေမှာတော့ အရေးပေါ် လေဆင်နှာမောင်းသတိပေးမှုများကြောင့် အရေးပေါ် မြေအောက်ခန်းသို့ ဝင်ရောက် နေထိုင်ခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ ကန်ဆက်စ်စီးတီးရှိ The Inn ကြယ်ငါးပွင့်ဟိုတယ်တွင် တည်းခိုနေကြတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ စနေနေ့တုန်းက ကန်ဆက်စ်သို့ ရောက်လာချိန်တွင် ရာသီဥတုကောင်းမွန်နေမှုနှင့်အတူ အပေါ့စားလေ့ကျင့်ခန်းဆင်းမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ညနေပိုင်းမှာတော့ ရာသီဥတုဆိုးရွားလာပြီး မိုးကြိုးများ ပစ်ခတ်ကာ အားလုံး အကာအကွယ်အောက်သို့ ဝင်ရောက်ကြရန် ဥဩဆွဲ သတိပေးမှုနှင့် ကြုံခဲ့ရတာပါ။
အင်္ဂလန်အသင်းရဲ့ လုံခြုံရေးအဖွဲ့ကလည်း ဟိုတယ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကိုလည်း လိုအပ်တဲ့ အကြံဉာဏ်များ ပေးထားကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းဟာ လွန်ခဲ့တဲ့ လေးရက်တုန်းက ကော့စတာရီကာနှင့် ခြေစမ်းပွဲကိုလည်း မိုးကြိုးပစ်ခတ်မှုများကြောင့် တစ်နာရီရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။

image

အခိုးခံရတဲ့ အင်္ဂလန်အသင်း လေ့ကျင့်ရေးပစ္စည်းများ ပြန်လည် တွေ့ရှိလာ
====================

အင်္ဂလန်အသင်းဟာ စနေနေ့တုန်းက ကန်ဆက်စ်စီးတီးသို့ ရောက်လာချိန်တွင် အခိုးခံခဲ့ရတဲ့ လေ့ကျင့်ရေးပစ္စည်းအများစုကို ပြန်လည် တွေ့ရှိလာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လေ့ကျင့်ရေးကွင်းသုံးပစ္စည်းများကို ကန်ဆက်စ်စီးတီးရှိ အသင်းအခြေစိုက်ရာ Swope Soccer Village သို့ ပေးပို့ပြီးနောက် အခိုးခံခဲ့ရပါတယ်။
အမေရိကန်ရဲတပ်ဖွဲဟာ သောကြာနေ့တုန်းက ပစ္စည်းများ ခိုးယူပျောက်ဆုံးသွားပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူ ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ယခုအခါမှာတော့ အင်္ဂလန်အသင်းရဲ့ အခိုးခံရတဲ့ လေ့ကျင့်ရေးပစ္စည်းများ ပြန်လည် တွေ့ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခိုးရတဲ့ ပစ္စည်များထဲတွင် အဖိုးတန်ဘောလုံးကန် ဖိနပ်အပါအဝင် ပွဲအတွက် အရေးပါတဲ့ ပစ္စည်းများ ပါဝင်ခြင်း မရှိပါဘူး။
အင်္ဂလန်အသင်းဟာ ယနေ့ တနင်္ဂနွေနေ့တွင် Swope Soccer Village မှာ စတင် အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာပါမယ်။
အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ခရိုအေးရှားနှင့် ရင်ဆိုင်ကစားရပါမယ်။

image

အီရန်အသင်းဝန်ထမ်း ၄ ဦးရဲ့ ဗီဇာအယူခံ အောင်မြင်ခဲ့ပေမဲ့ ၁၁ ဦး အမေရိကန်ပြည်ဝင်ခွင့်မရ
====================

အီရန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှ ဝန်ထမ်း ၄ ဦးတို့ဟာ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံရမှုအပေါ် အယူခံဝင်ခဲ့ရာ အောင်မြင်မှု ရရှိလာပါတယ်။
ဒါပေမဲ့ ကျန် အီရန်ဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်း ၁၁ ဦးတို့ကတော့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှုနှင့်အတူ အမေရိကန်ပွဲစဉ်များကို ကိုယ်တိုင် လိုက်ပါ အားပေးနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ၁၀ ရက်အလိုတွင် အီရန်အသင်းသားအားလုံးကို ပြည်ဝင်ခွင့် ပေးခဲ့ပေမဲ့လည်း ဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်းများကိုတော့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အီရန်ဘောလုံးအဖွဲ့ချုပ်မှ ဝန်ထမ်း ၁၅ ဦးတို့ဟာ ပြည်ဝင်ခွင့် ရရှိရေး ဗီဇာအယူခံမှု ပြုလုပ်ရာမှာ ၄ ဦးက အောင်မြင်သွားပါတယ်။
ဗီဇာအယူခံအောင်မြင်လာတဲ့ ဝန်ထမ်း ၄ ဦးတို့မှာ အသင်းရဲ့ နည်းစနစ်ပိုင်းအဖွဲ့ဝင် ၁ ဦးနှင့် ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံတကာရေးရာဌာနမှ ၂ ဦးတို့ ပါဝင်ပါတယ်။
အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရသူများထဲမှာ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာ၊ ဒုဥက္ကဌ ၊ မီဒီယာအရာရှိ၊ လုံခြုံရေးဝန်ထမ်းနှင့် အသင်းရဲ့ လိုအပ်ချက်ကို နေ့စဉ် လုပ်ဆောင်ပေးရတဲ့ စီမံခန့်ခွဲရေးအရာရှိ ၂ ဦးတို့ ပါဝင်ပါတယ်။
အီရန်ဟာ ဇွန်လ ၁၅ ရက်နေ့တွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် အယ်လ်အေတွင် နယူးဇီလန်နှင့် ရင်ဆိုင်ကစားရပါမယ်။
တဖက်တွင် အမေရိကန်အစိုးရဟာ အီရန်ပရိသတ်များအတွက် ကမ္ဘာ့ဖလားလက်မှတ်များကို ဖယ်ရှားမှု ပြုလုပ်ထားသလို ကွင်းအတွင်းတွင် အီရန်အသင်းအသံ ကိုင်ဆောင်ခြင်းကိုလည်း ပိတ်ပင်ထားပါတယ်။

image

အေစီမီလန်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေတဲ့ ရူဘင်အမိုရမ်
=====================

ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်ဟာ လစ်လပ်နေတဲ့ အေစီမီလန်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။‌
ပေါ်တူဂီလူမျိုးနည်းပြဟာ ဇန်နဝါရီလတုန်းက ယူနိုက်တက်ကို ၁၄ လကြာ ကိုင်တွယ်ပြီး ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။
အသက် ၄၁ နှစ်ရှိ စပို့တင်းလစ္စဘွန်းနည်းပြဟောင်းဟာ အစောပိုင်းတုန်းက ဘင်ဖီကာနည်းပြရာထူးအတွက် ဆက်သွယ်ခြင်းခံခဲ့ရပေမဲ့လည်း ငြင်းပယ်ခဲ့ပါတယ်။ သူဟာ ဘင်ဖီကာတွင် ကစားသမားဘဝတုန်းက ၆ နှစ်တာ ကျင်လည်ဖူးပြီး ၁၅၄ ပွဲကစားခဲ့သူပါ။
လက်ရှိအချိန်တွင် အမိုရမ်ရဲ့အေးဂျင့်များနှင့် အေစီမီလန်တာဝန်ရှိသူများအကြား ဆွေးနွေးမှု သဘောတူညီမှု ရရှိထားခြင်း မရှိသေးပေမဲ့လည်း ၎င်းမှာ အယ်လီဂရီနေရာတွင် အစားထိုးရန် ထိပ်ဆုံးမှ လျာထားခြင်းခံထားရပါတယ်။
အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပြီးနောက် အယ်လီဂရီကို ထုတ်ပယ်ခဲ့ပါတယ်။
အေစီမီလန်ဟာ မတ်လတုန်းက အင်တာမီလန်ကို အနိုင်ရပြီးနောက် အဆင့် ၅ နေရာနှင့် ရမှတ် ၉ မှတ်အထိ ကွာဟနေခဲ့ပေမဲ့လည်း ရာသီသိမ်းပွဲ ၁၀ ပွဲတွင် ၃ ပွဲတည်းသာ အနိုင်ရရှိပြီးနောက် အဆင့် ၅ ဖြင့်သာ ကျေနပ်ခဲ့ရကာ ယူရိုပါလိဂ်ဝင်ခွင့်သာ ရခဲ့ပါတယ်။
အစောပိုင်းတုန်းက အေစီမီလန်နည်းပြရာထူးအတွက် အမေရိကန်နည်းပြမူရီစီယိုပိုချက်တီနိုနှင့် ပဲလေ့စ်ကို ကွန်ဖရင့်လိဂ်ဖလား ရယူပေးခဲ့တဲ့ အိုလီဗာဂလပ်စ်နာတို့က ရေပန်းစားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အေစီမီလန်နည်းပြရာထူးအတွက် ရူဘင်အမိုရမ်က ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
တကယ်လို့များ အေစီမီလန်ကိုသာ ရူဘင်အမိုရမ် ကိုင်တွယ်ခွင့်ရလာပါက ဩဂုတ်လ ၁၅ ရက်နေ့ ပိုလန်ုနိုင်ငံ၊ ဝရိုကလောတွင် အသင်းဟောင်း ယူနိုက်တက်နှင့် ပြန်လည် ရင်ဆိုင်လာရပါမယ်။

image

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲချော်လာတဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး
==================

အင်္ဂလိပ်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာဟာ ဒဏ်ရာပြဿနာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမဆုံးပွဲကို ကြီးကြပ်လာနိုင်မှာ မဟုတ်ပါဘူး။
အသက် ၄၁ နှစ်ရှိ အိုလီဗာဟာ တနင်္ဂနွေနေ့တွင် ဖယ်လာဒယ်ဖီယာမှာ အိုင်ဗရီကို့စ်နှင့် အီကွေဒေါတို့ပွဲစဉ်အား ကြီးကြပ်ရမှာ ဖြစ်ပေမဲ့ ဒဏ်ရာရရှိနေမှုနှင့်အတူ ပြင်သစ်ဒိုင်လူကြီးဖရန်ကို့စ်လီတီဇီယာနှင့် အစားထိုးခြင်းခံလာရပါတယ်။
ဒါပေမဲ့ ဖီဖာက အိုလီဗာမှာ လာမယ့်ရက် ကမ္ဘာ့ဖလားပွဲစဉ်များတွင် ပြန်လည်တာဝန်ထမ်းဆောင်လာနိုင်ဖို့ ရှိကြောင်း ဆိုထားပါတယ်။
အိုလီဗာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ဒိုင်လူကြီး ၅၂ ဦးထဲမှ တစ်ဦးဖြစ်ပါတယ်။
သူဟာ အန်တိုနီတေလာနှင့်အတူ ကွင်းလယ်ဒိုင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အခြားအင်္ဂလိပ်စည်းကြပ်ဒိုင်များအဖြစ် ဂယ်ရီဘီဆွစ်ခ်၊ အဒမ်နန်း၊ စတူးအပ်ဘန့်၊ ဂျိမ်းစ်မိုင်ဝါရင်းတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
အိုလီဗာဟာ ၂၀၁၀ ခုနှစ်တွင် ပရီးမီးယားလိဂ်မှာ စတင်တာဝန်ထမ်းဆောင်ခွင့်ရခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ ယူအီးအက်ဖ်အေဒိုင်စာရင်းထဲတွင် ပါဝင်ခဲ့ပါတယ်။
သူဟာ ခရိုအေးရှားနှင့် ဘရာဇီးတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကြီးကြပ်ခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ကြီးကြပ်ခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်ဒိုင် ၅၃ ဦး၊ စည်းကြပ်ဒိုင် ၈၈ ဦးနှင့် ဗီဒီယိုဒိုင် ၃၀ တို့ တာဝန်ထမ်းဆောင်နေပါတယ်။

image

ဘရာဇီးရဲ့အဖွင့်ပွဲစဉ်ကို နေမာ လွဲမည်ဟု အန်ဆယ်လော့တီ အတည်ပြုလာ
==================

ကာလိုအန်ဆယ်လော့တီက နေမာမှာ ယနေ့ည မော်ရိုကိုနှင့် ရင်ဆိုင်ကစားရမဲ့ ဘရာဇီးရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်လာမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အသက် ၃၄ နှစ်ရှိ နေမာဟာ ခြေသလုံးဒဏ်ရာကြောင့် ရုန်းကန်လာခဲ့ရသူ ဖြစ်ပြီး လေ့ကျင့်ခန်း အပြည့်အဝဆင်းနိုင်ခြင်း မရှိသေးပါဘူး။
အန်ဆယ်လော့တီက နေမာမှာ လာမဲ့အပတ်တွင်မှ အသင်းနှင့်အတူ လေ့ကျင့်ခန်းစတင်ဆင်းလာမှာ ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့ ဟေတီနှင့် ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲတွင်လည်း ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း ဆိုသွားပါတယ်။
ဒါပေမဲ့ နေမာဟာ ဇွန်လ ၂၄ ရက်နေ့ စကော့တလန်နှင့် အုပ်စုနောက်ဆုံးပွဲမှာတော့ ပါဝင်ကစားနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။
အန်ဆယ်လော့တီက "နေမာဟာ ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်းလာဖို့ အစွန်းကုန်လုပ်နေတယ်။ မျှော်လင့်ထားသလိုပဲ တိုးတက်နေမယ်ဆိုရင်တော့ လာမဲ့အပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းလာမယ်။ ကျွန်တော်တို့ နေမာကို ရွေးချယ်ခဲ့တာ သူ့နည်းစနစ်ပိုင်းအရည်အသွေးကြောင်းချည်းကြောင့် မဟုတ်ပါဘူး။ သူ့အတွေ့အကြုံနဲ့ ဒီအုပ်စုက လူငယ်တွေအတွက်လည်း စံပြတစ်ယောက် ဖြစ်နေလို့ပါ"လို့ ပြောကြားသွားပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ်ကတည်းက ဘရာဇီးအတွက် ရွေးချယ်ခြင်းမခံလာရသူ ဖြစ်ပြီး ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာရသူ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားထားရာမှာ ၇၉ ဂိုးသွင်းယူပြီး ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၂၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၃၀ ကျပ်
ဝယ်ဈေး - ၄၁၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၈၇၀ ကျပ်
ဝယ်ဈေး - ၄၇၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉ ကျပ်
ဝယ်ဈေး - ၁၂၅.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၆ ကျပ်
ဝယ်ဈေး - ၁၀၀၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၃ ကျပ်
ဝယ်ဈေး - ၂၆.၂၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၃၄ ကျပ်
ဝယ်ဈေး - ၄၄.၁၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၅ ကျပ်
ဝယ်ဈေး - ၂.၇၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၉၅ ကျပ်
ဝယ်ဈေး - ၅၆၄၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၃ ကျပ်
ဝယ်ဈေး - ၂၉၈၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၅ ကျပ်
ဝယ်ဈေး - ၃၀၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၆ ကျပ်
ဝယ်ဈေး - ၅၄၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၈၅ ကျပ်
ဝယ်ဈေး - ၁၁၅၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ရွှေလီမှာ အလုပ်လုပ်တာ တစ်နှစ်ကျော်ပြီ။ ဒီမှာ ခရီးသွားတွေ အများကြီး ရှိပြီး လူတွေက ကြိုဆိုကြတယ်။ အလုပ်က အရမ်းအလုပ်များပေမယ့် ပိုက်ဆံရှာရတာ ပျော်တယ်။ မွေးရပ်မြေကို လွမ်းပေမယ့် ဒီမှာက စီးပွားရေးကောင်းပြီး ဝင်ငွေရှာနိုင်တယ်။ အိမ်ပြန်တဲ့လူတွေလည်း ဝင်ငွေရှာနိုင်ပြီး ဘဝကို ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ရွှေလီကို အရမ်းကြိုက်တယ်။

တစ်ခါတလေ ညနေပိုင်းမှာ အချိန်ပိုလုပ်ရပြီး တစ်ခါတလေ အနားယူတယ်။ အနားယူတဲ့အခါ လမ်းလျှောက်ရတာ ကြိုက်တယ်။ ညမြင်ကွင်းက သာယာတယ်၊ လမ်းပေါ်မှာ လူတွေအများကြီး၊ အစားအသောက်ရောင်းတဲ့ဆိုင်တွေ၊ အဆာပြေတွေ အများကြီးရှိတယ်။ ငါ့မွေးရပ်မြေဟာ ဒီနေရာလို သာယာလှပပြီး ကြီးပွားတိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပိုအလုပ်ဆင်းတဲ့အခါ ဝင်ငွေရှာဖို့လည်း ကြိုးစားတယ်။

ဝဏ္ဏ သီဟ changed his profile picture
5 w

image