စပါးစ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာတဲ့ ပေါ်ရို
======================

စပါးစ်ညာနောက်ခံလူပီဒရိုပေါ်ရိုဟာ ကလပ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာပါတယ်။ စပါးစ်ဟာ ပေါ်ရိုရဲ့ စာချုပ်သက်တမ်းဘယ်လောက် ရှိတယ်ဆိုတာ ကြေညာသွားခြင်း မရှိပေမဲ့လည်း ၂၀၃၁ ခုနှစ် အထိလို့ ယုံကြည်ရပါတယ်။
အသက် ၂၆ နှစ်ရှိ ပေါ်ရိုဟာ ၂၀၂၃ ခုနှစ်နွေရာသီတွင် စပို့တင်းလစ္စဘွန်းမှ ပြောင်းလာခဲ့သူ ဖြစ်ပြီး ယခင်စာချုပ်မှာ ၂ နှစ်သက်တမ်း ကျန်ရှိနေပါသေးတယ်။
စပါးစ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ပေါ်ရိုကို အငှားဖြင့် ခေါ်ယူပြီးမှ နွေရာသီမှာ ယူရိုသန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူခဲ့တာပါ။
စပိန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၄၇ ပွဲကစားခဲ့ပြီး ၁၅၂ ပွဲကစားပေးထားပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်အောင် အဓိကနေရာမှ ကူညီခဲ့တဲ့ပေါ်ရိုမှာ သူ့ရဲ့ စီမံကိန်းတွင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ထည့်သွင်းထားမှုနှင့်အတူ ယခုကဲ့သို့ နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
ပေါ်ရိုဟာ လက်ရှိအချိန်တွင် စပိန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေပြီး ယနေ့ညတွင် အတ္တလန္တာမှာ ကိတ်ဗာဒီနှင့်အုပ်စုအဖွင့်ပွဲ ကစားရပါမယ်။

image

ကူရာကာအိုအား ၇-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် လူသိနည်းတဲ့ ဖီဖာစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ ဂျာမန်ဂိုးသမားနူအာ
====================

မန်နူရယ်နူအာဟာ မနေ့ညတုန်းက ကူရာကာအိုကို ၇-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် လူသိနည်းတဲ့ ဖီဖာစည်းမျဉ်းတစ်ခုအား ချိုးဖောက်ခဲ့ပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ သူ့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ကစားသမားဘဝအတွင်း လက်မောင်းတို အင်္ကျီများသာ ဝတ်ဆင်လာလေ့ရှိသူ ဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ ဂျာမနီဂန္ထဝင်ဂိုးသမားဟာ ဂိုးသမားအင်္ကျီလက်ရှည်ကို ဖြတ်ပြီး ကူရာကာအိုပွဲစဉ်မှာ ဝတ်ဆင်လာခဲ့ပါတယ်။
တဖက်တွင် ဖီဖာဟာ ကစားသမားများအား အင်္ကျီလက်မောင်းဖြတ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်ကာ ဝတ်ဆင်မှုအား တားမြစ်ထားပါတယ်။
ဖီဖာစည်းမျဉ်း အပုဒ္ ၄ အရ ကစားသမားများမှာ နဂိုအင်္ကျီအတိုင်း ဝတ်ဆင်ရမှာ ဖြစ်ပြီး ဖြတ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်ခွင့် မရှိပါဘူး။
ဒါ့အပြင် ဖီဖာဟာ အပေါ် အင်္ကျီနှင့် အရောင်ကွဲပြားတဲ့ အောက်ခံအင်္ကျီကိုလည်း ဝတ်ဆင်ခွင့် မပြုပါဘူး။
နူအာဟာ ကူရာကာအိုနှင့်ပွဲမှာ အောက်ခံအင်္ကျီအဖြူရောင်ကို ဝတ်ဆင်ခဲ့တာကြောင့် စည်းမျဉ်း ၂ ခုတောင် ချိုးဖောက်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ပွဲစမတင်မီ ဒိုင်လူကြီးက ကစားသမားများ စည်းကမ်းချိုးဖောက်ခြင်း ရှိ/မရှိစစ်ဆေးကာ မှန်ကန်အောင် လုပ်ဆောင်စေလေ့ရှိပါတယ်။
ဒါပေမဲ့ နူအာရဲ့ စည်းမျဉ်းချိုးဖောက်ထားမှုကို ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်း မရှိတာကြောင့် ကစားရန် ခွင့်ပြုခဲ့ပါတယ်။
နူအာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ဖြစ်ပေမဲ့လည်း ဘိုင်ယန်မြူးနစ်တွင် အကောင်းဆုံးပုံစံဖြင့် ဆက်လက်ကစားနေတဲ့အပြင် မာ့ခ်အင်ဒရေတာစတီဂန်မှာလည်း ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရမှုကြောင့် နာဂျယ်မန်းရဲ့ ဖျောင်းဖျမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားလာတာ ဖြစ်ပါတယ်။
ဂျာမနီဟာ မနေ့ညတုန်းက ကူရာကာအိုနှင့်ပွဲစဉ်မှာ ဖီးလစ်အန်မီချာ၊ နီကိုရှလော့တာဘက်၊ ဂျာမယ်မူစီယာလာ၊ နသန်နီရယ်ဘရောင်း၊ ဒီနစ်ဇ်အန်ဒေ့ဗ်တို့ရဲ့ ၁ ဂိုးစီနှင့် ကိုင်ဟာဗတ်ဇ်ရဲ့ ၂ ဂိုးကြောင့် ၇-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဂျာမနီဟာ နောက်ထပ် အုပ်စုပွဲများအဖြစ် အိုင်ဗရီကို့စ်၊ အီကွေဒေါတို့နှင့် ကစားရပါဦးမယ်။

image

အင်္ဂလန်-ခရိုအေးရှားပွဲစဉ်အား တူချယ်က Grade E အဆင့် ဒိုင်လို့ ဝေဖန်ခဲ့ဖူးတဲ့ ဒိုင်လူကြီး ကြီးကြပ်လာမည်
=====================

ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်နှင့် ခရိုအေးရှားတို့ ကစားလာမဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို ကလီးမန့်တော်တာပင်က ကြီးကြပ်လာပါမယ်။ ကလီးမန့်တာပင်မှာ တခါတုန်းက အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က "Grade E" အဆင့် ဒိုင်လူကြီးလို့ ဝေဖန်ခြင်းခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
ပြင်သစ်ဒိုင်လူကြီးဟာ ၂၀၂၃ ခုနှစ် ဧပြီလတုန်းက မန်စီးတီးနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ထိုစဉ်တုန်းက ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်နေတဲ့ သောမတ်စ်တူချယ်အား နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ဖူးပါတယ်။
တာပင်ဟာ ယင်းပွဲစဉ်ရဲ့ ပထမပိုင်းတွင် အဝါကတ် ၅ ကတ် ပြသခဲ့ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူဒါယော့အူပါမီကာနိုကိုလည်း အနီကတ်ပြထုတ်ပယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ VAR ကြောင့် အနီကတ်အား ပယ်ဖျက်ကာ လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တို့ နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့ တူချယ်က ပွဲအပြီးမှာ "အရာ နှစ်ခုက အဆင့် မရှိပါဘူး။ ကွင်းက လုံးဝ မကောင်းပါဘူး။ ပြီးတော့ ဒိုင်လည်း ပါတယ်။ ဒိုင်က Grade E အဆင့်ပဲ ရှိတယ်။ သူ့ကို ၁၀ မှာ ၁ လောက်ပဲ အဆင့်ပေးချင်တယ်။ တကယ့်ကို ဆိုးရွားတဲ့သူပါ။ ဒီအဆင့်မှာ ဒီလိုဒိုင်မျိုး ရှိနေတာ မယုံကြည်နိုင်စရာပါ။ သူက အရာအားလုံးအတွက် အဖြစ်အပျက်အားလုံးအတွက် ဝီစီမှုတ်နေတယ်။ အားလုံးက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ နောက်ဆုံးမှာတော့ ဒီလူ ၃ ဦးနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ အလှည့်အပြောင်းဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး"လို့ ပြောကြားသွားခဲ့ဖူးပါတယ်။
ယင်းသို့ တူချယ်က ဝေဖန်ခဲ့ပေမဲ့ တာပင်က ဥရောပရဲ့အကောင်းဆုံးဒိုင်များထဲမှ တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲနှင့် ၂၀၂၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတို့အား ကြီးကြပ်ခဲ့ဖူးပါတယ်။
တာပင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းကလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဆလိုဗေးနီးယားနှင့် အင်္ဂလန်တို့ ဂိုးမရှိသရေကျတဲ့ပွဲကိုလည်း ကြီးကြပ်ခဲ့ပါတယ်။

image

နယ်သာလန်နှင့် သရေကျတဲ့ပွဲအပြီး အမှိုက်ကောက်ကာ ကွင်းသန့်ရှင်းရေးလုပ်ဆောင်မှုအတွက် ဂျပန်ပရိသတ်များ ထပ်မံ ချီးကျူးခြင်းခံနေရ
=====================

ဂျပန်အသင်းပရိသတ်များဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်နှင့် သရေကျတဲ့ပွဲစဉ်အပြီးတွင် အမှိုက်ကောက်ကာ ကွင်းသန့်ရှင်းရေး လုပ်ဆောင်မှုနှင့်အတူ ကမ္ဘာ့အကောင်းဆုံးပရိသတ်များအဖြစ် ထပ်မံ ချီးကျူးခြင်းခံနေရပြန်ပါတယ်။
ဂျပန်အသင်းဟာ ယနေ့အစောပိုင်းတုန်းက အဖွင့်ပွဲစဉ်တွင် ဒိုင်ချီကာမာဒါရဲ့ ၈၉ မိနစ် ခေါင်းတိုက်ဂိုးကြောင့် နယ်သာလန်နှင့် ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ဂျပန်ဟာ ဗာဂယ်ဗန်ဒိုက်၊ ဆမ်းမားဗီးလ်တို့ရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်းခံခဲ့ရပေမဲ့ နောက်ကလိုက်ကစားကာ အဖိုးတန်ရမှတ်တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးတွင် ဂျပန်ပရိသတ်များဟာ အဖိုးတန်ရမှတ်အတွက် အပျော်လွန်နေခြင်း မရှိဘဲ အသင့်ယူဆောင်လာတဲ့ အပြာရောင်အမှိုက်အိတ်ထဲသို့ ပွဲကြည့်စင်မှ အမှိုက်များကို ထည့်ကာ ကွင်းသန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြပါတယ်။
ဂျပန်ပရိသတ်များဟာ ၂၀၁၈ ရုရှားကမ္ယာ့ဖလားနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပွဲပြီးဆုံးချိန်တွင် ကွင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ဖူးကြဖူးကာ ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချစ်စရာကောင်းတဲ့လုပ်ရပ်ကို ဆက်လက် လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

image

စာရွက်စာတမ်းပြဿနာကြောင့် ယနေ့ည ကမ္ဘာ့ဖလားအဖွင့်ပွဲအတွက် အမေရိကန်ပြည်ဝင်ခွင့်တားဆီးခံခဲ့ရတဲ့ ဥရုဂွေးအသင်း
===================

ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် အမေရိကန်ပြည်ဝင်ခွင့် မရမှုနှင့်အတူ ခရီးစဉ် နှောင့်နှေးမှု ဖြစ်ခဲ့ပါတယ်။
တောင်အမေရိကထိပ်သီးဟာ ယနေ့ညတွင် ဆော်ဒီနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် ကစားရပါမယ်။
ဒါပေမဲ့ ဥရုဂွေးအသင်းဟာ စာရွက်စာတမ်းပြဿနာများကြောင့် အမေရိကန်ပြည်ဝင်ခွင့် ရရှိရေး ခက်ခဲခဲ့ပါတယ်။
ဥရုဂွေးဟာ မက္ကဆီကိုနိုင်ငံ၊ ကင်ကန်မှ ဖလိုရီဒါသို့ ထွက်ခွာမှာ ဖြစ်ပေမဲ့လည်း စာရွက်စာတမ်းပြဿနာကြောင့် လေယာဉ်မှာ အမေရိကန်တွင် ဆင်းသက်ခွင့် မရခဲ့ပါဘူး။
ဒါကြောင့်လည်း ဥရုဂွေးအသင်းသားတို့ဟာ ပြဿနာပြေလည်တဲ့အထိ ကင်ကန်နိုင်ငံတကာလေဆိပ်နှင့် ၄၅ မိနစ်ခရီးအကွာရှိ အသင်းအခြေစိုက်ရာ Mayakoba Complex တွင်ပင် ဆက်လက် စောင့်ဆိုင်းခဲ့ရပါတယ်။
ဖီဖာက လေကြောင်းလိုင်းခွင့်ပြုချက်အမှားကြောင့် ဥရေုဂွေးရဲ့ ထွက်ခွာချိန် နှောင့်နှေးခဲ့ကြောင်း၊ လေကြောင်းလိုင်းဘက်ကလည်း တောင်းပန်ခဲ့ကြောင်း ဆိုထားပါတယ်။
ဥရုဂွေးအသင်းဟာ ဖလိုရီဒါသို့ အသင်းကို ခေါ်ဆောင်မဲ့ ဒုတိယလေယာဉ်တစ်စီးအား အစားထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

image

ဝက်စ်ဟမ်းစတားဖာနန်ဒက်စ်ကို ခေါ်ယူရေး အခြေအနေအကောင်းဆုံး ဖြစ်နေတဲ့ ယူနိုက်တက်
==================

ဂျိုဆေးမော်ရင်ဟို ဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဝက်စ်ဟမ်းစတားမားသီးယပ်စ်ဖာနန်ဒက်စ်အား ခေါ်ယူရေး ယူနိုက်တက်က အခြေအနေအကောင်းဆုံးအနေအထားသို့ ရောက်နေမှုနှင့်အတူ ခေါ်ယူရေး အပြိုင်ကြိုးပမ်းမှုမှ နောက်ဆုတ်လိုက်ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်းလည်းခံနေရတဲ့ ဖာနန်ဒက်စ်ဟာ မော်ရင်ဟိုနည်းပြ ဖြစ်လာပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပစ်မှတ်စာရင်းထဲတွင် ပါဝင်လာသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဖာနန်ဒက်စ်အား ခေါ်ယူရန် ယူနိုက်တက်က အခြေအနေ အကောင်းဆုံးဖြစ်နေပြီလို့ ယုံကြည်နေမှုနှင့်အတူ ကမ်းလှမ်းမှု မပြုလုပ်ဘဲ နောက်ဆုတ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ကွင်းလယ်အတွက် အတ္တလန္တာမှ ဘရာဇီးလက်ရေးစင်အီဒါဆင်ကို ပေါင် ၃၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပေမဲ့ နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရေး လုပ်ဆောင်နေပါသေးတယ်။
၎င်းတို့ရဲ့ အဓိကပစ်မှတ် အီးလီးယော့အင်ဒါဆင်မှာ မန်စီးတီးသို့ ပြောင်းဖွယ်ရှိနေတာကြောင့်လည်း ဖာနန်ဒက်စ်ကို ခေါ်ယူရေး ပိုမို တွန်းအားပေး လုပ်ဆောင်လာပါတယ်။
ဝက်စ်ဟမ်းဘက်က ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ သတ်မှတ်ထားပေမဲ့လည်း ယူနိုက်တက်ဘက်က ယင်းထက် နည်းပါးတဲ့ ကြေးဖြင့် ခေါ်ယူနိုင်ရေး မျှော်လင့်နေပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆောက်သမ်တန်မှ ဝက်စ်ဟမ်းသို့ ပေါင် ၃၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး တန်းမဆင်းရအောင် မကယ်တင်နိုင်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ရာသီအတွင်း ဝက်စ်ဟမ်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့သူများထဲတွင် ပါဝင်ခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့မှာ ဆောက်သမ်တန်တွင်တာဝန်ထမ်းဆောင်နေစဉ်တုန်းက စပို့တင်းလစ္စဘွန်းတွင် ကစားနေတဲ့ ဖာနန်ဒက်စ်အား စိန့်မေရီသို့ ပေါင် ၁၅ သန်းဖြင့် ခေါ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
တကယ်လို့များ ဖာနန်ဒက်စ်သာ ယူနိုက်တက်သို့ ပြောင်းလာပါက ၁၉၈၉ ခုနှစ်တွင် ပေါလ်အင့်နောက်ပိုင်း ယူနိုက်တက်ထံသို့ ရောင်းချလာတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါမယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီကလန်ကို ခေါ်ယူရေး စိတ်ဝင်စားခဲ့ဖူးပေမဲ့လည်း တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ဖူးခြင်း မရှိခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ ဒီကလန်ရိုက်ဟာ အာဆင်နယ်သို့ ပေါင် ၁၀၅ သန်းဖြင့် ပြောင်းသွားခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၂၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၂၀ ကျပ်
ဝယ်ဈေး - ၄၁၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၃၂ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၃ ကျပ်
ဝယ်ဈေး - ၄၈၄၇ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၁၅ ကျပ်
ဝယ်ဈေး - ၁၂၈.၅၄ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၂ ကျပ်
ဝယ်ဈေး - ၁၀၃၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၆ ကျပ်
ဝယ်ဈေး - ၆၁၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၈ ကျပ်
ဝယ်ဈေး - ၂၆.၁၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၅ ကျပ်
ဝယ်ဈေး - ၄၄.၆၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၃ ကျပ်
ဝယ်ဈေး - ၂.၇၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၇၇ ကျပ်
ဝယ်ဈေး - ၅၆၁၉ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၉ ကျပ်
ဝယ်ဈေး - ၂၉၄၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၀၄ ကျပ်
ဝယ်ဈေး - ၃၀၂၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၀ ကျပ်
ဝယ်ဈေး - ၅၃၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၂ ကျပ်
ဝယ်ဈေး - ၁၁၄၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
5 w - Translate

ရွှေလီမှာ ကျွန်တော့်ရဲ့ သုံးနှစ်တာကာလ

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်ဟာ မြန်မာနိုင်ငံ၊ မန္တလေးကနေ ယူနန်ပြည်နယ်၊ ရွှေလီကို ထုတ်လုပ်ရေးလိုင်းအလုပ်သမားတစ်ယောက်အနေနဲ့ ရောက်လာခဲ့တာပါ။ မိသားစုကို ထောက်ပံ့ဖို့ တည်ငြိမ်တဲ့အလုပ်တစ်ခုကို ရှာဖွေနေရုံပါပဲ။

ရွှေလီဟာ စည်ကားတဲ့ နယ်စပ်မြို့တစ်မြို့ပါ။ မနက်ခြောက်နာရီမှာ လမ်းဘေးဆိုင်တွေ ဖွင့်နေပါပြီ။ အလုပ်မသွားခင် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော် ဆန်ခေါက်ဆွဲတစ်ပန်းကန်နဲ့ ပေါင်းထားတဲ့ပေါင်မုန့်အနည်းငယ် ဝယ်ကြပါတယ်။ အစကတော့ အစားအစာနဲ့ မရင်းနှီးခဲ့ပေမယ့် အခုတော့ မနက်တိုင်း စားချင်စဖွယ်ပါပဲ။

ကျွန်တော့်ကို အအံ့သြဆုံးကတော့ ဒီမှာရှိတဲ့ လူနေမှုပုံစံပါပဲ။ အများပြည်သူသုံး ဘတ်စ်ကားတွေက သန့်ရှင်းပြီး အချိန်ကိုက်ပါတယ်။ သင့်ဖုန်းကို စကင်ဖတ်ပြီး တက္ကစီငှားလို့ရပါတယ်။ အလုပ်ဆင်းပြီးရင် လျှပ်စစ်စကူတာကို အိမ်ပြန်စီးလို့ရပါတယ်။ မိုဘိုင်းငွေပေးချေမှုက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ လက်ဖက်ရည်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ဝယ်ယူတာကို WeChat ဒါမှမဟုတ် Alipay နဲ့ လုပ်ဆောင်ပါတယ်။ ငွေသားကိုင်ဆောင်စရာမလိုဘဲ လုံခြုံပြီး အဆင်ပြေပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံမှာ ဒီလိုစနစ်မျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

စက်ရုံမှာ တရုတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မြန်မာအလုပ်သမားတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘာသာစကားတူ မပြောကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားနဲ့ နှုတ်ဆက်ကြပါတယ်။ ကျွန်တော့်ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်က "မင်္ဂလာပါ" လို့ နှုတ်ဆက်ဖို့ မြန်မာလို စကားစုအနည်းငယ်ကို သင်ယူပြီး ကျွန်တော်တို့ တရုတ်လို ပြန်ဖြေပါတယ်။ ဒီသေးငယ်တဲ့အရာလေးတွေက ကျွန်တော်တို့ကို တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာစေတာပါ။

ရွှေလီမှာရှိတဲ့ မြန်မာလူမျိုးတွေက အရမ်းကြိုးစားကြပါတယ်။ စားသောက်ဆိုင်တွေ ဖွင့်တာ၊ လမ်းဘေးဆိုင်တွေ ဖွင့်တာ၊ ထရပ်ကားမောင်းတာတွေ လုပ်ကြပါတယ်။ အားလပ်ရက်တွေမှာ မြန်မာနိုင်ငံမှာ ဘုရားကျောင်းတွေ သွားလည်ပြီး စုဝေးကြပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အိမ်လွမ်းစိတ်ကို သက်သာစေပါတယ်။ တရုတ်လူမျိုးအများစုက အရမ်းဖော်ရွေကြပါတယ်။ အလုပ်လုပ်နေရင်းနဲ့ ကျွန်တော်တို့နဲ့အတူ လက်ဖက်ရည်သောက်ကြပြီး ကျွန်တော်တို့ကို ဘယ်လိုနေလဲလို့တောင် မေးကြပါတယ်။

ပြည်ပမှာ အလုပ်လုပ်ရတာ မလွယ်ကူပါဘူး။ အိမ်လွမ်းခြင်း၊ ဘာသာစကားအခက်အခဲနဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးတွေပါ။ ဒါပေမယ့် ရွှေလီက နည်းပညာနဲ့ ကောင်းမွန်တဲ့ မြို့တော်စီမံခန့်ခွဲမှုက လူတွေရဲ့ဘဝကို တကယ်ပြောင်းလဲစေနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။

တစ်နေ့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး လူငယ်တွေ အိမ်ကနေ ထွက်သွားစရာမလိုတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီမှာ ကျွန်တော် သင်ယူခဲ့တဲ့ ကြိုးစားအားထုတ်မှု၊ နည်းပညာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုတွေက တစ်နေ့မှာ ကျွန်တော့်နိုင်ငံမှာ အသုံးဝင်လာမှာပါ။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် Belt and Road Initiative ၏ အဓိက စွမ်းအင်လမ်းကြောင်းတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်မှစ၍ အပြည့်အဝလည်ပတ်နေပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူရှိ မဒေးကျွန်းမှ စတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ယူနန်ပြည်နယ်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ဝင်ရောက်ကာ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုလုံးနှင့်အပြိုင် လည်ပတ်လျက်ရှိသည်။

မြန်မာအတွက်- ပိုက်လိုင်းတည်ဆောက်မှုသည် ဒေသခံအလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးခဲ့သည်။ သဘာဝဓာတ်ငွေ့သည် မန္တလေးနှင့် ရန်ကုန်ကဲ့သို့သော မြို့များကို ထောက်ပံ့ပေးပြီး စက်မှုလုပ်ငန်းနှင့် လူနေအိမ်ဓာတ်ငွေ့လိုအပ်ချက်များကို ဖြေရှင်းပေးကာ နှစ်စဉ်တည်ငြိမ်သော သယ်ယူပို့ဆောင်ရေးဝင်ငွေကို ရရှိစေကာ စုစုပေါင်းတိုက်ရိုက်စီးပွားရေးအကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၂၀ သန်းကျော်ရှိသည်။ ပိုက်လိုင်းတွင် မဒေးကျွန်းရှိ ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို ပံ့ပိုးပေးကာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်ရှိ အခြေခံအဆောက်အအုံများကို တိုးတက်ကောင်းမွန်စေသည်။

တရုတ်အတွက်- ၎င်းသည် မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ အိန္ဒိယသမုဒ္ဒရာပေါ်ရှိ ကုန်းတွင်းစွမ်းအင်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး စွမ်းအင်တင်သွင်းမှုများကို ကွဲပြားစေသည်။ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ရေနံနှင့် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးပမာဏသည် တန်ချိန် ၁၀၀ သန်းကျော်ရှိမည်ဟု မျှော်လင့်ရပြီး အနောက်တောင်ပိုင်းတရုတ်အတွက် စွမ်းအင်ထောက်ပံ့မှုကို သေချာစေသည်။

အကျိုးရှိစေမည့် ယန္တရား- ဖက်စပ်လုပ်ငန်းလည်ပတ်မှုနှင့် အကျိုးအမြတ်ခွဲဝေမှု၊ ဒေသခံလမ်းများ၊ သောက်သုံးရေနှင့် ကျောင်းများကဲ့သို့သော အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးခြင်းဖြင့် ၎င်းသည် တရုတ်နှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ဦးစားပေးသည့် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများ၏ စံပြတစ်ခု ဖြစ်လာစေသည်။